Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး
Part 113
အခန်း- ၉၅ အပိုင်း(၁)
လပေါင်းများစွာ တရစက် ရွာသွန်းလာတဲ့ မိုးက နောက်ဆုံးမှာတော့ ရပ်သွားခဲ့တယ်။ နောက်နေ့မနက်မှာ နေရောင်ကတောက်ပနေပြီး မှုန်မှိုင်းမှုကို ဆက်ပြီး လက်မခံတော့သလိုမျိုး ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က လူတွေ အပေါ်ကို ကျရောက်ခဲ့တယ်။
ရေကြီးခြင်းက အိမ်တွေနဲ့ လယ်တွေကို ထိခိုက်စေခဲ့တယ်။ နေရောင် ထွက်ပေါ်လာတာနဲ့ မြို့တော်ထဲက လူကြီးတွေရော လူငယ်တွေရောက အိမ်တွေကို ပြင်နေပြီးတော့ ထိခိုက်ထားတဲ့ ဆိုင်တွေကို ပြန်ပြင်နေကြရင်း အလုပ်ရှုပ်နေကြတယ်။ ဒီလိုတောင်မှ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ပျောရွှင်မှုတွေရှိနေတယ်။ ဒါက အသစ်ပြန်စဖို့ အခွင့်အရေးပဲ။
မြို့တော်ရဲ့ အချမ်းသာဆုံးလမ်းရဲ့ ထောင့်က ခမ်းနားတဲ့ မဟာကောင်စီဝင်အိမ်တော်က အခုတော့ ဖုန်တက်နေပြီဖြစ်တယ်။ တစ်ညတည်းနဲ့ ကြက်သွေးရောင် တံခါးတွေက သူတို့ရဲ့ အရောင်တေွကို ဆုံးရှုံးလိုက်ရပြီးတော့ သူတို့ရဲ့ ကျက်သရေရှိခြင်းကို ဘယ်တော့မှ ပြန်လည်ရရှိတော့မှာ မဟုတ်ဘူး။ ချိပ်ပိတ်မှုနှစ်ခုက နဂါးခေါင်းသော့မှာ ထင်ရှားစွာ ကပ်နေပြီးတော့ အဲဒါကို မြင်တဲ့သူတိုင်းကို အံ့အားသင့်စေတယ်။
တံခါးတွေ အပြင်မှာ ဘာ လူပိတ်နေတာမှ ဖြစ်မနေဘဲ ဘယ်တော့မှ ထပ်ပြီးတော့ အဲ့မှာ ပျားပန်းခပ်လှုပ်ရှားနေကြတော့ မှာမဟုတ်သလို လာလည်တဲ့သူတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ မြေပြင်ပေါ်မှာ ရေကြီးတာကနေ ကျန်ခဲ့တဲ့ အမှိုက်တွေနဲ့ အပျက်အစီးတွေ ပုံနေတယ်။ ဒါကို မြင်ပြီးတော့ အကုန်လုံးက ဘယ်လောက် ညစ်ပတ်ပြီး ရှုပ်ပွနေတယ်ဆိုတာကိုပဲ ခံစားကြည့်နိုင်တယ်။ တစ်ခါတစ်ရံ ဖြတ်သွားတဲ့သူက မြင်ကွင်းကို တစ်ချက်ကြည့်ပြီးတာနဲ့ သူ့မျက်ဝန်းထဲမှာ အထင်သေးခြင်းကို ထင်ထင်ရှားရှား မြင်ရမှာဖြစ်တယ်။
သီးသန့်စစ်တပ်ထူထောင်ပြီး ပုန်ကန်ဖို့ ကြိုးစားတာ တကယ်လို့ ပါဝင်ခဲ့တဲ့သူက တော်ဝင်မိသားစုထဲက ဆိုရင်တောင် သာမာန်လူတန်းစားတွေရဲ့ ရင်ထဲမှာ ဒါက အဖက်ဆယ်လို့ မရနိုင်တော့တဲ့ စက်ဆုပ်ရွံရှာတဲ့ ပြစ်မှုအဖြစ် ရှိနေဦးမှာဖြစ်တယ်။ ဒါ့အပြင် လီတုန်က အာဏာအပေါ်ကို အရမ်းအားကိုးပြီးတော့ ပြဿနာတွေ ရှုပ်ခဲ့လို့ သာမာန်လူတန်းစားတွေ အရင်ကတည်းက သူ့ကို မုန်းတီးတာက အရိုးထဲထိ စွဲနေခဲ့တယ်။ အခု သူက သေရေး ရှင်ရေး အကျပ်အတည်းထဲကို ကျရောက်သွားတာကို ကြည့်ပြီးတော့ သူတို့က နောက်ဆုံးမှာ သူ့ကို မုန်းတီးမှုတွေ အတွက် စိတ်သက်သာရာရသွားကြပြီးတော့ သူ့ကို ယုတ်မာတဲ့သူ အတွက် ထိုက်တန်တဲ့ ကျိန်ဆဲမှုတွေနဲ့ ကျိန်ဆဲနေကြတယ်။
တစ်ဖက်မှာလည်း ပုန်ကန်တဲ့ စစ်တပ်ကို ဖမ်းမိတဲ့ ကွမ်မိသားစု စစ်သားတွေနဲ့ ကျောက်မိသားစု စစ်သားတွေက သဘောကျခံခဲ့ရတယ်။ အထူးသဖြင့် လူငယ်မျိုးဆက်ဖြစ်တဲ့ ကျောက်ရီနဲ့ ကျန်းရှင်းကျီတို့ပေါ့။ ရေကြီးတဲ့ အခြေအနေရဲ့ ရလာဒ်အနေနဲ့ သူတို့ရဲ့ ဂုဏ်သတင်းတွေက ဒုံးပျံလို ထောင်တက်သွားပြီးတော့ သူတို့နာမည်တွေက လူတိုင်းနီးပါးရဲ့ ပါးစပ်ဖျားမှာ ရောက်နေကြတယ်။
ပုန်ကန်တဲ့ စစ်တပ်ကို ဖြေရှင်းပြီးပြီ။ ရေကြီးတဲ့ အခြေအနေကလည်း ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီးတော့ မြို့တော်ကို အရင်ရက်တွေလို ပြန်ပြီး ကြည်လင်အေးချမ်းစေခဲ့တယ်။ ကပ်ဘေးပြီးတော့ တည်ငြိမ်မှုက အတိုင်းအတာတစ်ခု အထိရှိခဲ့တယ်။
ဒါပေမဲ့ မြို့တော်ထဲက သာမာန်လူတွေရဲ့ ပျော်ရွှင်မှုနဲ့ ဆန့်ကျင်ဘက်အနေနဲ့ အကျဉ်းထောင်ထဲမှာ စိုထိုင်းပြီး မှုန်မှိုင်းနေတယ်။ တံခါးတွေကို စောင့်တဲ့ ထောင်စောင့်တွေက မကောင်းဆိုးဝါးတွေလိုပဲ သူတို့ ကင်းလှည့်တာနဲ့ သူတို့ရဲ့ ဓားတွေကို သူတို့နားမှာ ထားထားကြပီးတော့ အကျဉ်းချခံထားရတဲ့ အကျဉ်းသားတွေရဲ့ အော်သံတွေကို လျစ်လျူရှုထားကြတယ်။
ဒါက ကြီးမားတဲ့ ပြစ်မှုတွေကို ကျူးလွန်တဲ့အတွက် သေဒဏ် ပေးခံထားရတဲ့ ရာဇဝတ်ထားတွေကို ထားတဲ့ နေရာဖြစ်တယ်။ ဒီနေရာကို ဝင်ပြီးတာနဲ့ လွတ်မြောက်မှုကို ရရှိဖို့ အခွင့်အရေး မရှိတော့ဘူး။
အကျဉ်းထောင်ထဲက အတွင်းပိုင်းအကျဆုံး အခန်းမှာ အကျဉ်းသား သုံးယောက်က ကောက်ရိုးပေါ်မှာ ထိုင်နေကြတယ်။ သူတို့ သုံးယောက်လုံးက စိတ်ဓာတ်ကျစရာ အခြေအနေမှာ ရှိနေကြပေမဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့က မောက်မာမှုနဲ့ ပြည့်နေပြီးတော့ အဆင့်မြင့်တဲ့ နေထိုင်မှုနဲ့ နေလာခဲ့တဲ့ သူတွေဆိုတာ သိသာတယ်။ သူတို့က လီတုန်နဲ့ သူ့သားနှစ်ယောက်ဖြစ်တယ်။
လီတုန်ရဲ့ ဗိုက်ကြီးနဲ့ အဖြူရောင်အကျဉ်းသား ယူနီဖောင်းက အရမ်းညစ်ပတ်နေပြီးတော့ နဂိုအရောင်တောင် မထွက်တော့ဘူး။ သူ့ကို ကြည့်ရတာ အရမ်း စိုးရိမ်နေပုံပေါ်ပြီး စိတ်မရှည်သလိုပဲ။ သူက လီအန်းကို အော်ပြောလိုက်တယ်။
“ဒါတွေ အကုန်လုံးက မင်းကြောင့်ပဲ။ ဒီကနေ ထွက်ဖို့ နည်းလမ်းတစ်ခု မြန်မြန်စဉ်းစားစမ်း။”
လီအန်းက တုတ်တုတ်မလှုပ်ဘူး။ သူက သူ့အဖေ ပြောတာကို မကြားသလို မျက်စိမှိတ်ထားလိုက်တယ်။
လီတုန်ရဲ့ ရင်ထဲမှာ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေပေမဲ့ သူက ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ရုံးတော်ထဲမှာ ပြောပြီးတာတွေက ပြောပြီးသွားခဲ့ပြီဖြစ်တယ်။ ကံဆိုးစွာနဲ့ ဧကရာဇ်က သူ့ကို ဖြေရှင်းဖို့ကို ခိုင်ခိုင်မာမာနဲ့ သန္နိဌာန်ချပြီးပြီဖြစ်တယ်။ တကယ်လို့ အရာရာတိုင်းက ပုံမှန်ဆိုရင် အရာရှိတချို့ကို ငွေတချို့နဲ့ လာဘ်ထိုးပြီးတော့ ကိစ္စကို ရိုးရှင်းစွာ အဆုံးသတ်လိုက်လို့ ရမှာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာ အဆင့်မြင့်အရာရှိတောင်မှ သူ့ရဲ့ ပိုက်ဆံကို လက်ခံမှာ မဟုတ်ဘူး။ ဒါ့အပြင် မဟာကောင်စီဝင်အိမ်တော်က စစ်ဆေးခံရပြီးတော့ အသိမ်းခံလိုက်ရပြီဖြစ်တယ်။ အဖြစ်အပျက်ကို ကြားတဲ့ သူ့ရဲ့ ကိုယ်လုပ်တော်တွေကလည်း ကျန်တဲ့ ပစ္စည်းတွေကို ယူပြီး ထွက်ပြေးသွားကြပြီဖြစ်တယ်။ အခု အဲ့မှာ ဘာမှမကျန်တော့ဘူး။
သူ နောက်ကို မှီလိုက်တယ်။ မြင့်တက်လာတဲ့ ဒေါသနဲ့ ကြောက်ရွံ့မှုတွေကို မချုပ်တည်းနိုင်ခဲ့ဘူး။ သူ့ရဲ့ တစ်ဘဝလုံး သူက အာဏာကို ကိုင်စွဲထားပြီးတော့ အမြဲတမ်း အောင်မြင်မှုတွေ ရရှိခဲ့တယ်။ တကယ်လို့ သူက လေလိုချင်ရင် သူ ရခဲ့တယ်။ တကယ်လို့ သူ မိုးလိုချင်ရင်လည်း သူရမှာဖြစ်တယ်။ အခု သူက လက်ထိတ်ခတ်ခံထားရပြီးတော့ အကျဉ်းထောင်ထဲမှာ နေနေရပြီးတော့ ခေါင်းဖြတ်ခံရမှုနဲ့ အဆုံးသတ်ရတော့မှာ ဖြစ်တယ်။ လီတုန်က အမြဲတမ်း သေခြင်းတရားကို ကြောက်ရွံ့နေခဲ့ပြီးတော့ ဒီအချိန်မှာ သူက ပိုပြီးတော့တောင် မသေချင်လို့ သူ့ရဲ့ အကျပ်အတည်းထဲကနေ ရုန်းထွက်ဖို့ အရမ်းကြိုးစားနေတယ်။ သူက လီအန်းကိုပဲ မှီခိုရတော့မှာဖြစ်တယ်။ လီအန်းက အရမ်းထက်မြက်ပြီးတော့ သူတို့ရဲ့ သေရေး ရှင်ရေး အခြေအနေကနေ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခု စဉ်းစားနိုင်မှာ သေချာတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ လီအန်းက သူ့ကို စိတ်ပျက်စေခဲ့တယ်။
လီရန်က သူ့ဘေးက လီရန်ကို ကြည့်ပြီး ငေါ့လိုက်တယ်။ လီအန်းက ထက်မြက်ပြီးတော့ အတွေးနက်တဲ့ သူတစ်ယောက်ဖြစ်တယ်လို့ သူအမြဲတမ်း သိခဲ့တယ်။ သူက လီအန်းရဲ့ အရည်အချင်းနဲ့ ထက်မြက်မှုတို့ကို တကယ် အရမ်းကြောက်ခဲ့တယ်။ ဒါပေမဲ့ လီအန်းက မိန်းမစိုးအဖြစ်နဲ့ မွေးဖွားလာခဲ့တယ်။ သူက သူ့ရင်ထဲမှာ လီအန်းကို အထင်သေးခြင်းတွေနဲ့ ပြည့်နေတယ်။ အခု သေခြင်းတရားက လက်တကမ်းအလိုမှာဆိုတော့ သူက လီအန်းအပေါ်ကို စက်ဆုပ်တာကို ဖုံးကွယ်မထားတော့ပဲ ပြောလိုက်တယ်။
“စောက်သုံးမကျတဲ့ကောင်။”
လီအန်း သူ့နားတွေကို ပိတ်လိုက်ပြီး နားထောင်ဖို့ ငြင်းဆန်နေခဲ့တယ်။ ဒါပေမဲ့ ကောင်မလေးရဲ့ ယဲ့ယဲ့ပြုံးနေတဲ့ မျက်နှာက သူ့စိတ်ထဲမှာ ပေါ်နေတယ်။ သူမရဲ့ စကားတွေက သူ့နားထဲမှာ ကြားယောင်နေသေးပြီးတော့ သူ့ကို ကျိန်ဆဲတဲ့ စကားလုံးတိုင်းက သူ့ကို ငရဲကို တွန်းပို့နေသလိုပဲ။
အကျဉ်းထောင်ထဲမှာ သူ့စိတ်က တဖြည်းဖြည်း ကြည်လင်လာပြီးတော့ လီအန်းက အဖြစ်အပျက်တွေကို ဂရုတစိုက်နဲ့ ဖြေရှင်းနေပြီးတော့ နောက်ဆုံးမှာ အကုန်လုံးကို ဆက်နွယ်နေတဲ့ သဲလွန်စကို တွေ့ခဲ့တယ်။ လီရန် ကျန်းအိမ်တော်ကို သွားပြီးနောက် ကျန်းစုစုကို ပထမဆုံးအကြိမ်တွေ့လိုက်ပြီး သင်းကွပ်ခံလိုက်ရကတည်းက သူတို့က ကျန်းယွမ်ရဲ့ ထောင်ချောက်ထဲကို ကျရောက်ခဲ့ပြီးပြီဖြစ်တယ်။
လီရန်ရဲ့ အခြေအနေက ရှေ့ပြေးတစ်ခု ဖြစ်ပြီးတော့ ကျန်းယွမ်က မဟာကောင်စီဝင်အိမ်တော်တစ်ခုလုံးနဲ့ ရင်ဆိုင်ဖို့ အမြဲတမ်း ကြံထားတာ သိသာတယ်။ လီတုန်၊ လီရန်နဲ့ လီအန်းကိုယ်တိုင်တောင် နောက်ဆုံးမှာ ကျန်းယွမ် သူတို့အတွက် ပြင်ထားတဲ့ ထဲကို တည့်တန်းတိုးဝင်သွားကြတယ်။ ကျန်းယွမ်က အကုန်လုံးကို တွက်ချက်ထားတာပဲ။ သူက ကျန်းယွမ်က ချီလဲ့စစ်တပ်နဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် အကြောင်းကိုလည်း သိထားတာ ကြာပြီဖြစ်တယ်ဆိုတဲ့ အကြံကို မယုံကြည်နိုင်ပေမဲ့ သူက ဂရုတစိုက်နဲ့ အဖြစ်အပျက်တွေကို ဇာတ်တိုက်ခဲ့တယ်။ ဒါမှ ထူးခြားကောင်းမွန်တဲ့ ပြသမှုမှာ သူ့ရဲ့ ဝှက်ဖဲဖြစ်တဲ့ ချီလဲ့စစ်တပ်က မဟာကောင်စီဝင်အိမ်တော်ကို ပြိုလဲစေတဲ့ သူမရဲ့ နောက်ဆုံးလက်နက်ဖြစ်လာမှာဖြစ်တယ်။
ဘယ်လိုလုပ်ပြီး အဲ့လိုလူမျိုး ဒီကမ္ဘာပေါ်မှာ ရှိနေရတာလဲ။
လီအန်းရဲ့ နှလုံးသားက တင်းကျပ်သွား
တယ်။ သူက အမြဲတမ်း ထက်မြက်ပြီး စိတ်ကြီးဝင်နေပြီးတော့ ကျန်းယွမ်ရဲ့ နည်းတွေ အကုန်လုံးက သူ့အတွက် ပိုပြီး ထင်ရှားလာတယ်။ သူ အချိန်အတော်ကြာ နားမလည်နိုင်တဲ့ အရာတစ်ခု ရှိသေးတယ်။
ဒါဆို- ကျန်းယွမ်က ဘာလို့ ဒါတွေ အကုန်လုံးကို လုပ်နေရတာလဲ။
သူမ ဒါတွေ အကုန်လုံး လုပ်နေရတဲ့ အကြောင်းအရင်းက ဘာလဲ။ သူမက မဟာကောင်စီဝင်အိမ်တော်ကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး မပေးခဲ့တော့ သူမက သူတို့ကို သူမရဲ့ ရန်သူအဖြစ် သတ်မှတ်ခဲ့တာ ကြာပြီဆိုတာ သေချာတယ်။ ဒါပေမဲ့ သူက လူလွှတ်ပြီး စုံစမ်းပေမဲ့ သူမရဲ့ ရက်စက်တဲ့ အပြုအမူတွေ အတွက် ဘာအကြောင်းအရင်းမှ မရှိဘူး။
ဒါတွေကို ဘာအကြောင်းအရင်းမှ မရှိဘဲ လုပ်ဖို့ဆိုတာ ဖြစ်နိုင်လို့လား။
လီအန်းက သူ့အတွေးတွေထဲမှာ အရမ်း ပိတ်လှောင်နေခဲ့ပြီးတော့ ထောင်စောင့်က ပျောက်ကွယ်သွားတာကို သတိမထားမိလိုက်ဘူး။
သူက ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုကို သတိထားမိလာတဲ့ အချိန်မှာ သူ့ရဲ့ ပင်ကိုယ်စိတ်က ကြောက်ရွံ့လာပြီးတော့ လီအန်းက သူ့မျက်လုံးတွေကို ဖွင့်ပြီးတော့ သူတို့ဆီကို ဝတ်ရုံနက်နဲ့ လူနှစ်ယောက်က ချည်းကပ်လာတာကို တွေ့လိုက်ရတယ်။
သူက ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်ပေမဲ့ ထောင်စောင့်ကို မတွေ့ရဘူး။ လီတုန်နဲ့ လီရန်တို့က ဝတ်ရုံနက်နဲ့သူတွေကို သတိထားမိပြီးတော့ အံ့အားသင့်စွာ ပြောလိုက်တယ်။
“ရဲရင့်တဲ့ လူကြီးမင်းတွေ ခင်ဗျားတို့က ကျွန်တော်တို့ကို ကယ်ဖို့ လာတာလား။”
ဝတ်ရုံနက်နဲ့ လူနှစ်ယောက်က အကျဉ်းထောင်တံခါးနားကို ရောက်လာတယ်။ သူတို့က သော့နှစ်ချောင်းကို ထုတ်လိုက်ပြီးတော့ ဘယ်သူဘယ်ဝါမှန်း မသိရဘဲ တံခါးကို တိတ်ဆိတ်စွာ ဖွင့်နေတယ်။
လီအန်းက သူတို့ရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ ကြည့်နေပြီးတော့ သူ့မျက်ဝန်းထဲမှာ သံသယရှိမှု အရိပ်အယောင်က ဖြတ်သွားတယ်။ သူတို့ကို ဒီအချိန်မှာ လာကယ်မယ်လို့ သူယုံကြည်တဲ့သူ တစ်ယောက်ပဲ ရှိပြီးတော့ သူက မင်းသားရှစ် ရွှမ်းလီပဲ။ ဒါပေမဲ့ ရွှမ်းလီက အပြင်ပန်းမှာ သိမ်မွေ့ပုံပေါ်ပေမဲ့ သူက တကယ်တော့ အကြင်နာတရားမဲ့တယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို အကျိုးပြုရင် သူက အဲ့လူကို သေသေချာချာ ဖျော်ဖြေခိုင်းတယ်။ တကယ်လို့ ဘာအကျိုးကျေးဇူးမှ မရရင် သူက သူ့ကို လွှင့်ပစ်လိုက်မှာဖြစ်တယ်။ မဟာကောင်စီဝင် အိမ်တော်က အခု ပုန်ကန်မှုကို ခေါင်းဆောင်ခဲ့ပြီးတော့ ဧကရာဇ်ရဲ့ ရင်ထဲက ဆူးတွေလို့ ယူဆခံလိုက်ရပြီဖြစ်တယ်။ မဟာကောင်စီဝင်နဲ့ နည်းနည်းလေးပဲဖြစ်ဖြစ် ပတ်သက်ခဲ့တဲ့ ဘယ်သူ့ကိုမဆို ဧကရာဇ်ရဲ့ ရန်သူဖြစ်မှာဖြစ်တယ်။ ရွှမ်းလီရဲ့ စိတ်ထားနဲ့ သူက သူ့ရဲ့ ရဲတိုက်ရုပ်ကို ဘုရင်ကို ကယ်ဖို့ စတေးမှာဖြစ်တယ်။ ဒီတော့ သူက ဘယ်လိုလုပ်ပြီးတော့ သူတို့ကို ကယ်ဖို့ လူလွှတ်တာ ဖြစ်နိုင်မှာလဲ။
သူက သူ့ရဲ့ သံသယရှိမှုကို ထုတ်မပြောနိုင်ခင်မှာပဲ လီတုန်နဲ့ လီရန်တို့က မတ်တပ်ရပ်ပြီးပြီ ဖြစ်ပြီးတော့ သူတို့ရဲ့ တောက်လောင်နေတဲ့ အကြည့်တွေက ဝတ်ရုံနက် လူနှစ်ယောက်ဆီကို ရောက်သွားတယ်။ အဲ့လူနှစ်ယောက်က အကျဉ်းထောင်တံခါးကို ဖွင့်ပြီးတော့ တစ်ယောက်က သတိမပေးဘဲ ရွှေ့လိုက်ပြီး လီတုန်နဲ့ လီရန်တို့ကို လှမ်းဖမ်းလိုက်တဲ့ အချိန်မှာ တခြားတစ်ယောက်က သူတို့ရဲ့ ပါးစပ်တွေထဲကို တစ်ခုခု ပစ်ထည့်လိုက်ပြီး မြိုချစေခဲ့တယ်။
လီရန်နဲ့ လီတုန်တို့က နေရာမှာတင် ရပ်နေတဲ့ အချိန်မှာ အဲ့လူက လီအန်းကိုလည်း အဲ့လိုလုပ်လိုက်ပြီးတော့ သူ့ကိုလည်း တူညီတဲ့ ဆေးလုံးကို မြိုချစေခဲ့တယ်။
လီတုန်က ဘာတွေးရမှန်း မသိဖြစ်နေပြီးတော့ ဝတ်ရုံနက်လူငယ်ကို သံသယရှိစွာ ငေးကြည့်လိုက်ပြီးတော့
“မင်း ဘာလုပ်ဖို့ ကြံနေတာလဲ။”
သူတို့ထဲက တစ်ယောက်က အေးစက်စွာ ပြောလိုက်တယ်။
“မင်းတို့ကို တိတ်တိတ်လေးနေအောင် လုပ်မလို့။”
အဲဒါပြီးတော့ သူ ဘာမှမပြောတော့ဘဲ လီတုန်နဲ့ လီရန်တို့ရဲ့ ဂုတ်ကို ရိုက်ချလိုက်တယ်။ မျက်တောင်တစ်ချက်ခတ်စာ အချိန်လေးနဲ့ လီတုန်နဲ့ လီရန်တို့က ရှေ့ကို ငိုက်ကြလာကြတယ်။ လီအန်းက ဒါကို မြင်တော့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ပေမဲ့ သူက သူ့ဂုတ်မှာ အေးစက်တဲ့ အရာတစ်ခုခုကို မခံစားမိခင် မတုံ့ပြန်နိုင်ခဲ့ဘူး။ သူ့အမြင် အာရုံက နက်မှောင်သွားပြီးတော့ သူ သတိမေ့သွားတယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...