unicode
Part 64အခန်း - ၆၉
အပိုင်း (၁က)
နွေဦးအစကနေစပြီး ပထမဆုံးအကြိမ် မိုးရွာတာဖြစ်တယ်။ မိုးစက်လေးတွေက အမိုးပေါ်က တံစက်မြိတ်ကနေ ခြံဝန်းထဲကို စီးကျသွားတယ်။ မှုန်မှိုင်းနေတဲ့ ရာသီဉတုက တစ်ဖြည်းဖြည်းနဲ့ ကမ္ဘာပေါ်ကို အုပ်စိုးလာတယ်။
အိပ်ရာအစွန်းမှာ ထိုင်နေရင်း ရှယန်က မုန့်ချိုလေးတွေထည့်ထားပြီး အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်ပူတင်း တစ်စွန်းအပြည့်ကို ကိုင်ထားပြီး သူ့ရှေ့က မိန်းကလေးနားကို ယူသွားတယ်။
"မစားချင်ဘူး။ "
ကျန်းစုစုက ခေါင်းကို ဘေးလှည့်လိုက်တယ်။ လှပတဲ့ မျက်ဝန်းတစ်စုံက ဒေါသတွေနဲ့ ပြည့်နှက်နေတယ်။ ဆေးက ကျောက်စိမ်းလို ဖြူဝင်းတဲ့ မျက်နှာလေးရဲ့ ညာဘက်ပါးပေါ်မှာ လိမ်းထားတယ်။ သူမရဲ့ ညာဘက်မျက်လုံး အောက်ကနေစပြီးတော့ ခြစ်ရာကြီးက မြင်မကောင်းအောင် ရှိနေတယ်။ တိုက်ဆိုင်စွာနဲ့ သူမရဲ့ အသားအရေက ညာဘက် မွေးရာပါ ကြက်သွေးရောင် အမှတ်နားမှာ ခြစ်ရာရတာဖြစ်တယ်။ တစ်ယောက်ယောက်ကကြည့်လိုက်ရင် အဲ့ဒါက သူမကို မကောင်းဆိုးဝါးနဲ့ တူစေတယ်။
"စုအာ လိမ်မာစမ်းပါ။ သမီး တစ်ခုခုစားမှ ဒဏ်ရာက မြန်မြန်ပျောက်မှာလေ။ "
ရှယန်က သူမကို ညင်သာစွာ ဖျောင်းဖျတယ်။
တစ်ချက်တည်းနဲ့ ကျန်းစုစုက ရှယန်လက်ထဲက ကြွေပန်းကန်ကို စိတ်လှုပ်ရှားတဲ့အသံနဲ့ ပြောပြီး မှောက်ချလိုက်တယ်။
"အခုရော ဘာကောင်းလို့လဲ။ ဒီလိုရုပ်ကြီးနဲ့ သမီးက သရဲနဲ့ တူနေပြီ။ ဘာနည်းလမ်းက ဒါကို ပိုကောင်းလာစေနိုင်မှာလဲ။ သမီးအတွက် သေတာကမှ ပိုကောင်းဦးမယ်။ "
သူမက သူမ ဝမ်းနည်းနေတဲ့ အကြောင်းပြောပြီးတာနဲ့ ချောင်းနှစ်ခါဆိုးလိုက်မိပြီး သူမရဲ့ ခြစ်ရာရထားတဲ့ ညာဘက်မျက်နှာကို ပိုပြီးတော့တောင် ကြောက်စရာကောင်းစေခဲ့တယ်။
စိတ်ဆင်းရဲစွာနဲ့ ရှယန်က သူမရဲ့ကျောကို ဖွဖွလေး ပုတ်ပေးလိုက်တယ်။
![](https://img.wattpad.com/cover/292713070-288-k936220.jpg)
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...