part 51

3.2K 269 0
                                    

unicode

Part-41

အခန်း - ၅၁
သူမရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေအရဆိုရင် ဝမ်ကျိလင်းက
အင်ပါယာစာမေးပွဲမှာ ထိပ်တန်းအဆင့်ဝင်ပေမဲ့ ဧကရာဇ်က သူ့ကို အရင်က
လစ်လပ်နေတဲ့ ရှီဒူ အဆင့်ခြောက် နေရာကိုပဲ ခန့်အပ်ခဲ့တယ်။  အဲ့အလုပ်က
စာအုပ်ပြုစုရတယ်၊ တည်းဖြတ်ပြီးတော့ ပြန်ဖတ်ရတယ်။  နန်းဆက်ရဲ့ သမိုင်းကို
ပြန်ပြီး သင်ကြားပေးရတယ်။  ဒါပြီးတော့ အကြောင်းတစ်ခုခုကြောင့် သူက
လစာနဲ့ ရာထူးတိုးဖို့ကို စိတ်မဝင်စားတော့ဘူး။  ဒါပေမဲ့ ကျန်းယွမ်က
မင်းသားရှစ်ပြောတာ ကြားခဲ့ရတယ်။  ဒီလူက အရည်အချင်းရှိပြီး
ထူးချွန်ပေမဲ့ သူ့ရဲ့ အသိပညာက နည်းပါးတယ်တဲ့။  ပြီးတော့ သူက
အာဏာရှိတဲ့သူတွေနဲ့ အဆက်အသွယ်လုပ်ရတာကို နှစ်သက်တယ်တဲ့။  မြို့တော်မှာ
ဝမ်မိသားစုက မြင့်မြတ်တဲ့ မိသားစုအဖြစ် သတ်မှတ်ခံရပေမဲ့ တကယ်တမ်းက
သူတို့က သူတို့နာမည်နဲ့ အညီ မနေနိုင်တော့ဘဲ အခွံပဲကျန်တော့တယ်လို့
ယူဆလို့ရတယ်။
ကျန်းချောင်အကြောင်းပြောစရာ မရှိဘူး။  သူနဲ့ယှဉ်ရင် မော့ချောင်က
အရည်အချင်းပိုရှိတယ်။  သူ့ရဲ့ အဖေ မော့လူကြီးမင်းက အင်ပါယာ မျိုးရိုးက
ဝန်ကြီးဖြစ်ပြီး မော့ချောင်က အငယ်ဆုံးသားဖြစ်တယ်။  သူက ဖော်ရွေတယ်၊
တက်ကြွပြီးတော့ ရည်မွန်တဲ့သူဖြစ်တယ်။  အဲဒါက သူများတေကို
အာရုံနောက်စေတယ်။  ဒါပေမဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်က
သိသိသာသာ တိုးတက်လာပြီး စကားများနေတဲ့ တရားရုံးအရာရှိတွေကို
ကြည့်နေရတဲ့ ဧကရာဇ်အတွက် အတွေးသစ်တွေ ယူဆောင်လာပေးတယ်။ 
ပြီးတော့ မော့ချောင်က အင်ပါယာစာမေးပွဲမှာ ဒုတိယရခဲ့တယ်။  သူက
သူ့အဖေထက် နှစ်ဆင့်ပဲနိမ့်တဲ့ မြင်းထိန်းသိမ်းရေးဌာနက အဆင့်လေးနေရာမှာ
အလုပ်ရခဲ့တယ်။  မော့ချောင်က တခြားသူတွေအပေါ် ဖော်ရွေတော့ သူ့ကို
တရားသူကြီး အသိုင်းအဝိုင်းကလူတွေက သဘောကျကြတယ်။  ဒီလိုလူမျိုးနဲ့
သူထောက်ခံတဲ့ ဘယ်အဖွဲ့ခွဲကိုမဆို သိဖို့က ခက်ခဲတယ်။  သူမရဲ့ အတိတ်ဘဝမှာ သူက
မင်းသားရှစ်ကိုတောင် ခေါင်းကိုက်စေတဲ့ သူဖြစ်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now