အခန်း-၂၈ ပြင်းထန်သောဆုံးဖြတ်ချက်။
ကျေးလက်ကနေ မြို့တော်ဆီကို သွားဖို့က နှစ်ရက်ကနေ
သုံးရက်အထိကြာတယ်။ တော်ဝင်လူကြီးမင်း က အမြဲတမ်း
ခြိုးခြံချွေတာတယ်။ ဒါ့ကြောင့်
တစ်ယောက်ယောက် မျှော်လင့်ထားနဲ့ ဆန့်ကျင်ဘက်ပဲ။ သူက
ချန်းဝမ်လီစီစဉ်ထားတဲ့ သက်တောင့်သက်သာရှိတဲ့ ထမ်းစင်ကို
မစီးဘဲ မြင်းလှည်းနှစ်စီးကို ငှားခဲ့တယ်။
ကျန်းယွမ်ရဲ့ သေတ္တာထဲက
ပစ္စည်းတွေက ရောင်းပြီးတော့ ငွေစက္ကူအဖြစ် ပြောင်းပြီးသွားလို့
စာအုပ်သေတ္တာတစ်ခုတည်း မြင်းလှည်းပေါ်တင်ဖို့ လိုတာဖြစ်တယ်။
ဒါ့ကြောင့် နေရာအများကြီး လွတ်နေသေးတယ်။
ပိုင်ကျီ၊ လန်ချောင်တို့နဲ့အတူ လုကျူးကလည်း အတူလိုက်လာခဲ့တယ်။ ပိုင်ကျီနဲ့
လန်ချောင်တို့က ထက်မြက်တဲ့ အစေခံတွေတင် မဟုတ်ဘဲနဲ့ သတ္တိလည်းရှိတယ်။
အဲဒါတွေက ရှားပါးတဲ့ အကျင့်စရိုက်တွေ ဖြစ်တယ်။ ပြီးတော့
ကျန်းယွမ်က ရှောင်ယွမ်ကို သူတို့နဲ့အတူ ခေါ်လာဖို့ စီစဉ်ထားပေမဲ့
မလိုက်လာခဲ့ဘူး။ ရှောင်ယွမ်က အဲ့ဒီအိမ်မှာ အစေခံအဖြစ် မွေးလာခဲ့တာဖြစ်ပြီး
သူ့အဖေနဲ့အမေကို မထားခဲ့ချင်ဘူး။ ဒါ့ကြောင့် သူမက ကျန်းယွမ်ရဲ့ စေတနာကို
လိမ်မာပါးနပ်စွာနဲ့ ယဉ်ကျေးသိမ်မွေ့စွာ ငြင်းလိုက်တယ်။ ဒါ့ကြောင့်
ကျန်းယွမ်က အတင်းဖိအားမပေးဘဲ ရှောင်ယွမ် သူမကို
ကူညီပေးခဲ့တာတွေကို ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ ပိုက်ဆံအချို့ပေးခဲ့တယ်။
တစ်ဖက်မှာတော့ လုကျူးက အပြင်ကနေ ဝယ်လာခဲ့တဲ့ အစေခံမိန်းကလေးဖြစ်တယ်။
မိဘနှစ်ယောက်လုံး ဆုံးသွားတော့ သူမရဲ့ဆွေမျိုးတွေက သူမကို
အစေခံကုန်သည်တွေဆီ ရောင်းခဲ့တယ်။ ပြီးတော့ သူမက နေရာအနှံ့
ခရီးထွက်ခဲ့ပြီး လူတွေအများကြီးနဲ့ ဆုံခဲ့ပြီးတဲ့အတွက် သူမက
အရမ်းထက်မြက်တယ်။ အချိန်တိုအတွင်းမှာ ပိုင်ကျီနဲ့ လန်ချောင်တို့က သူမနဲ့
ရင်းနှီးနေပြီဖြစ်တယ်။
ကျန်းယွမ်နဲ့ အခြားအမျိုးသမီးတွေကြောင့် ချန်းဝမ်လီက လီမိနဲ့
အခြားအရာရှိတွေကို တော်ဝင်လူကြီးမင်းနဲ့ သူတို့ကို အစောင့်အရှောက်အနေနဲ ထည့်ပေးလိုက်တယ်။ ဒါ့ကြောင့်
ခရီးတစ်ခုလုံးကို အေးအေးဆေးဆေး သွားခဲ့ရတယ်။
ခရီးသွားနေတုန်းမှာ လုကျူးက တက်ကြွနေပြီး သူမက အစေခံကုန်သည်တွေနဲ့
ခရီးသွားခဲ့ရတဲ့ အချိန်တွေ၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့
ထူးဆန်းတဲ့အရာတွေကို ပြန်ပြောပြနေတယ်။ ဒါမှမဟုတ် သူမက
အကောင်းမြင်တတ်တဲ့သူ ဖြစ်နိုင်တယ်။ သူမပြောတဲ့
စကားလုံးတိုင်းက ဒေသိယစကားသံ အနိမ့်အမြင့်နဲ့ ဆွဲဆောင်မှုရှိပြီး
စိတ်ဝင်စားစရာ ကောင်းတယ်။ သူမ ဝမ်းနည်းမှု ဒါမှမဟုတ် ကြောက်ရွံ့မှုကို
ဖုံကွယ်ထားသလားဆိုတာ သူမကိုယ်တိုင်ပဲ သိတယ်။ ပိုင်ကျီနဲ့ လန်ချောင်က သူမကို
နူးညံ့သိမ်မွေ့ပြီး ဖော်ဖော်ရွှေရွှေ နေတတ်သူမှန်း
ခံစားနိုင်လို့ သုံးယောက်သား တက်တက်ကြွကြွ
စကားတွေ ပြောနေတုန်းမှာ ကျန်းယွမ်က ရထားလုံးထဲမှာ စာအုပ်ဖတ်ရင်း
လွတ်လပ်မှုကို ခံစားနေတယ်။
သူတို့ မကြာခင်မှာပဲ သူတို့ရဲ့ နှစ်ရက်တာ ခရီးရဲ့
လမ်းတစ်ဝက်ကို ရောက်သွားတယ်။ တစ်ညတာနားပြီးရင်
သူတို့ နောက်နေ့ နေ့လည်လောက်မှာ မြို့တော်ကို ရောက်နိုင်တယ်။
လီမိနဲ့ အခြားအရာရှိတွေက သူတို့ရဲ့ မြင်းတွေကို ဘေးမှာ
နားခိုင်းထားပြီး အခြားရထားလုံးထဲမှာ
ပါလာတဲ့ တော်ဝင်လူကြီးမင်းကို သွားပြီး
အကြောင်းကြားတယ်။ မှောင်ရိပ်ပျိုးလာပြီ ဖြစ်တယ်။
လီမိက စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပြီး သူတို့ အရှေ့နားမှာ
ဘုရားကျောင်း တစ်ကျောင်းရှိတာကို သိလိုက်တယ်။ သူတို့က မြက်တော
ချုံတောကြားမှာ ဆိုတော့ သူက အနားယူဖို့ နေရာတစ်နေရာ ရှာရတာ
ဘယ်လောက်ခက်ခဲမှန်း သူသိတယ်။ ဒါ့ကြောင့် သူက ကျန်းယွမ်ရဲ့
ထင်မြင်ချက်ကို မေးပြီးတော့ သူတို့ ဘုရားကျောင်းမှာ နေသင့်တယ်လို့
ဆုံးဖြတ်ချက်ချလိုက်တယ်။
ဘုရားကျောင်းက အရမ်းကြီးပေမဲ့ အမွှေးနံ့သာတွေ
ထွန်းညှိထားတယ်။ တောထဲတောင်ထဲမှာရှိတဲ့ ဘုရားကျောင်းရဲ့
တည်နေရာကြောင့် လူတွေက ဒီကို သိပ်မလာကြဘူး။ လာကြတဲ့ ဘုန်းကြီးတွေကတောင် နည်းနည်းပဲရှိတယ်။
ပိုင်ကျီနဲ့ လန်ချောင်က ဘုရားကျောင်းကို မရောက်တာ
အတော်ကြာပြီဖြစ်တယ်။ အရင် ကျောက်မိန်ရှိတုန်းက သူမက ကျန်းယွမ်ကို ဖူထိုက
ဘုရားကျောင်းကို မကြာခဏ ခေါ်လာပြီး ဆုတောင်းတယ်။ သူမ
ဆုံးသွားပြီးတော့ ကျန်းယွမ် ကျေးလက်ကအိမ်ကို ရောက်ပြီးကတည်းက
ကိစ္စတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးခက်ခဲလာတယ်။ ပြီးတော့
ဘုရားကျောင်းကို လာဖို့ ပိုက်ဆံလည်း မရှိဘူး။ ဝတ်ပြုတဲ့နေရာမှာ သုံးတဲ့
ဆီမွှေးကို ဝယ်ဖို့ ပိုက်ဆံက လိုသေးတယ်။ ဘုရားရဲ့
အကာအကွယ်နဲ့ ကောင်းချီးတောင်းခံတာက စရိတ်နဲ့ ဖြစ်တယ်။
လုကျူးက ဘုရားကျောင်းတွေနဲ့ မစိမ်းဘူး။ ကျန်းယွမ်အမိန့်နဲ့ လန်ချောင်နဲ့
ပိုင်ကျီတို့ စီစဉ်စရာရှိတာ စီစဉ်နေတုန်းမှာ သူမက ဘုရားကျောင်းကို
တစ်ပတ်ပတ်ပြီးတော့ ဟင်းပွဲတွေ၊ သစ်သီးတွေနဲ့တောင် ပြန်လာပြီ။ သူမက
ကျန်းယွမ်ကို အစားအစာတွေ အေးမသွားခင်စားဖို့ ပြောပြီး
ဘုရားကျောင်းရဲ့ အခန်းဖွဲ့ပုံတွေကို အသေးစိတ် ပြောပြနေတယ်။
သူတို့ ဘုရားကျောင်းမှာ
အခြေကျပြီးတော့ မှောင်ရိပ်ပျိုးလာတယ်။ တော်ဝင်လူကြီးမင်း၊
လီမိနဲ့ အခြားအရာရှိတွေ အပါအဝင် ယောကျာ်းတွေက ဘုရားကျောင်းရဲ့
အခြားဘက်ခြမ်းမှာ အိပ်ဖို့ စီစဉ်ကြတယ်။ လီမိက
ဒီလိုလုပ်တာကို နောင်တရနေပေမယ့် အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာက
အရေးကြီးတယ်ဆိုပြီး သူ ကောက်ချက်ချခဲ့တယ်။ ဒါ့အပြင် ဘုရားကျောင်းက
အတော်အသင့်သာ ကြီးမားလို့ တစ်ခုခုဖြစ်ခဲ့ရင် သူ အချိန်မီ
သွားနိုင်မှာဖြစ်တယ်။
လန်ချောင်က မီးစာအရှည်ကြီးကို မီးပိုလင်းအောင်လို့ ဆီမီးခွက်ထဲ
ထည့်လိုက်တယ်။ ကျန်းယွမ်က ကိုင်ထားတဲ့စာအုပ်ကို ချလိုက်ပြီး
ဘုရားကျောင်းကို တစ်ချက်ကြည့်လိုက်တယ်။
“သခင်မလေး အခု ညဉ့်နက်နေပြီ မအိပ်သေးဘူးလား”
ပိုင်ကျီက မေးလိုက်တယ်။ ကျန်းယွမ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က
နားခဲ့ပြီးဖြစ်လို့ အခု လန်းဆန်းနေပြီး မအိပ်နိုင်ဖြစ်နေတယ်။
VOUS LISEZ
မုန်းမာန်ဖွဲ့ ရန်ငြိုး
Fiction Historiqueဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...