unicode
Part 48အခန်း - ၅၈
ပြောလိုက်တဲ့သူက မဟာမင်းသားရဲ့ အိမ်တော်က
မင်းသမီးရုံကျားဖြစ်တယ်။ သူမက လှပပြီး သိမ်မွေ့တယ်။ သူမရဲ့ အကြည့်တွေက ကျင်းဆောင်းလှေပေါ်က ဝတ်ရုံနက်လူငယ်ဆီကို ရောက်နေတယ်။
နောက်ထပ် အမျိုးသမီးက ပြောလိုက်တယ်။
"ပြောရရင် ဒီနှစ် ဘယ်သူက ယုန်မီးအိမ်လေးရမလဲဆိုတာ ငါမသိဘူး"
မင်းသမီးရုံကြားက ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"ဒီလိုဆိုမှတော့ ကျွန်မပဲ စပြီး ပန်းချီဆွဲလိုက်ပါ့မယ်"
သူမဘေးမှာ ရှိတဲ့ မြင့်မြတ်တဲ့ အမျိုးသမီးတွေကလည်း သဘောတူကြတယ်။ အစေခံတွေက အန်ဟွေ့မှင်နဲ့ ရွှမ်စာရွက်တွေ လာပို့ကြတယ်။
မင်းသမီးရုံကြားက အရည်အချင်းရှိတဲ့ အမျိုးသမီးလို့ သတ်မှတ်ခြင်း ခံထားရတယ်။ ဒါပေမဲ့ သူမက ဒီနေ့ ကျန်းစုစုကို မယှဉ်နိုင်ဘူးဆိုတာကို သိတော့
သူက ကွဲပြားစွာ ချဉ်းကပ်လိုက်တယ်။ ပုံတစ်ပုံကိုဆွဲတာကလည်း အချိန်ခဏပဲ ကြာတာဆိုတော့။ ခဏကြာတော့ အစေခံတွေက မင်းသမီးရုန်ကြားက
စုတ်တံကို ဘေးချလိုက်တာနဲ့ ဘာဆွဲထားတာလဲဆိုတာကို ဖြည်းဖြည်းချင်း တွေ့လာတယ်။
သူမက နွေဦးဇီးပွင့်လေးတွေကို ရေးဆွဲခဲ့တယ်။ သစ်ပင်ပင်စည်က နှင်းတွေ ဖုံးနေတဲ့ မြေပြင်ပေါ်မှာ။ ပင်စည်ကို ထူထပ်နေတဲ့ နှင်းတွေဖုံးနေတယ်။
လိပ်ပြာနှစ်ကောင်က ပင်စည်က အကိုင်းပေါ်မှာ နားနေတယ်။ ဒါမှမဟုတ် သူတို့က နှင်းတွေအောက်မှာ ဖုံးနေတဲ့ ဇီးပွင့်လေးတွေ ဆွဲဆောင်တာ
ခံနေရတာ နေမှာ။သူမရဲ့ ပန်းချီဆွဲတဲ့ လက်ရည်က အရမ်းမထူးခြားပေမဲ့ အယူအဆက ထူးချွန်ပြီးတော့ ပေါင်းစပ်မှုက ကျွမ်းကျင်လိမ္မာတယ်။ စာလိပ်ကို ဖြန့်လိုက်တဲ့ အခါမှာအဲဒါက လူတိုင်းရဲ့ လေးစားမှုကို ခံရစေတယ်။မင်းသမီးရုံကြားရဲ့ မျက်ဝန်းထဲမှာ အောင်ပွဲခံတဲ့ အရိပ်အယောင်လေး ဖြတ်သွားတယ်။ သူမက ဘေးလှေပေါ်က ဝတ်ရုံနက်လူငယ်ကို တစ်ချက် ခိုးကြည့်လိုက်ပေမဲ့ အဲ့လူက လက်ဖက်ရည်ပဲ သောက်နေပြီး သူမကို မကြည့်တာကို တွေ့လိုက်ရတယ်။ သူမ ထပ်ပြီး စိတ်ပျက်သွားတယ်။ကျင်းဆောင်းလှေပေါ်မှာ မင်းသားငါးက
မေးထောက်လိုက်ပြီးတော့ ရွှမ်းလီကို လှမ်းထိလိုက်တယ်။
"မင်းသမီးရုံကြားရဲ့ ပန်းချီက စိတ်ဝင်စားစရာကောင်းပြီးတော့ သူမဆီမှာ ချစ်စရာကောင်းတဲ့ အကျင့်ရှိတယ်"
ဒီကောက်ချက်ချမှုက ပြောမပြတတ်လောက်အောင် သိမ်မွေ့တယ်။ အဲဒါက စူးစမ်းတယ်လို့ ဆိုလိုတယ်။ မင်းသမီးရုံကြားက မဟာမင်းသားရဲ့ မျက်လုံးထဲမှာ ပုလဲလေးပဲ။ သူက မင်းသမီးရုံကြား သဘောကျတာ
ခံရမယ်ဆိုရင် မဟာမင်းသားက သူ့ဘက်က ဖြစ်လာပြီးတော့ အဲဒါက အထင်သေးလို့ မရဘူး။
ရွှမ်းလီက ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်တယ်။
"အဲ့လိုလား။ ဒါပေမဲ့ ငါထင်တာကတော့ ပန်းချီက အပေါ်ယံပါပဲ"
မင်းသားငါး မျက်မှေဦင်ကြုတ်လိုက်ပြီး အဓိပ္ပာယ်ရှိစွာ ပြောလိုက်တယ်။
"မင်းသားရှစ်ရဲ့ မျက်လုံးတွေက အမြဲမောက်မာတာပဲ"
အဲဒါပြီးတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတယ်။ အတိတ်မှာ မြင့်မြတ်တဲ့ အမျိုးသမီးတိုင်းက သူတို့ရဲ့ အရည်အချင်းတွေပြသဖို့ ဆန္ဒပြုကြတယ်။ ကျန်းစုစုကြောင့် သူတို့က အကောင်းဆုံးဖြစ်အောင်
မကြိုးစားနိုင်ကြပေမဲ့ သူတို့က သူတို့နာမည်ရဖို့ကောင်း အကောင်းဆုံး အခွင့်အရေး ယူနိုင်ခဲ့ကြတယ်။ အဲဒါက ကောင်းတဲ့ အပေးအယူပါ။ ဒီနှစ်မှာတော့ မင်းသားရှစ်နဲ့ ကျင်းရင်းဝမ်တို့ကြောင့် တစ်ယောက်က ရန်စလို့မရတဲ့ မင်းမျိုးမင်းနွယ် မင်းသားဖြစ်ပြီး နောက်တစ်ယောက်က ထူးချွန်ပြီး အေးစက်တဲ့ လူကြီးမင်းဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီးတွေက အရင် ပြသဖို့ မပြောရဲကြဘူး။ကျန်းယွမ်က ထိုင်နေပြီး ကြည့်နေတယ်။ အခုလေးတင်ပဲ သူမက
သူမနားကနေ သာယာပြီး ရှက်ရွံ့တဲ့အသံလေးကို ကြားလိုက်ရတယ်။
"အခု မင်းသမီးရုံကြားက ပထမနေရာကို ဦးဆောင်နေတယ်။ ပြီးရင် ကျွန်မသွားမယ်"
အခုပြောလိုက်တဲ့သူက ရှုရုန်ရှီပဲ။ ကျန်းယွမ်ကလွဲလို့ သူမရဲ့ စားပွဲမှာထိုင်နေတဲ့ သူတွေ အကုန်လုံး အံ့အားသင့်သွားကြတယ်။ ရှုရုန်ရှီက ပုံမှန်ဆိုရင် ဂုဏ်ယူပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတယ်။ သူမက ဒီပြိုင်ပွဲတွေမှာ လူရွှင်တော်တစ်ယောက်လို လျှောက်ပြီး ပေါတိပေါချာ မလုပ်ချင်ဘူး။ သူမက ဘာလို့ ဒီနေ့ ဒီလို အကြံပြုနေတာလဲ။ကျန်းယွမ်ရဲ့ မျက်လုံးထဲမှာ နားလည်မှုတွေကို တွေ့ရတယ်။ ရှုရုန်ရှီရဲ့ အသွင်အပြင်က ကျင်းရင်းဝမ်အတွက် အားတင်းထားတာ ဖြစ်ရမယ်။ မိန်းမတွေက အမြဲတမ်း သူတို့ ချစ်တဲ့သူရှေ့မှာ အကောင်းဆုံးပြသချင်ကြတာပဲ။ ရှုရုန်ရှီက မြင့်မြတ်ပြီးကိုယ့်ကိုယ်ကို အဟုတ်ထင်နေပေမဲ့ သူမ ချစ်တဲ့သူရဲ့ အရှေ့မှာ သူမက ပုံမှန်လူပါပဲ။ ကျန်းယွမ် ရှုရုန်ရှီကို ဒီလိုတွေးလိုက်တော့လည်း နည်းနည်းလေးစားတယ်။ မိန်းမတွေ အကုန်လုံးက သူတို့ ချစ်တဲ့သူတွေ အတွက် သူတို့ရဲ့ ဂုဏ်ကို လွှတ်ချဖို့ သိတ္တမရှိကြဘဲ သူ့အတွက်ပဲ ဆုတောင်းပေးတယ်။ရှုရုန်ရှီရဲ့ အပြုအမူက သူမဘေးက အမျိုးသမီးလေးတွေကို
တစ်နည်းနည်းနဲ့ အံ့အားသင့်စေတယ်။ သူတို့က လင်းလောင်လှေအတွက် မကြာခဏလာတဲ့ ဧည့်သည်တွေပဲ။ ရှုရုန်ရှီက အရင်နှစ်တွေတုန်းက ဝင်မပြိုင်ခဲ့ဘူး။ ဒီနှစ်ပြိုင်ပွဲကျမှ ရုတ်တရက် ထပြိုင်တယ်။ ဒါက အရမ်းထူးဆန်းတယ်။မင်းသမီးရုံကြားက ပြုံးလိုက်တယ်။
"မိန်းကလေးရှုက ဘာအရည်အချင်း ပြသချင်တာလဲ"
အရည်အချင်းတွေ အပေါ်ကို စည်းကမ်းချမှတ်မထားဘူး။ ကျင်းဆောင်းလှေပေါ်က ယောက်ျားတွေက ယုန်မီးအိမ်တွေကို စိတ်မဝင်စားဘူး။ ဒီပြိုင်ပွဲက ပအျိုးသမီးတွေ အတွက်ပဲ။ လင်းလောင်လှေပေါ်က အမျိုးသမီးတွေက သူတိုံရဲ့ အကောင်းဆုံးအရည်အချင်းကို ပြသကြတယ်။ အဆုံးမှာ ကျင်းဆောင်းလှေပေါ်က လူတွေ အများဆုံး ချီးမွမ်းတာ ခံရတဲ့တစ်ယောက်က အနိုင်ရလိမ့်မယ်။
ရှုရိုရှီ မျက်နှာ နီရဲသွားပြီး မသက်မသာဖြစ်သွားပုံပေါ်တယ်။ ဒါပေမဲ့ သူမက သူမရဲ့ အေးစက်တဲ့ မျက်နှာထားကို ဆက်ပြီးရှိနေအောင် ထိန်းထားရင်း
"ဒါက ဖျော်ဖြေရေးဆိုတော့ ကျွန်မ စာလုံးတချို့ပဲ
ရေးဆွဲသွားပါ့မယ်"ရှုရုန်ရှီက ဟန်လင်းကျောင်းတော်က တရားရေးဝန်ကြီးရဲ့ သမီးပဲ။
သူမက နာမည်ကြီးတဲ့ စာပေမိသားစုက မွေးဖွားတာဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက စာအုပ်ပုံထဲကို ခေါင်းနှစ်ထားတာဖြစ်တယ်။ သူမရဲ့ လက်ရေးက အရမ်းလှတယ်။ သူမက ငယ်သေးတယ်။ သူမရဲ့ အစေခံက ရွှမ်စာရွက်နဲ့ စုတ်တံယူလာတဲ့ အချိန်မှာ သူမက တုံ့ဆိုင်းခြင်းမရှိဘဲ စပြီး ရေးလိုက်တယ်။
သူမက မရပ်ပဲနဲ့ ရေးသွားတယ်။ သူမရဲ့ ရေးနည်းက ရွေ့လျားနေတဲ့ တိမ်တွေနဲ့ စီးဆင်းနေတဲ့ မြစ်ရေလို သဘာဝအတိုင်းပဲ။ သူမရဲ့ ပုံစံက အရမ်း အာရုံစိုက်နေတဲ့ပုံပဲ။ ရှုရုန်ရှီက မွေးကတည်းက ချစ်စရာကောင်းတယ်။ ဒါပေမဲ့ သူမက ဂုဏ်ယူတတ်ပြီးတော့ မော့က်မာလွန်းတယ်။ လူတွေကိုလည်း အပေါ်စီးကနေ ဆက်ဆံတယ်။ ကျင်းဆောင်းလှေပေါ်က လူတွေ အများကြီးက သူမကို စပြီး အာရုံစိုက်လာကြပြီဖြစ်တယ်။ မြင့်မြတ်တဲ့ လူငယ်အချို့က ပြောလိုက်တယ်။
"သူမက အရည်အချင်းရှိပြီး လှပတယ်။ စာပေမိသားစုကနေလာတာ တကယ်ပဲ"ရှုရုန်ရှီ စုတ်တံချလိုက်တဲ့ အချိန်မှာ သူမရဲ့ အစေခံက သူမရဲ့ လက်ရေးကို အကုန်လုံးရှေ့မှာ ချပြခဲ့တယ်။ အဲဒါက ရိုးရှင်းတဲ့ "ကံ" ဆိုတဲ့ စာလုံးလေးပဲဖြစ်တယ်။ အဲဒါကို ဝိုင်းဝိုင်းလေး ရေးထားတယ်။ အဲဒါက ရိုးရှင်းပြီး သပ်ရပ်တယ်။ ကျန်းယွမ် အရင်ဘဝတုန်းက မင်းသားရှစ်ရဲ့ လက်ထဲမှာ တော်တော်ခံစားခဲ့ရတယ်။ 'စာလုံးကို ကြည့်ရတာ လူကို တွေ့ရသလိုပဲ'ဆိုတဲ့ ဆိုရိုးစကားကို သူမက မယုံဘူး။ ဒါပေမဲ့ သူမ ဒီစာလုံးလေးကို တွေ့လိုက်တော့ အဲဒါကို သူမရဲ့ စိတ်ထဲမှာ မချီးမွမ်းပဲ မနေနိုင်ခဲ့ဘူး။ လက်ရေးက ရှေးခေတ်ပုံဖြစ်နေပေမဲ့ အဲဒါက ခမ်းနားတယ်။
ရှုရုန်ရှီက ဒီစာလုံးလေးလိုပဲ။ ချစ်ရဲ မုန်းရဲတဲ့ လူတစ်ယောက်။ဒီမှာရှိတဲ့ လူတွေ အကုန်လုံးက ရေးတတ်ဖတ်တတ်တဲ့သူတွေပဲ။ ပုံမှန်ဆိုရင် သူမရဲ့ လက်ရေးက ကောင်းလား၊ မကောင်းလားဆိုတာ သူတို့က နားလည်တယ်။ သူတို့က သူမအတွက် လက်ခုပ်ဩဘာပေးပြီး ချီးမွမ်းကြတယ်။ကျောက်ကျင်းကျွမ်းက ပြောလိုက်တယ်။
"ရုန်ရှီရဲ့ လက်ရေးက ထပ်ပြီး ကောင်းသွားပြန်ပြီ။
ကျွန်မမြင်ရသလောက်တော့ ဒီတစ်မြို့လုံးမှာ မင်းသားရှစ်ပဲ သူ့ကို ပြိုင်နိုင်တယ်"
"ဒါဘာစကားလဲ"
တုန်ရင်းအာက ပြုံးလိုက်တယ်။
"ငါတို့က မိန်းမတွေ မင်းသားရှစ်က ယောက်ျားလေ။
ယောက်ျားတစ်ယောက်ရဲ့ လက်ရေးကို မိန်းမတစ်ယောက်ရဲ့ လက်ရေးနဲ့ ယှဉ်ရင် မင်းသားရှစ်အတွက် မမျှတဘူးမလား"
လူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်လိုက်ကြတယ်။ ဒီ
လေးစားဖွယ်ကောင်းတဲ့ ချီးမွမ်းစကားတွေ ကြားထဲမှာ ရှုရုန်ရှီက ကျင်းဆောင်းလှေပေါ်ကို ထပ်ပြီး ခိုးကြည့်လိုက်တယ်။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး သူမရဲ့ မျက်ဝန်းတွေက အရောင်မှိုင်းသွားတယ်။
ကျန်းယွမ် အဲဒါကို မြင်လိုက်ရတယ်။ သူမရဲ့ အတိတ်ဘဝနဲ့ အတူတူပါပဲ။ ကျင်းရင်းဝမ်က မြင့်မြတ်တဲ့ကျင်းနန်းဆက်က မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက ယောက်ျားလေးဖြစ်တယ်။ ကံမကောင်းစွာနဲ့ ရှောင်ရှို့က အချစ်ရေးကို အာရုံမစိုက်တဲ့ ငတုံးဖြစ်နေတယ်။ ဒီလိုနဲ့ မိန်းကလေး တော်တော်များများက အသဲကွဲကြရတယ်။ရှုရုန်ရှီက သူ့နေရာကို သူပြန်သွားလိုက်တယ်။သူမရဲ့ အပြုအမူတွေက ကျင်းဆောင်းလှေပေါ်က မြင့်မြတ်တဲ့ လူငယ်တွေ အာရုံစိုက်တာ ခံနေရတယ်။ ဒါပေမဲ့ သူမက သူမ ထိုင်ခုံဆီကို ပြန်ရောက်တာနဲ့ ညှိုးငယ်နေတယ်။ သူမက အဲ့လေးစားတဲ့ မျက်လုံးတွေနေဲ့ သူတို့ရဲ့ စေတနာတွေကို လျစ်လျူရှူထားတယ်။
ရှုရုန်ရှီရဲ့ ဖျောဖြေမှုက ပြီးသွားတော့ နောက်ထပ် မြင့်မြတ်တဲ့ အမျိုးသမီးက ပျော်ရွှင်စွာနဲ့ နောက်တစ်ယောက်က ဘယ်သူလဲလို့ မေးလိုက်တယ်။ ဒါပေမဲ့ ထူးချွန်တဲ့ မင်းသမီး ရုံကြားနဲ့ ရှုရုန်ရှီ တို့ကလွဲရင်
ဘယ်သူကမှ မဖျောဖြေရဲဘူး။တိတ်ဆိတ်နေတဲ့ အချိန်မှာ အလေးအနက်ပြောတဲ့ စကားသံလေးတစ်သံ ထွက်ပေါ်လာတဲ့
"ဒုတိယမမ မမက ဒုံရင်းတီးတဲ့နေရာမှာ တော်တယ်မလား။ တန်နင် မမ ကုချင်းတီးတာကို ကြားချင်တယ်"ကျန်းယွမ်ရဲ့ အကြည့်တွေက သိမ်မွေ့နေတယ်။ သူမက ပြောတဲ့သူကို ကြည့်လိုက်တယ်။ ကျန်းတန်က သူမရဲ့ အင်္ကျီစကို ကြည့်နေပြီး ကြောက်နေတဲ့ပုံပေါ်တယ်။ ဒါပေမဲ့ အဲဒါက သူအခုလေးတင် ပြောလိုက်တာပဲ။
သူမဘေးမှာ ထိုင်နေတဲ့ ကျန်းစုစုက ကျန်းတန်ကို အံ့အားသင့်တဲ့ ပုံနဲ့ ကြည့်လိုက်ပြီး မျက်နှာလေး နီမြန်းသွားတယ်။
"တန်နင် မမက ဘယ်လိုလုပ် ကုချင်းတီးနိုင်မှာလဲ"
သူမရဲ့ မျက်ဝန်းတွေက နေရခက်နေတဲ့ ပုံဖြစ်နေပြီး ကြည့်နေတဲ့သူတွေကို လန့်နေတဲ့ သမင်ပေါက်လေးကို ကြည့်နေရသလို ဖြစ်ပေါ်စေတယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...