unicode
Part 46
အခန်း - ၅၆
လက်ထောက်ဝန်ကြီးရှန်းရဲ့ အိမ်တော်ကနေ နောက်ဆုံး ထွက်ခွာခဲ့တဲ့ ကိစ္စလိုပဲ ပွဲတော်ကို တက်ရောက်ကြတဲ့ အမျိုးသမီးငယ်အများစုက မြို့တော်ရဲ့ အရာရှိတွေရဲ့ သမီးတွေပဲ။ ဒီနေ့ လူတော်တော်များများအတွက် ဒါက ကျန်းအိမ်တော်ရဲ့ သမီးကြီးကို ပထမဆုံး တွေ့ဖူးတာပဲ။ ကျန်းအိမ်တော်က ကျန်းစုစုက သူမရဲ့ အရည်အချင်းနဲ့ နတ်သမီးလို အလှအတွက် အမြဲချီးမွမ်းခံခဲ့ရတယ်။ ဒါ့ကြောင့် သူတို့တွေက နယ်မှာ ကြီးပြင်းခဲ့တဲ့ ဒီအမျိုးသမီးငယ်လေး အကြောင်းကို သိချင်စိတ် ပြင်းပြနေကြတယ်။ သူမမှာ ခမ်းနားထည်ဝါပြီး ချစ်စရာကောင်းတဲ့ အသွင်အပြင်မျိုး ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူကထင်မှာလဲ။
ကျင်းဆောင်းလှေနဲ့ လင်းလောင်လှေတို့က ကပ်ရပ်ရှိနေကြတယ်။ လှေနှစ်စင်းလုံးက ဆိပ်ခံတံတားမှာ ကြိုးနဲ့ ဆွဲထားကြတယ်။ ကျန်းအမျိုးသမီးငယ်လေးတွေရဲ့ ကမ်းခြေကနေ လှေပေါ်ကိုတက်တဲ့ လှုပ်ရှားမှုတိုင်းကို ကျင်းဆောင်းလှေပေါ်ကလူတိုင်း တွေ့နေရတယ်။ ကျန်းတန်နဲ့ ကျန်းလီတို့က နဂိုကတည်းက ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသမီးရဲ့ အလှကြောင့် လျစ်လျူရှူခံထားရတယ်။ အရင်တုန်းက အကြည့်တွေ အားလုံးက ကျန်းစုစုအပေါ်မှာပဲ ရှိခဲ့ပေမဲ့ ဒီညမှာတော့ ကျန်းယွမ် အပေါ်မှာပဲ ရှိနေတယ်။
ကျင်းဆောင်းလှေပေါ်မှာ မြင့်မြတ်တဲ့ အရာရှိမိသားစုက ဘရိုကိတ်ကို ဝတ်ဆင်ထားတဲ့ သခင်လေးက ပြောလိုက်တယ်။
"မြို့တော်က မိန်းမလှလေးနဲ့ ကျေးလက်က မိန်းမလှလေး"
ကျန်းယွမ်က တည်ငြိမ်စွာ လမ်းလျှောက်လာတယ်။ ဒါပေမဲ့ အဲဒါက တစ်နည်းနည်းနဲ့ အထင်နဲ့အမြင်တခြားစီဖြစ်နေသလို ခံစားရတယ်။ သူမရဲ့ အတိတ်ဘဝမှာ သူမက ဒီလိုပဲ လင်းလောင်လှေထဲကို တက်ခဲ့တာ ဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ အခုလို အံ့အားသင့်စရာကောင်းတဲ့ အကြည့်တွေ မရရှိခဲ့ဘူး။ အဲ့အချိန်တုန်းက သူတို့ရဲ့ မျက်လုံးတွေက အဆင့်နိမ့်တဲ့လူတစ်ယောက် အထက်တန်းစားတွေရှိတဲ့ နေရာကို ပထဆုံးရောက်လာသလို သရော်မှုတွေ၊ လှောင်ပြောင်မှုတွေနဲ့ ပြည့်နှက်နေတယ်။ ဒီဘဝမှာတော့ ဘာလို့ ဒီလိုမျိုး ဖြစ်နေတာလဲ။
သူမက သူမရဲ့ အတိတ်ဘဝမှာ ကျန်းစုစုနဲ့ ရှယန်က သူမကို နေ့တိုင်း နှိပ်စက်တယ်။ ဒါ့အပြင် ကျေးလက်မှာလည်း သူမက နှစ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရတာက သူမကို သိမ်ငယ်စေပြီး ရှက်တတ်တဲ့ ကောင်မလေး ဖြစ်စေခဲ့တယ်။ ကျန်းအိမ်တော်ကို ပြန်လာတော့ ရှယန်က သူမ တုံးအတာကို အခွင့်ကောင်းယူပြီး သူမကို ကောင်းကောင်းဆက်ဆံသလို ဟန်ဆောင်ခဲ့တယ်။ တကယ်တော့ အဲဒါက သူမကို ကောင်းကောင်းအသုံးချနေတာပဲ။ သူမက သူမကို စာဖတ်တတ်ဖို့နဲ့ ကုချင်းတီးတတ်ဖို့အတွက် ဆရာခေါ်မပေးခဲ့သလို သူမကို မိန်းကလေးတွေ ပြုမူသင့်တဲ့ အပြုအမူတွေကိုလည်း မသင်ပေးခဲ့ဘူး။ ပြီးတော့ သူမကို ကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို မသင်ပေးဘဲ ထားထားခဲ့တယ်။ စည်းကမ်းနဲ့ ကျင့်ဝတ်တွေ ကျင့်သုံးကြတဲ့ မြို့တော်က မြင့်မြတ်တဲ့ မိသားစုတွေ အတွက် သူမက ရယ်စရာကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။
ရုပ်ရည်အပြင် ကိုယ်ကျင့်တရားနဲ့ အကျင့်တွေမှာလည်း သူမက ကောင်းတယ်။ ဒါပေမဲ့ သူမရဲ့ အတိတ်ဘဝမှာ သူမက ရှက်ပြီး နှိမ့်ချတယ်။ သူမရဲ့ အသွင်အပြင်က ဘယ်လောက်လှနေပါစေ ဒီလို အကျင့်မျိုးနဲ့ဆိုရင် သူမက သူမမျှော်လင့်ထားသလို မရှင်သန်နိုင်ဘူး။
နောက်ပိုင်း နန်းတွင်းထဲမှာ သူမကို အချိုးကျတဲ့ စစ်တုရင် အရုပ်အဖြစ် ပုံသွင်းဖို့ မင်းသားရှစ်က သူမကို ကုချင်းတီးတတ်ဖို့ ကြိုးကြိုးစာစား ကျင့်ခိုင်းတယ်။ အဲ့လိုပဲ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီကိုလည်း ကြိုးကြိုးစားစား သင်ခိုင်းတယ်။ ကံမကောင်းစွာနဲ့ အဲ့မှာရှိတဲ့သူတွေက သူမရဲ့ အပြုအမူတွေကို အငြိုးထားတဲ့ မျက်လုံးတွေနဲ့ စစ်ဆေးပြီးတော့ အမှားသေးသေးလေးတွေကိုတောင်မှ အပြစ်လိုက်ပြောနေတယ်။ သူမရဲ့ အတိတ်ဘဝက သင်ခန်းစာတွေရဲ့ သွေးတွေ ချွေးတွေက သူမကို နားလည်ရခက်တဲ့လေထုကို ပေးခဲ့တယ်။ အခု သူမရဲ့ တည်ငြိမ်တဲ့ လှုပ်ရှားမှုတွေနဲ့ ကျက်သရေရှိတဲ့ အသွင်အပြင်က လူတွေရဲ့ အကြည့်ကို အလိုအလျောက်ဆွဲဆောင်ခဲ့တယ်။
ကျန်းစုစုရဲ အပြုံးက နွေးထွေးနေသေးပေမဲ့ သေသေချာချာ အကဲခတ်နေတယ်။ အဲ့အောက်က ခက်ထန်မှုကို တွေ့ဖို့က မခက်ပါဘူး။
လန်ချောင်နဲ့ ပိုင်ကျီတို့ နှစ်ယောက်လုံးက ကျန်းယွမ်နောက်မှာ ရပ်နေပြီး မျက်မှောင်ကြုတ်သွားတယ်။ ကျန်းယွမ်က ညင်သာစွာ ပြုံးလိုက်တယ်။ ကျန်းစုစုက ငယ်သေးပြီးတော့ အဲ့ခံစားချက်ကို ဘယ်လို ချုပ်တည်းရမှန်း မသိသေးဘူး။ ဒါပေမဲ့ သူ့အရွယ်က အခြားကောင်မလေးတွေထက်စာရင် သူမက လျို့ဝှက်တဲ့ စိတ်ထားနဲ့ ယှဉ်ပြိုင်လိုစိတ်ရှိပြီးတော့ ပွဲတိုင်းကို အနိုင်ရချင်တယ်။ ဒါ့ကြောင့် သူမက သူမရဲ့ အခြေအနေကို ထိပါးလာရင် သူမက ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူး။
သူမက တစ်ယောက်တည်း ကျန်ခဲ့တယ်။ ကျန်းဆောင်းလှေပေါ်က လူတွေ အကုန်လုံးက အဲဒါကို သေသေချာချာ တွေ့လိုက်ရတယ်။ အဲ့လူတွေထဲက သခင်လေးတစ်ယောက်က စိတ်ဆိုးစွာနဲ့ ပြောလိုက်တယ်။
"သူတို့ ဒီလို ချစ်စရာကောင်းတဲ့ ကောငမလေးတစ်ယောက်ကို ဘယ်လိုတောင် အနိုင်ကျင့်နိုင်ကြတာလဲ။ ဒီအမျိုးသမီးတွေ တော်တော် လွန်သွားပြီ"
အဲ့အချိန်မှာပဲ နောက်ထပ် သခင်လေးတစ်ယောက်က ပြောလိုက်တယ်။
"ဟုတ်တယ်။ ဒါကတော့ တော်တော်များသွားပြီ။ ထုံးတမ်းအစဉ်အလာတွေသာ မရှိခဲ့ရင် သူမကို ကျွန်တော့်နားမှာ ထိုင်ဖို့ မေးလိုက်ချင်တယ်"
ဒါပေမဲ့ သူတစ်ယောက်တည်း သူမအပေါ်ကို အဲ့လို သနားတဲ့ ခံစားချက်ထားတာ မဟုတ်ဘူး။ ကျန်းယွမ် မဆုံးဖြတ်ခင်မှာပဲ လင်းလောင်လှေပေါ်မှာ သူမ ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။
"ကျန်းယွမ် ဒီကိုလာ"
သူမ လှဉ့်ကြည့်လိုက်တော့ အဲဒါ တကယ်ပဲ လင်ဇီရှန်း ဖြစ်နေတယ်။
ကျန်းယွမ်က သူမဘေးကို သွားပြီး ထိုင်လိုက်တယ်။ လင်ဇီရှန်းက သူမကို သေချာကြည့်လိုက်တယ်။ ပြီးတော့ ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
"နင်က နင့်ညီမထက်တောင် ပိုလှနေသေးတယ်။ အနီရောင်က သူမရဲ့ ကြောင်သူတော်အဖြူရောင်ထက် ပိုပြီး ကြည့်လို့ကောင်းတယ်"
ကျန်းယွမ် ဆွံ့အသွားတယ်။ လင်ဇီရှန်းက သူမရဲ့ လက်ကို ဆွဲလိုက်ပြီး ဘေးဝိုင်းမှာ ထိုင်နေတဲ့ သူတွေကို ပြောလိုက်တယ်။
"ဒါက ဝန်ကြီးချုပ်ကျန်းရဲ့ အိမ်တော်က မိန်းကလေးကျန်းယွမ်လေ။ သူမက ကျန်းစုစုရဲ့ မမ"
လှေပေါ်မှာ အဖွဲ့လေးတွေ အများကြီးရှိတယ်။ မြင့်မြတ်တဲ့ မိသားစုက အချင်းချင်းသိကြတဲ့ အမျိုးသမီးငယ်လေးတွေက စားပွဲအတူတူထိုင်ကြတယ်။ လင်ဇီရှန်းက စောစောတုန်းက ရှန်းအိမ်တော်မှာ တစ်ယောက်တည်းနေနေပေမဲ့ သူမမှာ သူမသူငယ်ချင်းတွေထိုင်တဲ့ မြို့တော်ရဲ့ အမျိုးသမီးငယ်လေးတွေ စားပွဲဝိုင်း ရှိတယ်။ လင်ဇီရှန်းက သူမကို မိတ်ဆက်ပေးလိုက်တယ်။
"ဒါက စစ်ဆေးရေးဝန်ကြီးရဲ့ အိမ်တော်က မိန်းကလေးတုန်၊ ဟန်လင်းကျောင်းတော်က တရားရေးဝန်ကြီး မိန်းကလေးရှူ ၊ တပ်ရင်းဗိုလ်ချုပ်ရဲ့ အိမ်တော်က မိန်းကလေးဝမ်၊ လက်ထောက်ထိပ်တန်းအရာရှိရဲ့သမီး မိန်းကလေးကျောက်"
စစ်ဆေးရေးဝန်ကြီး မိသားစုက တုန်ရင်းအာက လှပပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးရှိတယ်။ သူမက ပြောလိုက်တယ်။
"ဒီတော့ နင်က ကျန်းယွမ်ပေါ့။ အခုလေးတင် ငါနင့်ရဲ့ ကြောင်တောင်တောင် အမူအရာလေးကို ကြည့်နေတာ။ ကမ္ဘာပေါ်မှာလည်း ဒီလို အရမ်းလှတဲ့ မိန်းကလေး ရှိသေးတာပဲ"
သူမရဲ့ စကားလုံးတွေက မြှောက်လုံးပင့်လုံးတွေမရှိဘဲ အပြစ်ကင်းပြီး ပွင့်လင်းတယ်။ အဲဒါက လူတွေကို သူမအပေါ်ကို ကောင်းတဲ့ သဘောထား ဖြစ်ပေါ်စေတယ်။ ဝမ်ဖေးဖေးနဲ့ ကျောက်ကျင်းကျွမ်းတို့ နှစ်ယောက်စလုံးက စစ်တပ်မိသားစုကပဲ။ ပြီးတော့ သူတို့ရဲ့ အပြုအမူတွေက သူရဲကောင်းဆန်တဲ့ အမူးအရာကို ဖော်ပြနေတယ်။ ကျောက်ကျင်းကျွမ်းက ရယ်ပြီး ပြောလိုက်တယ်။
"ငါသာ ယောက်ျားလေးဆိုရင် ငါနင့်ရဲ့ အိမ်တော်ကို မနက်ဖြန်ကျရင်လာပြီး လက်ထပ်ခွင့်တောင်းမှာ"
"တကယ်ပြောတာ"
ဝမ်ဖေးဖေးကလည်း ပြောလိုက်တယ်။
"နင်က တော်တော်လှတာပဲ။ နောက်နှစ်နည်းနည်းကြာရင် မြို့တော်က မိန်းကလေးတွေက အပြင်ထွက်ရဲကြမှာ မဟုတ်တော့ဘူး"
ကျန်းယွမ်ကလည်း ပြုံးလိုက်တယ်။
"ဒီမမတို့ကတော့ ညီမလေးကို ရှက်အောင် လုပ်နေပါပြီ။ ဒီနေ့ ညီမလေး အမြင်ကျယ်သွားပါပြီ။ မြို့တော်ထဲမှာ မိန်းမလှလေးတွေ အများကြီး ရှိတာပဲ။ တကယ်လို့ ညီမလေးသာ ယောက်ျားလေးဖြစ်ရင် ညီမလေးလည်း မမတို့ကို လက်ထပ်ပြီး လူတွေဆီကနေ ဖွက်ထားမိမှာ"
စားပွဲဝိုင်းတစ်ခုလုံး ရယ်လိုက်ကြပြီး ပျော်ရွှင်နေကြတယ်။ လင်ဇီရှန်းက ရှုရုန်ရှီကို ကြည့်လိုက်တယ်။
"နင်ကဘာလို့ စိတ်မကောင်းဖြစ်တဲ့ပုံ ပေါ်နေတာလဲ"
ရုန်ရှီက ဟန်လင်းကျောင်းတော်ရဲ့ ပညာတော်သင်ရဲ့ သမီးကြီးဖြစ်တယ်။ သူမက မြင့်မြတ်ပြီး ဂုဏ်ယူတတ်တဲ့ သူဖြစ်တယ်။ သူမ ပြောမလို့ ဟလိုက်တဲ့ အချိန်မှာ အပြင်ကနေ အသံတစ်သံကြားလိုက်ရတယ်။
"ကျန်းရင်ဝမ် ရောက်လာပြီ။ မင်းသားရှစ်ရောက်လာပြီ"
ရုန်ရှီရဲ့ တက်ကြွမှုက ချက်ချင်း ပြည့်ဝလာပြီး သူမရဲ့ မျက်နှာက နီရဲလာတယ်။ တစ်ဖက်မှာလည်း ကျန်းယွမ်က သူမရဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းနေရပြီး လက်ဖက်ရည်ကို မှောက်မကျအောင် ထိန်းနေရတယ်။
သူမက လူအုပ်ကြည့်နေတဲ့ ကမ်းခြေဘက်ကို လိုက်ကြည့်လိုက်တော့ အင်္ကျီဖြူဝတ်ထားတဲ့ သူအမြန်လာနေတာကို တွေ့လိုက်တယ်။ အဲ့လူက ယဉ်ကျေးပြီး ရည်မွန်တဲ့ပုံပေါ်တယ်။ ပြီးတော့ သူမရဲ့ အတိတ်ဘဝတုန်းကလိုပဲ သူက ပိန်ပြီးတော့ ကြည့်ကောင်းနေတုန်းပဲ။ သူ့ရဲ့ မျက်နှာက လှေတွေဆီကို လျှောက်လာတုန်း ပြုံးနေတယ်။ မြစ်ရေက သလင်းကျောက်လို ကြည်လင်နေပြီး ရောင်ပြန်ဟပ်နေတယ်။ သူငယ်ချင်းဟောင်းတွေက လာနေတာကို ထပ်တွေ့ရတာ ဒီညလေးက ထူးခြားပြီးတော့ ကြည့်ရတာ ပင်လယ်ပြာကြီးက ပိုးစာပင်လယ်ကွင်းကြီး အဖြစ် ပြောင်းလဲသွားသလိုပဲ။
လင်းလောင်လှေပေါ်က စကားပြောသံတွေနဲ့ ရယ်မောသံတွေက ရပ်တန့်သွားပေမဲ့ ရှုရုန်ရှီရဲ့ အကြည့်က မင်းသားရှစ်ဆီကနေ ရွေ့မသွားဘူး။ မင်းသားရှစ်နောက်ကလူက ခေါင်းကနေခြေအထိ အနက်ရောင်တွေဝတ်ထားတယ်။ သူ့ရဲ့ ဘရိုကိတ်အင်္ကျီက ရွှေရောင် ကျိလင်တွေနဲ့ ပန်းထိုးထားတယ်။ သူက ကျောက်စိမ်းခါးပန်းဝတ်ထားပြီး အစိမ်းရင့်ရောင် ဖိနပ်ဝတ်ထားတယ်။ အဲ့လူငယ်က ကြော့ရှင်းပြီး ထူးချွန်တယ်။ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်က ကြီးစိုးနေတယ်။ သူရဲ့ အကြည့်တွေက နှင်းသမျှ အေးစက်နေပြီး သူရဲ့ လှုပ်ရှားပုံက ရွေ့နေတဲ့ တိမ်တွေနဲ့ စီးဆင်းနေတဲ့ ရေလို သဘာဝအလျောက် ကျက်သရေရှိနေတယ်။ သူရဲ့ ဆွဲဆောင်မှုက မင်းသားရှစ်ထက် ပိုပြီး ပြင်းတယ်။
ရှုရုန်ရှီရဲ့ အသံက စိတ်လှုပ်ရှားမှုနဲ့ ပြည့်နှက်နေတယ်။
"အဲဒါ ကျင်းရင်းဝမ်ပဲ"
ကျန်းယွမ် မျက်တောင်ကို ပေါ့ပါးစွာ ခတ်လိုက်တယ်။သူမက ဒီဝတ်ရုံနက်လူငယ်ကို နှစ်ကြိမ်တောင် တွေ့ဖူးတယ်။ မမျှော်လင့်စွာနဲ့ သူက ထူးချွန်ပြီး ကျော်ကြားတဲ့ မြင့်မြတ်တဲ့ ကျင်းနန်းဆက်က ကျင်းရင်းဝမ်ပဲ။
paid Group/ Paid Docs ရှိပါတယ်။ Bioမွာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...