Unicode
Part 154
အခန်း - ၁၁၅ အပိုင်း(၂)
နန်းတော်ထဲမှာ တကယ်လို့ ခန့်မှန်းရမယ်ဆိုရင် မင်းသားငါး ရွှမ်းဟွာနဲ့ မင်းသားရှစ် ရွှမ်းလီတို့က ပြိုင်ဘက်တွေ ဖြစ်ပြီးတော့ ကျန်တဲ့သူတွေက အရည်အချင်းမရှိတဲ့ အိမ်ရှေ့စံနဲ့ တုံးအတဲ့ ရွှမ်းလန်တို့ပဲ ရှိတယ်။ ပြီးတော့ ဒီတတိယမင်းသားကလည်း ထူးခြားတဲ့သူပဲ။ သူ့ရဲ့ အမေက စောစောဆုံးသွားခဲ့ပြီးတော့ သူ့ကို နောက်ထပ် တော်ဝင်ကြင်ရာတော်တစ်ယောက်က ပြုစုပျိုးထောင်ခဲ့တယ်။ သူက ညစ်ညမ်းပြီး ထိခိုက်နစ်နာစေလို့ သူ ဆယ့်ရှစ်နှစ် မပြည့်ခင်မှာပဲ သူက နန်းတော်ကနေ ထွက်လာရပြီးတော့ သူ့အိမ်တော်နဲ့ သူ နေရခဲ့တယ်။ ဒါ့ကြောင့် သူ့ရဲ့ အိမ်တော်ထဲမှာ မိန်းမလှလေး ၈၈ယောက်ကို ကိုယ်လုပ်တော်အနေနဲ့ ထားထားပြီးတော့ ကြင်ရာတော် မရှိသေးတဲ့ အကျင့်မကောင်းတဲ့ ဂုဏ်သတင်းက တစ်မြို့လုံးကို ပြန့်သွားခဲ့တယ်။ ပြီးတော့ ရွှမ်းရုံက မိန်းမလှလေးတွေကို သဘောကျပြီးတော့ သူက တခြားကိစ္စတွေကို ဘယ်တော့မှ ဝင်မပါခဲ့ဘူး။ မလိုအပ်သ၍ သူ့ကို နန်းတော်ထဲကို မလာရလို့ တားမြစ်ခံထားရတယ်။ ဒီတော့ ရွှမ်းရုံကို နန်းတော်ထဲမှာ မြင်ရတာ အရမ်းရှားတယ်။
သူမရဲ့ အရင်ဘဝမှာ ဒီတစ်ကြိမ် ရွှမ်းရုံ နန်းတော်ထဲကို လာပြီးတော့ သူက လင်ဇီရှန်းနဲ့ လက်ထပ်ခဲ့တယ်။ ကြင်ရာတော်ချန်ကိုယ်တိုင် ဒီလက်ထပ်ပွဲကို စီစဉ်ခဲ့တာဖြစ်တယ်။ လင်ဇီရှန်းရဲ့ အကျင့်နဲ့ သူမက ရွှမ်းရုံရဲ့ အိမ်တော်ကို ဝင်ရတဲ့အတွက် မပျော်ရွှင်ခဲ့ဘူး။ နေ့ရက်တိုင်း သူမက အဲ့ကိုယ်လုပ်တော်တွေ ချောက်ချတာခံရပြီးတော့ သူမက ကိုယ်ဝန်ပျက်ကျရုံတင် မကဘဲ သူမက ရွှမ်းရုံ သဘောကျတဲ့ ကိုယ်လုပ်တော် ရက်စက်စွာနဲ့ အကောက်ကြံတာ ခံခဲ့ရတယ်။ ဒါ့ကြောင့် ဒါတွေကို ဒီဖြောင့်မတ်တဲ့ မိန်းမလှလေးရဲ့ ရင်ထဲမှာ နာကြဉ်းမှုတွေနဲ့ သူမက ဒီကိုယ်လုပ်တော်ကို ဓားမြှောင်နဲ့ ထိုးသတ်ခဲ့ပြီးတော့ သူမကိုယ်သူမလည်း သတ်သေခဲ့တယ်။
ဒီကိစ္စက မြို့တော်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်။ ဧကရာဇ်က ဒေါသထွက်ခဲ့ပြီးတော့ လင်ထိုင်ရှီ ဒီနာကြဉ်းမှုနဲ့ တရားမျှတမှုဗုံကို တီးခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဒီကိစ္စကို အိမ်တွင်းရေးကိစ္စလို့ပဲ သတ်မှတ်ခဲ့တယ်။ ရွှမ်းရုံကတော့ အိမ်တွင်းရေးကို ဆိုးဝါးစွာ ကိုင်တွယ်တယ်လို့ပဲ အပြောခံရခဲ့ပြီးတော့ သူက တခြား ဘာအပြစ်ပေးမှုမှ မခံခဲ့ရဘူး။သူက သူ့ရဲ့နေ့တွေကို သူ့ရဲ့ အိမ်တော်ထဲမှာပဲ ဖြတ်သန်းနေပြီးတော့ သူ့ရဲ့ ဂုဏ်သတင်းကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ လူတွေ ဘာပဲပြောပြော သူက သူ့နည်းနဲ့သူ သွားနေတုန်းပဲ။ လင်ထိုင်ရှီက အရမ်းဒေါသထွက်ခဲ့ပြီးတော့ သိပ်မကြာခင်မှာပဲ သူက အိပ်ရာထဲမှာ အပြင်းဖျားပြီးတော့ ဆုံးသွားခဲ့တယ်။ လင်သခင်မကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးတော့ သူ့နောက်လိုက်သွားခဲ့တယ်။ ဒီနည်းနဲ့ ဂုဏ်ကျက်သရေရှိ ပညာတတ်လင်မိသားစုက ပျောက်ကွယ်သွားတော့တယ်။
ပြီးတော့ ကျန်းယွမ်ရှေ့မှာ ပေါ်လာတဲ့ ဒီလူ။ သူ့အကြည့်တွေက ရွှံ့တွေလိုပဲ။
ရွှမ်းရုံက သူ့ရှေ့က မိန်းကလေးကို အာရုံစိုက်ပြီး ကြည့်နေတယ်။ မိန်းမလှလေးတွေကို နှစ်တွေအများကြီး တွေ့ခဲ့ရပေမဲ့ ဒီလို ကြက်သေသေသွားလောက်အောင် လှတဲ့ မိန်းမလှလေးကိုတော့ သူပထမဆုံး မြင်ဖူးတာပဲ။ သူမရဲ့ အရမ်းသိမ်မွေ့နူးညံ့တဲ့ အသွင်အပြင်နဲ့ သူမရဲ့ မြင့်မြတ်ပြီး အေးစက်တဲ့စိတ်ထားက သူ့ကို စိတ်ဝင်စားစေတယ်။ သူ့ရဲ့ အမေက အစောကြီးဆုံးသွားခဲ့ရပြီး ဧကရီက သူ့ကို မနှစ်မြို့လို့ ရွှမ်းရုံက နန်းတော်ကို တော်ဝင်ကြင်ရာတော်ချန်နဲ့ အတူ သူ့ရဲ့ လက်ထပ်ပွဲကိစ္စကို ဆွေးနွေးဖို့ လာတာဖြစ်တယ်။ တော်ဝင်ကြင်ရာတော်ချန်က မိန်းမလှလေး ဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ သူက သူမကို မရနိုင်ဘူး။ သူမရဲ့ အကြံတွေကလည်း အရမ်းရက်စက်ပြီးတော့ စဉ်းလဲတယ်။ တော်ဝင်ကြင်ရာတော်ချန်က လင်ထိုင်ရှိရဲ့ မိသားစုက အကြီးဆုံးသမီး လင်ဇီရှန်းကို သူ့ရဲ့ ကြင်ရာတော်ဖြစ်စေရမယ်လို့ ကတိပေးထားပေမဲ့ သူက လင်ဇီရှန်းကို မတူမတန်ဘူးလို့ ထင်နေတယ်။ သူမက အသက်မပါတဲ့ ခက်တင်းတင်း မိန်းမလှလေးဖြစ်ပြီး လွယ်လွယ်နဲ့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ သူမရဲ့ စိတ်ထားကလည်း အတူတူပဲ။ သူမကို သူ့အတွက် အလှဆင်ဖို့ပဲ လို့ပြောထားတာကြောင့် သူကလည်း အရမ်းကြီးဂရုမစိုက်ဘူး။
ဒါပေမဲ့ သူက နန်းတော်ထဲမှာ ဒီလိုမျိုး မိန်းမလှလေး ရှိလိမ့်မယ်လို့ ထင်မထားဘူး။ ခုနက အစေခံက သူမကို ဘယ်လိုခေါ်လိုက်တာပါလိမ့်။ ကျွမ်းကျူ့တဲ့ ဟုတ်လား။
ကျန်းယွမ်က သိမ်မွေ့စွာ ပြောလိုက်တယ်။
“အရှင်မင်းသား မင်းသားသုံး”
“မင်းငါ့ကို သိတာလား။”
ရွှမ်ရုံက ဒီမိန်းမလှလေးက သူ့ကို သိတယ်ဆိုလို့ မြှောက်သွားတယ်။ သူက စဉ်းစားနေပေမဲ့ သူ သူမကို ဘယ်မှာ မြင်ဖူးလဲဆိုတာကို သတိမရဘူး။
“အရှင်မင်းသားက အရမ်းနာမည်ကျော်ကြားတော့ ဘယ်လိုလုပ်ပြီးတော့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ထဲမှာ အရှင်မင်းသားကို မသိတဲ့သူရှိမှာလဲ။”
ကျန်းယွမ်ရဲ့ အပြုံးထဲမှာ သရော်မှုပါနေတယ်။
“နန်းတော်ထဲကို အကြိမ်ရေများစွာ ဝင်ခဲ့ပြီး ဒါက ကျွန်မ အရှင်မင်းသားကို ပထမဆုံးတွေ့ရတာပဲ။”
ရွှမ်းရုံက အမြဲတမ်း မိန်းမလှလေးတွေကို သည်းခံခဲ့တာဖြစ်ပြီးတော့ သူက ကျန်းယွမ်ရဲ့ ထေ့လုံးကို အပြစ်မတင်ခဲ့ဘူး။ သူက သူမကို ညစ်ညမ်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။
“ငါ မင်းရဲ့ နာမည်ကို မေးလို့ရမလား သခင်မလေး။”
စိတ်ပျက်နေပြီဖြစ်နေတဲ့ လုကျူးက ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
“အရှင်မင်းသား ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းပါဦး။ ဒါက ဟောင်အန်းကျွမ်းကျူ့ပါ။ မယ်တော်ယိတျယ်ကိုယ်တိုင် ဒီဘွဲ့ကို ချီးမြှင့်ပေးထားတာပါ။”
တစ်ဖက်လူက လူရှုပ်ဆိုပေမဲ့ သူ့ရဲ့ အဆင့်အတန်းက မင်းသားဖြစ်နေပြီးတော့ လက်အောက်ငယ်သားတစ်ယောက် အနေနဲ့ သူမက သူ့ကို သာမာန်နှာဘူးတစ်ယောက်လိုမျိုး ဖြေရှင်းလို့ မရဘူး။ လုကျူးရဲ့ စိတ်ထဲမှာ သတိကြီးကြီးထားပြီးတော့ စိုးရိမ်နေတယ်။
ရွှမ်းရုန်က ရုတ်တရက် သတိရသွားတယ်။
“မင်းက အကြီးဆုံးကျန်းသခင်မလေးပဲ။”
ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်က ဘယ်သူက ဟောင်အန်းကျွမ်းကျူ့ရဲ့ နာမည်ကို မသိမှာလဲ။ အရင်က သူက မယ်တော်ယိတျယ်ရဲ့ သဘောကျမှုကို ခံရပြီးတော့ ကျွမ်းကျူ့ဘွဲ့ကို ရခဲ့တဲ့သူက အရမ်းလှတယ်လို့ပဲ ကြားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သာမာန်လူတန်းစားတွေက အမြဲတမ်းမြှောက်ပြောနေကြတာဆိုတော့ သူက အရမ်းကြီး လေးလေးနက်နက် မမှတ်ခဲ့ဘူး။ အခု လူကိုယ်တိုင် တွေ့ပြီးတော့ သူက တကယ်ပဲ အရမ်းနောင်တရခဲ့တယ်။ တကယ်လို့ သူသာ စောစောသိခဲ့ရင် သူက တော်ဝင်ကြင်ရာတော်ချန်ကို ကျန်းယွမ်ကို သူ့ရဲ့ ကြင်ရာတော်အနေနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုခဲ့မှာဖြစ်တယ်။ တကယ်လို့ ဒီလိုမျိုးကြော့ရှင်းတဲ့ မိန်းမလှလေးက သူ့ရဲ့ အိမ်တော်မှာ ရှိနေရင် သူက ဖြောင့်ဖြောင့်သေနိုင်ပြီဖြစ်တယ်။
ကံဆိုးစွာနဲ့ ရွှမ်းရုံက မယ်တော်ယိတျယ်က ကျန်းယွမ်ကို ဒီလောက်ချစ်လိမ့်မယ်လို့ ရွှမ်းရုံ မထင်ခဲ့ဘူး။ ဒီတော့ ဘယ်လိုလုပ်ပြီးတော့ သူမက သူမကို အသုံးအဖြုန်းကြီးဖို့ လိုက်လျောနိုင်ရတာလဲ။ ရှက်ရွှံ့တဲ့မျက်နှာနဲ့ ရွှမ်းရုံက ကျန်းယွမ်နားကို သွားလိုက်တယ်
“ငါတို့က အခု မိသားစုလို့ သတ်မှတ်လို့ရပြီ။ ညီမလေးဟောင်အန်း ဘာလို့ အစ်ကိုတို့ အတူတူ မိတ်ဆုံပွဲလေး မလုပ်ကြတာလဲ။”
သူက တကယ်လို့ သူက ဒီလိုမိန်းမလှလေးကို ဒီဘဝမှာ ဘယ်လိုလုပ်ပြီး စိတ်လျှော့နိုင်မှာလဲ။
“တတိယညီလေးက ကျွမ်းကျူ့နဲ့ ဘယ်မှာ မိတ်ဆုံပွဲကျင်းပချင်တာလဲ။”
အနောက်ကနေ အသံတစ်သံ ထွက်ပေါ်လာတယ်။ အိမ်ရှေ့စံနဲ့ မင်းသားလေး ရွှမ်းလန်က သူတို့ဆီကို လာနေကြတယ်။
ရွှမ်းရုံ မျက်မှောင်ကြုတ်သွားတယ်။ သူက အိမ်ရှေ့စံရဲ့ နှောင့်ယှက်မှုကို မကျေနပ်တာ သိသာတယ်။ အိမ်ရှေ့စံက ကျန်းယွမ်ကို ကြည့်ပြီး ရယ်လိုက်တယ်။
“အား၊ ဟောင်အန်းကျွမ်းကျူ့ ငါ မင်းကို မေးစရာ တစ်ခုရှိတယ်။ တတိယညီလေး တကယ်လို့ မင်းဘာမှ ပြောစရာမရှိတော့ရင် အရင်ပြန်နှင့်ပါ့လား။ ငါဟောင်အန်းကို ဒီကနေ ခေါ်သွားတော့မယ်။”
နန်းတော်ထဲမှာ ရွှမ်းရုံက ဒီလိုမျိုး အလေလိုက်နေလို့ သူက ဘယ်ညီအစ်ကိုကိုမှ မယှဉ်နိုင်ဖြစ်နေပြီးတော့ အိမ်ရှေ့စံကလည်း အဲ့ထဲမှာပါတယ်။ သူက သူ့ကို ဧကရာဇ်က သဘောမကျဘူးဆိုတာ သိတာက တစ်ချက်၊ အိမ်ရှေ့စံရဲ့ ဘာဖြစ်ဖြစ် ဂရုမစိုက်တဲ့ သဘောထားကြောင့် အဲဒါက ရွှမ်းရုံကို မယှဉ်နိုင်စေခဲ့ဘူး။ သူတို့က ဘူဘူချင်းဆိုပေမဲ့ အိမ်ရှေ့စံကတော့ ဧကရာဇ်ရဲ့ သဘောကျမှုကို ခံထားရတယ်။ ဒါ့ကြောင့် အိမ်ရှေ့စံ ရောက်လာတာကိုမြင်တော့ သူက ကျန်းယွမ်ကို မနှောင့်ယှက်နိုင်တော့ဘူး။ ရွှမ်းရုံက အင်္ကျီလက်ကို ခေါက်လိုက်ပြီးတော့ သူ့ရဲ့ မျက်နှာထားကလည်း အရမ်းပြောင်းလဲသွားတယ်။ ရုတ်တရက် သူက ကျန်းယွမ်ကို ပြုံးပြလိုက်ပြီးတော့
“ကျွမ်းကျူ့ နောက်မှတွေ့ကြတာပေါ့။ အဲ့တော့မှပဲ ကောင်းကောင်းစကားပြောကြတာပေါ့။”
သူ့ရဲ့ မှတ်ချက်က လုကျူးကို မျက်မှောင်ကြုတ်သွားစေပေမဲ့ အိမ်ရှေ့စံနဲ့ ရွှမ်းလန်တို့က အဲဒါကို အရင်က မြင်ဖူးတဲ့ပုံနဲ့ ထူးဆန်းသလို မဆက်ဆံကြဘူး။ ရွှမ်းရုန်က ကျန်းယွမ်ကို ပြောပြီးတာနဲ့ သူက အိမ်ရှေ့စံကို ပြင်းထန်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
“အကြီးဆုံးအစ်ကို ကျွန်တော်အရင်သွားပါတော့မယ်။”
အိမ်ရှေ့စံရဲ့ နှုတ်ဆက်စကားကိုတောင် မစောင့်တော့ဘဲ သူက လှည့်သွားပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတော့တယ်။
ရွှမ်းလန် နည်းနည်းတုံ့ပြန်တာကို မြင်တော့ အိမ်ရှေ့စံက သူ့ကိုကြည့်ပြီးတော့ ပြောလိုက်တယ်။
“သူတောင် ကြီးလာပြီပဲ။”
သူ့ရဲ့ စကားတွေထဲမှာ အပြစ်ပြောတာ မပါပေမဲ့ သူတို့နှစ်ယောက်က ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတာသိသာတယ်။ ရွှမ်းရုန် အိမ်ရှေ့စံကို ဆက်ဆံတဲ့ နည်းက သူက သူ့ရာထူးကို ဖြုတ်ချဖို့က အချိန်တစ်ခုပဲ ကြာမှာလို့ ယုံကြည်ထားတယ်ဆိုတာ သိသာတယ်။ ဒါ့ကြောင့် အဲဒါက နာမည်တစ်ခုပဲ ရှိတာဖြစ်ပြီးတော့ သူက မကြောက်ရွံ့တာ ဖြစ်တယ်။ အိမ်ရှေ့စံက ဒီရာထူးကို ဆက်ခံထားတာ ကြာပြီဖြစ်ပုံပေါ်တယ်။ သူက ကျန်းယွမ်ကို ကြည့်လိုက်တယ်။
“ဟောင်အန်း မင်းက အခု စားချင်စဖွယ် ဟင်းတစ်မျိုးလိုမျိုး ဖြစ်နေပြီးတော့ လူတိုင်းက မင်းကို မြည်းချင်နေကြတယ်။” သူက ရယ်လိုက်တယ်။
“အဖွားက မင်းကို အရမ်းချစ်တာကို ငါအရမ်း အားကျတယ်။”
အိမ်ရှေ့စံက သူဒါကို ပြောတဲ့အချိန်မှာ နည်းနည်းမှုန်မှိုင်းနေတယ်။ သူပြောတာက အမှန်ပဲဖြစ်တယ်။ သူက အိမ်ရှေ့စံဖြစ်ပေမဲ့ ဧကရာဇ် ဒါမှမဟုတ် မယ်တော်ယိတျယ်က သူ့ကို မချစ်ကြလို့ ဧကရီက စိတ်ဆင်းရဲနေတာဖြစ်ပြီးတော့ သူမက အဆင့်အဆန်းကို ပြောင်းလို့မရနိုင်ဖြစ်နေတယ်။ ကျန်းယွမ်က ပြုံးလိုက်တယ်။
“အရှင်မင်းသားက ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ရဲ့ အုပ်ချုပ်သူဖြစ်တော့မှာပဲကို ယွမ်နိုင်လို ကောင်မလေးတစ်ယောက်ကို အားကျစရာ မလိုပါဘူး။”
“မင်းက ဘယ်လိုလုပ်ပြီးတော့ ကောင်မလေးတစ်ယောက် ဖြစ်ရမှာလဲ။ ဒီနန်းတော်ထဲမှာ မင်းက ကာကွယ်ဖို့ထိုက်တန်တဲ့ ရတာနာတစ်ခုလို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က သွေးသားမတော်စပ်တော့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ထဲမှာ အဲ့လိုအတွက် စည်းကမ်းမရှိဘူးဆိုတော့…”
ကျန်းယွမ်က အပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။
“တကယ်လို့ အရှင်မင်းသားက မယ်တော်ယိတျယ်နဲ့ ဧကရာဇ်ကို စည်းရုံးနိုင်ရင် ယွမ်နိုင်က အဲဒါနဲ့ ပတ်သက်ပြီး ပြဿနာ မရှိပါဘူး။”
အိမ်ရှေ့စံက ကျန်းယွမ် ဂရုမစိုက်တာကို တွေ့တော့ သူမက ဒီကိစ္စကို လေးလေးနက်နက် မစဉ်းစားလို့ သူဒေါသထွက်သွားတယ်။ အဲ့အချိန်မှာ ကျန်းယွမ်က အိမ်ရှေ့စံနောက်ကနေ လိုက်လာပြီး အိမ်ရှေ့စံကို ညင်သာပြီး မထိခိုက်စေလိုတဲ့ အကြည့်နဲ့ ကြည့်နေတဲ့ ရွှမ်းလန်ကို ကြည့်လိုက်တယ်။ အိမ်ရှေ့စံက ဘာအရည်အချင်းမှ မရှိဘူး။ မင်းသားလေးက ညံ့ဖျင်းတယ်။ ဒီတော့ သူတို့က အချင်းချင်း တည့်ကြတယ်။ အိမ်ရှေ့စံက သူ့ရဲ့ တခြားညီအစ်ကိုတွေ အပေါ်မှာ အရမ်းမရင်းနှီးပေမဲ့ သူက ရွှမ်းလန်ကို ကောင်းကောင်းဆက်ဆံတယ်။ ရွှန်းလန် ပြုမူတဲ့ပုံက ကျန်းယွမ်ကို ကျန်းအိမ်တော်က ကျန်းတန်ကို သတိရစေတယ်။
သူတို့နှစ်ယောက်လုံးက ရှက်ရွံ့တဲ့ပုံစံ ရှိပုံပေါ်ပေမဲ့ သူတို့နှစ်ယောက်လုံးက လူတွေကို နောက်ကျောကနေ ဓားနဲ့ထိုးရတာ သဘောကျတယ်။ သူမရဲ့ အတိတ်ဘဝမှာ အိမ်ရှေ့စံက သူ့ရဲ့ လေးယောက်မြောက်ညီ နောက်ကျောဓားနဲ့ထိုးတာ ခံရတာ မဟုတ်ဘူးလား။ အဲဒါကြောင့် သူက သူ အရမ်းရင်းနှီးတဲ့ လေးယောက်မြောက်ညီကြောင့် သူက အကျဉ်းကျခဲ့ပြီးတော့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ မဟုတ်လား။ ရွှမ်းလန်က အရင်ကတည်းက တော်ဝင်ကြင်ရာတော်ချန်ရဲ့ ဘက်မှာရှိနေတာ ဖြစ်တယ်။ ကံဆိုးစွာနဲ့ အိမ်ရှေ့စံက ရန်သူကို သူငယ်ချင်းတစ်ယောက် အနေနဲ့ ဆက်ဆံခဲ့တာပဲ။
ကျန်းယွမ်က အိမ်ရှေ့စံကို ကြည့်လိုက်တယ်။
“အရှင်မင်းသား အရှင်မင်းသား ယွမ်နိုင်နဲ့ စကားပြောချင်တယ်လို့ ပြောခဲ့တယ်မလား။ အရှင်မင်းသား အခု ပြောလို့ရပါပြီ။”
အိမ်ရှေ့စံက ကြက်သေသေသွားတယ်။ အဲဒါက ဆင်ခြေတစ်ခုလိုပဲ ဖြစ်ပြီးတော့ အရမ်းကြီး အရေးမထားခဲ့ဘူး။ သူ ပြောတော့မယ့်အချိန်မှာ ကျန်းယွမ်က ရွှမ်းလန်ကို ပြောတယ်။
“အရှင်မင်းသား မင်းသားလေး ပြောစရာ ရှိသေးလား။ တကယ်လို့ မရှိတော့ရင် ကျွန်မ အိမ်ရှေ့စံနဲ့ အရင်သွားပါတော့မယ်။”
ရွှမ်းလန်က ကြက်သေသေသွားတယ်။ သူက ကျန်းယွမ်က သူ့ကို ဘာခံစားချက်မှ မရှိဘဲ ပထုတ်လိုက်လိမ့်မယ်လို့ မထင်ထားဘူး။ နာကြည်းမှုက သူ့မျက်ဝန်းထဲမှာ ဖြတ်သွားပြီးတော့ ကျန်းယွမ်က မင်းသားလေးကို အနိုင်ကျင့်ခဲ့လားဆိုတာကို သူကိုယ်တိုင်ကပဲ သိမှာဖြစ်တယ်။
အိမ်ရှေ့စံက မျက်မှောင်ကြုတ်သွားပေမဲ့ ရွှမ်းလန်ကတော့ တောင်းပန်တဲ့အပြုံးနဲ့
“အစ်ကိုကြီး ကျွန်တော်အရင် ပြန်ပါတော့မယ်။ ကျွမ်းကျူ့နဲ့ ဆက်ပြီးစကားပြောနေခဲ့ပါ။ နှုတ်ဆက်ပါတယ်။”
ပြီးတော့ သူက အမြန်ပြန်သွားတယ်။ သူက ဒေါသထွက်နေပုံမပေါ်ဘဲ နည်းနည်းစိုးရိမ်နေတဲ့ပုံပေါ်တယ်။”
အိမ်ရှေ့စံက ရွှမ်းလန်ရဲ့ ကျန်းယွမ်အပေါ် ကြည့်တဲ့အကြည့်တွေထဲမှာ မကျေနပ်မှုတွေ ပါဝင်နေတယ်။
“ဟောင်အန်းကျွမ်းကျူ့ ဘာကိုဆိုလိုတာလဲ။”
“အရှင်မင်းသား သတိပြုမိတဲ့အတိုင်းပါပဲ။ ကျွန်မက အမြဲတမ်း မင်းသားရှစ်ကို သဘောမကျဘူး။”
အိမ်ရှေ့စံက ခဏလောက် မှင်တက်သွားတယ်။ သူက စောစောတုန်းက ကျန်းယွမ်က ရွှမ်းလီကို သဘောမကျဘူးလို့ပဲ ထင်ခဲ့တာဖြစ်ပေမဲ့ သူက ချောမောပြီး ခန်ညားတဲ့ ရွှမ်းလီကို ကျန်းယွမ် ဘာကြောင့် သဘောမကျတာလဲ ဆိုတာကို စဉ်းစားလို့မရခဲ့ဘူး။ ဒါပေမဲ့ သူကလည်း ရွှမ်းလီကို သဘောမကျဘူးဆိုတော့ သူက ကျန်းယွမ်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ကျေနပ်ခဲ့တယ်။
ကျန်းယွမ်က သိမ်မွေ့စွာ ပြောလိုက်တယ်။
“ကျွန်မ ပုရွက်ဆိတ်တွေကို မုန်းတယ်။ ကျွန်မ ပုရွက်ဆိတ်တက်တဲ့ အရာတွေကို မကြိုက်ဘူး။ ကျွန်မ မင်းသားရှစ်ကိုလည်း မုန်းတယ်။ ဒီတော့ သူနဲ့ ပတ်သက်တဲ့သူတွေကိုလည်း ကျွန်မ မုန်းတယ်။”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...