unicode
Part 65
အခန်း- ၆၉
အပိုင်း (၂)"အကြီးဆုံးသခင်မလေးက ဒီကိုယ်လုပ်တော်ကို ကျန်းအိမ်တော်ရဲ့ သခင်မဖြစ်နိုင်တယ်လို့ ထင်နေတာလား။ "
ဟုန်ရင်းက သူမကို ကြောက်လန့်တဲ့ အသံနဲ့ ပြောလိုက်တယ်။
သူမရှေ့က လက်ဖက်ရည်ခွက်ကနေ တစ်ဂျိုက်သောက်လိုက်ပြီး ကျန်းယွမ်က သူမကို ပြောလိုက်တယ်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ "
ဟုန်ရင်းက သူမကို စိုက်ကြည့်နေပြီး ရုတ်တရက် ပြုံးပြလိုက်တယ်။
"အကြီးဆုံးသခင်မလေးက ကျွန်မကို ဒီလို မြင့်မြင့်တွေးပြီး ပြောနေတော့ ကျွန်မ ဘာလုပ်လို့ လုပ်ရတော့မယ်မှန်း မသိတော့ပါဘူး။ တကယ်လို့ အကြီးဆုံး သခင်မလေးက ကျွန်မကို ဒီနေ့ လာမရှာရင် ကျွန်မက အကြီးဆုံး သခင်မလေးကို လာတွေ့တော့မလို့ပါ။ "
ကျန်းယွမ်က ဟုန်ရင်းကို ကြည့်ပြီး ပြုံးပြလိုက်တော့ ဟုန်ရင်းက ဆက်ပြောတယ်။
"မနေ့က ကျွန်မနဲ့ သခင်ကြီးနဲ့ ပုံမှန် စကားပြောကြတယ်။ သခင်ကြီးက လီမိသားစုရဲ့ သားအဖအကြောင်းကို ပြောတယ်။ အကြီးဆုံး သခင်မလေးက လီမိသားစုရဲ့ အကြီးဆုံးသခင်လေးလီနဲ့ ဒုတိယသခင်မလေးတို့ကြားက ကိစ္စကို သိမှာပါ။ အကြီးဆုံးသခင်လေးလီက ဒီလိုဖြစ်နေတာ့ မဟာဝန်ကြီးချုပ်လီက သေချာပေါက် ဒုတိယသခင်မလေးကို အလွတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ သခင်ကြီးက မဟာဝန်ကြီးချုပ်လီနဲ့လည်း အဆက်အသွယ်မဖြတ်ချင်ဘူး။ ဒီတော့ သူက အကြီးဆုံးသခင်မလေးကို ဒုတိယသခင်မလေးအစား လီမိသားစုထဲကို လက်ထပ်ခိုင်းဖို့ စဉ်းစားနေတယ်။ "
ထိုစကားများကို ပြောပြီးတော့ သူမက ကျန်းယွမ်ရဲ့ မျက်နှာထားကို အကဲခတ်လိုက်တယ်။ ဒါပေမဲ့ သူမ မြင်လိုက်ရတာက တောက်ပပြီး ကျက်သရေရှိတဲ့ မျက်နှာလေးပဲ။ သူမရဲ့ မျက်နှာထားက မပြောင်းလဲဘူး။ သူမရဲ့ နှုတ်ခမ်းလေးတွေပေါ်က အပြုံးက သူမက လုံးဝပြည့်စုံတဲ့ မျက်နှာဖုံးကို တပ်ထားတဲ့ အတိုင်းပဲ။
ကျန်းယွမ်က ပေါ့ပါးစွာ ပြောလိုက်တယ်။
"အဖေက ဒုတိယညီမလေးကို အရမ်းချစ်တာပဲ။ အဲ့တာက ကျွန်မကို အားကျစေတယ်။ "
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...