unicode
Part 78
အခန်း- ၇၆ အပိုင်း(၂)
ကျန်းချောင် သူမကို စွပ်စွဲနေတာကို မကြားသလိုပဲ ကျန်းယွမ် ပြုံးလိုက်ပြီး ဘာမှ မပြောခဲ့ဘူး။ ဟွိုင်ကျွဲ့က ပြောလိုက်တယ်။
“ဒုတိယကျန်းသခင်မလေး အရင်က အန္တရာယ် ကြီးကြီးမားမား ကျရောက်ခဲ့ဖူးလား။ ဒါမှမဟုတ် အပြင်းဖျားခဲ့ဖူးလား။ အဖျားကြောင့် လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားက အားနည်းသွားပြီးတော့ မကောင်းဆိုးဝါးက အားနည်းမှုကို အခွင့်ကောင်းယူပြီးတော့ ခန္ဓာကိုယ်ထဲကို ဝင်နိုင်တယ်။ ”
“ဒုတိယကျန်းသခင်မလေးက လွန်ခဲ့တဲ့ ရက်အနည်းငယ်က လင်းလောင်လှေပေါ်ကနေ ပြုတ်ကျခဲ့တယ်မလား။ ”
လက်ထောက်ဝန်းကြီးချုပ်ကတော်က ပြုံးပြီး ပြောလိုက်တယ်။
“အဲ့အချိန်တုန်းက သူမကို ရေထဲက ဆွဲတင်တဲ့ အချိန်မှာ သူမက အသက်ရှူကျပ်သွားတယ်တဲ့။ အဲ့အချိန်တုန်းက ကံမကောင်းမှုက ဖြစ်သွားတာ ထင်တယ်။ ”
“အမိထဘ”
ဟွိုင်ကျွဲ့က လက်အုပ်ချီပြီး ပြောလိုက်တယ်။
ဒီစကားတွေ ပြောပြီးတာနဲ့ အကုန်လုံးက အကြီးဆုံးကျန်းသခင်မလေးက ကျိန်စာသင့်ကြယ်အောက်မှာ မွေးတာမဟုတ်ဘူးဆိုတာ သတိထားမိလာတယ်။ အဲ့အစား ကျန်းအိမ်တော်က ပြဿနာတွေ တက်နေတာ ဒုတိယသခင်မလေး မကောင်းဆိုးဝါး ဝင်ပူးတာ ခံနေရလို့ပဲ။ ပြန်စဉ်းစားကြည့်မှပဲ ကျန်းယွမ်က အရင်က မှားပြီး စွပ်စွဲခံရတာကို သူမက ဒေါသမထွက်ပဲနဲ့ သူမရဲ့ အကျင့်တွေကို မမေ့ခဲ့ဘူး။ ပြီးတော့ အခြေအနေကို အပြုံးလေးနဲ့တောင်ရင်ဆိုင်ခဲ့တယ်။ သခင်မတွေက သူမကို လေးစားတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်။ ဒါ့ကြောင့် သူတို့က အရင်က ကျန်းမိသားစုက သခင်မလေးကို အရင်က မတရားစွာ ဆက်ဆံခဲ့တာတွေကို ပြန်ပြီး ဆွေးနွေးနေကြတယ်။
“ဒီတော့ အကြီးဆုံးကျန်းသခင်မမလေးက အပြစ်မရှိဘူးပေါ့။ ငါပြောတဲ့အတိုင်းပဲ ငါတို့က ဒီသဘောကောင်းတဲ့ ကောင်မလေးအကြောင်းအရင်းမရှိပဲ အရှက်ရစေခဲ့တာကို မြင်ခဲ့ပြီးပြီ။ ”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...