Part 77(2)

3.3K 341 7
                                    

unicode

Part 80

အခန်း - ၇၇ အပိုင်း (၂)

လီအန်းက ခဏလောက် ကြောင်သွားပြီးတော့ ရုတ်တရက် ရယ်ပြီး လက်ခုပ်တီးလိုက်တယ်။

"စိတ်ဝင်စားစရာ ကောင်းသားပဲ။ အကြီးဆုံးကျန်းသခင်မလေးက အရမ်း ဟာသဉာဏ်ရွှင်တာပဲ။ အဲ့တာက ဘယ်သူ့ကိုမဆို မလှုပ်နိုင်အောင်တောင် ဖြစ်စေတယ်။ "

ကျန်းစုစုရဲ့ ခန္ဓာကိုယ်က တောင့်သွားတယ်။ သူမရဲ့ မျက်ဝန်းတွေထဲကနေ နာကြည်းမှုတွေက ရုတ်တရက်ထွက်ပေါ်လာတယ်။ ကျန်းယွမ်ရဲ့ တင်းမာစွာ ပြန်ဖြေသံကိုပဲ ကြားလိုက်တယ်။

"အရင်တုန်းက အကြီးဆုံးသခင်လေးလီက ဒုတိယညီမလေးကြောင့် အရမ်းစိတ်လှုပ်ရှားသွားတယ်။ "

လီအန်းက ပြောနေတဲ့ အကြောင်းအရာကို ပြောင်းလိုက်တယ်။

"ကျွန်တော်ကြားတာတော့ အကြီးဆုံးသခင်မလေးရဲ့ မွေးမိခင်က ဗိုလ်ချုပ်ကျောက်ရဲ့ အိမ်တော်က မိန်းမပျိုလေးဆို ဆက်ဆံရေးက ဘယ်လိုလုပ်ပြီး အဖြတ်ခံလိုက်ရတာလဲ။ "

မျက်တောင်မခတ်ပဲနဲ့ ကျန်းယွမ်က ပြန်ဖြေလိုက်တယ်။

"ကိုယ်ပိုင်ကိစ္စတွေက ပြီးသွားပြီးတော့ သူတို့ရဲ့ ကိစ္စတွေကလည်း အဲ့လိုပဲ ဖုန်အဖြစ် ပြောင်းသွားပြီ။ ရန်သူတွေလည်း အပါအဝင်ပေါ့။ "

"အဲ့တာ မဖြစ်နိုင်ဘူး။ "

လီအန်းက သူမကို ရည်ရွယ်ချက်ရှိရှိ ရန်စနေတဲ့ပုံပဲ။

"နောက်ထပ် ရက်အနည်းငယ် အတွင်းမှာ ကျွန်တော်က မင်းသားရှစ် မြောက်ပိုင်းမှာ ရေကြီးတဲ့ ကိစ္စကို သွားပြီး စီမံခန့်ခွဲမှာ။ အရှင်မင်းကြီးကလည်း မြို့တော်မှာ ရေကြီးတာကို သေသေချာချာ စောင့်ကြည့်နေတယ်။ ဒါ့အပြင် ကျွန်တော် ကြားတာကတော့ အကြီးဆုံးသခင်မလေးရဲ့ ဝမ်းကွဲ ကျောက်ရီလူကြီးမင်းက မြို့တော်ရဲ့ မြို့စောင့်တပ်မှာ ရှိနေတာမို့လို့ ဒီအခွင့်အရေးကောင်းကို ဆုပ်ကိုင်ထားနိုင်ရင် ချီးကျူးမှုများစွာ ရမှာဖြစ်တယ်။"

ဒါကို ကြားတော့ ကျန်းယွမ်ရဲ့ လက်ချောင်းတွေက တင်းတင်းကျပ်ကျပ် ဆုပ်ထားတယ်။ ဒါပေမဲ သူမရဲ့ မျက်နှာက ဒေါသထွက်တဲ့ အရိပ်အရောင် တစ်စက်မှ မပြဘဲနဲ့ သူမက ပြန်ပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now