Part 34

3.8K 400 3
                                    

အခန်း-၃၄ ငါ ပြန်လာပြီ။
ကျန်းအိမ်တော်မှာ သူမရဲ့ပထမဆုံးနေကို ရှုပ်ထွေးတဲ့ အတွင်းပြဿနာတွေကို
ငြိမ်သက်ခြင်းနဲ့ ဖြေရှင်းခဲ့တယ်။ နောက်တစ်ရက်မှာ
ရာသီဥတုက သာယာနေတယ်။ မနက်ခင်းစောစောမှာ လန်ချောင်နဲ့ ပိုင်ကျီတို့က
ကျန်းရှင်းကျီနဲ့ ပတ်သတ်တာတွေကို စုံစမ်းဖို့ ထွက်သွားတယ်။ လုကျူးက
ကျန်းအိမ်တော်က အကြောင်းတွေကို မသိလို့ သူမက သူတို့နဲ့ လိုက်သွားရင် သူမ
မကူညီနိုင်မှာ စိုးတယ်။ ဒါကြောင့် သူမက ကျန်းယွမ်ဘေးမှာ နေပြီး
သူတို့ရဲ့အိမ်အသစ် ယွမ်ကျူးမှာ လုပ်စရာရှိတာ လုပ်နေတယ်။
နေရောင်က ပန်းပုံစံ ပြတင်းပေါက်ကနေ ဖြတ်လာပြီး
အခန်းတွင်းကို လင်းချင်းစေတယ်။ လုကျူးက တံခါးဘေးမှာ ထိုင်နေပြီး
ပန်းထိုးနေတယ်။ သူမက ပြုံးပြီး ပြောလိုက်တယ်။
“မြို့တော်မှာ ရာသီဥတုက သာယာတယ်နော်။ နေက အမြဲပွင့်ပြီး နေရောင်က
သက်တောင့်သက်သာ ခံစားရတယ်”
ကျန်းယွမ်က ထင်မြင်ချက် မပေးဘူး။ ယွမ်ကျူးရဲ့ခြံဝန်းက အစွန်းဘက်မှာ
ရှိနေလို့ နေရောင်က နေရာအနှံ့ မရောက်ဘူး။ နေရောင်ရှိပြီး လှ
ပတဲ့ မိန်ချင်းယွမ်နဲ့ ယှဉ်ရင် တခြားစီပဲ။
ကျောက်မိန်သာ ရှိသေးရင် ကျန်းယွမ်က သူမရဲ့ဒူးပေါ်မှာ လှဲနေပြီး
ဖယောင်းပန်းတွေ တစ်ပွင့်ပြီး တစ်ပွင့်ကြွေကျနေတာရယ် ကျန်းရှင်းကျီ
ဓားရေးလေ့ကျင့်နေတာကို ကြည့်နေမှာဖြစ်တယ်။ အဲ့မြင်ကွင်းက
တကယ်လှပတယ်။ အခုတော့ ပစ္စည်းတွေက ရှိနေသေးပေမဲ့ လူတွေကတော့
မရှိတော့ဘူး။ ကျောက်မိန်က ဆုံးသွားတာကြာပြီဖြစ်ပြီး
ကျန်းရှင်းကျီက သေလားရှင်လားဆိုတာ သူမ မသိဘူး။
သူမရဲ့ဆွေမျိုးသားချင်းဆိုလို့ သူမတစ်ယောက်တည်း ကျန်ခဲ့တာ ဖြစ်တယ်။
ကျန်းယွမ်က နားရွက်နောက်က ဆံပင်ကို သပ်လိုက်ပြီး လက်ထဲက စာအုပ်ကို
ဆက်ဖတ်နေတယ်။ ဒါပေမဲ့ အဲ့အချိန်မှာ ပိုင်ကျီက အမြန်ရောက်လာပြီး
တိုးတိုးလေးပြောလိုက်တယ်။
“သခင်မလေး သတင်းဆိုး။ လန်ချောင်နဲ့ ရန်ဟွားယွမ်က လူတွေ
စကားများနေကြတယ်”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျန်းယွမ်က မ်ျမှောင်ကြုတ်ပြီး မေးလိုက်တယ်။
“လန်ချောင်က စိုးရိမ်တတ်ပြီး စိတ်မရှည်တဲ့ စိတ်ထားရှိပေမဲ့ လူတိုင်း ဒါကိုသိတယ်။
ဘယ်လိုလုပ်ပြီး ပထမဆုံးရက်မှာ စကားများတာ ဖြစ်မှာလဲ”
လုကျူးက ပန်းထိုးနေတာကို ရပ်လိုက်ပြီး ပိုင်ကျီကို ကြည့်လိုက်တယ်။
ပိုင်ကျီက ခဏနားလိုက်ပြီး ဆက်မပြောခင် ကျန်းယွမ်ကို အမြန်ကြည့်လိုက်တယ်။
ပြီးတော့ ခက်ခဲစွာ ပြောလိုက်တယ်။
“ဒီအစေခံနဲ့ လန်ချောင်တို့ ကျန်းအိမ်တော်ကို ပြန်ရောက်တဲ့ အခါမှာ
ရန်ဟွားယွမ်က အစေခံတွေထဲက တစ်ယောက်ကို တွေ့လိုက်တယ်။ အစကတော့
ကျွန်မတို့ ဂရုမစိုက်ခဲ့ကြဘူး။ ဒါပေမဲ့ နောက်ကျ လန်ချောင်က အဲ့အစေခံရဲ့မျက်နှာကို
ဖျတ်ခနဲ ကြည့်လိုက်တော့… သူက… သူက ကျိုးမော့မော့ ဖြစ်နေတယ်”
“နို့ထိန်းအမေ” ကျန်းယွမ်က အံ့အားသင့်စွာ မေးလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now