Part 45

3.2K 315 2
                                    

အခန္း

Part 35

အခန်း - ၄၅
သူ့မရဲ့ အတိတ်ဘဝမှာ နန်းတွင်းထဲမှာ နေခဲ့ရတဲ့ အချိန်တွေ
အရမ်းပိုများခဲ့တယ်။ သူမ နေ့ရက်တွေကို ပိုပြီး အဓိပ္ပာယ်ရှိအောင် နေထိုင်နိုင်ဖို့
ကြိုးစားရင်း ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ကျန်းချွမ်နဲ့ မင်းသားရှစ်တို့က
သူမကို အစီအစဉ်အကြောင်း‌တွေ ပြောလိုက်တိုင်း သူမက အဲ့အကြောင်းတွေကို
အိပ်မရတဲ့ ညတွေမှာ ခဏခဏ ပြန်ပြီးတွေးခဲ့တယ်။ ရှန်းအိမ်တော်ရဲ့ နေရာတွေက
သူမရဲ့ မှတ်ဉာဏ်ထဲက ဟာတွေနဲ့ တစ်ပုံစံတည်းပဲ။ ဒါ့ကြောင့် ဒီနေ့ သူက
အေးအေးဆေးဆေး သွားလာနိုင်တာဖြစ်တယ်။
ဘေးကို ကွေ့လိုက်ပြီး စင်္ကြံလမ်းအရှည်ကြီးကို ဖြတ်သွားတော့ သူမက
လမ်းလွှဲဘက်ကနေ လျှောက်လိုက်ပြီး ဉယျာဉ်နောက်ဘက်ကို ဝင်လိုက်တယ်။
ပြီးတော့ ဘေးမှာရှိတဲ့ အခန်းငယ်လေးကို သွားလိုက်ပြီး တံခါးကို
တွန်းဖွင့်လိုက်ပြီး ဝင်လိုက်တယ်။
အခန်းက ရိုးရိုးရှင်းရှင်းလေးပဲ။ အချိန်အကြာကြီး သုံးထားတဲ့
စာကြည့်ခန်းလိုမျိုးပဲ။ အဲ့မှာ ခရီးသွားစာစောင်တွေ အများကြီးကို
စာကြည့်စားပွဲပေါ်မှာ ဖြစ်ကတက်ဆန်း တင်ထားတယ်။ ကျန်းယွမ်က
စာကြည့်စားပွဲကို ဘေးရွှေ့လိုက်တယ်။ နံရံပေါ်မှာ နှင်းတွေ အုံ့နေတဲ့ ဝါးရုံပုံ
ပန်းချီကားကို ချိတ်ထားတယ်။ သူမ ခဏလောက် စိုက်ကြည့်လိုက်ပြီး
ပန်းချီကားကို မလိုက်တယ်။ ပန်းချီကားနောက်မှာ ချောမွေ့တဲ့ နံရံကို
တွေ့လိုက်ရတယ်။
ကျန်းယွမ်က နံရံကို ထိပြီး ဖြည်းဖြည်းချင်း ရှာလိုက်တယ်။
ခဏကြာတော့ သူ တစ်ခုခုပေါ်ကို ဖိမိသွားတယ်။ ချက်ခနဲ အသံကြားလိုက်ရပြီး
နံရံက အနောက်ကို ဝင်သွားပြီး လျှို့ဝှက်အခန်းလေးတစ်ခန်း ပေါ်လာတယ်။
သူမ ခဏရပ်လိုက်ပြီး အဲ့လျှို့ဝှက်အခန်းထဲက အဝတ်အိတ်လေးကို
ယူလိုက်တယ်။ သူမလက်ထဲက အဝတ်အိတ်က နည်းနည်းလေးပြီး စာအုပ်လိုမျိုး
အရာတစ်ခုခုပါတယ် ထင်တယ်။ ကျန်းယွမ် ပြုံးလိုက်တယ်။ ဒါက
လက်ထောက်ဝန်ကြီးရှန်းအိမ်မှာ သိမ်းထားတဲ့ ရှန်းအိမ်တော်ရဲ့

အထူးငွေစာအုပ်ပဲ။
အရာရှိလောကထဲက ဘယ်အရာရှိမဆို သူတို့ရဲ့ နေစဉ်ဆောင်ရွက်တဲ့
အလုပ်တွေမှာ တစ်ခါတစ်လေ လာဘ်ပေးပြီး အချို့ ဆက်ဆံရေးတွေကို
ကောင်းမွန်အောင် စီစဉ်ရတယ်။ ငြိမ်းချမ်းနေတဲ့ ကာလမှာ
အရာရှိတစ်ယောက်က အထက်အရာရှိတွေကို မက်လုံးပေးမှာ သေချာပေါက်ပဲ။
အဲ့တော့ ဒီလို ပိုက်ဆံတွေ အများကြီး ရှိတာ မဆန်းပါဘူး။
လက်ထောက်ဝန်ကြီး ရှန်းက ဒီကိစ္စတွေကို ရှန်းသခင်မကို စီမံခိုင်းခဲ့တယ်။
ရှန်းသခင်မအနေနဲ့ ဒီငွေစာအုပ်ကို အခြားနေရာတွေမှာ မဖွက်ဘဲ လူတွေ
မထင်ထားနိုင်တဲ့ ဒီလို  ပြစ်ထားတဲ့ စာကြည့်ခန်းထဲမှာပဲ ဖွက်ခဲ့တယ်။
ဒါကြောင့် ဒီလို ပန်းချီကားနောက်မှာ ဖွက်ထားခဲ့တယ်။ ဒီမှာ လျှို့ဝှက်နေရာ
ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ဒါပေမဲ့ သူမရဲ့ အတိတ်ဘဝမှာ မင်းသားရှစ်က သူ့ကို
သီးသန့်တွေ့တုန်းမှာ ဒီနေရာကို ပြခဲ့တယ်။ လက်ထောက်ဝန်ကြီးရှန်းကလည်း
ကျန်းချွမ်နဲ့ တစ်ဖွဲ့တည်းဆိုပေမဲ့ နောက်ကျ ဘာအကြောင်းကြောင့် ဆိုတာ
မသိဘဲ အတွေးတွေ မတူကြတော့ဘူး။ ဒါ့အပြင် ကျန်းချွမ်က
လက်ထောက်ဝန်ကြီးရှန်းကို ဆန့်ကျင်နိုင်တဲ့ အကြောင်းတစ်ခုခုရှိလို့ ဒါကို
ဂရုမစိုက်ခဲ့ဘူး။ ဒီငွေစာအုပ်က ကျန်းယွမ်ရဲ့ လက်ထဲ ဘယ်လိုရောက်သွားလဲ သူမ
မသိခဲ့ဘူး။ ဒီ ငွေစာအုပ်တွေသာ ဖော်ထုတ်ခံရရင် ပါဝင်တဲ့
ထိပ်တန်းအရာရှိတွေက အများကြီးပဲ။ ပြီးတော့ အဲဒါက မြို့တော်ထဲမှာ
ကသောင်းကနင်းတွေ ဖြစ်ကုန်မှာ သေချာတယ်။ဘာဖြစ်ဖြစ် ဒီစာအုပ်နဲ့ကို
သူမရခဲ့တော့ ဒီနေ့ ဒီကို လာခဲ့တာ အကျိုးမယုတ်တော့ဘူး။
ကျန်းယွမ် အိတ်ကို သူ့ရဲ အဝတ်ထဲကို သိမ်းလိုက်တယ်။ ဒါပေမဲ့ သူမ
နောက်ကို လှည့်လိုက်တာနဲ့ သူမ အံ့အားသင့်သွားတယ်။အခန်းထောင့်မှာ
သူမကို စိုက်ကြည့်နေတဲ့ သူကို သူမတွေ့လိုက်ရတယ်။ သူ့ရဲ့ မျက်ဝန်းတွေထဲမှာ
နားလည်ရခက်တဲ့ ခံစားချက် အချို့ကို တွေ့ရတယ်။
သူမ သေချာကြည့်လိုက်တော့ အဲ့လူက ဝတ်ရုံနက်ဝတ်ထားပြီး အေးစက်ပြီး ပြတ်သားတဲ့ ပုံစံရှိတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူ့ရဲ့ ပုံက
ရှင်းမပြနိုင်ပေမဲ့ ရင်းနှီးသလိုဖြစ်နေတယ်။ သူက သူမ ဘုရားကျောင်းမှာ
မတော်တဆတွေ့ခဲ့ရတဲ့ ဝတ်ရုံနက်လူငယ်နဲ့ ကွက်တိတူနေတယ်။ ဒါပေမဲ့ သူမက ဒီနေ့
သူ့ကို ဒီနေရာမှာ ထပ်တွေ့ရမယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါက သူမအတွက်
ကောင်းတာလား ဆိုးတာလားဆိုတာ မသေချာဘူး။
ကျန်းယွမ်သူ့ကို သတိထားပြီး ကြည့်လိုက်ပေမဲ့ တစ်ဖက်က သူမရဲ့
ရင်ဘတ်ကို ပဲ စိုက်ကြည့်နေတယ်။ ကျန်းယွမ် နည်းနည်း စိတ်တိုလာတဲ့ အချိန်မှာ
သူမ ရုတ်တရက် တစ်ဖက်က ပြောတာကို ကြားလိုက်ရတယ်။
“ငွေစာအုပ်”
ဒီတော့ သူက သူမရဲ့ အင်္ကျီရင်ဘတ်က ငွေစာအုပ်ကို ကြည့်နေတာပေါ့။
ကျန်းယွမ်က နည်းနည်း ကြောင်သွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“နင်က ငွေစာအုပ်ကို လိုချင်တာလား”
ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ ဒီလူကလည်း ငွေစာအုပ်ကို
လိုချင်နေတာပဲလား။ သူက ရှန်းအိမ်တော်နဲ့ တစ်ဖွဲ့တည်း မဟုတ်လောက်ဘူး။
ကျန်းယွမ်ခဏလောက် အသက်ရှူရပ်သွား သလိုပဲ။ ပြီးတော့ ငွေစာအုပ်ကို
ထုတ်လိုက်ပြီး သူ့ဆီကို ပစ်ပေးလိုက်တယ်။ ဝတ်ရုံနက်လူငယ်က လက်မြှောက်ပြီး
ဖမ်းလိုက်တယ်။ ပြီးတော့ သူမကို လေးလေးနက်နက် စိုက်ကြည့်လိုက်တယ်။ သူ့ရဲ့
မျက်နှာထားက အရင်ကနဲ့ အတူတူပဲ။ သူ့ရဲ့ ခံစားချက်တွေကို မဖတ်နိုင်အောင်
လုပ်ထားသလိုပဲ အေးစက်ပြီး အသက်မပါဘူး။
သူမရဲ့ စိတ်ထဲမှာ ကျန်းယွမ် လွတ်လပ်ပြီး စိတ်အေးသလို ခံစားရတယ်။
တကယ်က သူမက ရှန်းအိမ်တော်ကို ပြဿနာပေးမလို့ ဆိုပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်
ကျန်းလီကို ပြဿနာထဲကို ပို့လိုက်သလိုပဲ။ ဒါပေမဲ့ အဲဒါကို တကယ်လုပ်ဖြစ်ရင် ဒီလို
ပစ္စည်းမျိုးကို သူ့ဆီမှာ သိမ်းထားရတာကလည်း သူမ အတွက် အန္တရာယ်
အရမ်းများပါတယ်။ အခုအချိန်မှာ သူမရဲ့ အခြေအနေနဲ့ဆိုရင် ကိစ္စတွေ
အများကြီးထဲကို ပါဝင်ပတ်သက်နေရင် အဆင်မပြေဘူး။ ဒီလူက ရှန်းအိမ်တော်နဲ့
ရင်ဆိုင်ချင်တယ်ဆိုတော့ သူ့ကို ဘာလို့ မလုပ်ခိုင်းရမှာလဲ။ ရှန်းအိမ်တော်ရဲ့ အဆင်ပြေနေတဲ့ နေ့‌လေးတွေ ကုန်ဆုံးသွားတာကို သူမ ဘေးကနေ
ကြည့်နိုင်သေးတာကိုပဲ သူမ ပျော်နေတယ်။
ဝတ်ရုံနက်လူငယ်က အခန်းထဲမှာ ရပ်နေတုန်းတောင် ကျက်သရေရှိနေတယ်။
သူက ပြောမပြ တတ်လောက်အောင် သားနားတဲ့ အလွှာတစ်ခုက
လွှမ်းခြုံထားသလိုပဲ။ မသေချာပေမဲ့ သူ့ရဲ့ ရုပ်ဖြောင့်ပြီး ရဲရင့်တဲ့ပုံစံက
ထူးထူးခြားခြား မြင့်မြတ်တဲ့ အငွေ့အသက်ရှိ သလိုပါပဲ။
သေချာတွေးကြည့်လိုက်ပြီး ကျန်းယွမ် သိချင်မိသွားတယ်။ သူက ဒီလူရဲ့
အကြောင်းကို သေချာမသိပေမဲ့ သူ့ခေါင်းအစ ခြေအဆုံး ပင်ကိုယ်
ကျက်သရေရှိမှုက ထွက်ပေါ်နေပြီး သူ့ရဲ့ အကြောင်းကို တကယ်
လျှို့ဝှက်ဆန်းကြယ်စေတယ်။ အဲ့နေ့ညက သူ့ဆီမှာ လူသတ်ချင်တဲ့ အငွေ့အသက်
မရခဲ့တာ တော်ပါသေးတယ်။ ပြီးတော့ သူက သူမကို ရန်ပြုမယ့် ဆန္ဒလည်း
ရှိပုံမရပါဘူး။ ဒါ့ကြောင့် ဒါက သူမ ကံကောင်းသွားခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ဒီလို အခြေအနေတွေနဲ့ နှစ်ခါတောင်တွေ့တာဆိုတော့
သူ့ကို ရင်းနှီးတဲ့ သူလို့ မှတ်လို့ရပါတယ်။ သူမ ကလဲ့စားချေဖို့ တစ်ခုခုလုပ်တိုင်း
သူက ပေါ်လာတယ်။ ဒါက ဘယ်လို ကံကြမ္မာလဲတော့ သူမမသိဘူး။
ငွေစက္ကူစာအုပ်က တခြားသူလက်ထဲ ရောက်သွားပြီဆိုတော့ သူ့အတွက်
အကျိုးမရှိတော့လို့ ကျန်းယွမ် ဒီမှာ ဆက်နေစရာ အကြောင်းမရှိတော့ဘူး။
သူက ထွက်သွားတော့မယ့် အချိန်မှာ တဖက်က တိတ်ဆိတ်စွာနဲ့ အဲ့နေရာမှာပဲ
မလှုပ်မရှားရပ်နေသေးတယ်။ ကျန်းယွမ်က တံခါးကို ဖွင့်လိုက်ရင်း တစ်ခုခုကို
သတိရသွားတဲ့ ပုံနဲ့
“ရှန်းအိမ်တော်ရဲ့ မီးဖိုချောင်ရဲ့နောက်က ထင်းသိုလှောင်ခန်းထဲမှာရယ်၊
ရှန်းမင်ကျန်းရဲ့ ခြံနောက်ဘက်က ကျိုင်းပင်အောက်မှာရယ်၊ အိမ်တော်ရဲ့
ဉယျာဉ်ထဲက ရေကန်ဘေးက ကျောက်တုံးတွေ အောက်မှာရယ်၊ ဒီနေရာတွေမှာ
ပစ္စည်းကောင်းတွေ ရှိတယ်။ လက်ထောက်ဝန်ကြီး ရှန်းရဲ့ စာကြည့်ခန်းထဲက
အိပ်ယာအောက်က ခင်းပျဉ်အောက်မှာ လျှို့ဝှက် လမ်းကြောင်းရှိတယ်။
အဲ့ထဲမှာ တန်ဖိုးရှိတာတွေ အများကြီးရှိသေးတယ်။ ဒါတွေက ရှင့်ကို စိတ်ကျေနပ်စေလိမ့်မယ်လို့ ကျွန်မထင်ပါတယ်”
ဝတ်ရုံနက်လူငယ်ရဲ့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။
ဒါပေမဲ့ကျန်းယွမ်က အေးအေးဆေးဆေး တံခါးကို တွန်းပြီး
အပြင်ထွက်ခဲ့တယ်။ ကျန်းယွမ် ထွက်သွားတာနဲ့ မျက်နှာကျက်ပေါ်ကနေ
လူတစ်ယောက်ဆင်းလာပြီး ဝတ်ရံနက်လူငယ်ကို အရိုအသေပေးလိုက်ပြီး
ပြောလိုက်တယ်။
“သခင် အဲ့မိန်းကလေးရဲ့စကားတွေက ယုံချင်စရာ မကောင်းပါဘူး”
“ကျန်းအိမ်တော်က တရားဝင်သမီးကြီး”
မျက်လုံးမှေးတွေနဲ့ သူ့ရဲ့ မျက်တောင်ရှည်တွေက ခံစားချက်တွေကို
ဖုံးကွယ်ထားတယ်။ သူက အေးစက်စွာ ပြောလိုက်တယ်။
“သေသေချာချာ စုံစမ်းလိုက်”
ကျန်းယွမ် အခန်းထဲကနေ ထွက်လာတော့ သူမ သက်ပြင်းချလိုက်တယ်။
အခန်းထဲက လူရဲ့ အကြောင်းက အရမ်း အန္တရာယ်များတယ်။ ဒါပေမဲ့ အဲဒါ
သူမအတိတ်ဘဝမှ သင်ထားခဲ့တဲ့ အတွက် အကျင့်ဖြစ်ရုံပဲ။ အခန်းထဲက လူက
မင်းသားတစ်ယောက်လို နေခဲ့တာနေမယ်။ သူရဲ့ အရိုးထဲကနေ သူက
မွေးကတည်းက ကျက်သရေရှိတာနေမှာ။ သူမ ထင်တာသာ မမှားရင် သူက
ကောင်းကင်ဘုံ မိသားစုက ဖြစ်နိုင်တယ်။
ဒီလိုလူမျိုးနဲ့ ဒီလို မပြတ်သားတဲ့ ဆက်ဆံရေးရှိရတာ မိုက်မဲတာပါပဲ။
ဒါပေမဲ့ ကျန်းယွမ်က ရှန်းအိမ်တော်ရဲ့ လျှို့ဝှက်ချက်တွေကို သူ့ကို
ပေးဖြစ်အောင်ပေးလိုက်သေးတယ်။ သူမရဲ့ စိတ်ထဲမှာ သူမ
ပေးချင်ခဲ့တယ်ဆိုတာ သူမသိခဲ့တယ်။ သူမကိုယ်သူမ နေ့တိုင်း တည်ငြိမ်ဖို့နဲ့ စိတ်ရှည်ဖို့
သတိပေးခဲ့ပေမဲ့ ဒါတွေ အကုန်ပြီးရင် သူမရဲ အတိတ်ဘဝက မကျေနပ်ချက်တွေက
သူမရဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ အပြုအမူတွေဆိုတာကို သိသာစေခဲ့တယ်။
ရန်သူရဲ့ ရန်သူက သူမရဲ့ မိတ်ဆွေ ဖြစ်နိုင်တယ်။ သူက ရှန်းအိမ်တော်နဲ့
ရင်ဆိုင်ချင်မှတော့ သူက ကျန်းချွန်နဲ့လည်း ရင်ဆိုင်ရမှာပဲ။ ဒီကိစ္စက ဘာပဲဖြစ်ဖြစ်
အကုန်လုံးက သူမ မျှော်လင့်ထားတဲ့အတိုင်း သူတို့ အပေါ်ပဲ ကျမှာပဲ။

မုန်းမာန်ဖွဲ့ ရန်ငြိုးDonde viven las historias. Descúbrelo ahora