Part 44

3.7K 390 6
                                    

Part 34

အခန်း ၄၄

သူမရဲ့ ရှန်းအိမ်တော်ကို ပထမဆုံး သွားလည်တာဖြစ်လို့ ကျန်တဲ့

အမျိုးသမီးငယ်လေးတွေက အဝေးကနေ ကြည့်နေချိန်မှာကျန်းယွမ်က

လင်ဇီရှန်းနဲ့ပဲ စကားပြောခဲ့တယ်။ အခြားတစ်ဖက်မှာ ကျန်းစုစုက အကုန်လုံးထဲမှာ လူချစ်လူခင် အပေါဆုံးဖြစ်လို့ သူမနဲ့ လာစကားပြောတဲ့ သူတွေ အများကြီးပဲ။

ကျန်းစုစုကို တစ်ချက်ကြည့်ရင်း ဒုတိယဗိုလ်ချုပ်လင်းရဲ့ သမီး လင်ဇီရှန်းက အေးစက်စွာ ပြောလိုက်တယ်။

အရမ်းဟန်များတာပဲ

နင်ဘယ်လို မှန်းလိုက်တာလဲ

ကျန်းယွမ်က သူမရှေ့က လက်ဖက်ရည်ခွက်ကို ကိုင်ပြီး မေးလိုက်တယ်။

သူမက မာနကြီးပြီး ခပ်တန်းတန်းနေတဲ့ ပုံစံရှိပေမဲ့ သူမရဲ့ အရိုးထဲမှာ သူမရဲ့ နှလုံးသားက ပြောင်းလဲသွားပြီး ရိုင်းစိုင်းယုတ်မာလာတယ်။ သူမကို

အရှက်မရှိဘူးလို့ မခေါ်ရင် ဘယ်လို ခေါ်ရမှာလဲ။ ဒါ့အပြင် လူတွေက သူမကို

နတ်ပြည်ကလာတဲ့ နတ်သမီးလေးဆိုပြီး ပြောနေကြတယ်။ တကယ်က သူမက

သူမရဲ့ တကယ့်ပုံစံအမှန်ကို လှည့်စားထားတဲ့ အသွင်အပြင်နဲ့ ဖုံးကွယ်ထားတာ

လင်ဇီရှန်းရဲ့ စကားတွေက အံ့ဩစရာကောင်းပြီး မယဉ်ကျေးပေမဲ့

သူတို့နောက်မှာ ရပ်နေတဲ့လုကျူးက ရယ်လိုက်တယ်။

သမိုင်းပညာရှင်လင်းက နန်းတော်ရဲ့ သမိုင်းကျောင်းနဲ့

နက္ခတ္တဗေဒနဲ့ ဆိုင်တဲ့ ပြက္ခဒိန်ကို ကြီးကြပ်တယ်။ ဒါ့အပြင် သူက စာပေမဲ့ သမိုင်းကြောင်းဆိုင်ရာ

စာပေတွေကို ကောင်းကောင်းသိထားတယ်။ ဒါ့ကြောင့်

သမိုင်းပညာရှင်လင်းနဲ့ အင်ပါယာအဖွဲ့ဝင်ဝမ်တို့က မြှောက်ပင့်ပြောတာတွေကို

မကြိုက်ဘဲ တရားမျှတပြီး ပွင့်လင်းတဲ့သူတွေ ဖြစ်တယ်။ ဒီလို ရိုးသားပြီး

ပွင့်လင်းတဲ့ ပင်ကိုစရိုက်နဲ့ လင်ဇီရှန်းက သမိုင်းပညာရှင်လင်းရဲ့ စရိုက်နဲ့ တူတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now