unicode
Part 52အခန်း - ၆၂
ကျန်းစုစုက သူမရဲ့ ခြေထောက်ကို ဆန့်လိုက်ပြီး ကျန်းယွမ်ချော်လဲအောင် လုပ်လိုက်တယ်။ သတိမထားမိဘဲ ကျန်းယွမ်က ထလိုက်တယ်။ ဒါပေမဲ့ တစ်ဖက်ကို ချက်ချင်းကိုင်းလိုက်ပြီး ရှေ့ကခံနေတဲ့ ကျန်းစုစုရဲ့ ခြေထောက်ကို ရှောင်လိုက်တယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုက သူမက 'မတော်တဆ' ဘေးမှာ ထိုင်နေတဲ့ ကျန်းလီကို တိုက်မိတယ်။ အဲ့တာကို မရှောင်နိုင်ဘဲ ကျန်းလီက ရှေ့ကို ယိမ်းယိုင်သွားပြီးတော့ ကျန်းစုစုကို ပြန်တိုက်မိသွားတယ်။ ကျန်းစုစုက ရှောင်ဖို့ အချိန်မရလိုက်ဘဲ ချက်ချင်းပဲ လှေပေါ်ကနေ ပြုတ်ကျသွားတယ်။
အဲ့အချိန်မှာပဲ ကျန်းယွမ်ဆီကနေ ချက်ချင်း အာမေဍိတ်သံ ထွက်ပေါ်လာပြီးတော့ ကျန်းစုစုနဲ့ အတူ မြစ်ထဲပြုတ်ကျကာနီးတဲ့ ကျန်းလီကို လှမ်းဆွဲလိုက်တယ်။ ရေထဲတစ်ခုခုကျတဲ့ အသံထွက်ပေါ်လာပြီးတော့ ကျန်းစုစုက မြင်ကွင်းကနေ ပျောက်သွားတယ်။ ကျန်းယွမ်က လန့်နေတဲ့ ကျန်းလီကို မေးလိုက်တယ်။
"တတိယညီမလေး အဆင်ပြေရဲ့လား။ "
ကျန်းလီက ခေါင်းယမ်းလိုက်တယ်။
"ငါ ဘယ်လိုလုပ် အခုလေးတင် ဟန်ချက်မညီ ဖြစ်သွားတာပါလိမ့်။ "
လှေပေါ်မှာ လူတွေ အများကြီးရှိပြီးတော့ သူမက ကျန်းယွမ်ကို ကျောပေးထားတာ ဖြစ်တယ်။ ပုံမှန်ဆိုရင် ဘယ်သူက သူမကို တိုက်သွားလဲဆိုတာ သူမသိမှာ မဟုတ်ဘူး။ ကျန်းယွမ် တစ်ခုခုကိုရုတ်တရက် မှတ်မိသွားပုံနဲ့ အော်ပြောလိုက်တယ်။
"ကယ်ကြပါဦး။ ဒုတိယညီမလေး မြစ်ထဲ ပြုတ်ကျသွားလို့။ "
သူမပြောတာကို ကြားရတော့ လူအုပ်က ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးတော့ လူတွေက မြင်ကို တစ်ချက်လှမ်းကြည့်ကြတယ်။ အဲ့မှာ ပူပေါင်းလေးတွေက ထွက်လာပြီး လှိုင်းထနေတယ်။ ပြီးတော့ အဲ့တာက တကယ်ကျန်းစုစုပဲ။ သူမက တကယ်ရေနစ်နေတာဖြစ်ပြီးတော့ ရေတွေက သူမရဲ့ နှာခေါင်းနဲ့ ပါးစပ်ထဲကို ဆက်တိုက် ဝင်နေတယ်။ မနည်းကြိုးစားပြီးတော့ သူမက အော်လိုက်တယ်။
"ကယ်ကြပါဦး။ "
ကျင်းဆောင်းလှေပေါ်က မြင့်မြတ်တဲ့ လူငယ်တွေထဲမှာ ရေကူးတတ်တဲ့သူက နည်းတယ်။ မိန်းမပျိုလေးရေနစ်နေတာကို သူတို့က တစ်ခုခုလုပ်ဖို့ကို သူတို့ ကယ်ဖို့ စိတ်အားထက်သန်နေကြတယ်။ ဒါပေမဲ့ တကယ်လို့ သူတို့သွားပြီး ကျန်းစုစုကို ရေနစ်နေတာကနေ ကယ်ပြန်ရင်လည်း အဲ့တာက သူမရဲ့ အပြစ်ကင်းစင်မှုကို ညစ်နွမ်းစေသလို ဖြစ်စေမှာဖြစ်ပြီးတော့ အဲ့တာပြီးရင် သူမကို ယူကိုယူရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ကျန်းက သူ့ရဲ့ လုပ်ငန်းမှာ အမြင့်ဆုံးရောက်နေပြီးတော့ ရှယန်ရဲ့ မိသားစုက လည်း ထိပ်ဆုံးမှာ ဖြစ်တယ်။ တကယ်လို့ ဒီလူငယ်က သူမနဲ့ မလိုက်ဖက်ရင် ဝန်ကြီးချုပ်ကျန်းက သူ့သမီးနဲ့ လက်ထပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ အဲ့တာနဲ့ တင်ပြီးသွားမှာ မဟုတ်လောက်သေးဘူး။
အဲ့တာက ဒီလိုအတွေးတွေကြောင့် မြင့်မြတ်တဲ့ လူငယ်တွေက နောက်မှာရပ်နေပြီးတော့ ကြည့်နေကြတယ်။
ဒါပေမဲ့ ကျန်းစုစုကရော ဘယ်လို လူမျိုးလဲ။ သူမက မြို့တော်ရဲ့ အရည်အချင်း အရှိဆုံး အမျိုးသမီး ပြီးတော့ မြို့တော်ရဲ့ အလှဆုံး အမျိုးသမီးအဖြစ် နှစ်တွေ အများကြီး နာမည်ကြီးခဲ့ပြီးပြီဖြစ်တယ်။
ပုံမှန်ဆိုရင် ကျန်းစုစုနဲ့ လိုက်ဖက်မယ့် အထက်ဆန်းစားမိသားစုက အကြီးဆုံးသားတွေနဲ့ ဒီ အချောအလှလေးကို ရေနစ်နေတာကို မကြည့်ရက်တဲ့သူက သေချာပေါက် ရေထဲကို ဆင်းပြီး သူမကို ကယ်မှာ ဖြစ်တယ်။ ဒါ့ကြောင့် ဒါက ဆန့်ကျင်ဘက်အခြမ်းကနေ တစ်ယောက်ယောက် ခုန်ဆင်းသွားတာကို ကြားရမယ့် အချိန်ပဲ။ သူက ရေကူးတော်တဲ့ပုံပေါ်ပြီးတော့ ကျန်းစုစုနားကို ခဏလေးနဲ့ ရောက်သွားတယ်။ လက်တစ်ဖက်နဲ့ သူမကို သယ်လာပြီးတော့ သူမကို လှေနားကို ဆွဲခေါ်လာတယ်။
ကျန်းယွမ်က စစချင်း ကျန်းစုစုကို လှေပေါ် ကူတင်ပေးတယ်။ သူမက ရေထဲကနေ ရုန်းကန်ပြီးတော့ ခဏကြာတော့ သတိမေ့သွားတယ်။ သူမ လှေပေါ်ကို လုံခြုံစွာ ဆွဲတင်ခံရပြီးတော့ အကုန်လုံးက သူမကို ကယ်ခဲ့တဲ့ လူငယ်ဆီကို အကြည့်တွေ ရောက်သွားကြတယ်။သူက ၁၇ ဒါမှမဟုတ် ၁၈ ပဲရှိသေးပြီးတော့ သူ့ရဲ့ အသားအရောင်က နည်းနည်းညိုတယ်။ ပြီးတော့ ရိုးသားတဲ့ ပုံပေါ်တယ်။ သူမရဲ့ မျက်လုံးတွေက ဖုံးကွယ်ထားတဲ့ တစ်ခုခုကို နားလည်တဲ့ အရိပ်အမြွတ်တွေ ထွက်ပေါ်နေတယ်။
ကျန်းယွမ်က ကျန်းစုစုဘေးမှာ နေနေတယ်။ တင့်သင့်တဲ့ လေသံနဲ့ သူမက သူ့ကို ပြောလိုက်တယ်။
"လူကြီးမင်းရှင့် ကျန်းမိန်းကလေးရဲ့ အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။ ကျွန်မတို့ ဒီညပြန်ရောက်ရင် ကျန်းမိသားစုက ရှင့်ကို သေချာပေါက် ကျွန်မတို့ရဲ့ မေတ္တာလက်ဆောင်တွေကို ပေးပါလိမ့်မယ်။ "
လူငယ်က ပြန်ပြောလိုက်တယ်။
"ကျွန်တော်က ဘာလို့ မင်းတို့ရဲ့ လက်ဆောင်တွေယူချင်ရမှာလဲ။ အမြန် သူမ အဆင်ပြေရဲ့လား စစ်ကြည့်လိုက်အုန်း။ "
ဒါကို ပြောပြီးတော့ သူက ရှေ့ကို သွားလိုက်တယ်။
ဟုတ်ပါတယ်။ သူ့ရဲ့ လုပ်ရပ်က အဆက်မပြတ် ထင်ကြေးတွေ ပေးစေတယ်။ လူတွေက ခဏလောက် အဲ့လူငယ်ကို စူးစမ်းတဲ့ အကြည့်တွေနဲ့
ခဏလောက်ကြည့်ကြတယ်။ ကျင်းဆောင်းလှေက လူတစ်ယောက်က မအောင့်နိုင်တော့ပဲ မေးလိုက်တယ်။
"မင်း ဘယ်သူလဲ။ "
ကျန်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူရဲ့ ရှေ့မှာ ပိတ်ရပ်ပြီး ကျန်းစုစုကို ကာလိုက်တယ်။ မဆွန့်မဆုတ်နဲ့ သူမက ပြောလိုက်တယ်။
"မြင့်မြတ်တဲ့ လူကြီးမင်းရှင့် မိန်းကလေးကျန်းကို ကယ်ပေးတဲ့အတွက် လူကြီးမင်းရဲ့ စေတနာကို ကျန်းမိသားစုရဲ့ နှလုံးသားမှာ အမြဲတမ်း
မှတ်ထားပါ့မယ်။ ဒါပေမဲ့ မိန်းကလေးကျန်းက လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ လူကြီးမင်း သူမနားကို ကပ်လာတာက
ကျင့်ဝတ်ကို ဖောက်ဖျက်တာဖြစ်နေပါတယ်။ "
ကျန်းယွမ်က ကျန်းစုစုရဲ့ ကောင်းကျိူးကို ကြည့်ပြီး
ပြောနေတာဖြစ်တယ်။ သူမရဲ့ စိတ်ထဲမှာ ပုံရိပ်ကြီးကြီး ရှိနေတာ ဖြစ်ပြီးတော့ သူမရဲ့ စကားတွေက သိမ်မွေ့တယ်။ ကြည့်နေတဲ့ သူတွေအားလုံးက ထောက်ခံတဲ့ အနေနဲ့ ခေါင်းညိတ်လိုက်ကြတယ်။
အသားညိုညိုနဲ့ လူငယ်က စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။
"သူမနဲ့ ကျွန်တော်က တစ်ယောက်နဲ့ တစ်ယောက် အရမ်း ချစ်ကြတယ်။ အရမ်းကပ်နေပြီ ဆိုတာ ဘာစကားလဲ။ အနာဂတ်မှာ ကျွန်တော်က သူမကို
သေချာပေါက် လက်ထပ်မှာ။ "ကျန်းယွမ်က ချိုသာစွာ ပြုံးလိုက်ပေမဲ့ သူမရဲ့ အသံက အေးစက်နေတယ်။
"ဒီက လူကြီးမင်း ဘာကို ပြောချင်တာလဲမသိဘူး။ ကျွန်မ လူကြီးမင်းရဲ့ သူရဲကောင်းဆန်တဲ့ အရည်အချင်းကို လေးစားပေမဲ့ လူကြီးမင်းရဲ့ အပြုအမူက ကျွန်မကို မသက်မသာဖြစ်စေပါတယ်။ မိန်းကလေးကျန်းက မကောင်းတဲ့
သတင်းတွေကို အမြဲ ရှောင်ရှားပြီးတော့ သူမရဲ့ အရည်အချင်းက ထူးချွန်တယ်။ ဒါ့အပြင် သူမက မကောင်းတဲ့ စကားကို ဘယ်တော့မှ မပြောဖူးဘူး။ လူကြီမင်းက သူမနဲ့ လိုက်ဖက်ဖို့က ခက်ခဲမယ်လို့ ကျွန်မထင်တယ်။ ဘယ်သူမဆို ကျန်းအိမ်တော်က သမီးတွေကို အလွယ်တကူ လက်ထပ်နိုင်တာ
မဟုတ်ဘူးဆိုတာ လူကြီးမင်းကို သိစေချင်ပါတယ်။"
သူမက ဒီကြမ်းတမ်းတဲ့ လူငယ်ကြောင့် ချိုးနှိမ်မနေဘူး။ တကယ်တော့ အသားညိုညို လူငယ်က ဒီစကားတွေ ပြောကတည်းက လှေပေါ်က ဘယ်သူကမှ ဒီစကားတွေကို မယုံကြဘူး။ ကျန်းစုစုက သူမကိုယ်တိုင် အတန်းထဲမှာ ဖြစ်စေ လူမြင်ကွင်းမှာဖြစ်စေ သီးသန့်ပဲဖြစ်ဖြစ် သူမက ဒီလူကို ဒုတိယအကြိမ်ကြည့်မှာ မဟုတ်ဘူး။
ဒီအချိန်မှာ ကျန်းစုစုက လှေဦးမှာ လှဲလျောင်းနေတယ်။ သူမ ဘေးကလူတွေ ပြောတာကို နားထောင်နေပြီးတော့ ဘာဖြစ်နေမှန်း မသိဘူး။
အသားညိညိုလူငယ်က စိတ်အနှောက်အယှက်ဖြစ်တာကို ပြလိုက်တယ်။ စိတ်တိုနေတဲ့ပုံနဲ့ သူက သူ့ရဲ့ ခါးကြားက ပန်းထိုးထားတဲ့ လက်ကိုင်ပုဝါကို
ထုတ်ပြပြီးတော့ ကြည့်နေတဲ့ သူတွေရှေ့မှာ ရမ်းပြတယ်။
"မင်းငါ့ကို မယုံရင် မင်းဘာသာပဲ ကြည့်လိုက်တော့။ ဒါက သူမ ငါ့ကို ပေးထားတဲ့ လက်ကိုင်ပုဝါပဲ။ ငါ ကျိုးတာက မြို့တော်မှာ နေလာတာကြာပြီ ငါလိမ်နေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ "
လက်ကိုင်ပုဝါက လူတိုင်းရှေ့မှာ လွင့်နေတယ်။ အပေါ်ထိပ်မှာ သစ်ခွပန်းလေးတွေနဲ့ ပန်းထိုးထားပြီး အမွှေးနံ့နဲနဲရတယ်။ အောက်နားမှာ'စု'ဆိုတဲ့ စာလုံးကို ငွေချည်နဲ့ ပန်းထိုးထားတယ်။
ကျန်းစုစုရဲ့ ကိုယ်ပိုင်အစေခံ ဟူသျဲက လန့်ပြီး
ပါးစပ်ဟောင်းလောင်းပွင့်နေပြီးတော့ တိတ်ဆိတ်နေတယ်။ သူမက ချင်းထန်နဲ့ အကြည့်ချင်းဖလှယ်ပြီးတော့ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ သတိပေးတာတွေ တွေ့နေရတယ်။ အကုန်လုံးက တိတ်ဆိတ်သွားတယ်။ ကျန်းစုစုနဲ့ ဒီကျိုးတာနဲ့က ချစ်သူတွေဆိုတာ မဖြစ်နိုင်ပေမဲ့ ဒီမိန်းမလေးက ဒီလို အမှားမျိုးကို လုပ်မိမှာလဲ မဟုတ်လောက်ဘူး။ ပြီးတော့ ဒီအချိန်မှာ ကျန်းစုစုက ငယ်သေးပြီးတော့ သူမက တမင် ဆွဲဆောင်ခံရတာလဲ မဖြစ်နိုင်ဘူး။ ဒီလို သက်သေနဲ့ဆိုတော့ လူအုပ်က စပြီး တွတ်ထိုးလာကြတော့တယ်။
ကျန်းယွမ်ရဲ့ တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။
"လက်ကိုင်ပုဝါတစ်ခုတည်းမှာ ကိစ္စတွေ ဘယ်လောက်သယ်ထားသလဲ။
အဲ့တာက မိန်းကလေးကျန်းရဲ့ လက်ကိုင်ပုဝါကို ခိုးထားတာမလား။ "
ဟူတျဲက ကျန်းယွမ် ကျန်းစုစု ကိုယ်စား ပြောပေးမယ်လို့ ထင်မထားဘူး။ ဒီအချိန်မှာ သူမက ကျန်းယွမ်ရဲ့ စကားနောက်ကနေ ထပ်ပြီး ပြောလိုက်တယ်။
"အဲ့တာ အမှန်ပဲ။ ကျွန်မတို့ သခင်မလေးရဲ့ လက်ကိုင်ပုဝါက ပြီးခဲ့တဲ့ ရက်တုန်းက ပျောက်နေတာ။ ပြီးတော့ ကျွန်မတို့ အဲ့တာကို ဘယ်မှာမှ ရှာလို့
မတွေ့ဘူး။ ဒီတော့ ခိုးသွားတာ နင်ပေါ့။ "
ကျိုးတာက လူတစ်ယောက်ပဲ။ သူ့ရှေ့က ဒီမြင်ကွင်းကို မြင်ရတော့ သူက စိတ်တိုစွာနဲ့ ပြန်ပြောလိုက်တယ်။
"သူမက အရာရှိအိမ်တော်က မိန်းမပျိုလေးဖြစ်ပြီးတော့ ကျွန်တော်က သာမန်လူစားဖြစ်တယ်။ ဘယ်လိုလုပ်ပြီး ငါက အဲ့လက်ကိုင်ပုဝါကို
ခိုးနိုင်မှာလဲ။ အရာရှိမိသားစုက မိန်းမပျိုလေးက အရပ်သူအရပ်သား လူအုပ်ထဲမှာ ရောနှောနေပြီးတော့ သူမရဲ့ လက်ကိုင်ပုဝါကို စောင့်နေတာ
ဖြစ်နိုင်လို့လား။ ဒီလို ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ ပစ္စည်းကို ငါခိုးတယ်ဆိုတာ ဖြစ်နိုင်လို့လား။ " ကျန်းယွမ်က ပြုံးလိုက်တယ်။ ဒီကျိုးတာက သူမကို စိတ်မပျက်စေဘူးပဲ။ သူ့ရဲ့ လိုက်လျောညီထွေပြီးတော့ ပြန်တုံ့ပြန်နိုင်တာက တော်တော် လက်ဖျားခါလောက်တယ်။ သနားစရာကောင်းတာက ရှယန်က
ငှားထားတဲ့ ဒီလူငယ်က သူ့သမီးကို ပြန်ပြသာနာ ရှာနေတာပဲ။ ဒီသတင်းက ကျန်းအိမ်တော်ကို ရောက်သွားရင် ရှယန်ရဲ့ မျက်နှာထားက ဘယ်လို ဖြစ်နေမလဲဆိုတာ သူမ မတွေးဘဲ မနေနိုင်ဘူး။
ကျိုးတာက ဆက်ပြောတယ်။
"မင်း ငါ့ကို မယုံရင် သူမရဲ့ ခါးနားကို ကြည့်လိုက်။ မင်း ငါသူ့ကို ပေးထားတဲ့ ငါ့မိသားစုပိုင် ကျောက်စိမ်းလေးကို တွေ့ရလိမ့်မယ်။ "
ဒါကို ကြားရတော့ ချင်းထန်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တယ်။
"ကျွန်မတို့ရဲ့ သခင်မလေးဆီမှာ ဘာ ကျောက်စိမ်း အပိုင်းအစမှ မရှိဘူး။
မဟုတ်တာတွေ လာပြောမနေနဲ့။ "
ဘေးမှာ အခြေအနေကို ရပ်ကြည့်နေတဲ့ မင်းသမီးရုံကြားက ကျန်းစုစုဘေးကို သွားလိုက်တယ်။ သူမက စိုးရိမ်တဲ့ပုံနဲ့
"ကျွန်မ စစ်လိုက်မယ်လေ။ မိန်းကလေး ကျန်းက အပြစ်ကင်းတော့ ဒီပါးစပ်ပုတ်နဲ့ သူခိုးက မိန်းကလေးကျန်းကို နာမည်ဖျက်နေတယ်ဆိုတာကို
သက်သေပြလိုက်ရအောင်။ " ဟူတျဲက သူမကို ရပ်ဖို့ လက်ဆန့်လိုက်ပေမဲ့ မင်းသမီးရုံကြားက
ကျန်းစုစုရဲ့ခါးနားမှာ စရှာနေပြီ။ ကျန်းယွမ်ရဲ့ မျက်တောင်တွေက မြင့်တက်သွားပြီး တော့ သူမ ဒီအခြေအနေကို တွေးနေတာနဲ့ သူမရဲ့ မျက်ဝန်းတွေက ဝင်းလက်လာတယ်။ သူမက မင်းသမီးရုံကြား
တစ်ခုခုလုပ်မယ်လို့ ထင်မထားပေမဲ့ အဲ့တာက သူမအတွက် လွယ်ကူတဲ့ လုပ်ရပ်ပါပဲ။
ဟူတျဲက စိုးရိမ်စွာနဲ့ လက်သီးဆုပ်ထားတဲ့ အချိန်မှာ ကြည့်နေတဲ့သူတွေက မင်းသမီးရုံကြားကို စူးစမ်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။ ခဏကြာတော့ မင်းသမီးရုံကြားရဲ့ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ မျက်နှာထား ပေါ်လာတယ်။ သူမက လက်ကို မလိုက်တယ်။ သူမရဲ့ ဖြူဖွေးတဲ့ လက်ချောင်းလေးတွေ ကြားမှာ ကျောက်စိမ်းလည်ဆွဲပုတီးလေး ပါလာတယ်။ အကုန်လုံးက တိတ်ဆိတ်သွားတယ်။ ကျန်းစုစုကို ကြည့်နေတဲ့ အကြည့်တွေက ခဏအတွင်းမှာပဲ အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်သွားတယ်။
ကျန်းယွမ်က ခေါင်းကို နည်းနည်း ငုံ့လိုက်တယ်။ အချိန်တွေဘယ်လောက်ပဲ ပြောင်းသွား ပြောင်းသွား ဒီကမ္ဘာပေါ်ကကောလဟာလတွေနဲ့ သံသယတွေ၊ မလိုမုန်းထားတဲ့ စိတ်နဲ့ သရေဖျက်တာတဲ့ နည်းလမ်းတွေက အတိတ်ကနည်းလမ်းတွေနဲ့ အတူတူပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကိုယ်တိုင်ခံစားရတဲ့သူက ကျန်းစုစုကိုယ်တိုင် ဖြစ်နေတာလေး တစ်ခုပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...