Unicode
Part 126
အပိုင်း ၁၀၁ (ခ)
ရွှမ်းလီရဲ့ စကားတွေက ဘယ်လောက်ပဲ စိတ်လှုပ်ရှားစရာကောင်းပါစေ သူမရဲ့ နှလုံးသားက ကျောက်တုံးလိုပဲ တစ်လက်မတောင် မရွေ့ဘူး။
တော်ဝင်ကြင်ရာတော်ချန်ရဲ့ မျက်နှာပေါ်က အပြုံးက နက်ရှိုင်းလာပြီးတော့ သူမရဲ့ မျက်ဝန်းထဲမှာ အလင်းရောင်တစ်ခု ဖြတ်သွားတယ်။ မမျှော်လင့်စွာနဲ့ သူမက စိတ်မတိုဘူး။
ဧကရာဇ်က ကျန်းယွမ်ရဲ့ ရိုင်းပျမှုကြောင့် ဒေါသထွက်သွားပေမဲ့ သူက သူမကို အရာရှိတွေ အကုန်လုံးရဲ့ အရှေ့မှာ လက်မခံရဲဘူး။ သူက သူ့လက်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ခါပြလိုက်တယ်။
“ဒီလိုဆိုမှာတော့ မင်းတို့နှစ်ယောက်က အတူတူနေရမယ့် ကံမပါဘူးလို့ပဲ မှတ်လိုက်တော့။”
ရွှမ်းလီရဲ့ မျက်နှာထားက နည်းနည်းရုပ်ဆိုးနေတယ်။ သူက ဒီနေ့ရဲ့ ပြီးပြည့်စုံတဲ့ နည်းလမ်းက ကျန်းယွမ်ဆီက စကားလုံးတချို့ကြောင့် ကျရှုံးလိမ့်မယ်လို့ ထင်မထားဘူး။ သူက သူမကို စူးစမ်းစွာ ကြည့်လိုက်တာနဲ့ သူမက ဘာလို့ ဒီလို တည်ကြည်တဲ့ မျက်နှာနဲ့ စဉ်းတောင်မစဉ်းစားဘဲ ငြင်းလဲဆိုတာကို သူတကယ် စဉ်းစားလို့ မရဘူး။ ဒီလို နက်ရှိုင်းတဲ့ အမုန်းတရားက တကယ်ပဲ ကျန်းစုစုကြောင့်လား။
ကျန်းယွမ်က ရွှမ်းလီရဲ့ မျက်နှာထားကို ကြည့်ပြီးတော့ သူမရင်ထဲမှာ တိတ်တဆိတ် လှောင်လိုက်တယ်။ ဒီဘဝမှာ သူက သူမရဲ့ နှလုံးသားတွေ ဝယ်ပြီး သုံးဖို့ မျှော်လင့်ပြီး အတိတ်ဘဝတုန်းက တူညီတဲ့နည်းတွေ သုံးနေတုန်းပဲ။ ဘဝမှာ ဘယ်အရာမှ ဈေးပေါပေါနဲ့ မရဘူး။ တကယ်လို့ သူက တခြားသူတွေကို အထက်စီးကနေ လှည့်ဖြားနိုင်ရင် သူတို့က ကျေးဇူးတင်သင့်တယ်လို့ ရွှမ်းလီကထင်နေတာလား မသိဘူး။
မော့ချောင်က ခေါင်းယမ်းလိုက်ပြီးတော့ စိတ်မကောင်းစွာနဲ့ ပြောလိုက်တယ်။
“မင်းသားရှစ်က စိတ်ကူးယဉ်ဆန်တာပဲ။ ဒါပေမဲ့ သူက ကျန်းမိသားစုရဲ့ ရက်စက်တဲ့ သခင်မလေးနဲ့ တွေ့တာ သနားစရာပဲ။ ဟေး သူက လျစ်လျူရှုခံရတော့မှာ သေချာတယ်။”
ရှောင်ရှို့က ကျန်းယွမ်ကို ကြည့်နေတယ်။ ကိုယ်ခံပညာရှင် တစ်ယောက်အနေနဲ့ သူ့ရဲ့ အကဲခတ်ခြင်း အရည်အချင်းက အမြဲတမ်းကောင်းခဲ့ပြီးတော့ ကျန်းယွမ်က ရွှမ်းလီကို ချစ်ခြင်းတရားနဲ့ မဟုတ်ဘဲ အမုန်းတရားနဲ့ ကြည့်ခဲ့တာကို သူသေသေချာချာ မြင်ခဲ့တယ်။ သူမက သူ့ကို စက်ဆုပ်ရွံရှာတယ်။ အဲ့မှာ သူမက ဒီကမ္ဘာနဲ့ မသက်ဆိုင်သလိုပဲ သူမက ခဏလောက် ပျောက်ကွယ်သွားသလိုထင်ရတယ်။
သူ့ရင်ထဲက အတွေးတွေကို ချုပ်ထိန်းပြီးတော့ ရှောင်ရှို့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်တယ်။ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တဲ့ သူ့ရဲ့ ပင်ကိုယ်အသိက သူ့ကို တစ်ခုခု မှားနေပြီလို့ ပြောနေတယ်။ သူက သူ့လက်ကောက်က ဓားမြှောင်ကို ပေါ့ပါးစွာ ဖိထားတယ်။ အရာရှိတွေက ပုံမှန်ဆိုရင် နန်းတွင်းထဲမှာ လက်နက်သယ်လို့ မရပေမဲ့ ဧကရာဇ်ကိုယ်တိုင်က သူ့အတွက် ဒီစည်းကမ်းကို ကင်းလွတ်ခွင့်ပေးထားတယ်။
ရွှမ်းလီက ကျန်းယွမ်ကို အရိုအသေပေးလိုက်ပြီးတော့ သူ့နေရာကို နောင်တရခြင်းတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်။ အဲ့စိတ်မချမ်းမမြေ့ဖြစ်နေတဲ့ အသွင်အပြင်က အဲ့မှာရှိနေကြတဲ့ အမျိုးသမီးတွေကို အကြီးအကျယ်ဝမ်းနည်းစေခဲ့တယ်။ တစ်ဖက်မှာ ကျန်းယွမ်က ရွှမ်းလီကို လက်မခံခဲ့လို့ သူတို့က ဝမ်းသာနေကြပေမဲ့ တစ်ဖက်မှာတော့ သူမက အကောင်းနဲ့ အဆိုးကို မခွဲခြားနိုင်ဘဲ ဒီလိုယဉ်ကျေးသိမ်မွေ့တဲ့သူကို ဝမ်းနည်းအောင် သူတို့က သူမကို မုန်းတီးနေကြတယ်။
ကျန်းယွမ်နဲ့ ကျန်းရှင်းကျီတို့က သိမ်မွေ့စွာ ပြုံးလိုက်ကြတယ်။ ဒီလိုပွဲပြီးတော့ ဧကရာဇ်ရဲ့ စိတ်က အရမ်းနှောက်ယှက်ခံလိုက်ရလို့ သူက သူ့လက်ကို ယမ်းလိုက်ပြီးတော့ အမိန့်ပေးလိုက်တယ်။
“ဂုဏ်ပြုညစာစားပွဲကို စလိုက်တော့။”
လင်ပန်းကိုင်ထားတဲ့ ဝန်ဆောင်မှုပေးနေတဲ့ အစေခံတွေနဲ့ ပြည့်သွားတယ်။ နန်းတွင်းအစေခံခေါင်းဆောင်က လှပပြီး ကျစ်လျစ်သွယ်လျပြီးတော့ တခြားအစေခံတွေနဲ့ ကွဲပြားစွာ ဝတ်ဆင်ထားပြီး သူမနောက်ကနေ နောက်ထပ် အစေခံနှစ်ယောက်က တူညီတဲ့ဝတ်စုံနဲ့ လိုက်လာတယ်။ သူတို့ သုံးယောက်က ဧကရာဇ်ကို ချဉ်းကပ်လိုက်တယ်။ တစ်ယောက်က မတ်တပ်ရပ်နေပြီး ကျန်တဲ့နှစ်ယောက်က ဧကရီနဲ့ မယ်တော်ယိတျယ်ကို စပြီးတော့ ဝိုင်ငှဲ့ပေးနေကြတယ်။
ဧကရာဇ်ဘေးနားက အစေခံတစ်ယောက်က ငွေရောင်အပ်ကို ထုတ်လိုက်ပြီးတော့ ဝိုင်ထဲကို ထည့်ပြီး အဆိပ်ရှိမရှိ စမ်းဖို့ ပြင်လိုက်တယ်။ နန်းတွင်းအစေခံခေါင်းဆောင်က ဝိုင်ကို ငှဲ့လိုက်ပြီးတေ့ ကရားကို မဖို့ သူမလက်ကို မြှောက်လိုက်တာနဲ့ သူမက အဖြူရောင် အဝတ်စအောက်က ဓားမြှောင်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီးတေည့ ဧကရာဇ်ရဲ့ ရင်ဘက်ဆီကို ဦးတည်လိုက်တယ်။
‘ဖောင်း’ ဆိုတဲ့ အသံနဲ့ ပြင်းထန်တဲ့ လေနဲ့တစ်ခုခု ရောပါလာပြီး နန်းတွင်းအစေခံရဲ့ဘေးက ဓားမြှောင်က ဘေးကို လွင့်သွားပြီးတော့ ပြင်းထန်တဲ့ ဒဏ်ရာဖြစ်မှာကနေ ကာကွယ်လိုက်တယ်။ အဲဒါက ရွှေရောင်ကြယ်စေ့ ဖြစ်နေတယ်။
တစ်ချိန်တည်းမှာပဲ ရှောင်ရှို့က ခုန်ပြီးတော့ ဧကရာဇ်ရဲ့ ဘေးကို ပြေးသွားလိုက်တယ်။ ကွမ်လင်းဟန် ခဏလောက် ကြောင်သွားပြီးတော့ ခုံကို ထုပြီး ထလိုက်တယ်။ ဘယ်လိုလုပ်ပြီး မိန်းမတွေက ဒီလိုမြင်ကွင်းမျိုးကို ကြည့်ရဲမှာလဲ။ တစ်ယောက်ပြီးတစ်ယောက်ရဲ့ အော်သံတွေက ခန်းမထဲမှာ လွှမ်းသွားတယ်။ အပန်းရောင် ဝတ်စုံ ဝတ်ထားကြတဲ့ နန်းတွင်းအစေခံတွေက သူတို့ရဲ့ လက်ကောက်ဝတ်ထဲက ဓားပျော့တွေကို အတူဆွဲလိုက်ပြီးတော့ ဧကရာဇ်ဆီကို ဦးတည်သွားကြတယ်။
“ခွေးမသား ဧကရာဇ် နင့်ရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့။”
အမျိုးသမီးက အော်လိုက်တယ်။
သူတို့က သူတို့ကိုယ်သူတို့ အစေခံတွေအဖြစ်နဲ့ ရုပ်ဖျက်ထားကြတယ်။
ဒီနေ့ ဂုဏ်ပြုညစာစားပွဲမှာ အစေခံ ရာပေါင်းများစွာက ဝန်ဆောင်မှုပေးနေကြတာဖြစ်တယ်။ ဒီလို အဖြစ်အပျက်ဖြစ်လာတာနဲ့ ကိစ္စတွေက ဝရုန်းသုန်းကား ဖြစ်လာတယ်။ ဧကရာဇ်က အလန့်တကြားဖြစ်သွားပြီးတော့ ကြောက်လန့်တကြား အော်လိုက်တယ်။
“ရဲမက်တွေ။ ရဲမက်တွေ။”
ဧကရာဇ်အနားမှာ လုံခြုံရေးတွေက အရမ်းတင်းကျပ်လို့ ယင်ကောင်တောင် မပျံနိုင်ပေမဲ့ တခြားနေရာမှာတော့ ကွဲပြားတယ်။ လုပ်ကြံသူတွေက ဧကရာဇ်ရဲ့ အသက်ကိုပဲ ပစ်မှတ်ထားတာမဟုတ်ဘဲ သူတို့က သူတို့ သတ်ချင်တဲ့သူကို လိုက်သတ်နေကြတာဖြစ်တယ်။ အမျိုးသမီးတွေနဲ့ ကောင်မလေးတွေက သူတို့ကိုယ်သူတို့ မကာကွယ်နိုင်လို့ လုပ်ကြံသူတွေက သူတို့ကိုလည်း ပစ်မှတ်ထားကြတယ်။ အဆုံးမသတ်နိုင်တဲ့ အော်ဟစ်သံတွေနဲ့ ငိုသံတွေက ခန်းမထဲမှာ ပြန့်နေပြီးတော့ သွေးနံ့တွေကလည်း လှိုင်နေတယ်။ သူတို့ရဲ့ ရက်စက်မှုက အကုန်လုံးအပေါ်မှာ သက်ရောက်တယ်။
စားပွဲအောက်မှာ ချက်ချင်းပုန်းနေတဲ့ ကျန်းစုစုက သူမရှေ့မှာ သိမ်မွေ့တဲ့ ကောင်မလေးတစ်ယောက် နှစ်ခြမ်းဖြစ်သွားအောင် အခုတ်ခံလိုက်ရတာကို မြင်လိုက်ရတယ်။ သူမက အရမ်းကြောက်လွန်းလို့ သူမ မျက်နှာက ဖြူစွပ်သွားပေမဲ့ သူမက အော်နေတဲ့ ကျန်းလီထက်တော့ နည်းနည်းတည်ငြိမ်သေးတယ်။ သူမရဲ့ အသက်အတွက် စိုးရိမ်လို့ စားပွဲအောက်မှာ ပုန်းနေတဲ့ ရှယန်ကလည်း ကျန်းစုစုကို သူမရဲ့ လက်မောင်းထဲမှာ တင်းကျပ်စွာ ဖက်ထားတယ်။ သူတို့ရှေ့က စားပွဲက အလောင်းတွေနဲ့ ပုံနေတယ်။
ကျန်းတန်ကလည်း ကြောက်ပေမဲ့ သူမက ကျန်းလီလို ပုန်းလည်းမပုန်းသလို အော်လဲ အော်မနေဘူး။ ဝရုန်းသုန်းကား အခြေအနေကြားမှာ အံ့အားသင့်စွာနဲ့ တည်ငြိမ်နေတယ်။ ခဏလောက် တွေးပြီးတော့ သူမက သူမရဲ့ ဂါဝန်ကို မပြီးတော့ ယောကျာ်းလေးတွေရဲ့ နေရာကို ပြေးသွားတော့တယ်။
ဘယ်သူကမှ ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်မထားကြဘူး။ လုပ်ကြံသူတွေက ဧကရာဇ် ထွက်သွားတာနဲ့ ရပ်လိမ့်မယ်လို့ လူတိုင်းက ထင်ခဲ့တာဖြစ်ပေမဲ့ သူတို့က ဆူပူရမ်းကားပြီးတော့ ကြုံရာကျပန်း လိုက်သတ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီလို ဝရုန်းသုန်းကား အခြေအနေမှာ မတော်တဆတွေ ဖြစ်ဖို့က လွယ်တယ်။ ကျန်းရှင်းကျီက ကျန်းယွမ်ကို မမြင်ရတော့ပေမဲ့ စစ်တပ်အရာရှိအနေနဲ့ သူက အမျိုးသမီးတွေနဲ့ ကလေးတွေကို ပစ်မထားနိုင်ခဲ့ဘူး။ သူက လုပ်ကြံသူတွေကို တိုက်နေချိန်မှာပဲ သူမကို ရှာနိုင်ခဲ့တယ်။
ကျောက်မိသားစုရဲ့ သားတွေကလည်း တိုက်ပွဲကို ဝင်ပါတယ်။ ဒါပေမဲ့ လုပ်ကြံသူတွေက အခြေအနေအတွက် ကောင်းကောင်းခန့်မှန်းထားတာ သိသာတယ်။ ယောကျာ်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အစား သူတို့က အမျိုးသမီးတွေနဲ့ ကလေးတွေကိုပဲ လိုက်ခဲ့တယ်။ ဒါ့အပြင် ရှိနေတဲ့ ရဲမက်တွေနဲ့ အရာရှိတွေက သူတို့ မိသားစု မထိခိုက်ဖို့ ကာကွယ်နေကြပေမဲ့ လုပ်ကြံသူတွေက ဒီလိုစနိုးစနောင့်ဖြစ်တာမျိုး မရှိဘဲ သူတို့ကို ပိုပြီးတော့တောင် မရိုးမဖြောင့် ပြုမူစေတယ်။
ကျောက်ကျင်းနဲ့ ဝမ်ဖေးဖေးတို့က စစ်တပ်မိသားစုကနေ မွေးဖွားလာတာဖြစ်ပြီးတော့ ရှားပါးတဲ့ တည်ငြိမ်မှုနဲ့ အခြေအနေကို ရင်ဆိုင်ကြတာဖြစ်တယ်။ ကျောက်ကျင်းက ပြောလိုက်တယ်။
“ဖေးဖေး နင် ကောင်မလေးတချို့ကို အရင်ခေါ်သွားလိုက်။ ငါ ညီမလေးယွမ်နဲ့ ရင်းအာ တို့ကို သွားရှာလိုက်ဦးမယ်။”
ဝမ်ဖေးဖေးက တုံ့ဆိုင်းသွားတယ်။
“နင်တစ်ယောက်တည်း လုပ်နိုင်ပါ့မလား။”
“ရတယ်။ ငါ ဂရုစိုက်ပါ့မယ်။”
ကျောက်ကျင်းက မိန်းကလေးတချို့ကို ပို့ပေးပြီးတော့ သေနေတဲ့ လုပ်ကြံသူဆီက ဓားကို ယူလိုက်တယ်၊ လုပ်ကြံသူတစ်ယောက်က တုန်ရင်းအာရဲ့ ရင်ဘတ်ကို ဓားနဲ့ ချိန်ထားပြီး ထောင့်တစ်ထောင့်ကို ပို့နေတာကို တိုက်တိုက်ဆိုင်ဆိုင် မြင်သွားတယ်။ ကျောက်ကျင်းရဲ့ နှလုံးသား တင်းကျပ်သွားတယ်။ သူမက အမြန် သူမရဲ့ ဓားကို အဲ့လုပ်ကြံသူရဲ့ နောက်ကျောကို လှမ်းခုတ်လိုက်တယ်။ ဓားက အားနဲ့ ရမ်းလိုက်တာဆိုတော့ လုပ်ကြံသူက ရှောင်ဖို့ အခွင့်အရေး မရဘဲ သူတို့နှစ်ယောက်လုံးရဲ့ ဓားတွေက သူတို့လက်ထဲကနေ လွတ်ကျသွားကြတယ်။ တုန်ရင်းအာက ငိုနေတယ်။ အခု ကျောက်ကျင်းကို သူမရဲ့ ကယ်တင်ရှင်အဖြစ် မြင်လိုက်ရတယ်။
“ကျင်းအာ”
ကျောက်ကျင်း သူမကို ကူညီဖို့ ပြေးလာတယ်။
“နင်အဆင်ပြေရဲ့လား။”
ဒါပေမဲ့ သူမ ပြန်မဖြေနိုင်ခင်မှာပဲ တုန်ရင်းအာရဲ့ မျက်လုံးတွေက သူမနောက်ကို ကြည့်ရင်း ပြူးကျယ်သွားတယ်လို့ ကျောက်ကျင်း ထူးဆန်းတယ်လို့ ခံစားလိုက်ရတယ်။ သူမ နောက်ကို လှည့်ကြည့်လိုက်တော့ သူမကို ကြမ်းတမ်းခက်ထန်တဲ့ မျက်နှာနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
“သေစမ်း”
ငွေရောင် အလင်းတန်းက ဖြတ်သွားတယ်။ ကျောက်ကျင်း သူမရဲ့ မျက်လုံးတွေိကို မျှော်လင့်ချက်မဲ့စွာ ပိတ်လိုက်တယ်။
မမျှော်လင့်စွာနဲ့ သူမရဲ့ ခန္ဓာကိုယ်က ပေါ့လာပြီးတော့ သူမက ကြမ်းပြင်ကို တစ်ခုခု တိုက်နေတဲ့အသံကို ကြားလိုက်ရတယ်။ သူမ မျက်လုံးဖွင့်ကြည့်တော့ သူမရဲ့ မြင်ကွင်းက သူမနဲ့ တုန်ရင်းအာကို သယ်လာတဲ့ လူငယ်တစ်ယောက်နဲ့ ပြည့်နေတယ်။ လက်ထဲမှာ ဓားရှည်ကို ကိုင်ထားပြီး သူ့ရဲ့ လှုပ်ရှားမှုတွေက အဲ့အကမယ်တွေလို တင့်တယ်ပြီး ချောမွေ့နေတယ်။ ကျောက်ကျင်းက သူမ တစ်ဘဝလုံး သူမရဲ့ အဖေနဲ့ အစ်ကိုတွေ ဓားလေ့ကျင့်တာကို ကြည့်ခဲ့ပေမဲ့ ဒီလူငယ်က သူမမြင်ဖူးသမျှတွေထဲမှာ အလှပဆုံး လှုပ်ရှားမှာတွေ ရှိတာပဲ။ သူ့ရဲ့ ပုံစံက သူအဖေနဲ့ အစ်ကိုတွေလို မကြမ်းတမ်းဘူး။ သူက ရဲရင့်တဲ့ ခြေလှမ်းတွေကို သယ်ဆောင်လာတုန်းမှာ ကြော့ရှင့်ပြီး ခန့်ညားတဲ့ ပညာတော်သင် ကျောင်းသားတစ်ယောက်နဲ့ တူသလိုပဲ။
တုန်ရင်းအာ ကြောင်သွားပြီးတော့ သူမရဲ့ ပါးလေးတွေက နီသွားတယ်။
ကျန်းရှင်းကျီက သူတို့နှစ်ယောက်ကို ငုံ့ခိုင်းထားပြီးတော့ သူတို့ကို ထောင့်မှာ နေခိုင်းထားတယ်။
“ဒီမှာနေ မလှုပ်နဲ့။”
သူက လှည့်မကြည့်ဘဲ တိုက်ပွဲထဲကို ထပ်ပြီးတော့ ဝင်သွားတယ်။
တုန်ရင်းအာက တိုးတိုးပြောလိုက်တယ်။
“အဲဒါ ဘယ်သူလဲ။”
ကျောက်ကျင်းက ခေါင်းခါလိုက်တယ်။
“မသိဘူး။”
သူ့ရဲ့ ပုံရိပ်က ခန်းမထဲမှာ ပျောက်ကွယ်သွားတာကို မြင်တော့ သူမရဲ့ ရင်ထဲမှာ သူ့အတွက် စိုးရိမ်တဲ့ အရိပ်အယောင်က မြင့်တက်လာတယ်။
ဒါတွေအကုန်လုံးကြားမှာ လုပ်ကြံသူတွေ ရောက်လာတာက ကျန်းယွမ်ရဲ့ ခုနက အပြုအမူကို ကြီးကြီးမားမား ကျော်လွန်စေခဲ့တယ်။ ဧကရာဇ်က ဘေးကင်းရာကို အရွေ့ခံရပြီးပြီဆိုပေမဲ့ ဧကရီက ခန်းမထဲမှာ ရှိနေသေးတုန်းပဲ။ ဒါပေမဲ့ သူမနားမှာ ရဲမက်တွေ အများကြီး ရှိနေလို့ စိတ်ပူစရာ မလိုပါဘူး။ သူမ လှည့်ကြည့်လိုက်တော့ လုပ်ကြံသူ တချို့က မယ်တော်ယိတျယ်ဆီကို ချဉ်းကပ်နေတာကို တွေ့လိုက်တယ်။ အကြောင်းတချို့ကြောင့် သူတို့ထဲက တချို့က မယ်တော်ယိတျယ်ကို အတူတိုက်ဖို့ လုပ်နေတာပဲ။
ရွှမ်းလီက ကြင်ရာတော်ချန်ကို အခုလေးတင် စစ်ဆေးခဲ့ပြီးတော့ ဒီမြင်ကွင်းကို မြင်တော့ သွားပြီး ကူချင်ခဲ့တယ်။
ကျန်းယွမ်က မျက်ခုံးပင့်လိုက်တယ်။ မနားဘဲနဲ့ လုပ်ကြံသူက မယ်တော်ယိတျယ်ကို ထိုးတော့မယ့်အချိန်မှာ သူမက အော်ပြောလိုက်တယ်။
“မယ်တော်ယိတျယ်”
သူမရဲ့ အပြုအမူက သူမရဲ့ စကားတွေထက် ပိုမြန်တယ်။ သူမက မယ်တော်ယိတျယ်ဆီကို ခုန်သွားလိုက်ပြီးတော့ သူမကို တွန်းလိုက်ပြီး သူမအစား ဓားကို ရင်ဆိုင်လိုက်တယ်။
ပြီးတော့ သူမက ကြက်သေသေနေတဲ့ ရွှမ်းလီကို ငေါ့ပြလိုက်တယ်။
တွေ့လား ပွဲက အခုမှစတာ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...