Part 110(1)

2.3K 233 1
                                    

Unicode

Part 143

အခန်း - ၁၁၀ အပိုင်း (၁)

ရှောင်ရှို့က ကျန်းအာကို စာပေးလိုက်တော့ ကျန်းအာက တံခါးကနေ အမြန်ထွက်သွားတယ်။
ဒါကိုမြင်တော့ ကွမ်လင်းဟန်က ကြောင်သွားတယ်။
“အခုက နှစ်ဆုံးကာနီးလဲ မဟုတ်ဘဲ မင်းအဘိုးကြီးဆီ ဘာတွေရေးပို့နေတာလဲ။”
‘အဘိုးကြီး’ ဆိုတာ ကွမ်လင်းဟန် သူတို့ရဲ့ ဆရာ ဆရာကျိ ကို ခေါ်တာဖြစ်တယ်။ ရှောင်ရှို့က သူ့ကို မောင်နယ်စပ်ကနေ ပြန်လာကတည်းက မနှုတ်ဆက်ရသေးဘူးဖြစ်တယ်။ သူက ပြောတယ်။
“ကျွန်တော် ကျန်းနန်တောင်ကို သွားမလို့။”
ကျန်းနန်တောင်က ဆရာကျိ နေတဲ့နေရာဖြစ်ပြီးတော့ သူရဲ့ တပည့်ရှစ်ယောက် ပုံမှန် စာသင်ကြတဲ့ နေရာလည်းဖြစ်တယ်။ ဆရာကျိက ထူးခြားတဲ့သူဖြစ်တယ်။ သူက နက္ခတ္တဗေဒ ကို သိရုံတင်မကဘဲ ပထဝီဝင်ကိုလည်း သိပြီးတော့ ဆေးပညာပိုင်းမှာလည်း ကျွမ်းကျင်ပြီး တိုက်ပွဲအကြောင်းတွေကိုလည်း နားလည်တယ်။ အရင်ဧကရာဇ်က သူ့ကို ကူညီဖို့ တစ်ခါခေါ်ဖူးပေမဲ့ ဆရာကျိက လူငယ်ဖြစ်နေပြီးတော့ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို မဆန့်ကျင်နိုင်ဘူးလို့ ပြောပြီး သူ့ကို ငြင်းခဲ့တယ်။ ကျန်းနန်တောင်မှာ ဘယ်သူမှ ရှာမတွေ့အောင် အခင်းအကျင်းတစ်ခု ချထားတယ်။
“ကျန်းနန်တောင်ကို သွားမလို့လား။ သုံးယောက်မြောက်အစ်ကို ကျွန်တော့်ကိုလဲ စောင့်ဦးလေ။”
မော့ချောင်က ခုန်တက်လိုက်တယ်။
“ကျွန်တော်လည်း သွားချင်တယ်။”
“မင်းက ဘာလို့သွားမှာလဲ။”
ကွမ်လင်းဟန်က မေးလိုက်တယ်။ မော့ချောင်ရဲ့ ကျီစယ်တဲ့ အကျင့်ကြောင့် အရင်တုန်းက ဆရာကျီအောက်မှာ စာသင်တုန်းက သူက ဆရာကျီကို အကြောက်ဆုံးဖြစ်တယ်။
“အခုတလော ဧကရာဇ်က မဟာနည်းပြလျိုမင်ကို အရမ်းယုံကြည်လာတယ်။ အရင်တစ်ခေါက်တုန်းက ငါ အမှားတစ်ခု လုပ်မိတာ သူ ငါ့ကို အရမ်းဆူတာပဲ။ ပုံမှန်ဆိုရင် ငါ ဂရုမစိုက်ပေမဲ့ ဒီကောင်က ကျောက်တုံးတစ်တုံးလို ခေါင်းမာပြီး ကိစ္စအသေးလေးတွေကိုတောင် အပြစ်တင်နေတယ်။ သူက သဲတစ်မှုန်တောင် သည်းမခံနိုင်ဘူး။ သူက ငါ့ကို တကယ်ဒေါသထွက်စေတာပဲ။”
မော့ချောင်က မဟာဆန်တဲ့မိသားစုဝင်ရဲ့ ဖူးဖူးမှုတ်ထားထားတာ ခံရတဲ့ သခင်လေးတစ်ယောက် ဖြစ်တယ်။ သူက ထက်မြက်ပြီး လည်ပေမဲ့လည်း သူက ဖြောင့်မတ်တယ်။ ငယ်ငယ်ကတည်းက သူ့အဖေက သူ့ကို အရာရှိတွေရဲ့ ကြားထဲခေါ်လာတာဖြစ်တယ်။ သူက အရမ်းကြည်တဲ့ရေက ငါးမရှိတာကို သိတယ်။ မဟာနည်းပြလျိုမင်လို စာအုပ်ကြီးအတိုင်းလူနဲ့ ဆုံတော့ သူက ဒေါသကြောင့် သွေးအန်တော့မလိုပဲ။ ဒါ့ကြောင့် သူက သူ့ဆရာဆီသွားပြီး အကူအညီတောင်းရုံပဲ တတ်နိုင်တယ်။
“အဲ့ကျောင်းယွမ်အသစ်ကို ပြောတာလား။”
ကွမ်လင်းဟန်က ပညာသင်ကျောင်းသားပုံစံ မဟုတ်ခဲ့ဘူး။
“အရမ်းစာအုပ်ကြီးအတိုင်းလိုက်လို့ ပြောလို့မရရင်။ သူတို့ကို ရိုက်နှက်လိုက်လေကွာ။ အဲဒါဆို အဆင်ပြေသွားလိမ့်မယ်။”
“တော်ဝင်အရာရှိတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တာအတွက် အင်ပါယာအဖွဲ့ဝင်တွေကို မင်းမကြောက်ဘူးလား။”
ရှောင်ရှို့က မော့ချောင်ကို စိတ်ဓာတ်ကျစေခဲ့တယ်။
ကွမ်လင်းဟန်က သူပြောတာ မအောင်မြင်လို့ စိတ်ပျက်သွားပုံပေါ်တယ်။ ရှောင်ရှို့ဘက် လှည့်ပြီး သူက မေးလိုက်တယ်။
“မင်းဘယ်တော့သွားမှာလဲ။”
“အခုပဲ။”
ရှောင်ရှို့က ဖြေလိုက်တယ်။
* * *
ကျန်းယွမ်က ရှောင်ရှို့ကို မတွေ့ရတာ ကြာပြီဖြစ်ပြီးတော့ သူမ ဒါကို သတိပြုမိသွားတော့ သူမ ရင်ထဲမှာ စိတ်ပူပူပန်မှုအနည်းငယ် ရှိလာတယ်။ ရှောင်ရှို့ကို ဒီလိုအချိန်တိုအတွင်းမှာ သူ့ရဲ့ တည်ရှိမှုကို နေသားကျသွားတာ ကျန်းယွမ်အတွက်တော့ ကောင်းတဲ့အရာ မဟုတ်ဘူး။
ရှောင်ရှို့က သူ့ရဲ့ စားဝတ်နေရေးအတွက် ဘာလုပ်လဲဆိုတာကို သူမ မသိပေမဲ့ အဲဒါက လွယ်ကူတဲ့ အရာမဟုတ်ဘူးဆိုတာတော့ သူမ သိတယ်။ ရှောင်ရှို့နဲ့ မြို့တော်ထဲက ဝတ်ကောင်းစားလှ ဝတ်တဲ့သူတွေကြားမှာ တူညီမှု အရိပ်အယောင် နည်းနည်းလေးတောင် မရှိဘူး။ ဒါ့အပြင် သူက သူ့အရွယ်ကောင်လေးတွေ မပေးနိုင်တဲ့ စိတ်ချစေမှုကို‌လည်း ပေးစွမ်းတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ရှောင်ရှို့က သူမနဲ့ ဘာမှမပတ်သက်ဘူး။ သူမ အိမ်တော်ထဲက မကောင်းဆိုးဝါးတွေကို အာရုံစိုက်တာက ပိုကောင်းတယ်။ ဉပမာအနေနဲ့ မကြာသေးခင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို စစ်ဆေးပေးဖို့ သမားတော်တစ်ယောက်ကို ပင့်ပေးဖို့ ဟုန်ရင်းက ကျန်းချွမ်ကို အပူကပ်ခဲ့တယ်။ အစက ကလေးမွေးကာနီး ဖြစ်နေတဲ့ တရားဝင်မိန်းမ ရှယန်က ဒေါသထွက်နေလို့ ဟုန်ရင်းရဲ့ တောင်းဆိုချက်ကို တန်းပြီးငြင်းခဲ့တယ်။ ဒီတော့ ဟုန်ရင်းက ကျန်းချွမ်ကို သမားတော်ခေါ်ပြီးတော့ ရှယန်ရဲ့ သွေးခုန်နှုန်းကို မတိုင်းစေမချင်း အပူကပ်ခဲ့တယ်။ သမားတော်က သူမရဲ့ သွေးခုန်နှုန်းက တည်ငြိမ်ပေမဲ့ ဟုန်ရင်းရဲ့ အပြုအမူကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ ပြောခဲ့တယ်။ ဒါ့ကြောင့် ကျန်းချွမ်က စိတ်တိုသွားပြီး ဟုန်ရင်းရဲ့ ခြံကို နောက်ထပ် ရက်အနည်းငယ်လောက် မသွားဘဲ နေခဲ့တယ်။ သူကလည်း အပြစ်ရှိသလို ခံစားခဲ့ရတော့ ရှယန်ကို ပိုပြီးတော့ အဖော်ပြုပေးခဲ့တယ်။
လုကျူးက စိတ်ရှုပ်တဲ့ပုံနဲ့ မေးလိုက်တယ်။
“ထူးဆန်းတယ်ရော။ သခင်မရဲ့ ကလေးက ပျက်ကျသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးတော့ သူမက ကလေးရှိနေသေးရတာလဲ။”
“ရှယန်ကလည်း ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ရတော့ သူမက ပိုပြီးတော့ ထက်မြက်လာတာ သိသာတယ်။ တကယ်လို့ သူမက ဒီလောက်မှ မလုပ်နိုင်ရင် သူမက ဟုန်ရင်း အနိုင်ကျင့်တာ ခံနေရမှာပေါ့။”
ကျန်းယွမ်က တုန်ရင်းအာရဲ့ စာကို ကြည့်လိုက်တယ်။ သူမကို မြို့တော်ဝန်ရဲ့ အိမ်တော်ကို မနက်ဖြန်ကျ ကစားဖို့ ဖိတ်ထားတာ ဖြစ်ပေမဲ့ သူမက စာထဲမှာပါတဲ့ နာမည်တော်တော်များများကို မမှတ်မိခဲ့ဘူး။ တကယ်တော့ သူမက ကျေးလက်ကအိမ်တော်ကနေ မြို့တော်ကို ပြန်လာပြီးကတည်းက သိပ်မကြာသေးခင်မှာပဲ မယ်တော်ယိတျယ်ကို မြို့ပြင်သွားဖို့ အဖော်ပြုခဲ့ရတော့ သူမက အချိန်တိုအတွင်းမှာ သူငယ်ချင်း အများကြီး မဖွဲ့နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု သူမက အဆင့်မြင့်မြင့်နဲ့ ပြန်လာနိုင်ခဲ့ပြီဆိုတော့ အထက်တန်းစာ အသိုင်းအဝိုင်းထဲကို ဝင်ရောက်ချိန်တန်ပြီဖြစ်တယ်။ ဒီဆက်ဆံရေးကို ကောင်းကောင်းထိန်းသိမ်း ထားနိုင်မှဖြစ်မယ်။
“ဒါဆိုရင် ကျွန်မတို့ ငါးယောက်မြောက်ကိုယ်လုပ်တော် ခံစားနေရတာကို ထိုင်ကြည့်နေရမှာလား။”
လုကျူးက မေးလိုက်တယ်။
“သခင်မလေးက ငါးယောက်မြောက်ကိုယ်လုပ်တော်ကို တကယ်သဘောမကျဘူးမလား။”
ကျန်းယွမ်က အမြဲတမ်း ဟုန်ရင်းကို ဘက်လိုက်နေပြီးတော့ သူမ အပေါ်ကို အရမ်းစိတ်ဝင်စားပုံ ပေါ်နေပေမဲ့ သူမရဲ့ အစေခံတွေက မကြာသေးခင်က ချည်အဖြစ်အပျက်ကတည်းက ကျန်းယွမ်က ဟုန်ရင်းကို သူမရဲ့ ဘက်တော်သားအဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ထားတာကို သိခဲ့တယ်။
ကျန်းယွမ်က ပြုံးလိုက်တယ်။ လူသားတွေရဲ့ လောဘက ဘယ်တော့မှ အတောမသတ်နိုင်ဘူး။ ဟုန်ရင်းက တစ်ခါတုန်းက ကိုယ်လုပ်တော်အဖြစ်နဲ့ အေးအေးချမ်းချမ်းနေမယ်လို့ တွေးခဲ့ပေမဲ့ သူမက နည်းနည်းကောင်းကောင်းလေး နေလို့ရခဲ့တော့ သူမ လိုချင်တာက ကျန်းအိမ်တော်ရဲ့ တရားဝင်မိန်းမ နေရာ ဖြစ်လာတယ်။ ဒီလို အရမ်းလောဘကြီးတဲ့သူမျိုးကို သူမ ဘယ်တော့မှ မယုံကြည်နိုင်ဘူး။ ဒါ့အပြင် သူမက ကျန်းအိမ်တော်ထဲက လူတွေ အားလုံးကို အမြဲတမ်း မုန်းခဲ့တော့ ‘သဘောကျတယ်’ ဆိုတာက ဘယ်လိုလုပ်ဖြစ်မှာလဲ။
လန်ချောင်က ပြုံးပြီးတော့ ပြောလိုက်တယ်။
“ဒီအကြောင်းကို မပြောဘဲ နေကြရအောင်။ ကဲ သခင်မလေးက သခင်မလေးတုန်နဲ့ သုံးနှစ်တောင် မတွေ့ခဲ့ရဘူး။ ဒီအစေခံက သခင်မလေးတုန်ရဲ့ အသက်ကို ကြားခဲ့ရပြီးတော့ နှစ်ဆုံးမှာ ချန်မိသားစုထဲကို လက်ထပ်ရတော့မယ်ဆိုတာကိုလည်း ကြားခဲ့ရတယ်။”
“တုန်ရင်းအာလား။”
ကျန်းယွမ် မျက်မှောင်ကြုတ်လိုက်တယ်။ သူမရဲ့ အတိတ်ဘဝတုန်းက တုန်ရင်းအာက တတိယတန်းစား ဆားကုန်သည် ချန်အန်းနဲ့ လက်ထပ်ခဲ့တာဖြစ်တယ်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက စေ့စပ်ထားကြတာဖြစ်ပြီးတော့ သက်တောင့်သက်သာရှိတဲ့ ဘဝကို နေထိုင်သွားတာဖြစ်တယ်။ သူမက သူတို့ကို နန်းတွင်းဂုဏ်ပြုညစာစားပွဲတုန်းက အဝေးကနေ မြင်ခဲ့ရတာကို ပြန်သတိရခဲ့တယ်။ သူတို့နှစ်ယောက် အရမ်း ကြင်နာနေကြတာကိုမြင်တော့ သူမ အားကျမိခဲ့တယ်။ အချိန်ကို တွက်ကြည့်ရရင် အခုတလောဖြစ်လောက်တယ်။ တုန်ရင်းအာက နွေရာသီကုန်ရင် လက်ထပ်မှာဖြစ်တယ်။ တုန်ရင်းအာ လက်ထပ်ပြီးရင် နောက်တစ်ယောက်က လင်ဇီရှန်း အလှည့်ဖြစ်တယ်။ သူမရဲ့ အရင်ဘဝတုန်းက လင်ဇီရှန်းက တတိယမြောက်မင်းသား ရွှမ်းရိုကို လက်ထပ်ခဲ့တာဖြစ်တယ်။ ရွှမ်းရိုရဲ့ မယ်တော်က စောစော ဆုံးပါးသွားတာဖြစ်ပြီး သူ့ကို ဘယ်သူကမှ ဂရုမစိုက်ကြတော့ သူက အသောက်အစားမှာ မွေ့လျော်တဲ့ လူလေလူလွင့်ဖြစ်လာခဲ့တယ်။ သူက သူ့ရဲ့ အိမ်တော်ကနေ ထွက်တာရှားပြီးတော့ နန်းတွင်းကို လာတာလဲ ရှားတော့ သူက သတိအထားမခံရဆုံး မင်းသား ဖြစ်လာတယ်။ သူက တဏှာရူးပြီးတော့ ကိုယ်လုပ်တော်တွေနဲ့ ချစ်သူတွေ အများဆုံးသူဖြစ်တယ်။ သူမရဲ့ အတိတ်ဘဝမှာ တော်ဝင်ကြင်ရာတော်က သူနဲ့ လင်ဇီရှန်းရဲ့ လက်ထပ်ပွဲကို စီစဉ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဆုံးမှာတော့ လင်ဇီရှန်းက သူ သဘောအကျဆုံး ကိုယ်လုပ်တော်တွေထဲက တစ်ယောက်နဲ့ ရန်ဖြစ်ရင်းနဲ့ သူမရဲ့ အသက်ကို ဆုံးရှုံးခဲ့ရပြီးတော့ လင်းမိသားစုကို အဆုံးသတ်စေခဲ့တယ်။ ကျန်းယွမ် မျက်မှောင်ကြုတ်လိုက်တယ်။ ရက်တွေကို တွက်ကြည့်ရရင် လက်ထပ်ပွဲ မဖြစ်ခင် အချိန်ရှိသေးတယ်။ သူမ အဲဒါကို တားဖို့ နည်းလမ်းတစ်ခု ရှာရမယ်။ ဒါမှမဟုတ် မယ်တော်ယိတျယ်ကို အကူအညီတောင်းရမလား။
ခေါင်းခါလိုက်ရင်း ကျန်းယွမ် အဲ့ပြဿနာကို ဘေးကို ခဏထားလိုက်တယ်။ သူမ မနက်ဖြန် လင်ဇီရှန်းကိုတွေ့မှပဲ သတင်းမေးကြည့်တော့မယ်။
* * *
ကျန်းယွမ်က မြို့တော်ကို ပြန်ရောက်ရောက်ချင်း မြင့်မြတ်တဲ့ မိန်းမပျိုလေးတွေ အကုန်လုံးနဲ့ ပထမဆုံးတွေ့မှာဆိုတော့ နောက်ရက်ကျ ပိုင်ကျီနဲ့ လန်ချောင်တို့က စောစောထပြီးတော့ သူမကို အဝတ်ကူရွေးပေးတယ်။ တုန်ရင်းအာက ဖော်ရွေတဲ့သူဆိုတော့ အဲ့မှာ စုစည်းဖို့ သွေးသန့်တဲ့ မိန်းမပျိုလေးတွေ အများကြီး ရှိနေမှာသေချာတယ်။ ဒါ့အပြင် အခု သူမက မင်းသမီးဖြစ်နေပြီဆိုတော့ သူမက အရင်လို ပြုမူလို့ မရတော့ဘူးဖြစ်တယ်။ မဟုတ်ရင် တခြားသူတွေက သူမရဲ့ အမှားတိုင်းကို ဝေဖန်နေမှာဖြစ်တယ်။
ရေမိုးချိုးပြီးတော့ ကျန်းယွမ်က အမိန့်ပေးလိုက်တယ်။
“ထျန်ကျူးနဲ့ ပိုင်ကျီတို့ ငါနဲ့ လိုက်ခဲ့။ လန်ချောင်နဲ့ လုကျူးတို့ အိမ်တော်မှာ နေခဲ့ပြီးတော့ ရန်ဟွယွမ်နဲ့ ရင်ဆိုင်တဲ့အချိန်ကျ သတိထားဦးနော်။”
ပိုင်ကျီနဲ့ လန်ချောင်တို့က ပထမတန်းစား အစေခံတွေ ဖြစ်နေချိန်မှာ ထျန်ကျူးနဲ့ လုကျူးတို့က ဒုတိယတန်းစား အစေခံတွေဖြစ်ပေမဲ့ ကျန်းယွမ်က သူတို့ကို ညီတူညီမျှ ဆက်ဆံတယ်။ ထျန်ကျူးက ကိုယ်ခံပညာတတ်ပြီးတော့ အပြင်ကို ခေါ်သွားဖို့ သင့်တော်တယ်။ ပိုင်ကျီက တည်ငြိမ်တော့ သူမက အနာဂတ်မှာ တခြား မြင့်မြတ်တဲ့ အမျိုးသမီးတွေနဲ့ တွေ့ရင် ဘယ်လိုတုံ့ပြန်သင့်လဲဆိုတာ သင်သင့်တယ်။ လန်ချောင်က ရဲရင့်ပြီးတော့ လုကျူးက ထက်မြက်တော့ သူတို့က အိမ်တော်မှာ နေခဲ့သင့်တယ်။ တကယ်လို့ ဟုန်ရင်း ဒါမှမဟုတ် ရှယန်က ကျန်းယွမ်ကို ဆန့်ကျင်ရင် သူတို့က သူတို့ကို ခဏ‌လောက် ရှောင်ထားနိုင်တယ်။
လန်ချောင်နဲ့ လုကျူးတို့က ဒီစီစဉ်မှုကို မငြင်းကြဘူး။
ကျောက်မော့မော့ကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကျောက်မိသားစုဆီကို ပြန်ပို့ပြီးပြီဖြစ်လို့ ကျန်းယွမ်ကလည်း တကယ်လို့ သူမရဲ့ အသွင်အပြင်အတွက် ယဉ်ကျေးရည်မွန်တဲ့ မော့မောတစ်ယောက် ရှာသင့်တယ်။ သူမက မျက်စိကွယ်နေပြီ ဖြစ်ပြီးတော့ ကျောက်ကွမ်းက သူ သူမကို အကြွေးတင်တယ်လို့ ခံစားရလို့ သူမ မကွယ်လွန်ခင်အထိ ထောက်ပံ့ထားမှာဖြစ်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးOù les histoires vivent. Découvrez maintenant