Part 35

3.6K 372 3
                                    

အခန်း-၃၅ ကျန်းလောင်ဖူးရန်/ ကျန်းအိမ်တော်သခင်မကြီး
ကျန်းယွမ်ပြောတဲ့ အချိန်မှာ မြေပေါ်မှလူက
တုန်တုန်ရင်ရင်နဲ့ ခေါင်းကို မော့လိုက်တယ်။
ဒါကို မြင်ရတော့ ကျန်းယွမ် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်သီးကို ဆုပ်လိုက်တယ်။
ကျိုးမော့မော့ရဲ့ မျက်နှာက အရေးကြောင်း‌တွေ ထင်းနေတယ်။
သူမရဲ့ခန္ဓာကိုယ်က အရမ်းပိန်နေပြီး အရိုးတွေတောင် ထင်းနေတယ်။
တစ်ခါတုန်းက ဖောင်းနေတဲ့ ပါးနှစ်ဖက်က အခုတော့ ချိုင့်နေတယ်။
ပိုပြီး ကြောက်စရာကောင်းတာက သူမရဲ့မျက်လုံးတွေက ခြောက်သွေ့နေတယ်။
တစ်ယောက်ယောက်က သူမရဲ့မျက်လုံးတွေကို
ရက်ရက်စက်စက် ဖောက်ထုတ်ထားတယ်ဆိုတာ ထင်ရှားတယ်။
“အား”
လုကျူးက သူမရဲ့ပါးစပ်ကို ချက်ချင်း မအုပ်ခင် အံ့အားသင့်စွာ ပြောလိုက်တယ်။ သူမက
ဒီမြင်ကွင်းကို မြင်ဖို့ သတ္တိမရှိသေးဘူး။ ဒီလက်ထက်ပြီးသား အဘွားအိုကြီးက
နာကျင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အများကြီးကို ကြုံတွေ့ခဲ့ရတယ်ဆိုတာ
သိသာတယ်။ သူမရဲ့တစ်ကိုယ်လုံးက မကောင်းတဲ့ အငွေ့အသက်တွေ ထွက်လာတယ်။
သူမရဲ့အမြင်အာရုံကို ဆုံးရှုံးထားရတဲ့အတွက် သူမ ခေါင်းမော့လိုက်တယ်။
တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့ သူမ ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေး”
“ဟုတ်တယ် ကျွန်မပဲ”
ကျန်းယွမ်က သူမဘေးကလူတွေကို တစ်ချက်ကြည့်လိုက်ပြီး
ကျိုးမော့မော့ရဲ့ခန္ဓာကိုယ်ကို ဖက်လိုက်တယ်။
သူမရဲ့အကြည့်က ရေခဲတမျှ အေးစက်ပြီး
သူမရဲ့အသံက ထူးဆန်းစွာ ကြောက်စရာ ကောင်းနေတယ်။
ကျန်းယွမ်က ကျိုးမော့မော့ကို နှစ်သိမ့်လိုက်တယ်။
“နို့ထိန်းအမေ အားယွမ် ပြန်လာပြီ”
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူမနဲ့ကျန်းရှင်းကျီတို့က ငယ်ပြီးတော့
လူဆိုးလေးတွေ ဖြစ်တယ်။ သူတို့ ကျောက်မိန်ကို ဒေါသထွက်စေခဲ့တိုင်း
ကျိုးမော့မော့က သူတို့ကို ကူညီပြီး သူမကို ဖြေသိမ့်ပေးခဲ့တယ်။ သူမနဲ့
ကျန်းရှင်းကျီတို့ ပြဿနာရှာပြီး ဘိုးဘေးခန်းမမှာ ဒူးထောက်ခဲ့ရတိုင်း
ကျိုးမော့မော့ကပဲ သူတို့ ညလယ်စာစားဖို့ အစားအစာတွေ တိတ်တဆိတ်
ယူလာခဲ့တာ ဖြစ်တယ်။ ကျိုးမော့မော့မှာ ကလေးမရှိပေမဲ့ သူမက သူတို့ကို
သူမရဲ့ကလေးတွေလို စောင့်ရှောက်ခဲ့တယ်။ အခုတော့
အမြဲကြင်နာတတ်ပြီး ပြုံးနေတဲ့ မျက်လုံးတစ်စုံက မရှိတော့ဘဲ ဗလာကျင်းဖြစ်နေတဲ့
မျက်လုံးခွက်တွေပဲ ရှိတော့တယ်။ သူမရဲ့ဒုက္ခကို ဘယ်လိုများ
လျစ်လျူရှုထားနိုင်ရက်ပါ့မလဲ။
လင်းလန် မျက်မှောင်ကြုတ်လိုက်တယ်။
“အကြီးဆုံးသခင်မလေး ဘာလုပ်နေတာလဲ။ ကိုယ့်ကိုယ်ကို မညစ်ပတ်ပါစေနဲ့။
ဒီအစေခံက ကြီးမားတဲ့ အမှားလုပ်ထားတယ်။ ကျွန်မ သူ့ကို ကျွန်မရဲ့သခင်မ
အမိန့်ပေးထားတဲ့အတိုင်း အမြန် အပြစ်ပေးရဦးမယ်။ အခြား ဘာကိစ္စမှ
မရှိရင်‌ ကျေးဇူးပြုပြီး ဘေးကို နည်းနည်းဖယ်ပေးပါဦး”
ဒါပေမဲ့ ကျန်းယွမ် မပြောခင်မှာ လန်ချောင်က ပြောလိုက်တယ်။
“သခင်မလေး ရှိနေတယ်ဆိုတော့ သခင်မလေးက ဒီအစေခံရဲ့ကံကြမ္မာကို
ဆုံးဖြတ်တဲ့နေရာမှာ ကြီးကြပ်လိမ့်မယ်။ အစေခံတစ်ယောက်အနေနဲ့ နင်က
ဘယ်လိုလုပ် သခင်တွေရဲ့အလုပ်မှာ ဝင်ပါရဲတာလဲ”
လင်းလန်က ရယ်လိုက်တယ်။ သူမ ဘေးက အစေခံက ပြန်ပြောတယ်။
“နင်မှားတယ်။ ငါတို့က ငါတို့သခင်မရဲ့အမိန့်တွေအတိုင်း လုပ်နေတာ။
မမလင်းလန်ရဲ့သခင်မက ကျန်းကတော်ပဲ။ အကြီးဆုံးသခင်မလေးက
ဒီအိမ်ရဲ့သခင်တစ်ယောက်ဖြစ်ပေမဲ့ အခု သခင်မက ဒီအိမ်ရဲ့ကိစ္စတွေကို
ကြီးကြပ်နေတာ။ ဒါ့ကြောင့် အကြီးဆုံးသခင်မလေးလို အာဏာရင်တောင်
သူ့ကို ကျော်လို့မရဘူး။ ကျေးဇူးပြုပြီး
ကျွန်မတို့ကို ခက်ခဲတဲ့ အခြေအနေထဲကို အတင်းမပို့ပါနဲ့”
“မင်း”
လန်ချောင်က ဆက်ပြောချင်ပေမဲ့ ကျန်းယွမ်က သူမကို ဖြတ်ပြောလိုက်တယ်။
“မင်းက မမှားပါဘူး။ ဒီတော့ မင်းတို့က သခင်မကြီးရဲ့အမိန့်အတိုင်း
ဒီအပြစ်ရှိတဲ့အစေခံကို အပြစ်ပေးနေတာပေါ့”
ကျန်းယွမ်ရဲ့လက်မောင်းထဲက ကျိုးမော့မော့ရဲ့ခန္ဓာကိုယ်က တုန်နေတယ်။
ကျန်းယွမ်က သူမရဲ့ပုခုံးကို ပုတ်ပြီး ပြုံးလိုက်တယ်။
“မင်းပြောတာ မှန်ပါတယ်။ ငါက ကျန်းအိမ်တော်က စည်းကမ်းတွေ အကြောင်း
နည်းနည်း သံသယဝင်မိတာပါ။ ဘယ်မိသားစု စည်းကမ်းကို သူ မလိုက်နာမိလို့ သူ့ကို
မစင်စားခိုင်းရတာလဲ။ လင်းလန် နင်က ဒီအိမ်မှာ အမှုထမ်းခဲ့ရတာ ကြာပြီဆိုတော့
အဲဒါ ဘယ်စည်းကမ်းလဲ ဆိုတာ ငါ့ကို ပြောလို့ရမလား”
လင်းလန် ကြက်သေသေသွားတယ်။ ကျန်းယွမ်က
သူမရဲ့ဖြေရှင်းချက်ကို ပြန်ပြီး မေးခွန်းထုတ်လိမ့်မယ်လို့
သူမ မထင်ထားဘူး။ တကယ်က သူမက အဲဒါကို အထက်စီးနဲ့
အနိုင်ကျင့်ဖို့ ပြောခဲ့တာ ဖြစ်ပြီး အဲစည်းကမ်းက တကယ်တမ်း မရှိဘူး
။ အချိန်ခဏလောက် သူမ ဘာပြောရမှန်းမသိ ဖြစ်သွားပြီးမှ ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေး အခု ကျွန်မလည်း အတိအကျ မမှတ်မိဘူး။ ကျွန်မက သခင်မ

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now