အခန်း-၂၀
နေရောင်အောက်မှာ လှပတဲ့ ပန်းချီကားတစ်ချပ်လိုမျိုး သူမက ညှို့ဓာတ်ရှိတဲ့ ပန်းရိုင်းနှယ် ခြောက်ခြားစေတဲ့ ရောင်ဝါကို ထုတ်လွှတ်ပြီး သိမ်မွေ့တဲ့ စကားကို ပြောနေတယ်။ ချန်ကျောက်က အမှတ်တမဲ့ နောက်ဆုတ်လိုက်ပြီး သူ့ရဲ့ကျောမှာ အေးစက်တဲ့ချွေးစီးတွေ ထွက်လာတယ်။
ဒါကို တုံ့ပြန်တဲ့ အနေနဲ့ ကျန်းလန်က ရယ်လိုက်တယ်။ “ဒီငတုံးက ဘယ်လို ပြောရမှန်း မသိပါဘူး။ သခင်မလေး စိတ်မပူပါနဲ့။ တစ်ခုခုဖြစ်ခဲ့ရင် သခင်ကြီးကို အားကိုးလို့ ရပါသေးတယ်။ သခင်မလေး စိတ်အားမငယ်ပါနဲ့
ကျန်းယွမ်က ဒီလူသတ်မှုကို နောက်ကနေ ကြိုးကိုင်တဲ့သူ ဖြစ်ကြောင်း ကျန်းလန်က သိသာစေတဲ့ စကားလုံးတွေ ပြောလိုက်တာ ဖြစ်တယ်။ နောက်ထပ် စကားနည်းနည်း ပြောပြီးတာနဲ့ သူမက ပြစ်မှုကို စီရင်ချက်ချစေပြီး တစ်ဖက်သားကို ခွန်းတုံ့ပြန်ဖို့ အခွင့်အရေးတစ်ခုတောင် မပေးချင်ဘူး။
“လန်မားမား ဒီလို ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တာ လန်မားမားလည်း ကျွန်မ တစ်ယောက်ယောက်ကို သတ်လိုက်တာကို မတော်တဆ မြင်မိသွားလို့လား”
ကျန်းလန် ထိတ်လန့်သွားပြီးနောက် ခြောက်ကပ်ကပ် ရယ်လိုက်တယ်။ “ဒီအစေခံအိုကြီးက မမြင်မိပါဘူး”
“အဲဒါပဲ..” ကျန်းယွမ်က နူးနူးညံ့ညံ့ ပြောလိုက်တယ်။ “လန်မားမား ရှင်စကားပြောတာကို သတိထားပါ။ ဒီကိစ္စကို မသိတဲ့သူတွေအတွက်တော့ လန်းမားမားက ကျွန်မအပေါ် အပြစ်တွေ ပုံချနေသလိုပဲ”
ကျန်းလန်က ကျန်းယွမ်ကို လှမ်းကြည့်လိုက်ပြီး သူမနှလုံးသားက တုန်လှုပ်သွားတယ်။ ကျန်းယွမ်က သူမကို အပြုံးနဲ့ ကြည့်နေပေမယ့် သူမရဲ့မျက်လုံးကိုတော့ မကြည့်ခဲ့ဘူး။ သူမရဲ့သူငယ်အိမ်က မှောင်မိုက်တဲ့ တွင်းနက်ကြီးနဲ့တူပြီး အေးစက်ပြီး လှောင်ပြောင်တဲ့ ခံစားချက်ကို သယ်ဆောင်လာတယ်။
အဲဒီအချိန်မှာ ရဲမက်တချို့က ရုံးတော်အကြီးအကဲဆီ ပြေးလာသံကို ကြားလိုက်တယ်။ “ခေါင်းဆောင် အမျိုးသမီးအလောင်း တစ်လောင်းကို ရေတွင်းထဲမှာတွေ့တယ်”
ESTÁS LEYENDO
မုန်းမာန်ဖွဲ့ ရန်ငြိုး
Ficción históricaဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...