Part 19

3.6K 375 4
                                    

အခန်း-၁၉

ဒီသတင်းကို ရုတ်တရက် ကြားလိုက်ရတာနဲ့ ပိုင်ကျီနဲ့ လန်ချောင်က ဒေါသထွက်ပြီး ထိတ်လန့်သွားကြတယ်။ ဒါပေမဲ့ သူတို့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ပြီးတော့ ကျန်းယွမ်က ပြဿနာကို တည်ငြိမ်စွာ လက်ခံလိုက်ပြီး ယာဂုကို ဆက်ပြီး စားနေတယ်။ ဒါကို မြင်တော့ ရှောင်ယွမ်က မပြောဘဲ မနေနိုင်တော့ဘူး။

“သခင်မလေး.. သခင်လေး အစီအစဉ် ကြိုဆွဲထားသင့်တယ်။ အဲလူတွေ ကြည့်ရတာ သခင်မလေး တကယ်လူသတ်ထားတယ်လို့ ယုံကြည်နေကြတဲ့ပုံပဲ”

ဒီစကားတွေက လိမ္မာပါးနပ်တဲ့ နည်းလမ်းနဲ့ သူမက သတင်းစကားကို ရည်ရွယ်ချက်ရှိရှိနဲ့ ပေးပို့နေကြောင်း ပြနေတယ်။ ကျန်းယွမ်က နူးနူးညံ့ညံ့ပြုံးလိုက်ပြီး။

“အဲဒါ ဘာမှမဖြစ်ပါဘူး။ ကမ္ဘာကြီးက အဖြူနဲ့အမဲ ခွဲခြားထားတယ်။ အမှန်နဲ့အမှားက ဘယ်တော့မှ အတူတူ မရှိဘူး။ တကယ်လို့ ကျွန်မသတ်ခဲ့ရင် ကျွန်မသတ်ခဲ့တာပဲ။ ကျွန်မ မသတ်ခဲ့ရင် အဲဒါက ကျွန်မ မသတ်ခဲ့လို့ပဲ။ ကျွန်မက မသတ်ခဲ့ဘူး ဆိုမှတော့ ရဲမက်တွေက ကျွန်မကို လာဖမ်းရင်တောင်မှ ကျွန်မ ကြောက်စရာမလိုဘူး”

ရှောင်ယွမ်က သူမ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရသလို အံကြိတ်လိုက်တယ်။

“ကျွန်မ သခင်မလေးကို အမှောင်ထဲမှာ ထပ်မထားနိုင်တော့ဘူး။ ကျွန်မ ဒီအိမ်မှာ အလုပ်လုပ်ခဲ့တာ နှစ်တော်တော်ကြာပြီ။ ဒါကြောင့် ကျွန်မ ဒီလိုကိစ္စတွေနဲ့ ပတ်သတ်ပြီး နည်းနည်း သိထားတယ်။ သခင်မလေး သခင်မလေးက အခြေအနေရဲ့ လေးနက်မှုကို သတိမထားမိဘူး။ တကယ်တမ်း ဒါက အဆုံးသတ်ပဲ။ တကယ်လို့ သခင်မလေးရဲ့ပြစ်မှုက ဆုံးဖြတ်ချက်ချပြီးရင် သခင်မလေးက အပြစ်မရှိရင်တောင် အပြစ်ရှိတယ်ဆိုပြီးတော့ စီရင်ချက်ချခံရမှာ။ သခင်မလေး ဒီကနေ တတ်နိုင်သမျှ စောစော ထွက်သွားနိုင်ဖို့ အကြံတစ်ခုမှ မရှိရင် သခင်ကြီးကို ဘာလို့ အကြောင်းမကြားတာလဲ”

ပိုင်ကျီကလည်း ခေါင်းညိတ်လိုက်တယ်။

“သူ ပြောတာမှန်တယ်။ သခင်မလေး အခုအချိန်မှာ သူတို့က ရန်လိုနေကြတာ။ ကျွန်မတို့ သခင်ကြီးကို အကူအညီ တောင်းရင်ရော။ သခင်ကြီးက ဘာမှမလုပ်ပဲနဲ့ တိတ်တိတ်လေး ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူး”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now