part 76(1)

3.3K 357 0
                                    

unicode

Part 77

အခန်း- ၇၆

အပိုင်း(၁)

မှုတ်ဆိတ်ဖြူနဲ့ အဝါရောင် သင်္ကန်းခြုံထားတဲ့ ဘုန်းတော်ကြီးက ခန်းမထဲကို တုတ်ကောက်တစ်ချောင်းနဲ့ ဖြည်းညင်းစွာ ဝင်လာတယ်။ တာအိုဆရာရှူကုန်နဲ့ ယှဉ်ရင် ဒီဝါရင့်တဲ့ ဘုန်းတော်ကြီးက ကြည်ညိုဖွယ်ကောင်းပြီးတော့ နူးညံ့သိမ်မွေ့တဲ့ ရုပ်ရည်နဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို ညစ်ညမ်းမှုတွေကို ဖယ်ထုတ်တဲ့ သန့်ရှင်းတဲ့လေထုနဲ့ လွှမ်းခြုံထားသလိုပဲ။ သူက ဘုရားသားတော်တွေရဲ့ စံနမူနာဖြစ်တယ်။

သူမ ဒီဘုန်းတော်ကြီးကို တွေ့တာနဲ့ လန်ချောင်က အသက်ပြင်းပြင်း ရှူလိုက်တယ်။ ခန်းမထဲက တစ်ယောက်ယောက်က ဘုန်းတော်ကြီးကို မှတ်မိပြီးတော့ အံ့အားသင့်စွာ အော်ပြောလိုက်တယ်။

"ဒါက မဟာဘုန်းတော်ကြီး ဟွိုင်ကျွဲ့မလား။ သူက ဒီမှာ ဘာလုပ်နေတာလဲ။ "

မဟာဘုန်းတော်ကြီး ဟွိုင်ကျွဲ့ရဲ့ နာမည်က ရှူကုန်တာအိုဆရာကျန်းထက် ပိုကျော်ကြားတယ်။ မြို့တော်ထဲက ချန်းသာပြီး မြင့်မြတ်တဲ့ ဘယ်သူမဆို အရင်နှစ်ကုန်ပိုင်းက ဗုဒ္ဓတရားတော်နဲ့ အညီ ကျင့်ကြံတဲ့ ဘုန်းတော်ကြီးကို မသိတဲ့သူ မရှိကြဘူး။

ရှယန်ရဲ့ အကြည့်တွေက ဟွိုင်ကျွဲ့ပေါ်ရောက်လာတယ်။ သူမက ဒါက မကောင်းမှန်းသိပေမဲ့ ကျန်းယွမ်က ခန်းမအလယ်မှာ အပြုံးတစ်ပွင့်နဲ့ ရပ်နေတုန်းပဲဖြစ်တယ်။ ရှယန်က ချက်ချင်းပဲ သံသယတွေနဲ့ ပြည့်နှက်သွားတယ်။ ကျန်းယွမ်က ဒီဘုန်းကြီးနဲ့ ဘယ်လိုလုပ်ပြီးတော့ အဆက်အသွယ်ရှိသွားတာလဲ။ ဒါပေမဲ့ အဲ့နေ့က အဖြစ်အပျက်တွေကို တွေးရင်းနဲ့ သူမက ဟွိုင်ကျွဲ့ကို သူမရဲ့ အကြံကို ဟန့်တားဖို့ လုံးဝ ခွင့်မပြုနိုင်ဘူး။ ဒီတော့ သူမက ပြုံးပြီး ပြောလိုက်တယ်။

"မဟာဘုန်းတော်ကြီးက ဘာလို့ အိမ်တော်ကို လာတာပါလဲ။ မကောင်းဆိုးဝါးကို နှိမ်နင်းဖို့လား။ "

ဟွိုင်ကျွဲ့က လက်အုပ်ချီပြီး ခေါင်းငုံ့ရင်း နှုတ်ဆက်လိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now