part67(2)

3.5K 369 2
                                    

unicode
Part 59

အခန်း ၆၇

အပိုင်း (၁ခ)

"သခင်လေးက မုတန်အတွက် ပိုက်ဆံကို လွတ်လွတ်လပ်လပ် သုံးချင်တာပဲ။ မုတန် စိတ်လှုပ်ရှားသွားပြီ။ ကျွန်မ သခင်လေးကို အောက်ထပ်က မော့မော့ဆီသွားပြီး ပိုက်ဆံကို တရားဝင်ပေးဖို့ ဒုက္ခပေးရဦးမယ်။ ပြီးတော့ မုတန်ရဲ့ အိပ်ခန်းဆီကို လာပြီး သီးသန့်တွေ့ဖို့ လာခဲ့ပါ။ "

ပိုက်ဆံတရားဝင်ပေးအပ်ရမယ် ဟုတ်လား။ ကျန်းချောင် မုတန်ရဲ့ သိမ်မွေ့တဲ့ မျက်လုံးပြာလေးတွေကို ကြည့်လိုက်ရင်းနဲ့ ရုတ်တရက် ချွေးစေးတွေပြန်လာတယ်။ တကယ်ဆိုရင် သူက မုတန်ကို ပေးစရာ ပိုက်ဆံမရှိဘူးဆိုတာ သိပေမဲ့ ပိုင်ဟွာလိုမှာ သူ့ကို ကူမယ့်သူလည်း မရှိဘူး။ ပြီးတော့ တကယ်လို့ ကိစ္စတွေက သူမထိန်းချုပ်နိုင်ခဲ့ရင် သူဘယ်လိုလုပ်ရမလဲ။

အဲ့အချိန်မှာ သူ့ဘေးက အရပ်ရှည်ရှည်နဲ့ ခပ်တောင့်တောင့် အစေခံယောက်ျား တနျိုက ပြောလိုက်တယ်။

"ကျွန်တော့်ရဲ့ သခင်လေးက ဒီနေ့ အိမ်ကနေ အလျင်စလိုထွက်လာခဲ့တော့ ပိုက်ဆံလုံလုံလောက်လောက် ယူလာခဲ့ဖို့ မေ့လာတယ်။ "

အကုန်လုံးက အဲ့စကားတွေကို ရယ်ကြတယ်။ သူက မုတန်ရဲ့ ပထမဆုံးညကို ဝယ်ဖို့အထူးလာပေမဲ့ ပိုက်ဆံယူမလာဘူး။ အဲ့တာက လူတွေကို ရယ်စရာ တစ်ခုခုပေးလိုက်ပြီးတော့ သူ့ကို လှောင်ခိုင်းတာ မဟုတ်ဘူး။

မုတန်က သူ့ကို အရမ်းစိတ်ဝင်တစားကြည့်လိုက်တယ်။

"ဒါပေမဲ့ မုတန်က အကြွေးမရောင်းဘူးနော်။ သခင်လေး ပိုက်ဆံအရင်သွားယူပြီးမှာ ကျွန်မတို့ သေသေချာချာ ဆွေးနွေးမယ်ဆိုရင်ရော။ "

ဒီစကားတွေက လှောင်ပြောင်မှုတွေနဲ့ ပြောတာဖြစ်ပြီးတော့ ကျန်းချောင်က ဒေါသချောင်းချောင်းထွက်နေတယ်။ သူက ဝိုင်သောက်ထားပြီးသား ဖြစ်နေလို့ သူ့စိတ်ကို မချုပ်ထိန်းဘဲနဲ့ ပြုမူခဲ့တာဖြစ်တယ်။ မုတန်ရဲ့ အထင်သေးမှုတွေနဲ့ ပြည့်နေတဲ့ မျက်နှာကို မြင်တော့ သူချက်ချင်းပဲ ထလိုက်ပြီးတော့ အပြစ်တင်လိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now