Part 113(2)

2.1K 203 1
                                    

Unicode
Part 150

အပိုင်း ၁၁၃  (၂)

အစက ရှယန်က ကျန်းယွမ်ကို လျစ်လျူရှူမလို့ စီစဉ်ခဲ့ပေမဲ့ သူမက အရမ်းတည်ငြိမ်လွန်းပြီးတော့ ထိုင်နေပြီး ဘာမှမပြောခဲ့ဘူး။ ဒီအချိန်မှာ ရှယန်က ဒူးထောက်နေတာဖြစ်ပြီးတော့ သူမရဲ့ ဒူးခေါင်းက အရမ်း မသက်မသာဖြစ်နေလို့ သူမက မျက်စိဖွင့်ပြီးတော့ လေးတွဲ့စွာ မေးလိုက်တယ်။
“မင်းဘာလို့ ဒီကိုလာတာလဲ။”
ကျန်းယွမ်က သူမကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။
“သုံးရက်က ကြီးမားတဲ့ ခြားနားမှုကို လုပ်ဆောင်ခဲ့တာပဲ။ အမေက ရက်အနည်းငယ်ပဲ ဒီထဲမှာ အပိတ်ခံထားရပေမဲ့ အမေက နွေဦးလေပြေလို ဖြူစင်တဲ့ စိတ်နဲ့ ဗုဒ္ဓရဲ့ ကြင်နာတတ်တဲ့ ရောင်ဝါရဲ့ အရိပ်အယောင်တွေ ပြနေပြီ။”
ရှယန်ရဲ့ ဒေါသတွေက ခြောင်းခြောင်းထွက်နေတယ်။ သူမရဲ့ ဆီတွေ ဖုန်တွေနဲ့ ညစ်ပတ်နေတဲ့ အဝတ်တွေကို ကြည့်နေရင်း သူမက သူမ ဖြစ်ခဲ့တဲ့ ပြိုင်ဘက်မရှိတဲ့ အမျိုးသမီး ပြန်ပြီးဖြစ်ချင်ခဲ့တယ်။ ပြီးတော့ သူမက အရင်ကလို နေ့တိုင်း ရေမချိုးနိုင်လို့ သူမရဲ့ တစ်ကိုယ်လုံးက အနံ့ဆိုးထွက်နေတယ်။ သူမ ဂုဏ်ယူခဲ့ရတဲ့ သူမရဲ့ ဆံပင်ရှည်ကလည်း အခု လုံးဝ ဖရိုဖရဲဖြစ်နေပြီးတော့ အထုံးတွေနဲ့ ပြည့်နေတယ်။ သူမရဲ့ အသွင်အပြင်အတွက်ကတော့ ရှယန်က မှန်မကြည့်ရင်တောင် သူမက ဘယ်လောက်တောင် ရုပ်ဆိုးနေလဲဆိုတာ သိတယ်။
ကျန်းယွမ်ရဲ့ အေးစက်တဲ့ အပြုံးရှေ့မှာ ရှယန်က သူမကို ဈေးရှေ့မှာ လူတွေ ငေးကြည့်ဖို့အတွက် ကိုယ်တုံးလုံးချွတ်ပြီး ပစ်ချထားသလို ခံစားလိုက်ရတယ်။ သူမက ဒါကို ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်မှာလဲ။
သူမက ကျန်းယွမ်ကို ကြည့်လိုက်တယ်။ ကျန်းယွမ်က ရွှေရောင်ချည်နဲ့ ပန်းထိုးထားတဲ့ အနီရောင်ဂါဝန်ကို ဝတ်ထားပြီးတော့ နှင်းလိုဖြူဖွေးတဲ့ အသားအရေ၊ သွေးလို နီရဲနဲ့ နှုတ်ခမ်းလေးတွေနဲ့ မည်းနက်တဲ့ ဆံပင်တွေနဲ့ ဒီလို မည်းမှောင်တဲ့ အခန်းထဲမှာတောင် သူမရဲ့ ခန္ဓာကိုယ်က အလွန်တောက်ပနေပုံပေါ်တယ်။ သူမက သာမာန်သစ်သားခုံ ပေါ်မှာ ထိုင်နေပေမဲ့ သူမက ကမ္ဘာပေါ်က ဂုဏ်သရေရှိတဲ့ ခုံပေါ်မှာ ထိုင်နေသလိုပဲ။ ကျန်းယွမ် သူမအပေါ်ကို ကြည့်တဲ့ ပြုံးနေတဲ့ အကြည့်က ဖုန်ထဲမှာ ရုန်းကန်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို လှောင်ပြောင်မှုတွေနဲ့ ကြည့်နေသလိုပဲ။
ရှယန်တစ်ကိုယ်လုံး တုန်ယင်သွားတယ်။ ကျန်းယွမ်က ပိုပြီးဆွဲဆောင်မှု ရှိလေလေ သူမက ပိုပြီးတော့ ရှက်လာလေလေပဲ။ ဒီအချိန်က အရင်တုန်းက သူမ ကျောက်မိန်ကို အရင်တွေ့တုန်းက အချိန်ကို သတိရသွားစေတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရှယန်က မြို့တော်ထဲမှာ အရည်အချင်းအရှိဆုံး အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ ဘယ်သူကမှ သူမကို ကဗျာနဲ့ ပန်းချီမှာ မယှဉ်နိုင်ဘူးဖြစ်တယ်။ သူမက စစ်တုရင်နဲ့ ကုချင်းမှာလည်း မညီမျှဘူး။ ယောကျာ်းတွေက သူမကို နှစ်သက်ကြပြီးတော့ အမျိုးသမီးတွေကတော့ မနာလိုကြတယ်။
ဒါပေမဲ့ သူမက သူမအဖေက အငယ်ဆုံးသားဖြစ်လို့ ကောင်းမွန်တဲ့ မိသားစုထဲကို လက်မထပ်နိုင်သေးတော့ သူမရဲ့ အဆင့်အတန်းက အရမ်းနိမ့်နေတာဖြစ်တယ်။ အဲ့ မြင့်မြတ်တဲ့သူတွေက သူမကို ကိုယ်လုပ်တော်တစ်ယောက်အဖြစ် လက်ထပ်နိုင်ပေမဲ့ ဇနီးတစ်ယောက်အနေနဲ့တော့ လက်မထပ်နိုင်ကြဘူး။
လှပတဲ့ အမျိုးသမီးကြောက်တဲ့အရာက သူမရဲ့ ဆံပင်တွေ ဖြူဖွေးသွားပြီးတော့ အိုမင်းသွားတဲ့ အချိန်မဟုတ်ဘဲ သူမရဲ့ စွမ်းဆောင်ရည်အပြည့်အဝကို နားမလည်တာဖြစ်တယ်။ ငယ်ရွယ်တဲ့ရှယန်က လူ့လောကကြီးထဲကို စတင်ဝင်ရောက်လာတာ ဖြစ်ပြီးတော့ သူမက သူမရဲ့ အဆင့်အတန်းကို လက်ထပ်မှုနဲ့ မြှင့်တင်မယ်လို့ ဆုံးဖြတ်ချက်ချထားတာ ဖြစ်တယ်။ ဒီအချိန်မှာ သူမက ကျန်းချွမ်နဲ့ တွေ့ခဲ့တယ်။ သူက ရုံးတော်မှာ အရာရှိအသစ်ဖြစ်ကာစ ဖြစ်ပြီးတော့ ကြော့ရှင်းပြီးခံ့ညားနေတယ်။ သူမက သူ့ကို ချစ်ခဲ့ပေမဲ့ အဆုံးမှာတော့ သူ လက်ထပ်ခဲ့တာက သူမ မဟုတ်ဘူး။
ကျန်းချွမ်က သူ ကျောက်မိသားစုရဲ့ ရတနာလေးကို လက်ထပ်ခဲ့တယ်လို့ ပြောပြီးပြီးချင်းမှာပဲ ရှယန်က တိတ်ဆိတ်စွာနဲ့ အပြင်ထွက်လာပြီးတော့ ကျန်းအိမ်တော်ကို လာခဲ့တဲ့အချိန်မှာ သူမက ကျောက်မိန်ကို အဝေးကနေ မြင်ခဲ့တယ်။ သူမက အပူအပင်ကင်းမဲ့စွာနဲ့ ရယ်နေတာကို သူမ မြင်ခဲ့တယ်။ ကောင်မလေးက ဝတ်ရုံနီကို ဝတ်ဆင်ထားပြီးတော့ သူမရဲ့ မျက်ဝန်းထဲမှာ သန့်စင်ပြီးတော့ အပြစ်ကင်းတဲ့ အပြုံးတစ်ခု ရှိတယ်။ သူမက သူမအဖေနဲ့ သူမအစ်ကိုတွေက သူမကို အရမ်းချစ်ကြပြီးတော့ မိသားစုရဲ့ ရတနာလေးအဖြစ်နဲ့ သူမက တယုတယထားတာ ခံထားရမှန်း သိသာတယ်။ ရှယန်ရဲ့ ရင်ထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။
သူများတွေက ဘာမှမကြိုးစားရဘဲ သူတို့ လိုချင်တာကို  ရနေတုန်းမှာ ဘာလို့ ငါက စိတ်ကူးယဉ်နေရရုံပဲ ဖြစ်နေတာလဲလို့ သူမ တွေးလိုက်တယ်။
သူမ မနာလိုဖြစ်ခဲ့တယ်၊ အရမ်း မနာလို ဖြစ်ခဲ့ပြီးတော့ သူမ အရမ်းစိတ်တိုခဲ့တယ်။ တကယ်လို့ သူမက ဒီသခင်မလေးကို သူမ ခံစားခဲ့ရတဲ့ ရုန်းကန်မှုကို ခံစားခိုင်းလိုက်ရင် ဆိုပြီး သူမတွေးခဲ့တယ်။ သူမကို နွံအိုင်ထဲကို ဆွဲခေါ်သွားပြီးတော့ အလင်းရောင်ကို ဘယ်တော့မှ မမြင်ရစေဘူး။ သူမ ဖြည်းဖြည်းချင်းနဲ့ အဲ့အပူအပင်ကင်းတဲ့ အပြုံးလေးကို ဆုံးရှုံးသွားရစေပြီးတော့ ပျောက်ကွယ်သွားတာကို မြင်ချင်ပြီးတော့ ကမ္ဘာပေါ်က အယုတ်မာဆုံးနဲ့ အရက်စက်ဆုံး အရာတွေကို ကြုံတွေ့စေချင်တယ်။ ပြီးတော့ သူမကို ငါ့ရဲ့ ခြေဖဝါးအောက်မှာ ဝပ်တွားစေပြီးတော့ ငိုကြွေးစေရမယ်။
အဲ့နေ့က ရှယန် သူမရဲ့ စိတ်ထားကို ပြောင်းလိုက်တဲ့နေ့ပဲ။ သူမက အဲ့တောက်ပပြီး သန့်ရှင်းတဲ့ စိတ်ထားကို စွန်းထင်းစေဖို့နဲ့ ကျန်းအိမ်တော်ကို ကိုယ်လုပ်တော်အဖြစ်နဲ့ ဝင်ရောက်ခဲ့တာဖြစ်တယ်။
အဆုံးမှာတော့ သူမ အောင်မြင်ခဲ့တယ်။ ကျောက်မိန်က အိမ်တော်ကို ရောက်လာခဲ့ပြီးတော့ သဘောကျတာ မခံရတော့ အစေခံတွေ အနိုင်ကျင့်တာ ခံရပြီးတော့ သူမရဲ့ ကလေးတွေကိုလည်း ကျန်းချွမ်က မချစ်ခဲ့ဘူး။ ကျောက်မိန်ဆုံးသွားတော့ ရှယန်က သူမကို တစ်သက်လုံးစာ အနိုင်ရခဲ့ပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သူမက အခု အမှောင်ထဲမှာ ထိုင်နေတဲ့ ဝတ်ရုံနီရဲ့ ကျန်းယွမ်ကို ကြည့်လိုက်တော့ သူမမြင်လိုက်ရတာက သန့်ရှင်းတဲ့ အပြုံးတစ်ခု မဟုတ်ဘဲ သူမရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုပြီးခန့်မှန်းထားတဲ့ ခုန်ဆွခုန်ဆွနဲ့ လူရွင်တော်ကို လှောင်ရယ်နေသလို လှောင်ရယ်နေတာပဲ။
ရှယန်က အော်လိုက်ပြီးတော့ ကျန်းယွမ်ကို လှမ်းပြီးတော့ သူမရဲ့ လက်သည်းနဲ့ သူမရဲ့ မျက်နှာကို ကုတ်မလို့ လက်ဆန့်လိုက်တဲ့ အချိန်မှာ ထျန်ကျူးက ခြေတစ်လှမ်းသားစွာနဲ့ သူမရဲ့ ဒူးခေါင်းကို ကန်လိုက်တယ်။ ရှယန်က ရုတ်တရက် ကျန်းယွမ်ရှေ့မှာ ခွေပြီးတော့ လဲသွားတယ်။
ကျန်းယွမ်က သူမကို ကြည့်လိုက်ပြီးတော့ ပေါ့ပါးစွာ မေးလိုက်တယ်။
“ကျန်းသခင်မ ငရဲကို သွားရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ။”
ခဏလောက်နားပြီးတော့ ရှယန်က ရူးသွပ်စွာ ရယ်တော့တယ်။ သူမက ကျန်းယွမ်ရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီးတော့
“ခွေးမ နင်က နင့်ရဲ့ အရှက်မရှိတဲ့ အမေလိုပဲ။”
ဖျန်းကနဲ မြည်သံနဲ့အတူ ထျန်ကျူးက သူမကို ပါးချလိုက်တယ်။ ကျန်းယွမ်က သူမရဲ့ လက်တွေကို ညင်သာစွာ သုတ်လိုက်ပြီးတော့ ကြက်သေသေသွားတဲ့ ရှယန်ကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။
“အမေ ရှင့်ရဲ့ စကားလုံးတွေကို သတိထားပါ။”
ရှယန်က အံကြိတ်နေတယ်။ သူမက ပြောလိုက်တယ်။
“နင်က စိတ်တိုနေပြီလား။ ကြည့်ရတာ နင်က အသက်တိုတိုလေးပဲ နေသွားရတဲ့ နင့်အမေကို ထိရင် ဆတ်ဆတ်ထိမခံတဲ့ပုံပဲ။ ခွေးမလေး။ ဒါပေမဲ့ နင် သူမ ငိုယိုပြီးတော့ ငါ့ကို နင်နဲ့ နင့်အစ်ကို မထိဖို့ တောင်းပန်ပြီး ပြောတာကို နင်မတွေ့ခဲ့ရတာပဲ။ ကျွတ်။ အဲ့တုန်းက သူမက အရမ်းရုပ်ဆိုးတာပဲ။”
ကျန်းယွမ်ရဲ့ အကြည့်တွေက နည်းနည်းရွှေ့သွားပေမဲ့ သူမက စကား မပြောခဲ့ဘူး။ ဒီတော့ ရှယန်က ဆက်ပြောတယ်။
“ဟွန့် နင့်အမေ ဘယ်လိုသေသွားတာလဲ ဆိုတာ နင်မသိဘူးမလား။ အဲ့တုန်းက သူမရဲ့ ခန္ဓာကိုယ်က ကျန်းမာရေးမကောင်းတော့ ငါ သခင်ကြီးကို သူမကို ဂရုစိုက်ပေးဖို့တောင် စည်းရုံးခဲ့ပြီးတော့ သူက မီးဖိုချောင်ကို သူမအတွက် အားဆေးဖျော်ပေးဖို့ အမိန့်ပေးခဲ့တယ်။ အဲ့ခွေးမက သခင်ကြီးဆီကနေ ဆိုတာကို ကြားတာနဲ့ တန်းပြီးတော့ သောက်လိုက်တာပဲ။ ဒါပေမဲ့ သူမ သောက်နေတာတွေက အဆိပ်တွေဆိုတာကို သူမ မသိဘူး။”
ရှယန်ရဲ့ မျက်နှာပေါ်မှာ ထူးဆန်းတဲ့အပြုံးတစ်ခု ထွက်ပေါ်လာတယ်။
“ဒါပေမဲ့ ခြေရာခံလိုက်ရင် ငါ့ဆီကို ရောက်မလာတာ ဘာလို့လဲဆိုတော့ အဆိပ်ခတ်တဲ့သူက ငါ မဟုတ်လို့ပဲ။ အဲဒါ ဘယ်သူလုပ်တာလို့ နင်ထင်လဲ။”
ဒီအခြေအနေက သူမရဲ့ အာရုံကို စိုက်မိစေပေမဲ့ ကျန်းယွမ်ရဲ့ မျက်နှာထားက တည်ငြိမ်နေတုန်းပဲ။ ရယ်စရာကောင်းတာ တစ်ခုခုကို တွေးမိသလိုပဲ ရှယန်က ရယ်မောလိုက်တယ်။
“အဲဒါက ကျန်းတန်ပဲ။ ဟားဟားဟား။ ငါက သူမကို စကားလေး နည်းနည်းနဲ့ပဲ ပြောလိုက်တာနဲ့ သူမက ကြောက်ပြီးတော့ နေ့တိုင်း ကျောက်မိန်ရဲ့ ပန်းကန်ထဲကို အဆိပ်ခတ်တော့တာပဲ။ ကျောက်မိန်က သူမ တစ်ဘဝလုံး အရမ်းကြင်နာစွာနဲ့ ဖြတ်သန်းခဲ့တာ မလား။ ဒါပေမဲ့ သူမက သိုးရေခြုံထားတဲ့ ဝံပုလွေတစ်ကောင်ကို မွေးခဲ့မှန်း သူမက မသိဘူး။ နောက်တော့ ငါ အရမ်းစိတ်ဝင်စားစရာ ကောင်းတာတစ်ခုကို သိခဲ့တယ်။ ကျန်းတန်က နင့်ကိုလည်း အဆိပ်ခတ်ခဲ့တယ်။”
သူမက ထပ်ရယ်လိုက်ပြန်တယ်။
“အဲဒါတွေ အကုန်လုံးက ငါ သူမကို ကျောက်မိန်က သူမကို အပေါ်ယံပဲ ဂရုစိုက်တာလို့ ပြောလိုက်လို့ပဲ။ နင်က ကျောက်မိန်ရဲ့ သမီးအရင်းဆိုတော့ သူမက ကျန်းတန်ကို နင်နဲ့ တန်းတူ မဆက်ဆံခဲ့ဘူး။ ဒါ့ကြောင့် တကယ်လို့ နင်သေသွားရင် ကျန်းရှင်းကျီက သူမကိုပဲ ညီမလေးလို ဆက်ဆံမှာဖြစ်ပြီးတော့ ကျောက်မိန်က သူမကို သမီးအရင်းအနေနဲ့ ဆက်ဆံမှာဖြစ်တယ်လို့ ငါပြောခဲ့တာ။ သူမက ဒါကို ကြားပြီးတာနဲ့ ကျန်းတန်က နင့်ရဲ့ အစားအစာတွေထဲကို နေ့တိုင်း အဆိပ်ခတ်ဖို့ အခွင့်အရေးတွေ ရှာတော့တာပဲ။ ဟားဟားဟား ကျန်းတန်က ဒီတစ်အိမ်လုံးမှာ အရက်စက်ဆုံးပဲ။ နင်တို့က သူမကို ကောင်းကောင်းဆက်ဆံပေမဲ့ သူမက နင့်ကို သေခြင်းတရား ပြန်ပေးခဲ့တယ်။ နင် စိတ်မပျက်ဘူးလား။ စိတ်မကောင်း မဖြစ်ဘူးလား။”

မုန်းမာန်ဖွဲ့ ရန်ငြိုးजहाँ कहानियाँ रहती हैं। अभी खोजें