unicode
Part 76
အပိုင်း (၇၅) အပိုင်း (၂)ကျန်းချောင်နဲ့ ကျန်းစုစုတို့ရဲ့ အမြတ်နိုးဆုံး ပုဂ္ဂိုလ်က ရှေ့မှာ ရှိနေပြီးတော့ အကုန်လုံးရဲ့ အကြည့်က ကျန်းယွမ် အပေါ်မှာ ဖြစ်နေပြီးတော့ သူမ ဘာကို ထုတ်လာမယ်ဆိုတာကို မျှော်လင့်နေကြတယ်။ ကျန်းယွမ်က ပြုံးလိုက်ပြီးတော့
"အစ်မရဲ့ လက်ဆောင်က ပြလို့ မရသေးဘူး။ "
အကုန်လုံးက နည်းနည်း စိတ်ပျက်သွားကြတယ်။ ကျန်းစုစုက မေးလိုက်တယ်။
"ဘာလို့လဲ မမက ဘာလို့ စုအာကို နည်းနည်းတောင် ကြည့်ခွင့်မပေးတာလဲ။ "
ကျန်းယွမ်က သိမ်မွေ့စွာ ငြင်းဆိုလိုက်တယ်။
"အစ်မ ပြလို့မရဘူး။ "
သုမရဲ့ အသံက တည်ကြည်တယ်။
ကျန်းချောင်က ရယ်လိုက်တယ်။
"အကြီးဆုံးညီမလေးက အဘွားအတွက် လက်ဆောင်ပြင်လာဖို့ မေ့ခဲ့တာတော့ မဟုတ်ပါဘူးနော်။ အဲဒါကြောင့် ဒီလိုပြောနေတာတော့ မဟုတ်ဘူးမလား။ အရင်တစ်ခေါက်တုန်းကလည်း အဘိုးရဲ့ အိမ်မှာအဲ့လိုပဲ။ ပြီးတော့ အမေက ညီမလေးအတွက် ကူပြီး ပြင်ပေးခဲ့ရတယ်မလား။ "
သူက အဲဒါကို မရည်ရွယ်ပဲ ပြောတဲ့ပုံပေါ်ပေမဲ့ ရှယန်က အမြန်ပြောလိုက်တယ်။
"ချောင်အာ"
သူမက သူ့ရဲ့ စကားတွေကို ကြားဖြတ်ပြောလိုက်ပေမဲ့ လူတွေက သူတို့ကို သတ်မှတ်ပြီးသွားပြီဖြစ်တယ်။ သူတို့က နောက်ဆုံးမှာတော့ သူမက သူမကို သင်ပေမယ့် သွေးသားတော်စပ်တဲ့ အမေ မရှိတာကို သတိရသွားကြတယ်။ သူမက လှပပေမဲ့ သူမရဲ့ ကမ္ဘာကြီးအပေါ်သိတာက ကျန်းစုစုထက်တောင် ပိုနည်းသေးတယ်။
"ညီမလေး အစ်ကိုကြီးကို ဟာသတစ်ခုပြောပြမယ်။ "
ကျန်းယွမ်က ပြုံးလိုက်တယ်။
"ဒါနဲ့ အဘိုးက ဒီနေ့ ဘာလို့မလာတာလဲ။ ယွမ်နိုင်က လက်ဆောင်ပြင်ပေးဖို့ မေ့သွားလို့ သူတို့က အဘွားရဲ့ မွေးနေ့ပွဲကို မတက်တာတော့ မဟုတ်လောက်ပါဘူးနော်။ "
ဒီစကားတွေ ပြောပြီးတာနဲ့ ကျန်းချောင်ရဲ့ မျက်နှာက တင်းမာလာပြီးတော့ ရှယန်ကလည်း ကြောင်သွားတယ်။ တကယ်ပဲ ရှမိသားစုက ကျန်းသခင်မကြီးရဲ့ မွေးနေ့ပွဲကို ဘယ်သူမှမတက်ကြဘူး။ သူတို့က မလာနိုင်ရင်တောင် လက်ဆောင်လေးတော့ ပေးသင့်တာကို။ ဒါပေမဲ့ ရှမိသားစုဆီကနေ ဘာသတင်းမှလဲ မကြားပါဘူး။ ပုံမှန်ဆိုရင် ရှမိသားစုက ကျန်းယွမ် လက်ဆောင်ကျန်ခဲ့လို့ မတက်တာတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ဘာဖြစ်ခဲ့လို့လဲ။ လူအုပ်ရဲ့ သံသယအကြည့်တွေက ကျန်းချွမ်ကို ချက်ချင်းပဲ မျက်နှာပျက်စေပြီးတော့ သူက ရှယန်ကိုစိုက်ကြည့်ပြီးတော့ မြန်မြန်ပြောလိုက်တယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...