part 98(2)

3.1K 320 1
                                    

Unicode

Part 120

အခန်း - ၉၈ အပိုင်း(၂)

အရင်က တစ်ခေါက်နဲ့ မတူဘဲ ဒီနေ့ခရီးက တည်ငြိမ်လေးနက်မှုနဲ့ ပြည့်နေတယ်။ အချိန်တချို့ကြာပြီးတော့ ရထားလုံးက နောက်ဆုံးမှာ နန်းတော်တံခါးဝမှာ ရပ်လိုက်ပြီး ကျန်းရှင်းကျီက မိန်းမစိုးခေါင်းဆောင်တစ်ယောက်က သူ့ကိုယ်သူ ပြန်ပြီးတော့ လန်းဆန်းအောင်ဆိုပြီး ဦးဆောင်ခေါ်သွားတဲ့အချိန်မှာ အမျိုးသမီးတွေက တချို့ နန်းတွင်းအမျိုးသမီးတွေက စောင့်တဲ့ခန်းမထဲကို ခေါ်သွားတာခံရတယ်။ ဒါပေါ့ ကျန်းအိမ်တော်အပြင် တခြားအိမ်တော်က ရထားလုံးတွေလည်း တံခါးဝမှာ ရှိနေပြီးတော့ လမ်းတစ်လမ်းလုံးက အဆင့်မြင့်အရာရှိတွေနဲ့ မြင့်မြတ်တဲ့သူတွေရဲ့ ရထားလုံးတွေနဲ့ ပြည့်နေတယ်။ မိန်းမတွေနဲ့ သမီးတွေက ကျန်းအိမ်တော်ရဲ့ ရထားလုံးကို လက်ညှိုးထိုးကြပြီးတော့ ငေးကြည့်နေကြတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ကိစ္စက သတင်းတွေ အများကြီး ပြန့်သွားစေခဲ့တယ်။ ဒုတိယသခင်မလေးကျန်းက နတ်သမီးနဲ့ လုံးဝတူတာ မဟုတ်ဘဲ အမှားတွေ အများကြီး လုပ်မိချိန်မှာ နှစ်ကုန်ကာနီးမှာ ပြန်လာတဲ့ အကြီးဆုံးသခင်မလေးကျန်းက အထင်သေးလို့ရတဲ့သူ မဟုတ်ဘူး။ ပြီးတော့ အတင်းတုပ်တာကလည်း လူတွေရဲ့ အကျင့်ပဲလေ။ ကျန်းအိမ်တော်ရဲ့ ရထားလုံးက ရောက်လာတာ မကြာသေးဘူး စပ်စုတဲ့ မျက်လုံးတွေက အဲ့ဘက်ကို ရောက်နေကြပြီဖြစ်တယ်။
အစေခံတစ်ယောက်က ရထားလုံးရဲ့ လိုက်ကာတွေကို မလိုက်ပြီး အဝါရောင်ဝတ်စုံနဲ့ ရှင်းလင်းတဲ့ မျက်ခုံးတွေနဲ့ ချစ်စရာကောင်းတဲ့ မိန်းမပျိုလေးက ဆင်းလာတယ်။ ချက်ချင်းပဲ သူမနောက်က ပါတာလာတာက အစိမ်းဖျော့ရောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဖြစ်ပြီးတော့ အရမ်းလှပတယ် သူမရဲ့ ခက်ထန်တဲ့ မျက်နှာထားက လွဲလို့ပေါ့။ သူမရဲ့ ဝင့်ကြွားတဲ့ ဝတ်စုံတွေက ဒါနဲ့ မလိုက်ဘူး။
ဒီမိန်းကလေးနှစ်ယောက်က နွေးထွေးပြီး ညင်သာတဲ့ပုံ ပေါ်တဲ့ လှပတဲ့ သက်လတ်ပိုင်းအမျိုးသမီးနဲ့ လာတာဖြစ်ပေမဲ့ အကြောင်းတချို့ကြောင့် မျက်တွင်းတွေက သူမရဲ့ အလှကို ထိခိုက်စေတယ်။
အဲ့အမျိုးသမီးက ဘယ်ကိုမှ မသွားပေမဲ့ ရထားလုံးနားမှာပဲ နေပြီးတော့ အထဲကနေ မထွက်ရသေးတဲ့သူတွေကို စောင့်နေတယ်။ ဘေးက လူအုပ်က ကျန်းစုစုထွက်လာတော့ အံ့အားသင့်သွားကြတယ်။ သူမရဲ့ ဂုဏ်သတင်းက အရင်ကနဲ့ မယှဉ်နိုင်ပေမဲ့ သူမက ကြည့်လိုက်တာနဲ့ လူတွေကို သက်သောင့်သက်သာဖြစ်စေတဲ့ ပြိုင်ဘက်ကင်းတဲ့ မျက်နှာနဲ့ မွေးဖွားခဲ့တာဖြစ်တယ်။ ဒီလို လှပတဲ့ နတ်သမီးလေးက ဒီလိုယုတ်မာလာမယ်လို့ ဘယ်သူက ထင်မှာလဲ။ သံသယရှိနေသေးတဲ့ သူတွေက ကျန်းစုစုကို မြင်တော့ လန့်သွားကြတယ်။ သူမက ဒီနေ့အတွက် အထူးဝတ်လာခဲ့ပြီးတော့ အမာရွတ်တွေကို ဖုံးဖို့ မိတ်ကပ်အထူကြီးလိမ်းခဲ့တယ်။ ဒါ့အပြင် အဝတ်တွေနဲ့ လက်ဝတ်ရတနာတွေကလည်း စေ့စေ့စပ်စပ် ရွေးလာတာဖြစ်လို့ သူတို့က မျက်စိကို ဖမ်းစားနိုင်တယ်။
လူအုပ်က လှပတဲ့ နတ်သမီးကို တွေ့ပေမဲ့ သူတို့ရဲ့ အာရုံက ရထားလုံးထဲက အပန်းရောင် ပုံရိပ်ဆီကိုပဲ ရောက်နေကြတယ်။ နောက်တစ်စက္ကန့်မှာပဲ လိုက်ကာကို ထပ်မလိုက်ပြီးတော့ လှပတဲ့ ပုံစံက ထွက်ပေါ်လာတယ်။
တစ်ချက်ကြည့်ရုံနဲ့ လှပတဲ့မက်မွန်ရောက်က သပ်ရပ်မှု ကင်းမဲ့ပုံပေါ်ပြီးတော့ ကျန်းစုစုရဲ့ အသွင်အပြင်ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ သူမက အပြည့်အဝထွက်ပေါ်လာပြီးတော့ ကျန်းစုစုနားမှာ ရပ်လိုက်တော့ သူမရဲ့ ကိုယ်ပိုင်ထင်ရှားတဲ့ ပုံစံက ရှိနေတဲ့ လူတိုင်းကို သူမရဲ့ မျက်နှာကြောင့် မှင်တက်သွားစေတာက သက်သေဖြစ်လာပြီးတော့ မသက်ရောက်စေဘဲ မနေနိုင်စေခဲ့ဘူး။
အဲ့မျက်နှာက အရမ်းဆွဲဆောင်မှုရှိတယ်။ သူမမှာ လန်းဆန်းတဲ့ မျက်လုံးတွေ၊ နက်မှောင်တဲ့ မျက်ခုံးတွေ၊ နီရဲရဲနှုတ်ခမ်းလေးတွေ၊နက်မှောင်တဲ့ မျက်ဝန်းလေးတွေနဲ့ ဖြူဖွေးတဲ့ အသားအရေရှိတယ်။ ဒါပေမဲ့ သူမရဲ့ တောက်ပတဲ့ မျက်နှာက ဆံထုံးလေးတစ်ခုနဲ့ပဲ တွဲထားပြီးတော့ ချက်ချင်းပဲ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ လေထုကို သုံးမှတ်လျော့စေပြီးတော့ သူမကို ပိုပြီး နူးညံ့သိမ်မွေ့စေတယ်။
မက်မွန်သုံးရောင်စုံ ဘရိုကိတ်အင်္ကျီနဲ့ နှင်းဆီပန်းတွေနဲ့ အလှဆင်ထားတဲ့ ကြမ်းပြင်ထိရှည်တဲ့ ဂါဝန်တစ်ထည်၊ သတ္ထုရွှေရောင်ဘရိုကိတ်အင်္ကျီနဲ့ လိုက်ဖက်တဲ့ ရောင်စုံ ချည်မျှင်နဲ့ ပန်းတွေပုံ ဖော်ထားပြီးတော့ ပုလဲတွေ ပါတယ်။ မနက်ခင်းမှာ လန်းလန်းဆန်းဆန်းပွင့်တဲ့ နှင်းဆီရနံ့နဲ့ နူးညံ့ပြီး ထင်းမနေဘူး။ သူမက မိတ်ကပ်နည်းနည်းပဲ လိမ်းပြီးတော့ နှင်းဆီဆံထိုးတစ်ခုပဲ သူမ ဆံပင်ထဲမှာရှိတယ်။ သူမရဲ့ လက်တွေပေါ်မှာ တောက်ပြောင်တဲ့ လက်ဝတ်ရတနာတွေ မရှိဘဲ ပုံမှန်ပြုလုပ်ထားတာ မဟုတ်တဲ့ အပြာရောင်လက်ကောက်တစ်ခုပဲ ရှိတယ်။
လူအုပ်က သူမကို ကြည့်လိုက်ပြီး ကျန်းစုစုကို ကြည့်လိုက်တယ်။ သူတို့နှစ်ယောက်ကို ယှဉ်ရင်းနဲ့ ကျန်းစုစုက မိတ်ကပ်တွေ အများကြီးလိမ်းထားပုံပေါ်ပြီးတော့ သူမရဲ့ ဆံထိုးတွေက ဝင့်ကြွားပုံပေါ်လာတယ်။ နတ်သမီးက အရမ်း မလန်းဆန်းပေမဲ့ ဒီတက်ကြွတဲ့ မိန်းမလှလေးက သူမရဲ့ ကိုယ်ပိုင် ဆွဲဆောင်မှုရှိတယ်။
ကျန်းစုစုက အကုန်လုံးရဲ့ မျက်ဝန်းထဲက ပြောင်းလဲမှုကို ခံစားမိလိုက်တယ်။ သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ထားရင်း သူမက ကျန်းယွမ်ကို တစ်စစီ ဆုတ်ဖြဲဖို့ မစောင့်နိုင်ခဲ့ဘူး။ ကျန်းယွမ် ကျန်းအိမ်တော်ကို ရောက်လာကတည်းက သူမရဲ့ ဘဝက ပြောင်းပြန်ဖြစ်သွားတယ်။ ကျန်းယွမ်က သူမရဲ့ ဂုဏ်သတင်းကို ခိုးယူခဲ့တယ်။ သူမ အစ်ကိုရဲ့ နေရာကို ခိုးယူခဲ့တယ်။ အခု သူမက မြို့တော်ထဲက အလှပဆုံး အမျိုးသမီးဆိုတဲ့ သူမရဲ့ နေရာကိုတောင် ခိုးယူချင်နေပြီ။
ရှယန်ရဲ့ မျက်ဝန်းထဲမှာ အေးစပ်မှု အရိပ်အယောင် ပေါ်သွားပေမဲ့ သူမက ဘာမှ ပြန်ပြောခဲ့ပဲ မျက်နှာပေါ်မှာ အပြုံးနဲ့ သူတို့ကို လမ်းပြပေးနေတဲ့ နန်းတွင်းအမျိုးသမီးနဲ့ပဲ စကားပြောခဲ့တယ်။ စိတ်မရှည်ဖြစ်နေတဲ့ ကျန်းလီက သူတို့နောက်ကနေ အမြန်လိုက်လာတယ်။
မြင့်မြတ်တဲ့ မိသားစုရဲ့ အမျိုးသမီးတိုင်းက ခန့်အပ်ထားတဲ့ နန်းတွင်းအမျိုးသမီးတွေကို ရပြီးတော့ သူတို့ကို လမ်းညွှန်ခိုင်းလို့ရတယ်။ ရှယန်က နန်းတွင်းအမျိုးသမီးနဲ့ စကားပြောနေပေမဲ့ သူမရဲ့ အကြည့်တွေက မကြာခဏ ကျန်းစုစုဆီကို ဝေ့ဝိုက်သွားတယ်။ နန်းတော်ထဲကို မဝင်ခင်က သူမက ရိုသေလေးစားဖွယ်မော့မော တစ်ယောက်ကို ကျန်းစုစုကို နန်းတွင်းကျင့်ဝတ်ထုံးတမ်းတွေကို သင်ပေးဖို့ ဖိတ်ခဲ့တယ်။ ကျန်းစုစုရဲ့ နာမည်က မြို့တော်ထဲမှာ လူသိများပေမဲ့ ဒါက သူမ နန်းတွင်းထဲကို ပထမဆုံးအကြိမ် လာတာဖြစ်တယ်။ နန်းတွင်းက အခွင့်အရေးတွေနဲ့ နေရာတစ်ခုဖြစ်တယ်။ အဲ့မှာ မျှော်လင့်ချက်လေး နည်းနည်းရှိတာနဲ့ သူမရဲ့ အနာဂတ်နေ့ရက်တွေက တကယ်ပဲ အရမ်းပြောင်းလဲသွားမှာ ဖြစ်တယ်။
ရှယန်က သူမကိုယ်သူမ ပညာတတ်တဲ့သူ တစ်ယောက်အဖြစ် မှတ်ယူထားတာဖြစ်တယ်။ သူမက နန်းတွင်းအမျိုးသမီးကို စကားပြောတဲ့ထဲမှာ အားထုတ်ကြိုးစားမှုများစွာ ထည့်ထားပေမဲ့ နန်းတွင်းအမျိုးသမီးရဲ့ မျက်ဝန်းထဲက အထင်သေးမှုကို သတိမထားမိဘူး။ နန်းတော်ရဲ့ နန်းတွင်းအမျိုးသမီးအနေနဲ့ ဘယ်မြင့်မြတ်တဲ့သူကို သူမ မမြင်ဖူးမှာလဲ။ ရှယန်က ကျင့်ဝတ်ထုံးတမ်းကို သင်ယူခဲ့ပေမဲ့ သူမက ကိုယ်လုပ်တော်တစ်ယောက်ရဲ့ သမီးပဲ။ သူမရဲ့ ပညာက ဘယ်လိုလုပ်ပြီးတော့ တရားဝင်အမျိုးသမီးတစ်ယောက်ရဲ့ ပညာကို ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ။ ဒါ့ကြောင့် သူမက လူသစ်တစ်ယောက်ဖြစ်တဲ့ မျက်နှာထားကို မလွဲဧကန် ပြခဲ့တယ်။ သူမ စိတ်ရောကိုယ်ပါ သင်ပေးထားတဲ့ ကျန်းစုစုတောင် တင်းမာတဲ့ အမူအကျင့်ကို သယ်ဆောင်လာတယ်။ သူတို့ ဘယ်လိုပဲ အဖက်မလုပ်သလို ဟန်ဆောင်နေပါစေ အဲဒါက သိတဲ့မျက်လုံးတွေအတွက်တော့ အမှားကြီးဆိုတာ သိသာနေတာပဲ။
တစ်ဖက်မှာတော့ နန်းတွင်းအမျိုးသမီးက ကျန်းယွမ်နဲ့ပတ်သက်ပြီး မအံ့ဩဘဲ မနေနိုင်ခဲ့ဘူး။ အဲ့မှာ စည်းကမ်းကို လိုက်နာတဲ့ မြင့်မြတ်တဲ့ သမီးတွေ အများကြီးရှိပြီးတော့ ကျင့်ဝတ်ထုံးတမ်းတွေကို လိုက်နာတဲ့ သူတွေက ပိုပြီးတော့တောင် များပေမဲ့ ဒီလောက်ကောင်းကောင်း ပြုမူနိုင်တဲ့ သူက တကယ်ရှားပါးတယ်။ သူမ လမ်းလျှောက်တဲ့ပုံ - ကြည်လင်တဲ့ မျက်ဝန်းတွေ၊ ခြေလှမ်းတိုင်း၊ သူမရဲ့ ဂါဝန်က မြေပြင်ပေါ်ကို ညက်ညောစွာ ရွေ့သွားပုံ၊ သူမရဲ့ လက်ပိုက်ထားပုံ၊ သူမရဲ့ မေးကို နည်းနည်းမော့ထားပုံနဲ့ ရိုသေလေးစားဖွယ်ကောင်းပေမဲ့ မနှိမ့်ချထားတဲ့ မျက်နှာထား၊ မြင့်မြတ်ပေမဲ့ မမောက်မာပုံ။ ရိုးရှင်းစွာနဲ့ အတုယူထိုက်တယ်။ သူမရဲ့ ခြေလှမ်းတိုင်းက အမှားကင်းပြီး တည်ငြိမ်ပြီး လူအများစု နန်းတော်ထဲကို သူတို့ ပထမဆုံးအကြိမ်လာရင် သူတို့ဆီမှာ ဖြစ်တတ်တဲ့ ပုံမှန်ထိတ်ထိတ်ပြာပြာဖြစ်တာ ဒါမှမဟုတ် သိချင်စိတ် ပြင်းပြတဲ့ အရိပ်အယောင်ကို မတွေ့ရဘူး။ သူမရဲ့ လှပတဲ့ မျက်ဝန်းတစ်စုံမှာ ခံစားချက်ပေါင်းများစွာ ပုန်းအောင်းနေပြီးတော့ ဘယ်သူမှ သူတို့ကို မတွေ့နိုင်ဘူး။
သူမရဲ့ အပြုအမူတွေက အရာရှိရဲ့ အိမ်တော်က တစ်ယောက်ယောက်ဆီကနဲ့ မဆင်ဘဲ နန်းတော်ရဲ့ ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့သူလိုပဲ။ အမူအရာတိုင်းနဲ့ခြေလှမ်းတိုင်းက စည်းမျဉ်းတွေနဲ့ ရင်းနှီးတဲ့ အနေအထားကို ပြသတယ်။
နန်းတွင်းအမျိုးသမီးက ကျန်းယွမ် အရင်ဘဝတုန်းက တစ်ဘဝလုံး နန်းတွင်းထဲမှာ နေခဲ့တယ်လို့ ထင်မထားဘူး။ အရင်က သူမက နန်းတွင်းထဲကို ဝင်လာတုန်းက သူမက နန်းတွင်းစည်းကမ်းရဲ့ အခြေခံအချက်ကြောင့် တခြားအမျိုးသမီးတွေ ဝိုင်းကြဉ်တာ မကြာခဏ ခံရပြီးတော့ ဒီနေရာမှာ စည်းကမ်းချိုးဖောက်မိလိုက် ဒါမှမဟုတ် ဟိုနေရာမှာ တားမြစ်ထားတာကို တက်နင်းမိလိုက်နဲ့ လုပ်မိတယ်။ ဒါ့ကြောင့် ကျန်းအိမ်တော်ရဲ့ ဂုဏ်သတင်းကြောင့် သူမက နန်းတွင်းက စည်းကမ်းတွေကို တစ်ခုချင်းစီ လိုက်မှတ်ထားပြီးတော့ သူမ ဘာအမှားမှ မလုပ်မိအောင်အထိ နှလုံးသားထဲအထိ စွဲသွားအောင် သင်ယူခဲ့တယ်။ နောက်ကျ သူမကို ဆွဲချချင်တဲ့သူတွေတောင် အပြစ်ပြောဖို့ အမှားရှာလို့ မရတော့ဘူးဖြစ်ခဲ့တယ်။
သူမက ဒီနေရာမှာ သူမရဲ့ အတိတ်ဘဝတုန်းက ခံစားခဲ့ရတဲ့ ဒုက္ခတွေက အကျိုးရှိလိမ့်မယ်လို့ ထင်မထားဘူး။ သူမရဲ့ ရင်ထဲမှာ ပေါ့ပါးစွာ လှောင်လိုက်တယ်။
လမ်းတစ်လျှောက်မှာ မြင့်မြတ်တဲ့ အမျိုးသမီးတွေက ကျန်းအိမ်တော်ရဲ့ အမျိုးသမီးတွေ လာတာကို ကြည့်နေကြတယ်။ အခုအချိန်မှာ သူတို့ရဲ့ အငယ်ဆုံးသမီးတွေကလွဲပြီး အကြီးဆုံးကျန်းသခင်မလေးနဲ့ ဒုတိယသခင်မလေးကျန်းတို့က သူတို့ရဲ့ ဂုဏ်သတင်းနဲ့ သူတို့ရှိကြပေမဲ့ သရုပ်ဆောင်တဲ့အပိုင်းမှာတော့ အကြီးဆုံးကျန်းသခင်မလေးက ကျယ်ပြန့်တဲ့ အနေနဲ့ ပိုကောင်းသေးတယ်။ ဒုတိယသခင်မလေးကျန်းက ဘာအမှားမှ မလုပ်ပေမဲ့ သူမက ကျန်းယွမ်ရဲ့ သဘာဝအတိုင်းနဲ့ တည်ငြိမ်တဲ့ ပြောဆိုပုံကို မမှီသေးဘူး။ ယှဉ်ကြည့်ရင် မရင့်ကျက်သေးပုံပဲ။
သူတို့ နန်းတော်ရဲ့ နံရံတွေကို ဖြတ်ပြီးတော့ အဲ့မှာ နန်းတော်က အမျိုးသမီးက လမ်းပြနေတဲ့ နောက်ထပ် အမျိုးသမီးတစ်အုပ်ရှိနေတယ်။ သူတို့ သူတို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မပြောခင်မှာပဲ သူတို့ နွေးထွေးစွာ ခေါ်လိုက်တဲ့ အသံတစ်သံကို ကြားလိုက်တယ်။
“ညီမလေးယွမ်”
ကျန်းယွမ် ကြည့်လိုက်တော့ အဲဒါ တုန်ရင်းအာ ဖြစ်နေတယ်။ သူမရဲ့ ဝတ်စုံက ဒီနေ့ အရမ်းသတိပြုမိလောက်အောင် ထင်ရှားပြီး သူမရဲ့ တက်ကြွတဲ့ စိတ်ထားကို အသားပေးနေတယ်။ သူမက ရှယန်ကို နှုတ်ဆက်လိုက်ပြီး ကျင်းကျောက်ရင်းသခင်မနဲ့ စကားနည်းနည်းပြောပြီးတော့ ကျန်းယွမ်ရဲ့ လက်မောင်းကို ဖက်လိုက်ပြီး သူမနားကို ဆွဲလိုက်ပြီး တိုးတိုးပြောနေကြတယ်။
တုန်ရင်းအာက ကျန်းယွမ်ကို ခေါင်းကနေ ခြေထိ ကြည့်လိုက်တယ်။
“ညီမလေးက လှတယ်ဆိုတာ အစ်မသိပေမဲ့ ဒီနေ့ ညီမလေး တကယ်လှလှလေး ဝတ်လာတာပဲ။”
ကျန်းယွမ်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်။
“မမတုန်ကသာ မိန်းမလှလေးပါ။”
ကျန်းယွမ် သူမကို မြှောက်ပြောတာကို ကြားပြီးတော့ တုန်ရင်းအာ ချက်ချင်းပဲ မျက်နှာနီသွားတယ်။ တစ်ခုခုကို ရုတ်တရက်တွေးမိသလိုနဲ့ တုန်ရင်းအာက ကျန်းယွမ်နဲ့ကို ကုပ်ချောင်းကုပ်ချောင်းနဲ့လာပြီးတော့ သူမကို တိုးတိုးလေးပြောတယ်။
“ညီမလေးသိလား။ ဒီနေ့ ကြင်ရာတော်ချန်က မင်းသားရှစ်အတွက် ကြင်ရာတော်ရွေးပေးမှာ။”
ကျန်းယွမ်က နည်းနည်းလန့်သွားတယ်။ သူမရဲ့ အတိတ်ဘဝမှာ ဒီလို အဖြစ်အပျက်မျိုး မရှိခဲ့ဘူး။ သူမက သူမရဲ့ မျက်နှာထားကို အမြန်ဖုံးကွယ်လိုက်ပြီးတော့ တောက်ပတဲ့ အပြုံးလေး ပြုံးလိုက်တယ်။
“အစ်မ ဘာကိုဆိုလိုတာလဲ။ မင်းသားရှစ်က ဘာလို့ ရုတ်တရက်ကြီး ကြင်ရာတော်ရွေးတာလဲ။”
“အဲဒါက တော်ဝင်ကြင်ရာတော်ချန်ကြောင့်လို့ အစ်မကြားတယ်။”
တုန်ရင်းအာက သူမရဲ့ အသံကို ပိုတိုးလိုက်တယ်။
“တွေးကြည့်မှပဲ မင်းသားရှစ်က မိန်းမယူလို့ရမဲ့ အရွယ်ကိုရောက်နေပြီ ဖြစ်ပေမဲ့ သူက သူ့ဘေးမှာ အနိမ့်ဆုံးအဆင့် ကိုယ်လုပ်တော်တောင် မရှိဘူး။”
မျက်နှာက နီရဲနေပေမဲ့ သူမ ဆက်ပြောတယ်။
“တော်ဝင်ကြင်ရာတော်ချန်က စိုးရိမ်နေတယ်။ ဒီနေ့ည နန်းတွင်းဂုဏ်ပြုညစာစားပွဲမှာ မိန်းမပျိုလေးတွေ အများကြီး ရှိလို့ တော်ဝင်ကြင်ရာတော်ချန်က မင်းသားရှစ်အတွက် ကိုယ်တိုင် ကြင်ရာတော်ရွေးပေးမှာဖြစ်တယ်။ အရှင်မင်းကြီးက လက်ခံပြီးသွားပြီ။”
ကျန်းယွမ်က သူမကို ကြည့်လိုက်တယ်။
“ဘယ်လိုလုပ်ပြီး မမက ဒါတွေ အကုန်လုံးကို သိနေတာလဲ။”
“အစ်မတို့ရဲ့ အိမ်တော်က အစေခံတစ်ယောက်ရဲ့ အစ်မက နန်းတွင်းထဲမှာ အလုပ်လုပ်တယ်။ အဲဒါ မနေ့က သူမ အစ်မဆီ သွားလည်ရင်းနဲ့ သူမကြားခဲ့တာ။ ဒါက လူသိရှင်ကြား လျှို့ဝှက်ချက်ဖြစ်နေပါပြီ။ စီမန်နန်းတော်ထဲက လူတိုင်း အဲ့အကြောင်းကို သိပြီးနေကြပြီ။”
တုန်ရင်းအာက ခြေကို ဆောင့်လိုက်တယ်။
“အစ်မရဲ့ အမေက ဒီနေ့ အစ်မကို မင်းသားရှစ်ရဲ့ ကြင်ရာတော် အနေနဲ့ နန်းတွင်းထဲကို ဝင်ရတာ ကောင်းတဲ့ အရာပဲလို့ ပြောပြီးတော့ ဒီလိုဝတ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ အစ်မက သူ့ကို လက်မထပ်ချင်ဘူး။ အစ်မက အစ်မ တကယ်ချစ်တဲ့သူကို ရှာပြီးတော့ အစ်မရဲ့ ဘဝကို သူနဲ့ပဲ ကုန်ဆုံးချင်တာ။”
သူမက ခဏလောက်တွေးလိုက်ပြီးတော့ ရုတ်တရက် ပြုံးလိုက်တယ်။
“ဒါပေမဲ့ ဒီနေ့ညမှာ မိန်းမပျိုလေးတွေ အများကြီးရှိတော့ မင်းသားရှစ်က အစ်မကို အာရုံစိုက်မှာ မဟုတ်ဘူး။ ညီမလေးယွမ် ညီမလေးက အမြဲတမ်းထက်မြက်တယ်။ ဘယ်သူက တော်ဝင်ကြင်ရာတော်ချန်က ဘယ်သူ့ကို မင်းသားရှစ်ရဲ့ ကြင်ရာတော်အဖြစ် ရွေးမလဲဆိုတာ မှန်းကြည့်ပါ့လား။”
ကျန်းယွမ်ဆီက တုံ့ပြန်မှုမရတော့ တုန်ရင်းအာက သူမရဲ့ လက်မောင်းကို တံတောင်နဲ့ တွက်လိုက်တယ်။ ကျန်းယွမ်က သူမဆီက လှည့်လာတော့ ကျန်းယွမ်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီးတော့ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ဘူး။ ကျန်းယွမ်ရဲ့ လှပတဲ့ မျက်ဝန်းတွေက မှင်လို မည်းမှောင်ပြီး လူတွေကို ဝဲကတော့ထဲ ဆုပ်ယူနိုင်သလိုပဲ။ ဒါပေမဲ့ အဲ့မျက်ဝန်းလေးတွေက ဉပေက္ခာပြုခြင်းနဲ့ ပြည့်နေပြီးတော့ လူတွေကို ကြက်သီးထစေတယ်။
သူမက ခေါ်လိုက်တယ်။
“ညီမလေးယွမ်။”
ကျန်းယွမ်က ပြုံးလိုက်တယ်။
“ကျွန်မလည်း မသိပါဘူး။”
ခုနက ဇဝေဇဝါဖြစ်တာက လွင့်ပြယ်သွားပြီးတော့ တုန်ရင်းအာရဲ့ ပုံရိပ်ယောင်ကျလို့ပဲ။ သူမက ဖြည်းဖြည်းချင်း သူမရဲ့ အင်္ကျီလက်ထဲက လက်တွေကို လက်သီးဆုပ်လိုက်တယ်။
ဒီတော့ ဒါက သူတို့ ကြံနေကြတဲ့အရာပေါ့။ ဒီတော့ ဒါတွေက ရွှမ်းလီရဲ့ အကြံတွေပေါ့။
သူမက အေးစက်စွာ ပြုံးလိုက်တယ်။ ဒီည ဘယ်လို ထောက်ပံ့မှုတွေ ဒါမှမဟုတ် ဘယ်လို အကြံတွေပဲ ရှိရှိ တော်ဝင်ကြင်ရာတော်ချန်နဲ့ ရွှမ်းလီတို့က စိတ်ပျက်ကြမှာကို သူစိုးရိမ်မိတယ်။
ဒီဘဝမှာ သူမက အရင်ဘဝကလို အမှားကို ပြန်လုပ်မှာမဟုတ်ဘူး။ ရွှမ်းလီကို လက်ထပ်ရမယ် ဟုတ်လား။ သူမ အိုးမဲ့အိမ်မဲ့ တစ်ယောက်ကိုပဲ လက်ထပ်လိုက်မယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now