unicode
Part 66အခန်း - ၇၀
အပိုင်း (၁)
ဒုတိယနေ့လည်ခင်းမှာ ရှယန်က ကျန်းစုစုနဲ့ အတူတူ ယွမ်ဂျူကို လာတယ်။
ကျန်းစုစုက သူမရဲ့ မျက်မှာအောက်ပိုင်းကို မျက်နှာလွှားဇာအဖြူနဲ့ အုပ်ထားတယ်။ ဒါမှ သူ မမြင်ရမှာဖြစ်တယ်။
ရှယန်က ပြောတယ်။
"ယွမ်အာ မနက်ဖြန်ကျရင် အမေတို့ အမေ့ဘက်က အဘိုးနဲ့အဘွားအိမ်ဆီ သွားလည်မှာ။ သမီးလည်း ပြင်ဆင်သင့်တယ်။ သမီးရဲ့ အဘွားက သမီးကို မတွေ့ရတာ တော်တော်ကြာနေပြီ။ ပြီးတော့ သူမက သမီးကို အရမ်း လွမ်းနေမှာစိုးတယ်။ "
သူမရဲ့ ကျောဘက်မှာ လန်ချောင်က ရှယန်ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်နေတယ်။ ရှယန်က အရမ်း ကြင်ကြင်နာနာပြောနေပေမဲ့ အဆုံးမှာတော့ ဒါတွေက ကျန်းယွမ်နဲ့ ဘာမှမဆိုင်တဲ့ ကျန်းစုစုရဲ့ အမေဘက်က အဘိုးအဘွားတွေပဲ။
"ဒါပေါ့။ ဒုတိယညီမနဲ့ ဒုတိယအစ်ကိုတို့က အခုနောက်ပိုင်းမှာ အခက်အခဲတွေ အများကြီး ကြုံနေရတော့ သူတို့ စိတ်အေးဖို့က မဖြစ်နိုင်ဘူးလေ။ "
ကျန်းယွမ်က နည်းနည်းပြုံးပြီး ပြောလိုက်တယ်။ သူမရဲ့ စကားတွေကို ကြားတော့ ကျန်းစုစုနဲ့ ရှယန်တို့ရဲ့ မျက်နှာတွေက ခဲသွားတယ်။
"ဒါဆိုလည်း အမေတို့ ယွမ်အာကို ဆက်ပြီး ဒုက္ခမပေးတော့ဘူး။ "
ရှယန်က ညင်သာစွာ ပြောလိုက်တယ်။
"အမေ သမီးရဲ့ ဒုတိယအစ်ကိုဆီ သွားလိုက်ဦးမယ်။ ဒီအခြေအနေက တစ်ယောက်ယောက်ရဲ့ ထောက်ချောက်ဆင်တာ ခံခဲ့ရတဲ့ပုံပဲ ပြီးတော့ သူကလည်း ကံဆိုးစေတဲ့ကြယ် အောက်မှာ မွေးဖွားလာခဲ့တာပဲ။ "
"အမေ ဒုတိယအစ်ကို ကောင်းကောင်း အကြံပေးသင့်တယ်။ သူက စာမေးပွဲကျပြီးကတည်းက အဆင်မပြေမှုတွေပဲ ကြုံနေရတာ စိုးရိမ်စရာပဲ။ "
ကျန်းယွမ်က စိတ်ပူစွာ ပြောလိုက်တယ်။
ရှယန်ထပ်ပြီး ခဲသွားပြီးတော့ အတင်းပြုံးပြလိုက်တယ်။
"ဒုတိယအစ်ကိုက ယွမ်နိုင်ရဲ့ စိတ်ပူမှုကို ကြားရတာ ဝမ်းသာမှာပါ။ "
VOUS LISEZ
မုန်းမာန်ဖွဲ့ ရန်ငြိုး
Fiction Historiqueဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...