unicode
Part 95
အခန်း - ၈၆
အိမ်တော်ကို ပြန်လာတဲ့ လမ်းမှာ လန်ချောင်နဲ့ ပိုင်ကျီတို့က တစ်ခွန်းမှ မပြောကြဘူး။ သူတို့က သူတို့စိတ်ထဲမှာ သံသယတွေ ရှိနေကြပေမဲ့ သူတို့က မမေးခဲ့ကြဘူး။
ကျန်းယွမ်က ရထားလုံးရဲ့ ပြတင်းပေါက် ဘောင်ပေါ်မှာ ခေါင်းမှီပြီး မျက်စိမှိတ်ထားလိုက်တယ်။ သူမရဲ့ မျက်ဝန်းအောက်က ပင်ပန်းနွမ်းလျမှုကြောင့် ဖြစ်လာတဲ့ အညိုရောင်မျက်ကွင်းတွေကို သူမ ဖုံးကွယ်မထားနိုင်ခဲ့ဘူး။
ဒီနေ့ သူမက ဟွိုင်ကျွဲ့ကို ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်လိုက်တာဖြစ်တယ်။ ဒါပေမဲ့ မနက်ဖြန်ကျရင် တကယ်လို့ ဟွိုင်ကျွဲ့က ဒီအစီအစဉ်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရင် အဲဒါက သူ့ရဲ့ သတ္တိအပေါ်မှာ မူတည်တယ်။ သူပိုပြီး လုပ်နိုင်လေလေ ဒီကစားပွဲအတွက် သူအကျိုးအမြတ် များများ ရလေပဲ။
သူမရဲ့ အတိတ်ဘဝမှာ ဒီသုံးရက်ပြီးရင် မိုးက နည်းနည်းစဲသွားပြီးတော့ ရုတ်တရက် ပြန်ပြီး သည်းလာမှဖြစ်တယ်။ ဘောင်ချန်း ရေလှောင်ကန်က အစကတည်းက မြို့တော်ရဲ့ အကြီးဆုံး ရေလှောင်ကန်ဖြစ်တယ်။ အဲ့ရက်အနည်းငယ်အတွင်းမှာ ရွှမ်းလီရဲ့ အုပ်ချုပ်မှုအောက်မှာ အဲဒါက လုံခြုံပြီး ပြဿနာ မရှိသေးဘူး။ ဒါပေမဲ့ ကောင်းကင်က ကြည်လင်နေရင်တောင် မုန်တိုင်းက ပြင်းထန်လာမှာဖြစ်တယ်။ ဘောင်ချန်းရေလှောင်ကန်က နောက်ထပ် သုံးရက်မြောက်နေ့မနက်မှာ ရုတ်တရက် ပြိုကျသွားပြီးတော့ ရေလှောင်ကန်အောက်မှာ နေတဲ့သူတွေက လွတ်မြောက်ဖို့ မနီးစပ်ဘူး။ အနားတစ်ဝိုက်လုံးကလည်း ရေတွေနဲ့ ပြည့်နေမှာဖြစ်တယ်။
အဲ့အချိန်မှာ အဲဒါက ရွှမ်းလီရဲ့ ထိန်းချုပ်မှုအောက်မှာ ဖြစ်တာဆိုပေမဲ့ ဧကရာဇ်က အရင်က သူ့ကြောင့် ရေမျက်နှာပြင်က နိမ့်ကျသွားခဲ့တာကို ထောက်ထားတဲ့ အနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်မပေးခဲ့ဘူး။ ဒါ့အပြင် အဲဒါက သဘာဝဘေးအန္တရာယ်ဖြစ်လို့ လူအင်အားနဲ့ လုပ်လို့ မရဘူးဖြစ်နေတယ်။ အဲဒါပြီးတော့ ရွှမ်းလီက ဒီကိစ္စကို သူမကို ပြောခဲ့ပြီးတော့ သူ့အသံထဲမှာ ဝမ်းနည်းနေတဲ့ အသံပါနေတယ်။ အဲ့အချိန်တုန်းက ကျန်းယွမ်က သူက လူထောင်ပေါင်းများစွာ ဆုံးသွားလို့ ဝမ်းနေတာလို့ ထင်ခဲ့တယ်။ ပြီးတော့မှ ရွှမ်းလီက တကယ်တော့ သူအရင်က လုပ်ခဲ့တဲ့ ရေလှောင်ကန်ထဲက ရေမျက်နှာပြင်ကို ထိန်းချုပ်တဲ့ ကြိုးစားမှုတွေ အလကားဖြစ်သွားလို့ ဝမ်းနည်းခဲ့တာမှန်း သိခဲ့တယ်။ အောင်မြင်မှုနဲ့ ကျရှုံးမှု နှစ်ခုလုံးက တူညီတဲ့ အချက်တစ်ခုအဖြစ် ပြုတ်သွားသလိုပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...