M Link မှ ဖတ်ရန်
Descriptionတွင်ကြည့်ပါ
အခန်း-၃
အထဲကို ဝင်လာတဲ့ အစေခံက ကျူးရင်ဖြစ်တယ်။ သူမက အိမ်ထဲက အဆင့်မြင့်အစေခံပဲ။ သူမ အခြေအနေက ကျန်းလန်နဲ့ မယှဉ်နိုင်ပေမဲ့ တခြားသူတွေဆီကနေ လေးစားမှုတချို့ ရထားသေးတယ်။ ကျူးရင်ကို နှစ်သစ်ကူးညစာ ပို့ခိင်းတာက အရင်တုန်းကနဲ့ မတူတဲ့ အခြေအနေပဲ။ ကျန်းလန်က အိပ်ရာပေါ်မှာ လဲနေတဲ့ ကျန်းမိသားစုက သမီးကိုကို တခြားသူတွေ အတင်းပြောနေတာကနေ ရပ်စေချင်ပြီးတော့ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်တယ် ဆိုတဲ့ပုံစံကို ပုံဖော်ထားတယ်။
ကျူးရင်က စားစရာခြင်းတောင်းကို ချလိုက်ပြီးတော့ အိမ်ကို တစ်ချက် အကဲခတ်လိုက်တယ်။ သူမက ကျန်းယွမ်ရဲ့အိမ်က်ို ပထမဆုံး ရောက်ဖူးတာ ဖြစ်တယ်။ အိမ်ရဲ့ကျဉ်းမြောင်းပြီးတော့ လေစိမ့်ဝင်နေတာနဲ့ နံရံကနေ မိုးယိုနေတာတွေကို သူမက သတိပြုမိတယ်။ ကုတင်ပေါ်က စောင်ကလည်း ပါးလျတယ်။ အခြေခံအသုံးအဆောင်တွေကလည်း မကောင်းဘူး။ ဒီလို စိုစွတ်မှောင်မဲနေတဲ့ အိမ်ထဲမှာ နေရတာက ခန္ဓာကိုယ်ကို အားမနည်းစေဘူးဆိုရင် ထူးဆန်းနေလိမ့်မယ်။ တစ်ချက် ကြည့်လိုက်တာနဲ့ ဒါက ချမ်းသာတဲ့သခင်မလေးရဲ့ အိမ်နဲ့ မတူပေ။ ကျေးလက်စံအိမ်က အဆင့်အနိမ့်ဆုံး အစေခံကတောင် ဒီလိုမျိုး နိမ့်ချပြီး မနေထိုင်ရဘူး။
ကျင်းရင်က ပင်မအိမ်တော်ထဲမှာ နေလာတာ ကြာပြီမို့ ကျန်းလန်ရဲ့မိသားစုက လောဘကြီးပြီး ရက်စက်ပေမဲ့ အထက်လူကြီးတွေကသာ ဒီလိုဆက်ဆံဖို့ မရည်ရွယ်ထားရင် သူတို့က သခင်မလေးတစ်ယောက်ကို ဒီလိုဆက်ဆံရဲမှာ မဟုတ်မှန်း သူမ နားလည်တယ်။ ဒီအခြေအနေကို သူမက ဝင်စွက်ဖက်မှာ မဟုတ်ဘူး။
“မင်းနာမည်က ကျူးရင်လို့ ငါထင်တယ်”
အိပ်ရာပေါ်ကလူက ပြောတယ်။ သူမအသံက နည်းနည်းအက်တယ်။ ဒါပေမဲ့ အဲအသံမှာ သိမ်မွေ့တဲ့ ခံစားချက်ကို ထူးထူးဆန်းဆန်း သယ်ဆောင်နေတယ်။
ကျူးရင်က ခေါင်းကို မော့လိုက်ပြီး ပြုံးလိုက်တယ်။
“ဟုတ်ပါတယ်”
ပိုင်ကျီနဲ့ လျန်ချောင်က ကျန်းယွမ်ရဲ့ဘေးကနေ စောင့်နေပြီးတော့ ကျူးရင်ကို သေချာကြည့်နေတယ်။ ()
ကျန်းယွမ်က ပြုံးလိုက်တယ်။
“ဒီနေ့က နှစ်သစ်ကူးနေ့ပဲ။ မမကျူးရင် ဝတ်ထားတာတွေက ပွဲတော်နဲ့ လိုက်ဖက်နေတာပဲ။ မမက လှလှပပ ဝတ်စားထားတာပဲ”
အဲဒီစကားတွေက နည်းနည်းထူးဆန်းတယ်။ ကျူးရင်က သူတို့နားတွင် စကားကို ရှုပ်ထွေးအောင် မပြောနိုင်ပေ။ သူမက ပြုးလိုက်တယ်။
“အန်တီက အဲဒါတွေကို ကိုယ်တိုင်းအရ ချုပ်ပေးဖို့ မှာထားတာပါ။ ကျွန်မက အစေခံတစ်ယောက်ပါ။ အဲဒါတွေကို လှတယ်လို့ ပြောတော့ သခင်မလေးက ကျွန်မကို လှောင်နေတာပဲ ဖြစ်ရမယ်”
ကျန်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်တယ်။
“အန်တီလန်က ကြင်နာတတ်လိုက်တာ။ တစ်အိမ်လုံး အဲဒီလိုမျိုး ချုပ်ထားတဲ့ အဝတ်သစ်တွေ ရတာလား”
သူမရဲ့ နူးညံ့တဲ့သံမှာ အပြုံးတစ်ခုက ပါဝင်နေတယ်။ ကျူးရင် မြန်မြန် မတုံ့ပြန်လိုက်နိုင်ခင် သူမက ခေါင်းကို လက်ခံတဲ့အနေနဲ့ ညိတ်ပြချင်ခဲ့တယ်။ တစ်အိမ်လုံးက သူတို့အတွက် အဝတ်များကို ရခဲ့ပေမဲ့ ဒီသခင်မလေးနဲ့ သူ့အစေခံတွေကတော့ မရခဲ့ဘူး။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ ဒီစကားတွေက ပျံ့သွားမှာ မဟုတ်ဘူး။ သူမက ကျန်းယွမ် နူးနူးညံ့ညံ့လေး ပြောနေတဲ့ အကြောင်းအရာကို ရှောင်လွှဲချင်နေတယ်။
“ကျွန်မအနားက အစေခံနှစ်ယောက်က မသေမသပ်ဖြစ်နေပြီးတော့ သူတို့ဝတ်ထားတဲ့ အဝတ်တွေက မမကျူးရင်လောက်တောင် မတောက်ပဘူး။ မမကျူးရင် မှားနေတာ တစ်ခု ရှိတယ်။ ကျွန်မက ဟာသတွေ ပြောနေတာ မဟုတ်ဘူး။ မမကျူးရင်က အစေခံဖြစ်နေတာတောင်မှ မမက ကျွန်မထက် ပိုပြီးတော့ သက်တောင့်သက်သာ နေနေရသလိုပဲ”
စကားလုံးတွေက နူးညံ့သိမ်မွေ့တဲ့လေသံနဲ့ ပေမဲ့ သိပ်ကို ပြတ်သားလွန်းတယ်။ အကြောင်းပြချက် မရှိဘဲနဲ့ ကျူးရင်က ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရတယ်။ သူမက ခေါင်းကို မော့လိုက်ပြီးတော့ အိပ်ရာပေါ်ကလူကို ကြည့်လိုက်တယ်။ မှိန်ဖျော့ဖျော့ အလင်းအောက်မှာ အိပ်ရာပေါ်က မိန်းကလေးက ပိုင်ကျီဆီကနေ လက်ဖက်ရည်ပူပူကို လက်ခံလိုက်တယ်။ အငွေ့ဝေနေတဲ့ လက်ဖက်ရည်ရဲ့ အငွေ့တွေက သူမမျက်နှာကို တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားတယ်။ သူမရဲ့ မျက်နှာထားကို သေချာမမြင်ရဘဲနဲ့ ရှည်လျားပြီးတော့ ညွှတ်ကိုင်းနေတဲ့ မျက်တောင်တွေက ကြော့ရှင်းပြီးတော့ ကော့ညွှတ်နေကော ထူးထူးခြားခြား ဆွဲအောင်အားကောင်းပုံ ပေါ်နေတယ်။
ကျန်းယွမ်ရဲ့အသံက အပြုံးတစ်ခုနဲ့အတူ၊
“မမကျူးရင်ရဲ့ ကြင်နာတတ်တဲ့ မျက်နှာလေးနဲ့သာဆို မမလက်ထပ်ရမဲ့ အရွယ်ရောက်ရင် ကောင်းတဲ့မိသားစုထဲက တစ်ယောက်နဲ့ လက်ထပ်ရမှာ သေချာတယ်။ မြေပိုင်ရှင်မာရဲ့ ဒုတိယသားက အစွန်အဖျားမှာတော့ ထားနိုင်လောက်ပါရဲ့၊ သူ့မှာ ကိုယ်လုပ်တော် ဆယ့်နှစ်ယောက်တောင် ရှိနေပြီ။ ဟုတ်တာပေါ့။ မမကျူးရင်က ဆယ့်သုံးယောက်မြောက် ကိုယ်လုပ်တော် ဖြစ်လာနိုင်ပါသေးတယ်”
ကျူးရင်က အံ့အားသင့်သွားတယ်။ သူမရဲ့ခြေဖဝါးကနေ ခေါင်းအထိ အေးစိမ့်လာပြီးတော့ သူမမျက်နှာက ချက်ချင်းဖြူရော်သွားတယ်။ သူမက နှုတ်ခမ်းကိုက်လိုက်ပြီး စကားတစ်ခွန်းမှ မဆိုနိုင်တော့ဘဲ ကျန်းယွမ်ကို မျက်လုံးပြူးတွေနဲ့ပဲ စိုက်ကြည့်နေတယ်။
ကျန်းယွမ်က စိတ်မပူဘူး။ သူမက နွေးနေတဲ့လက်ဖက်ရည်ကို နှုတ်ခမ်းနားတေ့ပြီးတော့ ဖြည်းဖြည်းချင်း သောက်နေတယ်။
ခဏကြာပြီးတော့ ကျူးရင်က သူမစိတ်ကို ပြန်စုစည်းနိုင်သွားတယ်။ သူမက ရင်ဘတ်ကိုဖိရင်း ပြောလိုက်တယ်။
“သခင်မလေး ဘာကို ပြောချင်တာလဲ ကျွန်မမသိဘူး”
စကားရဲ့ပထမတစ်ဝက်က မှန်ပြီးတော့ ယုံကြည်တဲ့ပုံစံနဲ့ ပြောတယ်။ ဒါပေမဲ့ နောက်ဆုံးတစ်ဝက်မှာ ဘာလို့ အပြစ်ရှိသလို ခံစားမိမှန်း သူမ မသိတော့ပေ။
“အရည်အချင်းရှိတဲ့ လူတစ်ယောက်က ရာထူးကောင်းကောင်းနဲ့ ထူးချွန်ထက်မြက်ပြီး ဉာဏ်ပညာရှိတဲ့သူကို ရွေးချယ်သင့်တယ်။ ရေက နိမ်တဲ့နေရာကို စီးဆင်းတဲ့အချိန်မှာ လူတွေက တောင်ထိပ်ကို တက်ဖို့ ကြိုးစားကြတယ်။ မမကျူးရင်း ဒီလို လုပ်တာက ပုံမှန်ပါပဲ၊ အစ်မ ရှက်နေဖို့ မလိုပါဘူး”
ကျန်းယွမ်က ရယ်လိုက်ရင်း ခေါင်းညိတ်တယ်။
“ဒါက ကောင်းတဲ့ကိစ္စပါပဲ။ မမကျူးရင်က ဆယ့်သုံးယောက်မြောက် ကိုယ်လုပ်တော် ဖြစ်လာတဲ့နေ့ကျရင် ကျွန်မက အစ်မကို အလှပြင်ပစ္စည်းတစ်စုံ လက်ဆောင်ပေးမယ်။ မမကျူးရင်ရဲ့ ဂုဏ်သတင်းက ကျွန်မ ထင်သလောက်ဆိုရင် အစ်မရဲ့ဉာဏ်ရည်ဉာဏ်သွေးကနေ ရလာတာ ထင်တယ်”
ကျူးရင်က သူမဖာသာ သူမလက်များကို တင်းကြပ်စွာ ဆုပ်ထားပြီးတော့ နေရာမှာသာ ရပ်နေတော့တယ်။ ကျန်းယွမ်က မျက်ခုံးကြားက နေရာလွှတ်ကို နှိပ်လိုက်ပြီးတော့၊
“ခဏလေး ဆိုပေမဲ့ ငါ အိပ်ချင်နေတယ်။ ငါ နေမကောင်းသေးလို့ အန်တီလန်ကို နှစ်သစ်ကူး နှုတ်ဆက်စကားကို ကိုယ်တိုင် သွားပြောလို့ မရဘူး။ မမကျူးရင်ကိုပဲ ကျွန်မအတွက် နှုတ်ဆက်ပေးဖို့ ဒုက္ခပေးရတော့မယ်”
ကျန်းယွမ် စကားပြောပြီးသွားတဲ့အခါ ပိုင်ကျီကို အမိန့်ပေးလိုက်တယ်။
“မမကျူးရင်ကို သွားပို့လိုက်”
ဒါက သူမ ထွက်သွားဖို့ နှင်ထုတ်ခြင်း ဖြစ်တယ်။ အဲဒီအချိန်အထိ သူမက ကျူးရင် သူမ စိတ်ကို မထိန်းချုပ်နိုင်သေးပေ။ ပုံမှန်အရ သူမက ဒီအချုပ်ခန်းလို အိမ်ကနေ ချက်ချင်း ထွက်သွားချင်တယ်။ သူမက ခေါင်းကို ထိတ်လန့်တကြား ညိတ်လိုက်တယ်။ သူမ ရောက်လာတဲ့ အခါကကဲ့သို့ သူမရဲ့ ဝင့်ကြွားမှုကို မတွေ့ရတော့ပေ။
ပိုင်ကျီနဲ့ ကျူးရင် တံခါးနားကို ရောက်သွားတဲ့အခါ ကျန်းယွမ်က ထပ်ပြောလိုက်တယ်။
“စကားမစပ် မမကျူးရင် ကျွန်မခုနက ပြောခဲ့တဲ့ ကျွန်မအစေခံတွေအတွက် အဝတ်အစားက နှစ်သစ်ကူးပြီးပြီ ဆိုတော့ ကျွန်မကို စိတ်နည်းနည်းပျော်စေတာလေး တွေ့ချင်တယ်။ မမကျူးရင်ကပဲ ကျေးဇူးပြုပြီးတော့ သူတို့ကို ပိုကြည့်ကောင်းဖို့ နည်းလမ်းကို တွေးပေးပါအုံး”
ကျူးရင်က နှုတ်ခမ်းကိုက်လိုက်ပြီး။
“သခင်မလေးက ခက်ခက်ခဲခဲ ဖြစ်နေစေပါပြီ”
“မမကျူးရင်က ထက်မြက်တဲ့သူတစ်ယောက်ပါ”
ကျန်းယွမ်က သူမကို ဖြတ်ပြောလိုက်တယ်။
“မဟုတ်ရင် မမက ဘယ်လို လုပ်ပြီး ဆယ့်သုံးယောက်မြောက် ကိုယ်လုပ်တော် ဖြစ်လာမှာလဲ”
ကျူးရင်၏ မျက်နှာက အရင်ကထက် ပိုဖြူလာပြီး မုန်းတီးစွာ ပြောလိုက်တယ်။
“အင်း..”
ပိုင်ကျီက ကျူးရင်ကို အပြင်ကို ပို့ပြီးတဲ့နောက် လျန်ချောက်က မေးတယ်။
“ခုနက ဘာဖြစ်သွားတာလဲ သခင်မလေး၊ ကျူးရင်က အဆင့်အတန်းမြင့်တဲ့ မြေပိုင်ရှင်မာရဲ့ ဒုတိသားနဲ့ ဘယ်လိုလုပ် ဆက်နွယ်မှု ရှိသွားတာလဲ”
“သူမက မာမိသားစုရဲ့ ဒုတိယသားရှေ့မှာ ဟန်ဆောင်နေတယ်လေ၊ အခုဆို သူတို့က ရင်းနှီးတဲ့အဆင့်ကို ရောက်နေလောက်ပြီ”
ကျန်းယွမ်က ပြောတယ်။
သူမရဲ့ အရင်ဘဝမှာ တစ်ယောက်ယောက်က နှစ်နည်းနည်းအကြာမှာ မာမိသားစုရဲ့ ဒုတိယသားနဲ့ ကျူးရင်တို့ကြားက လျှို့ဝှက်ကိစ္စကို ထုတ်ဖော်ခဲ့တယ်။ အဲဒီပြဿနာ ဖြစ်တော့ ဒုတိယသားက ဘာမှမဖြစ်ခဲ့ဘဲ ကျန်ခဲ့တယ်။ ဒါပေမဲ့ ကျူးရင်ကတော့ ဝက်လှောင်အိမ်ထဲမှာ နေခဲ့ရတယ်။ အဲဒီမတိုင်ခင် ကျူးရင်က ရူးမတတ် နှိပ်စက်ခံခဲ့ရတယ်။ သူမက မာမိသားစုက ဒုတိယသားရဲ့ (၁၃)ယောက်မြောက် ကိုယ်လုပ်တော်ကို ခဏခဏ ရေရွတ်နေခဲ့တယ်။ အချင်းချင်း ဆွဲဆောင်မှုတွေ ပြင်းထန်နေတုန်းက ဒုတိယသားက သူမကို အဲဒီလို ကတိမျိုး ပေးခဲ့တာ ဖြစ်နိုင်တယ်။ ဆုံးမှာတော့ ကျူးရင်က (၁၃)ယောက်မြောက် ကိုယ်လုပ်တော် ဖြစ်ဖို့ ကံမပါခဲ့ဘူး။ ပုံမှန်ဆိုရင် ကျန်းယွမ်က ဒါကို ထုတ်ပြောမှာ မဟုတ်ဘူး။
လျန်ချောင်က ချက်ချင်း သဘောပေါက်သွားတယ်။
“သူ ဒီလိုမျိုး လန့်သွားတာ မထူးဆန်းတော့ဘူး။ သူက တော်တော်လေး အောက်တန်းကျပြီးတော့ ဂုဏ်သိက္ခာနဲ့ အရှက်တရား မရှိဘူးပဲ”
သူမက ဆယ်နှစ်ကျော်ပဲ ရှိသေးလို့ သူမမျက်နှာက အနီရောင်ပြောင်းသွားတယ်။
“နေပါအုံး၊ သခင်မလေးက ဒါတွေကို ဘယ်လို သိနေတာလဲ”
လျန်ချောင်က သံသယဝင် သွားတယ်။ အဲဒါတွေတင်မကဘူး။ ကျန်းယွမ်က အကျင့်တွေ အားလုံး ပြောင်းလဲသွားသလို ဖြစ်နေတာကို သူမ ဒီနေ့ သတိထားမိလိုက်တယ်။ အမြဲတမ်းနိမ့်ချတတ်တဲ့ သူမက ကျူးရင်ကို မကြောက်မရွံ့ ဆက်ဆံခဲ့တယ်။ သူတို့က ညစ်ညမ်းတဲ့ ကိစ္စကို ပြောဆိုနေတာပေမဲ့ သခင်မလေးရဲ့ မျက်နှာက ပုံမှန်အလုပ်ကိစ္စကို ပြောနေသလိုပဲ ထူးခြားမသွားဘူး။
ပိုင်ကျီနဲ့သူမ ထက်တောင်မှ ကျန်းယွမ်က အပြင်ထွက်ဖို့ အခွင့်အရေး ပိုနည်းတယ်။ တစ်နှစ်လုံး အိမ်ထဲမှာ မပြီးသေးတဲ့ အလုပ်ကိစ္စတွေ ရှိနေတယ်။ ()
“မနေချင်ပါဘူး”
လျန်ချောင်က ပြတ်သားပြီးတော့ အမှန်အတိုင်း ပြောတတ်တာကြောင့် သူမက များများမတွေးဘဲ ပြောလိုက်တယ်။
“မပူပါနဲ့ သခင်မလေး။ ကျွန်မတို့ ဒီအိမ်မှာ တစ်သက်လုံး မနေရပါဘူး။ အချိန်တစ်ခု ကြာသွားပြီးရင် သခင်ကြီးက သခင်မလေးကို လာခေါ်မှာပါ”
ကျန်းယွမ်က ပြုံးလိုက်တယ်။ သူမကို ဘယ်အချိန် ပြန်ပို့မယ် ဆိုတာ သူမက တခြားသူတွေထက်တောင် ပိုသိသေးတယ်။ သူမက အဲဒီအချိန်အထိ ရောက်ဖို့ စိတ်မရှည်တော့ပေ။ နောက်ပြီး သူမက မစောင့်ချင်ပေ။
“ငါတို့ ဘာလို့ စောင့်နေရမှာလဲ။ ကျူးရင်က ငါတို့ကို မကြာခင် မြို့တော်ကို ပြန်ပို့ပေးလိမ့်မယ်”
လျန်ချောင်က ကျန်းယွမ်ကို မသိလိုက်ဖာသာ ကြည့်လိုက်ရင်း ခဏ အာရုံပြောင်းသွားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမက ချစ်ဖို့ကောင်းစွာ သန်းနေတဲ့ မိန်းကလေးကိုသာ တွေ့ရတာ ဖြစ်တယ်။ သူမရဲ့ ဖြောင့််စင်းနေတဲ့ နှာတံလေးအောက်မှာ စောစောက လက်ဖက်ရည်ကို အရသာခံနေတဲ့ အနီရောင်နှုတ်ခမ်းလေးက မသိမသာ ကွေးညွှတ်သွားတယ်။
DU LIEST GERADE
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historische Romaneဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...