unicode
Part 50
အခန်း - ၆၀
ကျန်းယွမ်ရဲ့ ကိုယ်နေဟန်ထားက သိမ်မွေ့ပြီးတော့ ဒီလိမ္မာပါးနပ်တဲ့ စကားလုံးတွေ ပြောပြီးတော့ သူမက သူတို့ကို ပြုံးပြီးထပ်ပြောလိုက်တယ်။
"ညီမလေးက တကယ် မြင်ချင်နေမှတော့ မမက မငြင်းပါဘူး"
ဒါကို ကြားရတော့ ဘေးက အမျိုးသမီးတွေ အကုန်လုံးက စပြီး တိုးတိုး တိုးတိုးနဲ့ ပြောလာကြတယ်။
"သူမက သရဲပူးခံထားရလို့ပဲ နေမှာ။ ပြီးတော့ သူက ဘယ်လိုလုပ်ပြီး လက်ခံလိုက်ရတာလဲ။ ကိုယ့်ကိုယ်ကို အရူးလုပ်ဖို့ကဲ့နေတာလား မသိဘူး"
"သူမက ကျေးလက်မှာ အကြာကြီးနေခဲ့ပြီးတော့ ဒီမှာ ဘယ်လို ပြုမူရမှန်း မသိဘူးပဲ။ သူ့ရဲ့ အကနဲ့ မြို့တော်တွေကို ဖျက်ဆီးနိုင်တယ်လို့ တကယ်ထင်နေတာလား မသိဘူး"
လူအုပ်ထဲကနေ လှောင်ပြီး ပြောတာတွေကို ကြားနေရတယ်။သူမ နောက်မှာ ရပ်နေကြတဲ့ လန်ချောင်နဲ့ ပိုင်ကျီတို့က နှလုံးခုန်မြန်လာကြတယ်။ သူတို့က ကျန်းယွမ်ငယ်ငယ်ကတည်းက သူမနဲ့ နေလာကြတာ ဖြစ်တယ်။ ကျန်းယွမ် တကယ်ကတတ်လား
မကတတ်လားဆိုတာ သူတို့နှစ်ယောက် အသိဆုံးဖြစ်တယ်။ အစေခံတွေရဲ့ မျက်လုံးတွေက သူတို့ရဲ့ အမိန့်အောက်မှာဆိုပေမဲ့ သခင်ရဲ့ စကားလုံးတိုင်းနဲ့
အပြုအမူတိုင်းက အံ့ဩစရာကောင်းတယ်။ အစေခံတွေအနေနဲ့ လန်ချောင်နဲ့ ပိုင်ကျီတို့ကမင်းမျိုးမင်းနွယ်အသိုင်းအဝိုင်းက စည်းမျဉ်းတွေ အကြောင်း သေချာသိပေမဲ့ သူတို့က ကျန်းယွမ် ကျန်းစုစုရဲ့ ထောင်ချောက်ထဲကို ဝင်မိပြီး မြို့တော်က ဂုဏ်သရေရှိ မိသားစုတွေရှေ့မှာ ပြဿနာဖြစ်မိမှာ စိုးတယ်။ကျင်းဆောင်းလှေပေါ်မှာ မင်းသားငါးက မျက်မှောင်ကြုတ်လိုက်တယ်။"လှလှလေးမွေးလာပေမဲ့ ရူးနေတာပဲ။ သနားစရာကောင်းလိုက်တာ"
"ဒီစကားလုံးတွေက ဘယ်ကနေလာတာလဲ ငါးယောက်မြောက်ညီလေး"
ရွှမ်းလီက ပေါ့ပါးစွာ ရယ်လိုက်တယ်။
"ကျန်းမိသားစက ဒုတိယသခင်မလေးရဲ့အရည်အချင်းက အပြစ်ပြောစရာ မရှိလောက်အောင်ဆိုပေမဲ့ အကြီးဆုံး သခင်မလေးက သူမရဲ့
ကျော်ကြားမှုကို ယူချင်နေတာပဲ။ ဘယ်လိုလုပ်ပြီး ဒါက ဖြစ်နိုင်မှာလဲ။ ပြီးတော့ သူမက ကျေးလက်မှာ ကြီးပြင်းခဲ့ရတာကို သူမက ဘာတွေ ပိုသိမှာမို့လို့လဲ"
အဲ့စကားလုံးတွေကြားမှာ အထင်သေးမှုတွေ ပါဝင်နေတယ်။
လှေနှစ်စင်းလုံးပေါ်က လူတွေက ခဏလောက်
ပြောစရာစကားမရှိဖြစ်သွားတယ်။ အကုန်လုံးက ကျန်းယွမ်ကို အမြင်ကျဉ်းပြီး ကျန်းစုစုနဲ့ နှိုင်းယှဉ်ဖို့ စိတ်ကူးနေတဲ့သူလို့ မှတ်ချက်ချနေကြတယ်။
ကျန်းစုစု မျက်တောင်ခတ်လိုက်ပေမဲ့ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးက ရှိနေတုန်းပဲ။ သူမကပြောလိုက်တယ်။
"ဒါဆို စုနင်က ကောင်းချီးပေခံရတာပေါ့။ ပြီးတော့ ညီမလေး မမကို လူတိုင်းအတွက် ကပြဖျော်ဖြေစေချင်တယ်"
လူတိုင်းအတွက် ကပြဖျော်ဖြေရမယ်။ လင်ဇီရှန်း မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းစုစုရဲ့ အပြစ်ကင်းတဲ့ စကားလုံးတွေက ကျန်းယွမ်ကို ကပြတဲ့အတွက်
နောင်တရအောင် လုပ်နေတာပဲ။ ဒါကသူမနားမှာရှိတဲ့ လူတွေကို ခဏလောက် ပါးစပ်ပိတ်သွားစေတယ်။
မျက်တောင်မခတ်ပဲ ကျန်းယွမ်က ကျန်းစုစုပြောတာကို သေချာ မကြားလိုက်သလိုပဲ။ သူမရဲ့ အတိတ်ဘဝမှာ ကျန်းချွမ်နဲ့ ရွှမ်းလီတို့က သူမကို နန်းတော်လို နေရာမှာ ရှင်သန်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုကိစ္စတွေ
လုပ်ခိုင်းခဲ့တယ်။ ဒီလို 'လူတိုင်းအတွက် ကပြဖျော်ဖြေပေးဖို့' ဆိုတဲ့ စကားက သူမနားက အင်ပါယာအသိုင်းအဝိုင်းကလူတွေ အမြဲတောင်းဆိုနေကြစကားဖြစ်တယ်။ ဒါ့ကြောင့် ကပြတဲ့ လူရွှင်တော်တွေလို သူမက သူမရဲ့ ဦးနှောက်ကို တန်းပေါ်မှာ ချိတ်ပြီး ကပြခဲ့ရတယ်။ ဒါ့ကြောင့် အဆုံးမှာ သူမကို ငတုံးအလှမယ်ဆိုတဲ့ နာမည်ပြောင်ရခဲ့တယ်။
သူမ သဘောတူတဲ့ အနေနဲ့ ခေါင်းညိတ်ပြီး ဘယ်သူမှ မထွက်ဘဲ ကျန်းယွမ်က လှေရဲ့ ဦးပိုင်းကို သွားပြီး ဦးညွတ်လိုက်တယ်။
လင်းလောင်လှေရဲ့ ဆောက်ထားပုံက အရမ်း ထူးခြားတယ်။ မီးပုံးပွဲတော်ရဲ့ ညမှာ လကို လွတ်လပ်စွာ ခံစားနိုင်တယ်။ ဒီပုံစံက ကျယ်ပြန့်ပြီး
ချောမွေ့တယ်။ ဒါ့ကြောင့် ဒီပုံစံက ကဖို့ အတွက်သင့်တော်တယ်။ သူမရဲ့ လက်ကို ဆန့်လိုက်ပြီး သူမက သူမခေါင်းက ဆံထိုးကို ဖြုတ်လိုက်တယ်။ ချက်ချင်းပဲ စီးဆင်းနေတဲ့ ရေတံခွန်လို သူမရဲ့ ခေါင်းနောက်ကနေ နက်မှောင်တောက်ပတဲ့
ဆံပင်က သူမရဲ့ ခါးအထိ ကျသွားပြီး စွဲမက်ဖွယ်ကောင်းတဲ့ တောက်ပမှုကို ထုတ်လွှတ်ပေးတယ်။ သူမက သူမရဲ့ ဆံထိုးနှစ်ခုကို လက်ထဲကိုင်ထားပြီး သူမရဲ့ နှုတ်ခမ်းသားလေးတွေ၊ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေးတွေက စိတ်အားထက်သန်နေပြီးတော့ ကြီးမားတဲ့ လှေနှစ်စင်းပေါ်က လူတွေကို
တစ်ချက်ကြည့်လိုက်တယ်။
မမျှော်လင့်စွာနဲ့ သူမရဲ့ ဆံထိုးလေးနှစ်ခုက အသေးစိတ်ပြင်ထားတဲ့ ဝီစီပုံလေးတွေ ဖြစ်နေတယ်။ လှပတဲ့ ရှူခင်းနဲ့ သူမကြားက ရောင်ပြန်ဟပ်နေတာက အတွေးထဲကနဲ့ ဆန့်ကျင်ဘက်ပဲ။ သူမရဲ့ နီရဲတဲ့ နှုတ်ခမ်းလေးတွေကနေ ထွက်လာတဲ့
ပထမတေးသံက ကြည်လင်ပြီး ငြိမ့်ညောင်းနေတယ်အစက ဒီဝီစီကနေ ထွက်တဲ့ အသံက ယာဂုကို ရေပဲထည့်ပြုတ်ပြီး ချက်သလို ခြောက်သွေ့တဲ့ အရသာရသလို ပျင်းစရာကောင်းပြီး ရိုးရိုးပဲလို့
နားထောင်တဲ့သူတွေကို ခံစားရစေတယ်။ ဒါပေမဲ့ သူမရဲ့ အသွင်အပြင်က မလှုပ်ရှားဘဲနဲ့ အဲ့နေရာမှာပဲ တစ်စက်ကလေးမှ မရွေ့ပဲ ရပ်နေတယ်။ ပြီးတော့
လှေပေါ်က အချို့လူတွေက ကျေးလက်ကနေ အခုမှပြန်လာတဲ့ ကျန်းမိသားစုက အကြီးဆုံးမိန်းကလေးက သူမရဲ့ အရည်အချင်းတွေကို သုံးပြီးတော့
ဒီအထိတောင် အရှက်ရစေပြီးတော့ လူတိုင်းအတွက် ကပြဦးမှာလား။ ရွှမ်းလီရဲ့ မျက်နှာထားက တောင့်သွားတယ်။ ဒီမိန်းကလေးက
'ကွမ်လင်း ကဗျာ' ကိုတီးနေတယ်ဆိုတာ သူသိတယ်။ ဒီ'ကွမ်လင်း ကဗျာ'ထဲမှာ စာသားတွေက နျယ်ကျဲ့က သူ့အဖေက တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ဟန်ဝမ်ကို ကူညီလို့ ကလဲ့စားချေတဲ့ အကြောင်းကို ရေးထားတာဖြစ်တယ်။ ဒါက ကလဲ့စားချေတဲ့ အကြောင်းကိုရေးထားတာဖြစ်တာကို ဘာလို့
ကျန်းမိသားစုက အကြီးဆုံး သခင်မလေးက ဒီလို လူသတ်ချင်စိတ်တွေပါဝင်တဲ့ သီချင်းကို ဒီလို လှပတဲ့ ပန်းလေးတွေနဲ့ လရောင်အောက်မှာ အကုန်လုံးက သာယာနေပြီး လူတိုင်းက ပျော်ရွှင်နေတဲ့အချိန်မှာ ဖျော်ဖြေရတာလဲ။
ဒီအပိုင်းနှစ်ပိုင်းက သာမန်ပဲလို့ ထင်ရပေမဲ့ အကုန်လုံးက သူမရဲ့ သာမညောင်ညအရည်အချင်းလို့ပဲ မှတ်ချက်ချနေပေမဲ့ ရွှမ်းလီကတော့
ဒီအပိုင်းနှစ်ပိုင်းကဒါ့ကြောင့် သူမက အဲ့အပိုင်းကို မတီးဖြစ်ဘူး။ သူ့အတွက်ကတော့ သူမရဲ့ ဒီတေးသံကနေ သူက နှစ်ပေါင်းများစွာ လွှမ်းခြုံနေတဲ့ စိတ်ရှည်ခြင်းနဲ့ အထီးကျန်ခြင်းကို ကြားနိုင်တယ်။
ရွှမ်းလီတစ်ယောက်တည်းကလွဲပြီး ဒီလို ခံစားနေရတာ နောက်တစ်ယောက် ရှိသေးတယ်။ သီချင်းက ပဲ့တင်သံထွက်သွားပြီး ပြတင်းပေါက်ဘေးမှာ ထိုင်နေတဲ့ ရှောင်ရှို့က ခေါင်းကို မော့လိုက်ပြီး တစ်ယောက်တည်း ဖျော်ဖြေနေတဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။အပိုဒ်နည်းနည်းပြီးတော့ ကျန်းယွမ်က လှုပ်ရှားဖို့ ဖြည်းဖြည်းလေး ပြင်လိုက်တယ်။ အင်္ကျီအနီတွေက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားသွားပြီးတော့ တက်ကြွစွာ ကနေတယ်။ အဲဒါက လူ့ဘုံကို ဆင်းသက်လာတဲ့ ဆွဲဆောင်မှုရှိတဲ့ တစ္ဆေတစ်ကောင်လိုပဲ။ အရမ်းဆိုးဝါးပေမဲ့ အရမ်းလှပနေတယ်။ လှည့်ပြီးတော့ ခြေဖျားထောက်ပြီး လက်မောင်းကို မြှောက်လိုက်တယ်၊ ကန်လိုက်တယ်၊ သူမ လုပ်နေတာတွေက ပိုပြီး ရွေ့လျားလာပြီးတော့ သူတို့ရဲ့ အကြည့်တွေကို သူမဆီကနေ မခွာနိုင်ခဲ့ဘူး။ တဖြည်းဖြည်းနဲ့ အကုန်လုံးက စပြီးတော့ သူတို့ရဲ့ အထင်သေးတဲ့ အကြည့်တွေကို ဖယ်ရှားလာကြပြီးတော့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေနဲ့ အစားထိုးလာကြတယ်။အဲဒါက သူမရဲ့ အမေနဲ့ သူမရဲ့ အစ်ကို သူမရဲ့ ကမ္ဘာကနေ ထွက်ခွာသွားတဲ့အတွက် ဖြစ်ပေါ်ခဲ့တဲ့ တိတ်ဆိတ်တဲ့ ခံနိုင်ရည်နဲ့ ဝန်းနည်းပူဆွေးခြင်းတို့ရဲ့ မရေမတွက်နိုင်တဲ့ ဆယ်စုနှစ်တွေအတွင်းက အတိုင်းအတာတစ်ခု ဖြစ်ခဲ့တယ်။ အဲဒါက သူမရဲ့ အဖေက သူမကို စိတ်မရှည်စွာနဲ့ အင်ပါယာ အမိန့်ပြန်တမ်းနဲ့ လဲခဲ့ပြီးတော့ သူမကို နန်းတော်ရဲ့ နက်နဲလွန်းတဲ့ နေရာကို ပို့ခဲ့တယ်။ အဲဒါက ဧကရာဇ်ဖြစ်လာမဲ့ သူ၊ သူမချစ်တဲ့သူက သူမကို နွေးထွေးပြီး အရေးထားတယ်လို့ သူမထင်ခဲ့တယ်။ ဒါပေမဲ့ သူမကို တိုင်းပြည်ကို ဖျက်တဲ့သူလို့ သူကိုယ်တိုင် ကြေညာခဲ့တယ်။ အဲဒါက သူ့ရဲ့ ညီမအတွက် မဟုတ်ရင် သူမက မကောင်းတဲ့ မိန်းမဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ သူမရဲ့ နောက်ဆုံး မြင်ခဲ့ရတာက သူ့ရဲ့သား မသေမချင်း နှိပ်စက်ခံနေရတာကိုပဲ။သူမရဲ့ ကကွက်တွေက နောက်တစ်စက္ကန့်နေရင် လေဟုန်စီးပြီး ပြန်လာတော့မယ့်ပုံလို ဝမ်းနည်းဖွယ်ကောင်းတယ်။ ပြီးတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒါက အခြားသူတွေကို သူတို့ရဲ့ စိတ်ထဲမှာ ဝမ်းနည်းဖွယ်ခံစားချက်ကို ခံစားရစေတယ်။ တဖြည်းဖြည်းနဲ့ ကြည့်နေတဲ့ အချို့လူတွေ အတွက် သူတို့ရဲ့ မျက်လုံးတွေက နီရဲလာပြီး ဝမ်းနည်းလာကြတယ်။နှေးကွေးစွာ ကပြတာကပြီးသွားတာနဲ့ သူမရဲ့ ပါးစပ်ဖျားက ဝီစီသံက စပြီး အမြန်သင့်တော်သလိုနဲ့ ခွန်အားကြီးမားတဲ့ စစ်တပ်ကြီးက ရက်စက်စွာ၊ သွေးစာနေတဲ့ပုံနဲ့ ခံ့ညားထည်ဝါတဲ့ ပုံနဲ့ ရှေ့ကို ချီတက်လာသလိုပဲ။ ရုတ်တရက် သူမရဲ့ ရွေ့လျားတဲ့ အရှိန်က မြန်သွားပြီး ပေါ့ပါးနေလို့ ကြည့်နေတဲ့ သူတွေက သူမရဲ့ ရွေ့လျားမှုကို သေချာမမြင်ရဘဲ အင်္ကျီရဲ့ အနီရောင်ကို လရောင်အောက်မှာ သွေးအဖြစ်နဲ့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လှပတယ်လို့ မြင်နေရတယ်။ သီချင်းသံက လှိုက်လှိုက်လှဲလှဲဇြစ်နေပြီးတော့ တီးလုံးတိုင်းက ရှိုက်ငိုသံလိုပဲ။ တကယ်ဆိုရင် အဲဒါက သူမရဲ့ ကြံ့ကြံ့ခံနေရတဲ့ ဝမ်းနည်းကြေကွဲမှုဖြစ်တယ်။ အဲဒါက မမေ့နိုင်တဲ့ မုန်းတီးမှုအဖြစ် ပြောင်းလဲသွားပြီးတော့ သူမရဲ့ အရိုးထဲအထိ စွဲသွားတယ်။ အဲဒါက ငရဲရဲ့
အနက်ဆုံးနေရာကနေ သူမရဲ့ သွေးကြွေးကို ပြန်တောင်းဖို့ ထွက်လာတဲ့
ကလဲ့စားချေလိုတဲ့ ဝိညာဉ်ရဲ့ တောင်းဆိုချက်နဲ့ ပြည့်နေတယ်။ အဲဒါက သူတို့ရဲ့
အသက်အတွက် တောင်းဆိုထားပြီးတော့ ဖုံးကွယ်ထားတဲ့ ရက်စက်ယုတ်မာမှုနဲ့ ကြမ်းကြုတ်မှုတွေကို ရှောင်လွှဲဖို့ ခွင့်မပြုဘူးလရောင်ဖြာနေတဲ့ညမှာ သူမရဲ့ မျက်နှာလေးပေါ်ကို ရောင်ပြန်ဟပ်သလို
တလက်လက်တောက်ပနေပုံပေါ်ပြီး နှင်းတွေလို အလင်းဖောက်နေသလို သူမရဲ့ မျက်လုံးတွေက ပြောမပြနိုင်လောက်အောင် တောက်ပနေတယ်။ ဒါပေမဲ့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ သူမရဲ့ မျက်ဝန်းထဲမှာ အပြုံးလေးကို တစ်စက်ကလေးမှ မတွေ့ရဘူး။ ဘာကိုတွေ့ရသလဲဆိုတော့ သူမက မကောင်းတဲ့ စိတ်ဓာတ်တွေ လွှမ်းမိုးနေတဲ့ နတ်ဆိုးလိုပဲ လှောင်ပြောင်နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူမက နတ်ဘုရားမလေးနဲ့ တူနေတယ်။ အသက်ရှိတဲ့
သတ္တဝါတိုင်းကို တဇွတ်ထိုးလုပ်ပြီး အရေးမထားတဲ့ မိန်းမလှလေးလိုပဲ။ကလဲ့စားချေလိုစိတ်တွေပါတဲ့ သီချင်း ဖျော်ဖြေတင်ဆက်မှုက ဆက်ပြီး
မြည်ဟည်းနေပြီး ကလဲ့စားချေလိုစိတ်တွေပါတဲ့ အက ကလည်းဆက်ပြီး ဖျော်ဖြေနေတယ်။ ဒီကကွက်က အမြဲလူတွေကို ကြောက်ရွံ့မှုကို ခံစားစေပြီးတော့ ရင်တဒိတ်ဒိတ်ခုန်စေတယ်။ သူတို့က ဘယ်သူမှ ဒီကကွက်ကို ဒီလိုလှပစွာ ကပြတာကို မမြင်ဖူးကြဘူး။ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေပြီး သူမရဲ့ ရင်ဘတ်ထဲမှာ ဖုံးကွယ်ထားတဲ့ ကလဲ့စားချေလိုစိတ်တွေက သူမက အဲ့အတွက် ဘာတန်ကြေးမှ မပေးရင်တောင် ပြန်မရရင်တောင် သူမ တုံ့ဆိုင်းမှာ မဟုတ်ဘူး။ သူမက ငရဲကို နောက်ထပ် သွားရမယ်ဆိုရင်တောင် သူမက တစ်ယောက်ယောက်ကို သူမနဲ့
အတူခေါ်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ ကြည့်ရတာ သူမက ဒီဘဝမှာ အချိန်မဖြုန်းချင်တော့ဘူးနဲ့ တူတယ်။ ဒါက လက်စားချေဖို့အတွက် မွေးဖွားလာတဲ့ ဆွဲမက်စရာကောင်းတဲ့ အမျိုးသမီးပဲ ဖြစ်တယ်။
ချက်ချင်းပဲ ကလေးတစ်ယောက်လို ပျော့ပြောင်းစွာ၊ နှိမ့်ချလိုက်ပြီး သိမ်မွေ့တယ်။ ကျွန်မတို့ရဲ့ ကျေးဇူးတရားနဲ့ အာဃာတတွေက ကျွန်မတို့ကြားမျာ ရင်းနှီးတဲ့ တီးတိုးပြောသံတွေလိုပဲ။ ရုတ်တရက် အဲ့မှာ
ခမ်းနားပြီးတော့ တုန်လှုပ်ချောက်ချားဖွယ်အသံကို ရဲရင့်တဲ့ စစ်သည်တော်တွေ ရန်သူရဲ့ စစ်မြေပြင်ကို ရဲရင့်စွာ ဘယ်လို ချီတက်လာပုံကို စိတ်ထဲမှာ
ကြားလိုက်ရတယ်။ လွှင့်နေတဲ့တိမ်တွေနဲ့ ကျယ်ပြန့်တဲ့ ကမ္ဘာမြေလို ကြောင်မြီးသစ်ခွက အမြစ် ဒါမှမဟုတ် ပင်စည်မရှိဘဲ လွင့်မြောနေတယ်။
ငှက်တစ်ရာကျော်က ပူပန်မှုကင်းစွာ တေးဆိုနေချိန်မှာ ရုတ်တရက် သူတို့အားလုံးရဲ့ အထက်မှာ တစ်ကိုယ်တည်းနေတဲ့ ဖီးနစ်ငှက်ရဲ့ အသံကိုတောင်
ကြားနိုင်တယ်။ ချောက်ကမ်းပါးရဲ့ မတ်စောက်တဲ့ ပုံက တစ်လက်မလောက် တက်ဖို့တောင် ခက်ခဲစေပြီး အောက်ကို ပြုတ်ကျဖို့ပဲဖိအားပေးနေပေမဲ့ ရုတ်တရက် အရှိန်ပျက်သွားရင် တစ်ထောင်ကျန်းပြုတ်ကျသွားသလိုပဲ (ကျောက်တုံးနေတွေ အသူရာချောက်နက်ထဲကို ကျသလို)။
သနားစရာကောင်းတာက တခြားသူတွေလိုပဲ ကျွန်မမှာ ဂီတကို ခံစားနိုင်ပြီး နားလည်နိုင်တဲ့ နားတစ်စုံရှိတာပဲ။ ကျွန်မရဲ့ နားတွေနဲ့ ဘုန်းတော်ကြီးရင်ရဲ့ တီးသံကို ကြားရတာ(တစ်ခါတစ်လေ ပျော့ပျောင်းပေမဲ့ ခိုင်မြဲတယ်) သင် အထက်တက်ပြီး ပြုတ်ကျတဲ့ လူတစ်ယောက်ရဲ့ အတွေ့အကြုံကို လှုံ့ဆော်လိုက်တာပဲ။ ပျာယာခတ်နေရင်း ကျွန်မလက်ချောင်းတွေက ကျင်းကို ဆုပ်ကိုင်ထားဖို့ ခိုကိုးရာမဲ့ ဆန့်ထုတ်လိုက်ပြီး ဖြစ်ချင်တော့ ကျွန်မရဲ့ စိုစွတ်နေတဲ့ မျက်ရည်တွေက ကျွန်မရဲ့ မျက်ဝန်းထဲမှာ ရှိနေတာ ကြာပါပြီ။ အို ဘုန်းတော်ကြီး ရင် မင်းရဲ့ အရည်အချင်းက တကယ်ထူးခြားတယ်။ ငါ့ရင်ခွင်ကို ရေခဲနဲ့ မီးနဲ့
မနှိပ်စက်ဘူးလား"
သီချင်းသံက အဆုံးမှာ တရစ်ဝဲဝဲနေပြီးတော့ လေထဲမှာ ဝဲနေတဲ့ အနီရောင် အဝတ်စကလည်း ရုတ်တရက် ငြိမ်ကျသွားတယ်။ သူမ ခေါင်းမော့လိုက်တာနဲ့ သူမရဲ့ ဆံပင်က ခါးနားကို စီးဆင်းနေတဲ့ ရေတံခွန်လို လျှောကျသွားတယ်။
အဲဒါက ဖဲသားလေးလို အိစက်ပြီး စွဲမက်ဖွယ်ကောင်းတယ်။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသားအရေက မာယာရှင်လို ညို့ယူနိုင်ပြီးတော့
အဲ့ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေနဲ့ ကျန်းစုစုဆီကနေ မခွာဘဲ ကြည့်နေတယ်။ သူမက သူမရဲ့ လည်ပင်းနားကို လက်နဲ့ ခေါင်းဖြတ်တဲ့ ပုံလုပ်ပြလိုက်တယ်။ ကျန်းစုစုရဲ့ ခန္ဓာကိုယ်က တောင့်သွားပြီးတော့ ကျန်းယွမ်က ချိုသာစွာ ပြုံးလိုက်တယ်။
မိန်းမလှလေးက ပြုံးလိုက်တာနဲ့ အဲဒါက တစ်ညတည်းမှာပဲဖြစ်ပြီး မြင့်မြတ်တဲ့ ကျင်းချောင်ကနွေဦးပန်းတွေက တစ်ထပ်ပြီး တစ်ထပ်ပုံထား
ပြီးတော့ ပွင့်လန်းနေတယ်။ အဲဒါက အရမ်းလှပပြီးတော့ လူတွေကို နောက်တစ်ခါ ထပ်ကြည့်ရင် စော်ကားတယ်လို့တောင် ခံစားရစေတယ်။
ရှောင်ရှို့ရဲ့ သပ်ရပ်ပြီး ချောမောတဲ့ မျက်နှာက အရင်ကလိုပဲ တည်ငြိမ်နေတုန်းပဲ။ သူ့ရဲ့ ရှည်လျားတဲ့ မျက်တောင်တွေက သူ့ရဲ့ မျက်ဝန်းထဲက
ဖုံးကွယ်ထားတုန်းပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...