Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး
Part 111
အခန်း - ၉၄ အပိုင်း(၁)
ကျန်းရှင်းကျီက မြင်းပေါ်ကနေ ဆင်းလာပြီးတော့ ကျန်းယွမ်ဆီကို အမြန်ပြေးလာတယ်။ တည်ငြိမ်စွာနဲ့ သူက သူမကို သူ့နောက်ကို ဆွဲလိုက်ပြီးတော့ ရှောင်ရှို့ရဲ့ မြင်ကွင်းကို ပိတ်လိုက်တယ်။
ရှောင်ရှို့က သူ့ရဲ့ လှုပ်ရှားမှုတွေကို ထုတ်ဖော်မပြောနိုင်စွာ ကြည့်နေတယ်။
ကွမ်လင်းဟန်က သူတို့ဆီကို ရောက်တာနဲ့ မေးလိုက်တယ်။
“ဘာဖြစ်လို့လဲ။”
ရှောင်ရှို့က ခေါင်းခါလိုက်တယ်။ ပြီးတော့ ကျန်းရှင်းကျီက ကျန်းယွမ်ကို အကဲခတ်လိုက်တယ်။ သူက သူမ သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေပြီးတော့ သွေးတွေက သူမရဲ့ ပခုံးပေါ်မှာ အဝတ်ပေါ်မှာ ပေနေတော့ သူ့မျက်နှာက အေးစက်သွားပြီး သူက ပြောလိုက်တယ်။
“အားယွမ် မင်း ဒဏ်ရာရထားတာလား။”
“အဲဒါ အပေါ်ယံ ရှက်ထိတဲ့ ဒဏ်ရာလေးပါ။”
ကျန်းယွမ်က ချော့ပြောလိုက်တယ်။ သူမက ခဏနားလိုက်ပြီးတော့ ရှေ့ကို သွားပြီး ပြောတယ်။
“ဝမ်လူကြီးမင်း ကျွန်မရဲ့ အသက်ကို ကယ်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
ဒါကို ကြားတော့ ကွမ်လင်းဟန်နဲ့ ကျန်းရှင်းကျီက ထူးဆန်းနေကြတယ်။
ကွမ်လင်းဟန်က ကိုယ်တိုင် ကြုံတွေ့ခဲ့ရပေမဲ့ ကျန်းရှင်းကျီက တခြားသူတွေဆီကနေ ကြားခဲ့ရတာဖြစ်တယ်။ ဘယ်လိုပဲ ကြည့်ကြည့် ရှောင်ရှို့နဲ့ ကျန်းယွမ်ကြားမှာ ဆက်နွယ်မှု ရှိဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ ရှောင်ရှို့အတွက် သူမကို သူကိုယ်တိုင် ချောက်ကမ်းပါးပေါ်ကနေ ခုန်ချဖို့က သူ့အတွက် လက်ခံနိုင်ဖွယ်မရှိဘူး။ ကွမ်လင်းဟန်က အစက မော့ချောင်ရဲ့ ပေါက်ကရ ပြောတာကို မယုံဘူး။ ရှောင်ရှို့က အကြင်နာမဲ့ပြီးတော့ တည်ငြိမ်တဲ့ မျက်နှာရှိတယ်။ ဘယ်လိုလုပ်ပြီးတော့ သူက သူ နည်းနည်းလောက်တွေ့ထားတဲ့ မိန်းမပျိုလေးကို စိတ်ဝင်စားနိုင်မှာလဲ။သူမက လှပေမဲ့ သူမက ငယ်သေးတယ်။ ပြီးတော့ မြို့တော်ထဲမှာ သူမထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ မိန်းမတွေ အများကြီး ရှိတယ်။ ဒါ့အပြင် သူမက ဘာထူးခြားတဲ့ ဆွဲဆောင်မှုမရှိဘူး။ ဒါပေမဲ့ သူ အခု မြင်ရတဲ့ မြင်ကွင်းကို မြင်ပြီးတော့ ကွမ်လင်းဟန်က ထပ်ပြီးတော့ သံသယရှိလာတယ်။
ကျန်းရှင်းကျီက ကွမ်လင်းဟန်နဲ့က ကွဲပြားနေကြတယ်။ သူက ရှောင်ရှို့နဲ့ အတူတူအလုပ်လုပ်တာ နည်းပြီးတော့ သူ မြို့တော်ကနေ ငါးနှစ်လောက် ထွက်လာခဲ့တော့ လုံးဝ မောက်မာနေခဲ့ပြီဖြစ်တယ်။ အခု ကျန်းယွမ်က သူ့ရဲ့ အချစ်ဆုံး၊ တန်ဖိုးအထားဆုံး ညီမလေး ဖြစ်တော့ သူက ရှောင်ရှို့ကို သူက အဓိက ဇာတ်ဆောင်လိုမျိုး စိုက်ကြည့်လိုက်တယ်။ သူက ကျန်းယွမ်ကို တင်းကြပ်စွာ ကိုင်ထားပြီးတော့ သူမကို ဆက်ပြီး ရှေ့ဆက် မသွားခိုင်းဘူး။ ပြီးတော့ ခက်ထန်ထန် ပြောလိုက်တယ်။
“ရှင်းကျီက ဝမ်လူကြီးမင်းကို သူမရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ ညီမလေးကိုယ်စား ကျေးဇူးတင်ပါတယ်။”
ကျန်းယွမ်က ငယ်သေးပြီးတော့ ယောကျာ်းတွေကို နားမလည်သေးဘူးလို့ သူထင်လိုက်တယ်။ ဒီရှောင်ရှို့ကလည်း ယောက်ျားတွေထဲက တစ်ယောက်ဖြစ်ရုံတင်မကဘူး။ သူက မြင့်မားတဲ့ အဆင့်အတန်းနဲ့ အရေးပါတဲ့ သူတစ်ယောက်ဖြစ်တယ်။ ကျန်းယွမ်က ငယ်သေးပြီးတော့ သူမ ကြားချင်တာကိုပဲ ကြားလေ့ရှိသေးတယ်။ သူက သူမကို အခွင့်အရေး ယူခွင့်ပေးမှာ မဟုတ်ဘူး။ ဒီအကြောင်းကို တွေးမိပြီးတော့ သူက ရှောင်ရှို့ကို ပိုကြီးမားတဲ့ ရန်လိုမှုနဲ့ မျက်စောင်းထိုးလိုက်တယ်။
ကျန်းယွမ်နဲ့ ကျန်းရှင်းကျီတို့က ခိုင်မာတဲ့ သံယောစဉ်ရှိတဲ့ မောင်နှမတွေဖြစ်ပြီးတော့ သူမက သူဘာအကြောင်း တွေးနေတယ်ဆိုတာကို နားလည်ပေမဲ့ တခဏလောက် ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။
တစ်ဖက်မှာလည်း ရဲ့ဖန်းက သူ့ရဲ့ မြင့်တက်လာတဲ့ ဒေါသကို ထိန်းခဲ့ရတယ်။ သူ့ရင်ထဲမှာ သူက သူ့သခင်ရဲ့ ဒီမတရားမှုအတွက် သူ အော်ပြောနေမိတယ်၊ သူက သူ့သခင်ရဲ့ နယ်ပယ်တိုင်းမှာ ထက်မြက်မှုနဲ့ မြို့တော်ထဲက မရေမတွက်နိုင်တဲ့ မိန်းမပျိုလေးတွေက သူ့သခင်နဲ့ ရောချင်နေကြတယ်၊ ကျန်းရှင်းကျီရဲ့မျက်နှာပေါ်က မျက်နှာထားက ဘာမျက်နှာထားမျိုးလဲ။ ကျန်းရွမ်က သူ့သခင်အပေါ်ကို အခွင့်ကောင်းယူတာ အသိသာကြီးကို။ ဒီအတွေးတွေ သူ့ခေါင်းထဲမှာ လျောက်ပတ်ပြေးနေတုန်း သူက ကျန်းရှင်းကျီကို စိုက်ကြည့်လိုက်တယ်။ အဲ့လိုလုပ်လိုက်တာနဲ့ ရှောင်ရှို့က သူ ဒီလိုလုပ်တာကို သတိထားမိတာနဲ့ သူ့ကို ခံစားချက်မဲ့စွာ ကြည့်လိုက်တယ်။ ရဲ့ဖန်းက ရုတ်တရက် ကျောက်စိမ်းပယင်းနားကပ်နားက အခြေအနေကို ပြန်သတိရမိပြီးတော့ တုန်ယင်စွာနဲ့ အမြန်ခေါင်းငုံ့လိုက်တယ်။
လေထုကပိုပြီး တင်းမာလာတယ်။ ကျန်းရှင်းကျီက ကျန်းယွမ်ကို နောက်ကို ဆွဲလိုက်ပြီး ပြောလိုက်တယ်။
“ဝမ်လူကြီးမင်း၊ ဗိုလ်ချုပ် ကျန်းယွမ်က ဒဏ်ရာရထားတာဖြစ်လို့ ရှင်းကျီ သူမကို ကုသပေးဖို့ အိမ်တော်ကို ပြန်ခေါ်သွားပါတော့မယ်။ ရှင်းကျီ ညီမလေးကို အိမ်တော်ကို ပြန်ပို့ပြီးမှ ဗိုလ်ချုပ်အိမ်တော်ကို လာလည်ပြီး နောက်ဘာဖြစ်မယ်ဆိုတာကို လာဆွေးနွေးပါ့မယ်။”
ကွမ်လင်းဟန်က ကျန်းရှင်းကျီရဲ့ သူ့ညီမအပေါ်မှာ နက်ရှိုင်းပြီး အနစ်နာခံမှုတွေ ရှိတာကို သိပြီးတော့ သူက လက်ကို ယမ်းပြီး ပြောလိုက်တယ်။
“သွားသွား။ မင်း ပြောနေပုံက ငါတို့က ငမ်းငမ်းတက်နေတဲ့ မြေခွေးတွေ ကျနေရောပဲ။”
ကျန်းရှင်းကျီက နည်းနည်း မျက်နှာရဲသွားပေမဲ့ သူ့ရဲ့ သဘောထားကိုတော့ မလျှော့သေးဘူး။
ကျန်းယွမ်က ကျန်းရှင်းကျီလက်ထဲကနေ မထွက်လာခင် သူမက သူမကိုယ်သူမ ရေရွနေတယ်။ သူမက ပြောလိုက်တယ်။
“ကိုကြီး ညီမလေး ရှောင်ရှို့နဲ့ နှစ်ယောက်တည်း ပြောချင်တဲ့ ကိစ္စတချို့ရှိတယ်။”
ဒီစကားလုံးတွေ ထွက်လာတာနဲ့ တိတ်ဆိတ်မှုက ဖုံးလွှမ်းသွားပြီးတော့ အပ်ကျသံကိုတောင် ကြားနိုင်တယ်။ အကုန်လုံးရဲ့အကြည့်တွေက ဒီလူနှစ်ယောက် အပေါ်ကို ကျသွားတယ်။
ရဲ့ဖန်းက သူရပ်နေတဲ့ နေရာမှာပဲ မြဲမြံစွာ ရပ်နေပေမဲ့ သူက နားစွင့်နေတယ်။ သူ့မျက်နှာက သူ့ရဲ့ ခံစားချက်တွေကို ထုတ်ပြနေတယ်။ ဝမ်းနည်းခြင်းတစ်ဝက်နဲ့ ပျော်ရွှင်ခြင်းတစ်ဝက် ဖြစ်ပြီးတော့ သူ့ဘာသာ တွေးနေတယ်။ ဒါ မကောင်းတော့ဘူး။ သခင်က သူ့ရဲ့ လူပျိုကို တကယ် ဆုံးရှုံးလိုက်ရတာပဲ။
ကွမ်လင်းဟန်က ကျန်းယွမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးတော့ ရှောင်ရှို့ကို ကြည့်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ မျက်နှာပေါ်မှာ ကျီစယ်တဲ့ အပြုံးက ထွက်ပေါ်လာတယ်။ ‘ဟန်ဆောင်လိုက်ဦး။ ဘာမှ မဖြစ်သလို ဟန်ဆောင်နေဦး။ အဲ့မှာ သေချာပေါက် ကိစ္စတစ်ခုခု ရှိလောက်တယ်။’
ကျန်းရှင်းကျီက ကျန်းယွမ်ကို စိုက်ကြည့်လိုက်ပြီးတော့ ကြောင်သွားတယ်။ ခဏလောက် သူ့ရဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းမှု အရိပ်အရောင် ပေါ်လာပြီးတော့ သူက ရှောင်ရှို့ကို သူ့ရဲ့ ရန်သူလို ကြည့်လိုက်တယ်။
တစ်ချက်တည်းနဲ့ အကုန်လုံးက သူတို့ မျက်နှာပေါ်မှာ ‘ကိစ္စတစ်ခုခုရှိရမယ်’ ဆိုတဲ့ အမူအရာတွေ ရှိနေပြီးတော့ သူတို့နှစ်ယောက်ကို အံ့ဩတဲ့ အမူအရာတွေနဲ့ ကြည့်နေတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်က တည်ငြိမ်ပြီး အေးအေးဆေးဆေးပဲ။ ရှောင်ရှို့က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
“ကောင်းပြီ။”
ကျန်းယွမ်က သူမနားက စပ်စုခြင်း၊ အတင်းအဖျင်း ပြောချင်နေကြတဲ့ မျက်နှာတွေကို ကြည့်လိုက်ပြီးတော့ စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ သူမက တကယ်ပဲ ဒီလူနဲ့ ဘယ်နည်းနဲ့မှ မပတ်သက်ဖို့ တွေးခဲ့တယ်။ အကောင်းဆုံးနည်းလမ်းက သူနဲ့ ခပ်ကင်းကင်းနေဖို့ ဆိုပေမဲ့ သူမက တချို့ကိစ္စတွေမှာ သူ့ကို အသုံးပြုရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။ မမျှော်လင့်စွာနဲ့ ဒါက လူတွေကို အခြေအနေကို နားလည်မှု လွဲစေခဲ့တယ်။
သူတို့နှစ်ယောက်လုံး တောထဲကို သွားလိုက်တယ်။ ရှောင်ရှို့က လမ်းပြပြီးတော့ သူတို့နှစ်ယောက် နည်းနည်း ဝေးဝေးကို သွားလိုက်ပြီးတော့ သူက ရပ်လိုက်ပြီး သူမဘက်ကို လှည့်ပြီး ပြောလိုက်တယ်။
“ဒီလောက် ဝေးရင်ရပါပြီ။ ကိုယ်တို့ပြောတာကို သူတို့ မကြားနိုင်ဘူး။”
ကွမ်လင်းဟန်နဲ့ တခြားသူတွေက ကိုယ်ခံပညာမှာ ထူးချွန်ပြီးတော့ သူတို့ရဲ့ နားတွေက အဆမတန် ထက်မြက်တယ်။ သူမက သူ့ကို ပြောနေတုန်းမှာ လူတွေ အဝိုင်းခံရတာ မခံချင်တော့ သူမက ဘယ်သူ့ကိုမှ ခိုးနားမထောင်စေချင်တာဆိုတာ သေချာတယ်။ အဲ့ရှောင်ရှို့က ဒါကို တွေးတယ်ဆိုတာက သူက အရမ်းစာနာတယ်ဆိုတာကို သက်သေပြလိုက်တာပဲ။
ကျန်းယွမ်က သူ့ကို တောင်တန်းတွေနဲ့ တောတွေပေါ်ကနေ ဖြတ်သွားတဲ့ နေရောင်လို ကြည့်နေတယ်။ နွေးထွေးတဲ့ ရွေဝါရောင် အလင်းတန်းတွေက သူ့မျက်နှာပေါ်မှာ ထွန်းနေပြီးတော့ သူ့ကို ပိုပြီးတော့တောင် ရုပ်ဖြောင့်စေတယ်။ သူ့ရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေက ကျောက်မျက်ရတနာတွေလို တောက်ပနေပြီးတော့ ကြော့ရှင်းပြီး မဟာဆန်တယ်။
သူမက ဒီမြင်ကွင်းကြောင့် မူးနောက်သွားတော့မလို ဖြစ်သွားပေမဲ့ သူမက အမြန် ပြန်သက်သာလာပြီးတော့ ပြုံးပြီး ပြောလိုက်တယ်။
“ရှောင်လူကြီးမင်း မနေ့ညက ရှင် ကျွန်မကို ရှင့်အသက်ကို ကွှန်မအပေါ် အကြွေးတင်နေတယ်လို့ ပြောတယ်နော်။”
အဲ့အချိန်မှာ သူမက အရမ်းပင်ပန်းနေပြီးတော့ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခင် သူ ပြောခဲ့တဲ့ စကားတွေရဲ့ အဓိပ္ပာယ်တွေကို သေသေချာချာ နားမလည်နိုင်ခဲ့ဘူး။ ဒီမနက် ကျန်းရှင်းကျီက သူတို့ဆီ လာခဲ့လို့ သူမက သူ့ကို သူဘာကိုဆိုလိုတာလဲ ဆိုတာကို မေးဖို့ အခွင့်အရေး မရခဲ့ဘူး။
“ဟုတ်တယ်။”
ရှောင်ရှို့က ပြန်ဖြေတယ်။
ကျန်းယွမ်က သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“ဝမ်လူကြီးမင်းက ကျေးဇူးပြန်ဆပ်ချင်လား။”
သူမက သူမရဲ့ စိတ်ကို ပြောင်းလိုက်တယ်။ သူမက ဒီထုတ်ပြန်ချက်ကို ဖြစ်ပေါ်စေတဲ့ အဖြစ်အပျက် အပိုင်းတွေကို မမေးချင်တော့ဘူး။ အဲဒါက ဘာအကျိုးရှိမှာလဲ။ တကယ်လို့ သူမလက်ထဲမှာ အသုံးဝင်တဲ့ ပစ္စည်းရှိရင် သူမက အဲဒါကို သုံးသင့်တယ်။ သူမရှေ့မှာ ရပ်နေတဲ့ ရှောင်ရှို့လိုပေါ့။
“ဟုတ်တယ်”
ရှောင်ရှို့က ပြန်ဖြေလိုက်တယ်။
“ရှောင်လူကြီးမင်းက ဒုတိယညီမလေးကို ကူခဲ့တာ သူမကို ကျွန်မလို့ ထင်ခဲ့လို့လား။”
ကျန်းယွမ်က မေးလိုက်တယ်။
ရှောင်ရှို့က ကျန်းစုစုကို အကြောင်းမရှိဘဲ လာပြီး ကယ်တာက ဦးနှောက်ခြောက်စေပြီးပြီဖြစ်ပေမဲ့ အဲ့နောက် ကိုယ်အမူအရာတွေက သူက ကျန်းစုစုဘက်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ လင်းလောင်လှေပေါ်က အခြေအနေက ပုံစံအမျိုးမျိုးနဲ့ ထူးဆန်းခဲ့တယ်။ ကျန်းစုစုကို အဲ့တုန်းက ကူခဲ့တဲ့ အချိန်ကစပြီး ရှောင်ရှို့က ကျန်းယွမ်ကိုပဲ ဆက်တိုက်ကူခဲ့တယ်။ ကျန်းယွမ်က အခုမှ တွေးမိတယ်။ ရှောင်ရှို့က ကျန်းစုစုကို ကူခဲ့တာက ကျန်းစုစုကို သူမလို့ထင်ခဲ့လို့ပဲ။
ရှောင်ရှို့ ကခေါင်းငုံ့ပြီး
“ဟုတ်တယ်။”
လို့ပြောလိုက်တာနဲ့ သူမက သူ့ကို သေသေချာချာ ကြည့်လိုက်တယ်။
တိုတိုထက်ထက် ‘ဟုတ်တယ်’ သုံးခုဖြစ်ပေမဲ့ သူတို့က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချထားတာ ဖြစ်တယ်။ ရုတ်တရက် ကျန်းယွမ် ပြုံးပြီးပြောလိုက်တယ်။
“ကျွန်မ နားလည်ပြီ။ ဝမ်လူကြီးမင်းက ပြန်ပြီး ကျေးဇူးဆပ်ချင်နေမှတော့ လက်ရှိမှာ အခွင့်အရေး တစ်ခုတော့ရှိတယ်။”
သူမက ဒါကို မတွေးဘဲနဲ့ ပြောလိုက်သလို မြန်မြန် ပြောလိုက်တယ်။ သူမရဲ့ စိတ်ထဲမှာ ဒီစကားတွေကို ပြောဖို့ ဘယ်လောက်တောင် ထိန်းထားရလဲဆိုတာကို ဒါက ပြနေတာပဲ။
ရှောင်ရှို့က သူမကို ဂရုတစိုက်နဲ့ အကဲခတ်နေပြီးတော့ သူမက စီးပွားရေး ကိစ္စပြောသလို ပြောလိုက်တာကို သတိထားမိတယ်။ သူက မေးလိုက်တယ်။
“မင်း ဘာလုပ်ဖို့ စဉ်းစားထားလို့လဲ။”
“မဟာကောင်စီဝင် အိမ်တော်က လျှို့ဝှက်စွာနဲ့ ပုန်ကန်ဖို့ ကြံစည်ခဲ့တယ်။ ဒီတစ်သက် သူတို့ရဲ့ ပြစ်မှုက ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့က ပျက်ဆီးခြင်း လမ်းမပေါ် ရောက်နေတာ အသေအချာပဲ။ ကျွန်မ ဝမ်လူကြီးမင်းကို သူတို့ရဲ့ အသက်ကို ကာကွယ်ပေးစေချင်တယ်။ ပြီးတော့ လီတုန်နဲ့ သူ့သားနှစ်ယောက်ကို ကျွန်မကို လွှဲပေးစေချင်တယ်။
ရှောင်ရှို့က သူမကို လေးလေးနက်နက် အကဲခတ်လိုက်ပေမဲ့ ဘာအကြောင်းပြချက်မှ မမေးဘဲ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။
“ကောင်းပြီ။”
ဒီတစ်ကြိမ်မှာ ကျန်းယွမ် အံ့အားသင့်ရမယ့် အလှည့်ဖြစ်တယ်။ ကျင်းရင်းဝမ်က အေးစက်ပြီး အညှာအတာ ကင်းမဲ့တယ်ဆိုပြီး ကောလဟာလ ရှိပေမဲ့ သူမ လက်ရှိ မြင်နေရတာကတော့ သူက တကယ်ပဲ ထူးထူးခြားခြား စိတ်ထားကောင်းတာပဲ။ သူမက ခဏလောက် မျက်မှောင်ကြုတ်လိုက်တယ်။ သူ့အသက်ကို ကယ်ခဲ့လို့ သူက ဒီလို လေးလေးနက်နက် ပြန်ပြီးတော့ ကျေးဇူးဆပ်မယ်လို့ တကယ်ပဲ ကတိပေးခဲ့တာလား။
ဒါပေမဲ့ သူမက ဒါကို လုပ်မှာဖြစ်မယ်။ သူမက အစက ဒီကိစ္စကို ကျန်းရှင်းကျီကို လွှဲပေးဖို့ စဉ်းစားထားပေမဲ့ မကြာသေးခင်ကမှ ကျန်းရှင်းကျီက လက်ထောက် ဗိုလ်ချုပ်အဖြစ် ရာထူးအတိုးခံလိုက်ရတာဖြစ်ပြီးတော့ လီတုန်နဲ့ သူ့သားတွေကို ထောင်ထဲကထုတ်ဖို့က သူ့ကို ခက်ခဲမှုတချိူ့နဲ့ ရင်ဆိုင်စေမှာ သေချာတယ်။ တကယ်လို့ သူတို့က တစ်နည်းနည်းနဲ့ အောင်မြင်သွားရင်တောင် အနာဂတ်မှာ တစ်ယောက်ယောက်က စုံစမ်ပြီးတော့ မတော်တဆ ပေါ်သွားရင် ကျန်းရှင်းကျီက ဒုက္ခရောက်မှာဖြစ်တယ်။ ကျောက်မိသားစုကတော့ ပြောနေစရာကို မလိုဘူး။ ကျောက်ကွမ်းရဲ့ ခေါင်းမာတဲ့ အကျင့်ကြောင့် သူက ဒီစွန့်စားမှုကို သူက လက်ခံမှာ မဟုတ်လောက်ဘူး။ တကယ်တော့ သူက သူမရဲ့ နည်းလမ်းတွေကိုတောင် သံသယရှိလောက်တယ်။
သူမက ဒီကိစ္စကို ဒီလိုမျိုး လုံးဝ လက်လွှတ်မှာမဟုတ်ဘူး။ အထူးသဖြင့် ဒီလို ရှားပါးတဲ့ အခွင့်အရေးက ကိုယ်တိုင် ထွက်ပေါ်လာတဲ့ အချိန်မှာပေါ့။ သူမက ရှောင်ရှို့ကို အပြည့်အဝနားမလည်နိုင်ဘဲ သူ့ကို သိပ်မသိပေမဲ့ သူ့ရဲ့ အတိတ်ဘဝမှာ ဒီလူက မဖောက်မပြန်နဲ့ သူ့စကားတွေကို အမြဲတမ်း တည်တဲ့ သူဆိုတာကို သူမသိတယ်။ ကဏ္ဍပေါင်းစုံကနေ သူက ရှားပါးတဲ့ လူစားဖြစ်ပြီးတော့ တကယ် စစ်မှန်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်ယ်။ ဒါ့အပြင် ရှောင်ရှို့က အဆက်အသွယ်တွေ အများကြီး ရှိပြီးတော့ အာဏာလည်း ကြီးမားတယ်။ တကယ်လို့ သူက ဒီကိစ္စကို ဝင်ပြီး စွပ်ဖက်ရင် အောင်မြင်နိုင်ချေ ပိုများတယ်။
သူမက ရှောင်ရှို့ကို ပြုံးပြီး ပြောလိုက်တယ်။
“ကျေးဇူးအများကြီး တင်ပါတယ်။ ဝမ်လူကြီးမင်း။”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...