မုန်းမာန်ဖွဲ့ရန်ငြိုး
M Link
https://bit.ly/32xlyhv
အခန်း-၁၀
ကျန်းယွမ်ရဲ့အသံကို ကြားလိုက်တာနဲ့ ချန်ဖန်းနဲ့ကျန်းလန်တို့က တစ်ယောက်နဲ့တစ်ယောက် ပြုံးပြလိုက်ကြတယ်။ သူတို့က ဝင်ပေါက်ကို ကြည့်လိုက်တော့ အနားကို ကပ်လာတဲ့ ပုံသဏ္ဌာန်သုံးခုကို တောက်ပတဲ့နေရောင်ခြည်နဲ့အတူ တွေ့လိုက်ရတယ်။ ဦးဆောင်လာသူရဲ့ ပိန်ပါးပါးပုံစံက ချောင်နေတဲ့အင်္ကျီအောက်မှာ သန့်ရှင်းသပ်ရပ်နေတယ်။ တစ်ညအတွင်းမှာ သူမရဲ့မျက်နှာက ပိုပြီး တောက်ပလာလေရဲ့။ နေရောင်က သူမရဲ့ ဖြူဖျော့နေတဲ့ အသားအရေပေါ်မှာ လင်းလက်နေပြီး သူမရဲ့မျက်ဝန်းတွေက အရင်ကလို အသက်မဲ့မနေတော့ဘူး။ သူတို့က အောက်ခြေထိ မမြင်နိုင်တဲ့ ရေတွင်းတစ်တွင်းလိုပဲ။ သူမရဲ့ မျက်လုံးအစွန်းတွေက ပြောပြလို့ မရနိုင်တဲ့ ဆွဲဆောင်မှုတစ်ခု ရှိနေတယ်။ သူမရဲ့အကြည့်တွေက စီးဆင်းနေတဲ့ စိမ့်စမ်းရေအတိုင်း ရှိနေတာ။ (သူမဆီမှာ ရိုးရှင်းတဲ့ အပြုအမူတွေ မတွေ့နိုင်တော့ဘဲ ညှို့ယူဖမ်းစားနိုင်တဲ့ ပုံရိပ်ပဲ ရှိတော့တယ်။) ကျန်းယွမ်က သူမရဲ့မျက်ခုံးတွေကို ပင့်တင်လိုက်တယ်။ သူမရဲ့ ကြည်လင်တဲ့အသံက နားထဲမှာ နှစ်လိုဖွယ်ကောင်းပြီးတော့ သာယာပေမဲ့ အေးစက်မှုတွေ စီးမြောပါဝင်နေတယ်။
“ဒေါ်လေးလန်”
ကျန်းလန်နဲ့ အနားမှာရှိတဲ့ ချန်ဖန်းက ရုတ်တရက် သတိပြန်ဝင်လာပြီး ရုတ်တရက် ထိတ်လန့်သွားတာကြောင့် ကျန်းယွမ်ကို မနာလိုမှုနဲ့ ဒေါသတွေရောပြီး စိုက်ကြည့်လိုက်တယ်။ မာန ဒါမှမဟုတ် သိက္ခာတောင်မှ မရှိတော့တဲ့ အရာရှိတစ်ယောက်ရဲ့ သနားစရာ တရားဝင်သမီးက တခြားသူတစ်ယောက်လိုမျိုး ပြောင်းလဲသွားသလိုပဲ။ ကျန်းယွမ်ရဲ့ အကြည့်က သူမအပေါ် ဖြတ်ပြေးသွားတဲ့အခါ သူမဝိညာဉ်က သူမဆီကနေ လွှတ်ထွက်သွားသလိုတောင် ခံစားလိုက်ရတယ်။
“သခင်မလေး ပြန်လာပြီပဲ”
ကျန်းလန်က စကားကို ဒီလိုပုံစံနဲ့(ယဉ်ကျေးတဲ့ပုံနဲ့) ပြောနေပေမဲ့ သူမခန္ဓာကိုယ်ကတော့ မရွေ့လျားခဲ့ဘူး။ သူမရဲ့ခြေထောက်တွေကို သူမဖာသာ နှိပ်နယ်နေရင်း၊
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...