part 90

3.7K 336 3
                                    

Unicode

Part 103

အခန်း- ၉၀ အပိုင်း(၁)

မြို့တော်ထဲမှာ နွေဦးမိုးက ရပ်တော့မလိုဖြစ်ပေမဲ့ ရုတ်တရက် ပိုပြီး သည်းလာတယ်။ ပိုပြီးတော့ လျော့လာဖို့ ကြိုတင်မျှော်လင့်ချက်တွေက ပျက်ပြယ်သွားခဲ့တယ်။ ပြီးတော့ လူတွေက ပိုပြီးတော့ စိတ်ပျက်သွားကြတယ်။ တစ်နေ့လုံး သာမာန်လူတန်းစားတွေက ဘုရားမှာ ဆုတောင်းနေကြပြီးတော့ ဗုဒ္ဓကို အကူအညီတောင်းနေကြပြီးတော့ ကောင်းကင်ဘုံက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကို ဆက်ပြီးတော့ အပြစ်မပေးဖို့ မျှော်လင့်နေကြတယ်။ ဒါပေမဲ့ မိုးကောင်းကင်က လူတွေရဲ့ ဆုတောင်းကို မဖြည့်ဆည်းပေဘဲ ဆက်ပြီးတော့ အရင်ကထက်ပိုပြီးတော့တောင် သည်းလာတယ်။
ရှယန်က ကျန်းအိမ်တော်က သမီးတွေက ဘောင်ကွမ်းဘုရားကျောင်းကို သွားပြီး ကောင်းချီးတွေအတွက် ဆုသွားတောင်းသင့်တယ်လို့ အကြံပေးခဲ့တယ်။ ပထမအချက်က နှစ်တိုင်း ဒီအချိန်မှာ ကျန်းမိသားစုက ဘောင်ကွမ်းဘုရားကျောင်းကို သွားလည်ပြီး အမွှေးတိုင်တွေ ဝယ်ပြီးတော့ အလှူလုပ်ပြီးတော့ ဗုဒ္ဓရဲ့ ကောင်းချီးနဲ့ ကာကွယ်မှုကို တောင်းဆိုကြတယ်။ ဒုတိယအချက်က ဘောင်ကွမ်းဘုရားကျောင်းက မြို့တော်ထဲမှာ အရမ်းကျော်ကြားပြီးတော့ ဖြေကြားတဲ့ ဆုတောင်းစာတွေထဲမှာ အရမ်း ထိရောက်တယ်။ အထူးသဖြင့် တိုကျိုး အမွှေးတိုင်က အရမ်း အစွမ်းထက်တယ်။ ဒါပေမဲ့ ဒီနှစ်မှာ မိုးကြောင့် အငြင်းပွားမှုတွေက ပုံမှန်ထက် ပိုနည်းတယ်။
ရှယန်က ဒီအကြံပြုချက်ကို ရှယန်က ပေးတဲ့အချိန်မှာ ကျန်းယွမ်က အရမ်းမြန်မြန် လက်ခံလိုက်တယ်။ လုကျူးက စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။
“သခင်မလေး သူမဆီမှာ ဆိုးဝါးတဲ့ ရည်ရွယ်ချက်တွေရှိတာ အသိသာကြီးပဲ။ သခင်မလေး ဘာလို့ ဒီလောက် မြန်မြန် လက်ခံလိုက်တာလဲ။”
ဘောင်ကွမ်းဘုရားကျောင်းက တောင်တန်းဒေသမှာ ရှိပြီးတော့ အဲ့ကို သွားတဲ့လမ်းမှာ အန္တရာယ်တွေ အများကြီး ရှိတယ်။ မိုးက ကမ္ဘာမြေပြင်ပေါ်ကို တရစပ်ရွာကျလာတော့ ရွှံ့လမ်းက ပိုပြီးတော့တောင် မတည်ငြိမ်ဖြစ်ပြီးတော့ ပိုပြီးတော့တောင် စိန်ခေါ်သလိုဖြစ်နေတယ်။ ဘုရားကျောင်းကို ပုံမှန် လာလည်တဲ့ ချမ်းသာတဲ့ လူတွေက ဒီလိုခရီးမျိုး သွားဖို့ကို နောက်တွန့်နေပေမဲ့ ရှယန်က အဲ့ကို တိုကျိုးအမွှေးတိုင် လှူဖို့ သွားဖို့ ခွင့်တောင်းခဲ့တယ်။ သေချာတာကတော့ အခြေအနေက ကြည့်ရတာထက် ပိုပြီးတော့ ရှုပ်ထွေးလာပြီဖြစ်တယ်။
“အဆင်ပြေပါတယ်။”
ကျန်းယွမ်က ပြုံးပြီး ပြောလိုက်တယ်။
“ခရုခွံတွေက အရမ်း တင်းကျပ်စွာ ပိတ်ထားလို့ လှုပ်ရှားဖို့ နည်းလမ်းကို ရှာဖို့ ခက်ခဲတယ်။ အခု သူတို့က သူတို့ရဲ့ သဘောတူညီချက်ကို ဖွင့်ခဲ့တော့ ဘယ်လိုလုပ်ပြီး ကျွန်မတို့က အခွင့်အရေးကို မယူဘဲ နေရမှာလဲ။”
လုကျူးက ရှယန် မနက်က ထွက်သွားခဲ့ပြီးတော့ ညနေမရောက်ခင်ထိ ပြန်မလာတာကို သိခဲ့တယ်။ သူမ ပြန်လာတော့ သူမရဲ့ မျက်နှာထားက ထူးခြားနေပြီးတော့ သူက စုရှင်းယွမ်ကို တန်းသွားခဲ့တယ်။ သူမနဲ့ ကျန်းစုစုနဲ့ အချိန်အကြာကြီး စကားပြောကြပြီးတော့ သူမရဲ့ ခြံထဲကို ပြန်လာခဲ့တယ်။
“ခရုခွံတွေ ဟုတ်လား။”
လုကျူးက ကြောင်သွားတယ်။
“သခင်မလေးက ….”
“မနက်ဖြန်ကျရင် နင်နဲ့ငါ အပြင်သွားကြမယ်။”
ကျန်းယွမ်က သူမကို လာဖို့ လက်ယပ်ခေါ်ခဲ့ပြီးတော့ သူမနားထဲကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။ လုကျူးက နားထောင်ပြိးတော့ သူမရဲ့ မျက်နှာမှာ ပြောင်းလဲတဲ့ မျက်နှာထားတွေ ဖြတ်သွားပြီးတော့ သူမက ပြောလိုက်တယ်။
“သခင်မလေး ဒီလို မလုပ်ပါနဲ့ အဲဒါ အရမ်းအန္တရာယ်များတယ်။”
“မင်း ကျားနယ်မြေထဲကို မဝင်ရင် ဘယ်လိုလုပ်ပြီး ကျားပေါက်လေးကို ဖမ်းနိုင်မှာလဲ။”
ကျန်းယွမ်က မေးလိုက်တယ်။
“ဒါ့အပြင် အဲဒါက အောင်မြင်နိုင်တဲ့ အခွင့်အရေး လုံးဝ မရှိတာလည်း မဟုတ်ဘူး။”
လုကျူးက သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်တယ်။ နောက်ဆုံးတော့ သူမရဲ နှလုံးသားထဲက ဆူပူမှုတွေကြားထဲမှာ သူမပြောလိုက်တယ်။
“ဒီအစေခံက သခင်လေးပြောတာကို နားထောင်ပါ့မယ်။”
ကျန်းယွမ်က ပြုံးလိုက်တယ်။ သူမရှေ့က လက်ဖက်ရည်ခွက်ကနေ ရေနွေးငွေ့တွေ အထက်ကို တက်လာတယ်။ ဒါက သူမ ဘောင်ကွမ်းဘုရားကျောင်းကို ဒုတိယအကြိမ်သွားခြင်းဖြစ်တယ်။ ပထမဆုံးအကြိမ်က လွန်ခဲ့တဲ့ ငါးနှစ်က သူမ ကျောက်မိန် သူမရဲ့ အဖျားကနေ မြန်မြန်ပြန်ကောင်းလာစေဖို့ တိုကျိုးအမွှေးတိုင်အတွက် ရန်ဖြစ်ခဲ့တုန်းက ဖြစ်တယ်။ ဒါပေမဲ့ သူမက တိုကျိုးအမွှေးတိုင်ကို မရရှိခဲ့ဘူး။ ကျောက်မိန်ရဲ့ အခြေအနေကလည်း ကောင်းမွန်မလာဘူး။
ဒီဘဝမှာတော့ သူမက ဘုရားတွေ ဒါမှမဟုတ် ဗုဒ္ဓကိုလည်း မယုံတော့ဘူး။ သူမက သူမရဲ့ ရက်စက်တဲ့ ကလဲ့စားချေခြင်းကို ဒီဗုဒ္ဓဘာသာကို အလေးအမြတ်ထားတဲ့ ဘုရားကျောင်းမှာ စတင်မှာ ဖြစ်တယ်။
လီအန်းလား။ သူမက ဖြည်းညှင်းစွာ ခေါင်းငုံ့လိုက်ပြီး လက်ဖက်ရည်ခွက်ကနေ တက်လာတဲ့ ရေနွေးငွေ့နဲ့ သူမရဲ့ မျက်နှာကို ကာလိုက်တယ်။ သူမရဲ့ နှုတ်ခမ်းလေးတွေ ပြုံးသွားတဲ့ အချိန်မှာ လုကျူးတို့က ခဏလောက် ရက်စက်မှု ဖြတ်သွားပြီးတော့ ကြည်လင်ပြီး အရောင်တောက်နေတဲ့ မျက်လုံးတစ်စုံကိုပဲ မြင်ရတယ်။
“စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ။”
* * *
  ဟွိုင်ကျွဲ့က ဒီရက်ပိုင်းမှာ အရမ်းအနေချောင်နေတယ်။
သူ့ကို ကာကွယ်ဖို့ ကွမ်လင်းဟန်က သူ့ကို ကွမ်အိမ်တော်မှာ နေဖို့ ဖိတ်ထားပြီးတော့ သူ့နားမှာ သူ့ကို စောင့်ရှောက်ဖို့ ကိုယ်ရံတော်တောင် ငှားထားပေးတယ်။ ဟွိုင်ကျွဲ့က နားမလည်ပေမဲ့ သူက ကွမ်လင်းဟန်ကို ကျန်းယွမ်ရဲ့ နောက်ကွယ်က လူနဲ့ တစ်ဖွဲ့တည်းလို့ ယူဆထားလို့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သူက အရမ်းစိတ်ပူမနေဘူး။ ရေလှောင်ကန် အဖြစ်အပျက်ပြီးတော့ သူ့ရဲ့ မြို့တော်ထဲမှာ ကျော်ကြားမှုက အရမ်း မြင့်မားပြီးတော့ ဂုဏ်သရေရှိ မိသားစုတွေ တော်တော်များများကလည်း သူတို့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်အောင် သူ့ကို ဖိတ်ကြကြတယ်။ ဒါပေမဲ့ ကျန်းယွမ်က သူ့ကို ကြားကနေ ဆက်သွယ်တဲ့ လူဆီကနေ သိုသိုသိပ်သိပ်နေဖို့ တောင်းဆိုထားပြီး သူ့ရဲ့ လူကြားထဲကို ထွက်တာကို လျှော့ချတာ အကောင်းဆုံးဆိုပြီး အကြံပြုထားတယ်။
အစတုန်းက ဟွိုင်ကျွဲ့က မကျေနပ်ခဲ့ဘူး။ နောက်ကျတော့ သူက လူတွေ ကိုးကွယ်တဲ့ ဘုရားတွေနဲ့ ဗုဒ္ဓတို့ ဆန်းကြယ်စွာနဲ့ ပါဝင်နေတဲ့ အကြောင်းရဲ့ အကြီးဆုံး အပိုင်းကို နားလည်သွားတယ်။ အခုခေတ်မှာ သူပိုပြီးတော့ ကျော်ကြားလေလေ သူ့ရဲ့ ဆန်းကြယ်တဲ့ ရောင်ဝါကို ပိုပြီးတော့ ကာကွယ်ရလေလေပဲ။ ကျန်းယွမ်က ကိစ္စကြီးတွေ ပြီးမြောက်အောင် ကိစ္စလေးတွေကို အငမ်းမရ မလိုချင်သင့်ကြောင်း ပြောလိုက်တယ်။ တကယ်လို့ သူက အခုအရမ်း သတိရှိရင် သူက အနာဂတ်မှာ ပိုပြီးတော့ ချမ်းသာပြီးတော့ ပိုပြီး လေးစားခံရမှာဖြစ်တယ်။
ဟွိုင်ကျွဲ့က ကျန်းယွမ်ရဲ့ စကားတွေကို တန်ဖိုးရှိတဲ့ အရာတွေ အဖြစ် သဘောထားတော့ သူက အဲ့စကားတွေ အတိုင်း လိုက်နာတယ်။ နေ့တိုင်း သူက ကွမ်အိမ်တော်ထဲမှာ တိတ်ဆိတ်စွာနဲ့ တရားထိုင်နေပြီးတော့ အပြင်ကို သိပ်မထွက်ခဲ့ဘူး။ ဒီနေ့ သူက ပြတင်းပေါက် ရှေ့မှာ ထိုင်ပြီးတော့ သူ့ရဲ့ ငါးရုပ်ကို သန့်ရှင်းရေး လုပ်နေတုန်းမှာ သူ ကွမ်လင်းဟန်က ကွမ်အိမ်တော်ဘေးက ပန်းဉယျာဉ်တစ်လျှောက်က စင်္ကြံလမ်းတစ်လျှောက်ကနေ အဝင်ဝအထိ ဝတ်ရုံနက် လူငယ်နောက်ကို လိုက်နေတာကို တွေ့လိုက်ရတယ်။ သူက မြန်မြန်ပြေးသွားပြီးတော့ အော်လိုက်တယ်။
“တတိယညီလေး ဘာလို့ ငါ့ရဲ့ တပ်တွေကို ထပ်သုံးနေတာလဲ။ မရဘူး လုံးဝ မရဘူး။ မင်း ငါ့ရဲ့ ကွမ်မိသားစု တပ်တွေကို ဘာလို့ ထပ်သုံးတာလဲ။ ချီးပဲ။ အဲ့မှာ ရပ်စမ်း။”
ဟွိုင်ကျွဲ့က နိယာမကို လိုက်နာခဲ့တယ်။ မကောင်းမှုကို မမြင်၊ မကောင်းမှုကို မကြားရဘဲ သူက ပြတင်းပေါက်ကို ရုတ်တရက် ထောက်ခနဲ မြည်အောင် ပိတ်လိုက်တယ်။
ပင်အဝင်ဝ အပြင်မှာ ရှောင်ရှို့က နောက်ဆုံးတော့ ရပ်လိုက်တယ်။ ချေလှမ်းကျဲကြီးတွေနဲ့ ပြေးလိုက်လာတဲ့ ကွမ်လင်းဟန်က သူ့ကို တိုက်မိတော့မလိုပဲ။ စိတ်လှုပ်ရှားစွာနဲ့ အနားကို ခုန်လာပြီးတော့ သူက စိတ်တိုစွာ အော်ပြောလိုက်တယ်။
“ချီးပဲ။ မင်း ဘာဖြစ်နေတာလဲ။ ငါ့ကို စစ်သားတာလီပြန်ပေး။”
ရှောင်ရှို့ရဲ့ လက်ထဲမှာ တကယ်ပဲ ကွမ်မိသားစု တပ်ရဲ့ စစ်သားတာလီရှိနေတယ်။ ကွမ်လင်းဟန်က လှမ်းပြီး လုလိုက်သေးပေမဲ့ ရှောင်ရှို့က သူ့ကို ရှောင်လိုက်တယ်။ သူတို့က ကွမ်လင်းဟန် ဘာမှ မလုပ်နိုင်တော့ဘူး သတိမထားမိခင်အထိ ခဏလောက် လက်ချင်း ထပ်ပြီးတော့ လုနေကြတယ်။
သူက သူ့လက်ကို ပြန်သိမ်းလိုက်ပြီးတော့ မေးလိုက်တယ်။
“တတိယညီလေး မင်း ငါ့ရဲ့ တပ်တွေကို မင်းမိသားစု ပိုင်တယ်လို့ ထင်နေတာလား။ မင်းရဲ့ ကျင်းရီရဲမက် ၃၀၀၀၀က ဘာအတွက်လဲ။”
“ကျင်းရီရဲမက်တွေကို လူသိရှင်ကြား ပါဝင်ခိုင်းတာက မကောင်းဘူး။”
ရှောင်ရှို့က ပြောလိုက်တယ်။
“မင်းရဲ့ စစ်သားတာလီကို ထပ်သုံးပါရစေ။ ငါ သုံးပြီးရင် ငါ မင်းကို ပြန်ပေးပါ့မယ်။”
“မရဘူး။”
ကွမ်လင်းဟန်က ပြတ်ပြတ်သားသား ပြောလိုက်တယ်.
“ငါ ရေလှောင်ကန်ကိစ္စမှာ မင်းအစား လုပ်ပေးပြီးပြီပဲ။ ဒီတစ်ကြိမ်ရော မင်း ဘာတရားမဝင်တာတွေ လုပ်မလို့လဲ။ တကယ်လို့ အရှင်မင်းကြီးက အပြစ်တင်ချင်ရင် ငါ့ဘဝ အတွက် စောက်ရမ်း ကံဆိုးသွားလိမ့်မယ်။”
ရုတ်တရက်ကြီး သူက ပြောလိုက်တယ်။
“ငါက မင်းရဲ့ ဝါရင့်အစ်ကိုဆိုတော့ ငါက ဒီ တတိယညီလေးကို အရမ်း ရက်ရောလို့ တကယ်လို့ မင်း ဘာလုပ်မယ်ဆိုတာကို ငါ့ကို ပြောပြရင် ငါမင်းကို ငါ့ရဲ့ စစ်သားတာလီကို မင်းကို ငှားမယ်။ မဟုတ်ရင် မင်း အဲဒါကို ယူသွားရင်တောင် မင်းသူတို့ကို ခေါ်သွားလို့မရအောင် ငါ နည်းလမ်း တစ်ခုရှာမှာ။”
“ငါ မင်းရဲ့ တပ်တွေကို လီအန်းကို ဖမ်းဖို့ ငှားမလို့။”
ရှောင်ရှို့က ပြောလိုက်တယ်။
“လီအန်းလား။”
ကွမ်လင်းဟန်က ပြောလိုက်တယ်။
“သူ ဘယ်မှာ ရှိတယ်ဆိုတာကို မင်းသိတယ်ပေါ့။ ဒါနဲ့ မင်းက ဘာလို့ သူ့ကို ဖမ်းမှာလဲ။”
ရှောင်ရှို့ တိတ်ဆိတ်နေတာကို မြင်တော့ ကွမ်လင်းဟန်က သုံးသပ်ချက် တစ်ခု ရသွားဟန်နဲ့ ပြောလိုက်တယ်။
“ဒါက အရှင်မင်းကြီးမင်းကို ပေးတဲ့တာဝန်လား။”
ရှောင်ရှို့က စစ်သားတာလီကို ဆက်ယူထားပြီးတော့ ထွက်သွားရင်း ပြောလိုက်တယ်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
“ဟေး ငါပြောတာ မပြီးသေးဘူးလေကွာ။”
ကွမ်လင်းဟန်က ဒေါသတကြီး အော်လိုက်တယ်။
“ဒီကိစ္စက ကိစ္စကြီးပဲ။ ငါ မင်းနဲ့ အတူ လိုက်ခဲ့ပေးမယ်။ တတိယညီလေး ငါ့ကို စောင့်ဦး။”
သူတို့ရဲ့ အသံတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတယ်။
* * *
အဲ့နေ့မနက်မှာ ကျန်းယွမ်က သူမရဲ့ အစေခံမလေး သုံးယောက်လို စောစောထခဲ့တယ်။ ကျန်းယွမ်ကို မနက်စာ ကျွေးပြီးတော့ လန်ချောင်က ကျန်းယွမ်ရဲ့ အဝတ်တွေကို စပြီး ရွေးနေပြီ။ ပိုင်ကျီက ပြောလိုက်တယ်။
“သခင်မလေးက ဒီနေ့ ဘုရားကျောင်းကို သွားပြီး ဆုတောင်းမှာ မို့လို့ ပိုပြီး ရိုးရှင်းတာ ရှာနေတာလား။
သေသေချာချာ မွှေနှောက်ရှာကြည့်ပြီးတော့ လန်ချောင်က နောက်ဆုံးမှာ မိုးကာသားနဲ့ ပီပါ ကော်လာပါနဲ့ ရိုးရှင်းတဲ့ ဝတ်ရုံပြာ အင်္ကျီရှည်ကို ရွေးခဲ့တယ်။ ဒါ့အပြင် သူမက ပန်းတွေ ရစ်ပတ်နေတဲ့ပုံ ပန်းထိုးထားတဲ့ ကျောက်စိမ်းရောင် ချည်ပဝါလေးကို ပတ်ထားတယ်။ သူတို့က သူမ တောက်ပပြီး ကြက်သွေးရောင် အဝတ်တွေပဲ ဝတ်တာပဲ မြင်ရတာ ကျင့်သားရနေတော့ သူမ ဒီလို ရိုးရှင်းတဲ့ အင်္ကျီတွေနဲ့ သူမ မပြုံးတဲ့ အချိန်မှာရှိတဲ့ သူမရဲ့ ဂရုမစိုက်တဲ့ မျက်နှာထားလေးက သူမကို အေးစက်တဲ့ အသွင်အပြင် ရှိစေတယ်။
လုကျူးက ကျန်းယွမ်ရဲ့ ဆံပင်ကို ဖီးပေးနေရင်း ပြောလိုက်တယ်။
“သခင်မလေး ဒီနေ့ အန္တရာယ်တွေ အများကြီး ရှိလောက်တယ်။ ဘယ်လိုလုပ်ပြီး တစ်ယောက် နှစ်ယောက်လောက် ပြင်ဆင်ထားတာက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာလဲ။”
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ လုကျူးက သူမရဲ့ ဆံပင်ကို ဆံထုံးထိုးပေးလိုက်ပြီးတော့ ချွန်ထက်တဲ့ ဆံထိုးလေးကို ထည့်ပေးလိုက်တယ်။ ဆံထိုးရဲ့ ထိပ်က အရမ်းချွန်လွန်းလို့ လက်နက်တစ်ခုလို့တောင် သတ်မှတ်လို့ရတယ်။
သူတို့ ထွက်မသွားခင်မှာ ပိုင်ကျီက ခဏလောက် တွေးလိုက်ပြီးတော့ စားပွဲအံဆွဲထဲက ဓားမြှောင်ကို ယူလိုက်တယ်။ ဓားမြှောင်ရဲ့ လက်ကိုင်က ငွေနဲ့ မြှုပ်သွင်းစီခြယ်ထားတာပြီး ပုလဲပေါင်းများစွာ စီခြယ်ထားတာဖြစ်ပြီးတော့ စုဆောင်းသူရဲ့ ပစ္စည်းဖြစ်တာ သေချာပြီးတော့ သဘောကျရလောက်တယ်။ ပိုင်ကျီက ဓားမြှောင်က တုံးနေတယ်ဆိုတာ မြင်ပေမဲ့ ကျန်းယွမ်လက်ထဲကို ထည့်ပြီးတော့ ပြောလိုက်တယ်။
“သခင်မလေး ဒါကိုလည်း ယူခဲ့ပါ။ ဘာမှမပါတာထက် စာရင်တော့ ကောင်းတာပေါ့။”
ကျန်းယွမ်က သူမလက်ထဲက ဓားမြှောင်ကို အလေးချိန်ချိန်လိုက်ပြီးတော့ သူမရဲ့ အင်္ကျီလက်ထဲကို ညှပ်ထည့်လိုက်တယ်။ သူတို့ လေးယောက် အိမ်တော်ကနေ ထွက်လာတော့ ရထားလုံး တစ်လုံးက ဘေးမှာ ရပ်ထားတာကို သတိပြုမိကြတယ်။
ကျန်းတန်၊ ကျန်းလီနဲ့ ကျန်းစုစုတို့က ရထားလုံး တစ်လုံးထဲကို ပြွတ်သိပ်ပြီး နေနေချိန်မှာ ကျန်းချောင်က သူ့သီးသန့်ရထားလုံးနဲ့ နေနေတယ်။ ကျန်းယွမ်လည်း သူမအတွက် သီးသန့် ရထားလုံး တစ်ခုရှိတယ်။ ကျန်းယွမ်ကသူမဘေးက ရှယန်ကို စုံစမ်းမေးမြန်းနေတယ်။ သိမ်မွေ့စွာနဲ့ ရှယန်က ပြောလိုက်တယ်။
“ယွမ်အာက ကျန်းအိမ်တော်ရဲ့ အကြီးဆုံး သမီးဖြစ်ပြီးတော့ သမီးရဲ့ ကိုယ်ပိုင် အစေခံတွေကလည်း အရမ်းများတယ်။ အမေ သမီးကို နောက်ထပ်ရထားလုံး တစ်လုံးထဲမှာ ထားတာက သမီးကို သင့်လျော်မှုနဲ့ အာရုံစိုက်ခံရမှု မပြမှာ စိုးလို့ အမေ သမီးကို နောက်ထပ် ရထားလုံး တစ်ခု ပြင်ပေးထားတယ်။”
ကျန်းယွမ်က သူမအတွက် အထူးရွေးထားတဲ့ ရထားလုံးကို ကြည့်လိုက်တယ်။ အပြင်ဘက်က ကြည့်ရင် ခမ်းနားပေမဲ့ ကျန်းစုစုရဲ့ ရထားလုံးနဲ့ ယဉ်ရင် နည်းနည်းသေးပြီးတော့ သူမနဲ့ သူမရဲ့ အစေခံတွေ ဝင်ခိုင်ရုံလောက်ပဲ ကြီးတယ်။
“အမေ ဘာလို့ ဒီလိုလုပ်တာလဲ ဒါက ယွမ်နိုင်ကို ရှက်စေတယ်။”
ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“သမီးတို့က ကျန်းအိမ်တော်ရဲ့ ညီအစ်မတွေပဲကို ဘယ်လိုလုပ်ပြီး တစ်ယောက်တည်းကိုပဲ သဘောကျပြီးတော့ တခြားသူတွေကို ခွဲခြားတာ ဖြစ်နိုင်မှာလဲ။”
ရှယမ်က ပြုံးလိုက်တယ်။
“ယွမ်အာ ဘာလို့ သမီး ဒီလိုတွေ ပြောတာလဲ။ သမီးတို့ ညီမတွေ အကုန်လုံးက ကောင်းပေမဲ့ သမီးက အကြီးဆုံး သမီးလေ။ သမီးကို သမီးကိုယ့်ကိုယ်ကိုယ် ပိုပြီး ခံ့ညားပြီးတော့ အထင်ကြီးအောင် နေသင့်တယ်။ ဒါ့အပြင် အခုအချိန်မှာ နောက်ထပ် ရထားလုံးတစ်ခု ရှာဖို့က မဖြစ်နိုင်ဘူး။ အမေတို့ အရင် သွားနှင့်ပြီးတော့ ဆက်ပြီး အချိန် မဆွဲသင့်တော့ဘူး။ မဟုတ်ရင် အမေတို့ တိုကျိုး အမွှေးတိုင် လှူဖို့ အခွင့်အရေး လွတ်သွားလိမ့်မယ်။
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now