အခန်း-၂၉ ပေါက်ကွဲခြင်း။
ကျန်းယွမ်ရဲ့ နှလုံးသားက မယိမ်းယိုင်နိုင်တဲ့ ကျောက်တုံးလိုပဲ ဆိုပေမဲ့ သူမ
ဒီလူကို သေချာ မြင်လိုက်ရတဲ့ အခါမှာ အာရုံမထွေပြားဘဲ မနေနိုင်ခဲ့ဘူး။
အသက်နှစ်ဆယ်ဝန်းကျင် လူငယ်က အနက်ရောင်ဝတ်စုံ ဝတ်ထားတယ်။ သူရဲ့
အချိုးကျတဲ့ မျက်ခုံးတွေ၊ အေးစက်တဲ့ မျက်လုံးတွေ၊ နှင်းလို ဖြူဖျော့တဲ့
အသားအရည်နဲ့ ပါးလွှာတဲ့ နှုတ်ခမ်းတွေနဲ့ ပြိုင်ဘက်ကင်းပြီး
ကျက်သရေရှိတဲ့ အသွင်အပြင်က ကမ္ဘာပေါ်မှာ
ရှားရှားပါးပါး မြင်တွေ့ရခဲတဲ့ ပုံစံမျိုး ဖြစ်တယ်။ ဒါပေမဲ့
ဒီယောကျာ်းက မိန်းမဆန်တယ်လို့ သူမ မခံစားရဘူး။ ဆန့်ကျင်ဘက်အနေနဲ့
သူ့ရဲ့ပုံစံက ထက်မြတ်ပြီး အရှုံးမပေးတတ်တဲ့ သူရဲကောင်းပုံပေါ်တယ်။ သူက
ကျန်းယွမ်ကို လင်းလဲ့တောက်ပနေတဲ့ မျက်လုံးကြီးတွေနဲ့ ကြည့်လိုက်တယ်။
သူ့ရဲ့ မျက်လုံးတစ်စုံက တလက်လက်ထနေတဲ့ ပန်းချီကားလို
လှိုင်းမထတဲ့ ရေကန်တစ်ခုလို ကြည်လင်နေပြီး အေးစက်နေတယ်။
သူတို့နှစ်ယောက်က အရမ်းကပ်နေပြီး အသားချင်း ထိနေတယ်။ သူတို့ရဲ့
အသက်ရှူသံက အေးစက်ပြီးတော့ သူမက သူ့ရဲ့ခါးတစ်ဝိုက်မှာ အေးစက်တဲ့
ခံစားချက်ကိုတောင် ရတယ်။ ဒီလို အခြေအနေမျိုးမှာ သူတို့ကြားမှာ မရေမရာ
ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းဖြစ်သင့်ပေမဲ့ တစ်ယောက်က
စိတ်အေးလက်အေးဖြစ်နေပြီး အခြားတစ်ယောက်က သတိထားနေတာ ဖြစ်နေတယ်။ ဒါ့ကြောင့် သူတို့နှစ်ယောက်လုံးက
အချစ်မှာ ကျရှုံးသွားတာမျိုး မဟုတ်ဘူး။
ဒီအခြေအနေမှာ သူမက အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရတယ်။ ခဏအတွင်းမှာ
ကျန်းယွမ်က သတိပြန်ဝင်လာတယ်။ အတွင်းမှာတော့ သူမ စိတ်တိုသလို ခံစားရပြီး
အဲယောကျာ်းက ဆွဲငင်နေတဲ့ အန္တရာယ်ရှိတယ်လို့ ခံစားလိုက်ရတယ်။
မျက်စိတစ်မှိတ်အတွင်းမှ သူမ နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်ပြီး
သူမနဲ့ ဝတ်ရုံနက် လူငယ်ကြားမှာ အကွာအဝေးတစ်ခု ခြားနားလိုက်တယ်။
ရုတ်တရက် သူမအပြင်က ဓားချင်းတိုက်ပြီး မြည်တဲ့အသံတွေ ကြားလိုက်ရတယ်။
ကျန်းယွမ် လန့်သွားပြီး ချက်ချင်း တုံ့ပြန်လိုက်တယ်။
ဝတ်ရုံနက်လူငယ်က ပြောစရာစကားမရှိဘဲ ဂရုမစိုက်စွာ သူမကို
စိုက်ကြည့်လိုက်တယ်။
တကယ်ဆိုရင် ဘုရားကျောင်းက ရှယန်ရဲ့ ကြေးစားလူသတ်သမားတွေ
သိမ်းတာ ခံလိုက်ရမှာဖြစ်ပေမဲ့ သူမက ကျန်းယွမ်ကို သတ်ဖို့
အဖွဲ့နှစ်ဖွဲ့လွှတ်မှာတော့ မဟုတ်လောက်ဘူး။ သူမက ပစ်မှတ်မဟုတ်ရင်
ဒီလူတွေကို ဒီလူငယ်က မျှားခေါ်ခဲ့တာ ဖြစ်နိုင်တယ်။
သူမ ပြဿနာတစ်ခုကို ဖြေရှင်းပြီးချိန်မှာ
သူမက အခုလို အခြေအနေမျိုးမှာ ကံမကောင်းစွာနဲ့ ပိတ်မိနေတယ်။ ဒါ့အပြင် သူမကို
လူသတ်မှုအတွက် နှုတ်ပိတ်သွားမလားဆိုတာ မသေချာဘူး။ ပြီးတော့ သူမ
ဒီမှာ ရှိနေတာက မတော်တဆ ရှိနေတာပဲ။
အဲ့အချိန်မှာ ကျန်းယွမ်က ခေါင်းကို မော့လိုက်ပြီး
သူ့ကို ထပ်ကြည့်လိုက်တယ်။ အဲ့လူက သူမ သူ့လက်ထဲကနေ ထွက်သွားကတည်းက
တံခါးကို မှီနေပြီဖြစ်တယ်။ သူ့ဆီမှာ အသေးစိတ် ထုလုပ်ထားတဲ့
ဓားမြှောင်တစ်ချောင်း ရှိနေတာကို သူမ မသိခဲ့ဘူး။ ဒါပေမဲ့ အဲ့အချိန်မှာ
သူက သေသေချာချာ တွေးရင်း ဓားမြှောင်ကို ကစားနေတယ်
။ သူ့ရဲ့အကြည့်က သူမဆီမှာ မဟုတ်ပေမဲ့ သူမ နည်းနည်းရွှေ့လိုက်တာနဲ့
ဒီလူက သေချာပေါက် တုံ့ပြန်မယ်ဆိုတာ ကျန်းယွမ်သိတယ်။
ခဏတာ တွေးပြီးတော့
ကျန်းယွမ်က ရှေ့ကို ဖြည်းညှင်းစွာ လျှောက်သွားတယ်။ သူမရဲ့ အပြုအမူတွေက လုံးဝ ရန်မလိုခြင်း မရှိဘဲ အနာတရဖြစ်ရန်
ဆန္ဒမရှိကြောင်း ပြသနေတယ်။
လူငယ်က ဓားကစားနေတာက ရပ်သွားပြီး သူမ သူတို့လက်တစ်ချောင်းစာ
အကွာအထိ ရှေ့ကို လှမ်းလာတာကို ကြည့်နေတယ်။
ခြေဖျားထောက် လိုက်ရင်တောင် ကျန်းယွမ်က သူ့ရဲ့ ရင်ဘတ်ကိုပဲ မီနိုင်တယ်။
သူမအစွမ်းကုန် သူ့နား နားကို ကပ်ပြီး ပြောလိုက်တယ်။
“ကျွန်မ ဘာမှမမြင်လိုက်ဘူး”
ဝတ်ရုံနက်လူငယ်က အံ့အားသင့်သွားပြီး သူမကို စိုက်ကြည့်လိုက်တယ်။
ကျန်းယွမ်က မျက်မှောင်ကြုတ်ပြီး သူက အနက်ရောင်နဲ့
အကြေးခွံပုံစံရှိတဲ့ ရေခဲပိုးထည် ဝတ်ထားတာကို သတိပြုမိလိုက်တယ်။ သူက
သာမန်လူတစ်ယောက် မဟုတ်တာကို သူမသိတယ်။ ခဏလောက် စဉ်းစားပြီး
သူမက ပြောလိုက်တယ်။
“လူကြီးမင်း ဒီမှာပုန်းပါ။ ပုံမှန်ဆိုရင် ဒီအခန်းထဲမှာ ဘာဖြစ်နေလဲဆိုတာ
ကျွန်မတို့ ဖော်ထုတ်မခံချင်ဘူး။ တကယ်လို့ ရှင် ကျွန်မကို သတ်ရင်
အဲဒါက ပြဿနာ နည်းနည်းတက်မှာကို စိုးရိမ်မိတယ်။ ဒီပြဿနာက မဖြေရှင်းနိုင်စရာ
မရှိပေမဲ့ သေချာပေါက် အဲဒါက ရှင့်အစီအစဉ်တော့ မဟုတ်ဘူး”
“မင်းဘယ်သူလဲ”
ဝတ်ရုံနက်လူငယ်က နောက်ဆုံးတော့ စကားပြောခဲ့ပြီဖြစ်တယ်။ သူရဲ့
အသံက အေးစက်ပြီး အေးစက်တဲ့ ရတနာလို ကြည်လင်တယ်။
“ကာကွယ်ရေးဝန်ကြီးကျန်းချွမ်ရဲ့ သမီးကြီး”
ကျန်းယွမ်က ပြောလိုက်တယ်။ ချောင်ကျောင်းမှာ
ကျန်းချွန်ရဲ့ အဆင့်အတန်းက အရေးပါတယ်။ ဒီအထောက်အထားကို အကျိုးရှိရှိ
အသုံးချနိုင်တဲ့အခါမှာ သူမက တွန့်ဆုတ်ခြင်း ရှိမှာ မဟုတ်ဘဲ အသုံးချမှာ ဖြစ်တယ်။
သူမက မတော်တဆမှု ဖြစ်ပွားမှာကို မကြောက်ဘူး။ ပထမတစ်ချက်က
သူမရဲ့အတိတ်ဘဝက မှတ်ဉာဏ်တွေအရ ကျန်းမိသားစုမှာ ရန်သူမရှိဘူး။
ဒုတိယတစ်ချက်အနေနဲ့ တကယ်လို့ တစ်ယောက်ယောက်က ကျန်းမိသားစုနဲ့
ရန်ငြိုးရှိမယ်ဆိုရင် သူတို့က သူမက ကျန်းမိသားစုမှာ နှိမ့်ချခံထားရတဲ့ အဆင့်အတန်းရှိတယ်ဆိုတာ သေချာပေါက်သိမှာပဲ။ သူမက မိသားစုထဲက
တရားဝင်သမီးကြီးလို့ သူမရဲ့ အဆင့်အတန်းကို ပြောပြခဲ့ပြီးတော့
အမိန့်ပေးတဲ့နေရာမှာ ဩဇာမညောင်းဘူး ဖြစ်နေတယ်။
သူမကို သတ်တာက ဘာကောင်းကျိုးမှ ရမှာမဟုတ်ဘူး။ ပြီးတော့
ဒီကိစ္စထဲကို ပြဿနာတွေပဲ ဆွဲထည့်လာသလို ဖြစ်နေမှာ ဖြစ်တယ်။
ကျန်းယွမ်က အမြတ်နဲ့အရှုံးကို ခွဲခြမ်းစိတ်ဖြာထားပြီးပြီဖြစ်လို့ အခု သူမ
အခြားသူရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရုံပဲ ရှိတော့တယ်။
လူငယ်ရဲ့ အကြည့်က သူမအပေါ် ကျရောက်လာတာနဲ့ သူမရဲ့ အဝတ်အစားက
ရိုးရှင်းပြီး အကြမ်းထည် ဖြစ်နေတယ် ဆိုတာကို
ကျန်းယွမ်သိလိုက်တယ်။ သေသေချာချာ ပြင်ဆင်ထားရင်တောင်မှ
ကျန်းယွမ်ဝတ်ထားတာက အဝတ်ဟောင်းတွေ ဖြစ်နေသေးတယ်။
ဒါကြောင့် သူမက သနားစရာကောင်းတဲ့ ပုံစံနဲ့ သူမပြောတာကို
အဲဒီလူငယ်က မယုံနိုင်သလို ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျန်းယွမ်က
ထပ်ပြောလိုက်တယ်။
“တော်ဝင်အမှုထမ်းဝမ်နဲ့ ရုံးတော်အရာရှိ လီမိက ဘေးခန်းမှာ ရှိနေတယ်။
တကယ်လို့ ကျွန်မတစ်ခုခု ဖြစ်သွားရင် သူတို့က တာဝန်ယူရလိမ့်မယ်။
စစ်ဆေးမှုက ကြာရှည်မှာကို ကျွန်မစိုးရိမ်မိတယ်”
လူငယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲက ဓားမြှောင်ကို
သိမ်းလိုက်တယ်။ ကျန်းယွမ်ရဲ့ စိတ်ထဲမှာတော့ သက်ပြင်းချလိုက်ပြီးတော့
တစ်ဖက်ကလူက သူမကို သတ်မှာ မဟုတ်တော့ဘူး ဆိုတာ သိလိုက်တယ်။ ဒါပေမဲ့
သူမရဲ့ခြိမ်းခြောက်မှုက အလုပ်ဖြစ်မဖြစ် မသေချာသေးဘူး။
ပြီးတော့ တံခါးက ရုတ်တရက် ပွင့်လာပြီး အရိပ်မည်းတစ်ခုက အပြင်ကနေ
ဝတ်ရုံနက်လူငယ်ကို နှုတ်ဆက်နေတာ ကျန်းယွမ် တွေ့လိုက်ရတယ်။
“သခင်လေး အဲဒါ စီစဉ်ပြီးပါပြီ”
လရောင်အောက်မှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် မြေပေါ်မှာ ပုံထားနဲ့
အလောင်းပုံတစ်ပုံကို တွေ့နိုင်တယ်။ သူတို့ အကုန်လုံးက အနက်ရောင်ဝတ်စုံကို
ဝတ်ထားတယ်။ သူတို့ရဲ့ ဒဏ်ရာတွေက အတူတူပဲ သူတို့ရဲ့ လည်ပင်းမှာ
ဓားဖြတ်ရာရှိပြီး သူတို့က တစ်ချက်တည်းနဲ့ အသတ်ခံထားရတာ သေချာတယ်။ သခင်လေးလို့ ခေါ်တဲ့သူက ခေါင်းမော့လိုက်ပြီး
ကျန်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။ သူက ဘုရားကျောင်းထဲမှာ
တစ်ယောက်ယောက် နိုးနေမယ်လို့ ထင်မထားဘူး။
“သခင်လေး”
သူက သူမကို လူသတ်မှုအတွက် နှုတ်ပိတ်လိုက်ရမလားလို့ မေးနေတာလား။
ကျန်းယွမ် သူမစိတ်ထဲမှာ ရယ်လိုက်ပြီး ဝတ်ရုံနက်လူငယ် ပြောတာကို
ကြားလိုက်ရတယ်။
“မလိုအမ္ဘူး”
ကျန်းယွမ်က လျင်မြန်စွာ တွေးလိုက်တယ်။ အဲ့လူတွေက ဒီလူငယ်နောက်ကို
လိုက်လာတာဆိုတာ သိသာတယ်။ ပြီးတော့ အချိန်တိုအတွင်းမှာ ဒီလူတွေက
သူတို့ရဲ့ နောက်ဆုံးထွက်သက်ကို ရှူသွားရတယ်။ ပြီးတော့ ဒီကိစ္စကို
ဘုရားကျောင်းထဲက လူတွေကို မနိုးစေဘဲ အမြန်ဖြေရှင်းခဲ့တယ်။ ဖြစ်နိုင်တာက
ဒီလူငယ်ရဲ့ စွမ်းရည်က မသေးဘူးပဲ။ ဒါ့အပြင် သူမ ဒါကို အခွင့်ကောင်းယူနိုင်ရင်…
ရုတ်တရက် သူမက ပြုံးလိုက်တယ်။ “လူကြီးမင်း ရှင့်ရဲ့ ပိုက်ကွန်ကနေ လွတ်သွားတဲ့
လူတချို့ ရှိသေးတယ်”
လူငယ်က ကျန်းယွမ်ဘက်လှည့်လိုက်ပြီး ကြည့်လိုက်တော့ ကျန်းယွမ်က
ဆက်ပြောတယ်။
“ခဏစောင့်ပါ”
ပြီးတော့ သူမ မတ်တပ်ရပ်ပြီး ဘေးက အခန်းကို သွားလိုက်တယ်။ ဘေးက
အခန်းထဲမှာ ပိုင်ကျိနဲ့ သူ့ရဲ့အစေခံနှစ်ယောက်က မေ့နေတဲ့သူတွေကို
ကြိုးချည်ထားတယ်။ သူတို့က ကျန်းယွမ် အခန်းထဲ ဝင်လာတာနဲ့ အပြင်မှာ
ဘာဖြစ်နေလဲ သိချင်ကြတယ်။ လန်ချောင်က မေးလိုက်ယ်။
“သခင်မလေး ကြည့်ပါဦး..”
ကျန်းယွမ် ခေါင်းယမ်းလိုက်ပြီး သူမရဲ့လက်ကို နှုတ်ခမ်းမှာ
ကန့်လန့်ထားပြီး တိတ်တိတ်နေဖို့ ခြေဟန်လက်ဟန် ပြလိုက်တယ်။
သူမက တိုးတိုးလေး ပြောလိုက်တယ်။
“အကုန်လုံး ဒီမှာ နေပြီး မလှုပ်ကြနဲ့”
ဒါကို ပြောပြီးတော့ သူက ကြမ်းပြင်ပေါ်က လူတစ်ယောက်ကို အပြင်ကို
တရွတ်တိုက် ဆွဲခေါ်သွားတယ်။ လန်ချောင်က လိုက်ချင်ပေမဲ့ ပိုင်ကျိက ဆွဲထားလို့
သူမက အခန်းထဲမှာပဲ နေနေရတယ်။ကျန်းယွမ် သုံးခါ၊ လေးခါလောက်
အသွားအပြန် လုပ်ပြီး နောက်ဆုံးမှာ လူငါးယောက်ကို ဝတ်ရုံနက်လူငယ်ရှေ့ကို
တရွတ်တိုက် ခေါ်သွားနိုင်ခဲ့တယ်။
လူငယ်နဲ့ သူ့အစေခံက ဘေးမှာ ရပ်နေပြီး သူမ
ရှင်းပြမှာကို စောင့်နေကြတယ်။ ကျန်းယွမ် ရယ်လိုက်တယ်။
“ဒီလူတွေက ဆေးမိနေပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေက လှုပ်လို့မရဘူး။
ဒါပေမဲ့ သူတို့က အသိစိတ်တွေက ရှိသေးပြီးတော့ ကျွန်မ
လူကြီးမင်းနဲ့ ပြောနေတာတွေကို သူတို့ကြားရတယ်။ ဒါပေမဲ့ သူတို့
နိုးလာရင် သူတို့ လူကြီးမင်းကို ဘယ်လို ပြဿနာတွေပေးမလဲဆိုတာ ကျွန်မ
မသိဘူး။ ဒါ့ကြောင့် ကျွန်မ လူကြီးမင်းကို အကူအညီ တောင်းစရာ ရှိလို့
ဒီလူတွေကို ခေါ်လာတာပါ။ ကျေးဇူးပြုပြီး
သူတို့ကို သင့်တော်သလို စီမံလိုက်ပါ”
သူတို့က နှင်းကျနေတဲ့ညမှာ တိတ်ဆိတ်နေတဲ့ ဘုရားကျောင်းမှာ
အသတ်ခံရမှာမို့လို့ တကယ်တော့ သူတို့က အခြားကြေးစားလူသတ်သမား
အဖွဲ့နဲ့ ကံကြမ္မာတူသွားပြီ ဖြစ်တယ်။ သူမက အရမ်းလွယ်ကူတဲ့
ပုံစံနဲ့ပြောပေမဲ့ အဲဒါက သူမ သူ့ကို ကြီးမားပြီး ခမ်းနားတဲ့
အခွင့်အရေး ပေးနေသလိုပဲ ဆိုပေမဲ့ အဲဒါက မကောင်းတဲ့ အပြုအမူပဲ။ ဒါပေမဲ့
သူမရဲ့ ညစ်ပတ်တဲ့အလုပ်ကို အခုမှတွေ့တဲ့ သူမရှေ့က လူနှစ်ယောက်ကို လုပ်ခိုင်းတဲ့
နည်းလမ်းက ဘာလဲ။ သူမပြောတာက အကျိုးအကြောင်းသင့်လို့
ဝတ်ရုံနက်လူငယ်က ရှေ့ကို သွားပြီး သူ့ဓားကို ထုတ်လိုက်တယ်။
တစ်ခဏအတွင်းမှာ အေးစက်တဲ့ ဓားချက်ငါးချက်နဲ့အတူ မြေပြင်ပေါ်က
လူတွေက သေခြင်းတရားကနေ မလွန်ဆန်နိုင်ခဲ့ကြဘူး။
သူမရဲ့စိတ်ထဲမှာ ကျန်းယွမ် နားလည်ပြီးသား ဖြစ်တယ်။ ဒီလူရဲ့အစေခံက
ထက်မြက်ပြီးတော့ သူ့သခင်ကလည်း သာမန်လူမဟုတ်ဘူး။ ဒီည သူက
သူ့မျက်နှာကို မပြပေမဲ့ သူ့ကိုယ်သူ ဖုံးကွယ်ထားတာက သူများကို နှုတ်ပိတ်ထားတယ်လို့ ဆိုလိုတယ်ဆိုတာ သူမ သတိထားမိတယ်။ ကျန်းမိသားစုရဲ့
တရားဝင်သမီးကြီးကို သူ မသတ်ခဲ့ဘူး။ သူ့ကို
မသတ်ခဲ့တာက ပြဿနာတွေ ဖြစ်လာမှာစိုးလို့ ဖြစ်နိုင်တယ်။
ဒါပေမဲ့ ဒီ မယုံရတဲ့ လူငါးယောက်က သူ ဆန္ဒရှိသလို စီရင်လို့ ရတယ်။ အစက သူမ
ဒီကိစ္စကို သူ့မဘာသာ ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့လဲ
ဆိုတာ ပြန်စဉ်းစားကြည့်ရင် အခု သူ့ရှေ့မှာ
ပိုကောင်းတဲ့ ရွေးချယ်ချက်တစ်ခု ချက်ချင်းသေအောင် သတ်နိုင်တဲ့နည်းလမ်း
ရှိတယ်လို့ သူမခံစားလိုက်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မသင်္ကာမှုက သူမအပေါ်
ကျရောက်မှာ မဟုတ်ဘူး။ ပြီးတော့ စွပ်စွဲချက်က သူ့ပေါ်ကနေ သန့်ရှင်းစွာ
ပယ်ချခံလိုက်ရနိုင်တယ်။
ဒီအထိ တွေးလိုက်ရင်း သူ့စိတ်က ပိုသက်သာလာတယ်။ ကျန်းယွမ်
ဝတ်ရုံနက်လူငယ်ကို ပြုံးလိုက်ပြီး
“လမ်းက လုံးဝ ရှင်းလင်းပြီးပါပြီ။
လူကြီးမင်း ကျေးဇူးပြုပြီး ရှေ့ကသွားနှင့်ပါ”
ဝတ်ရုံနက်လူငယ်က သူမကို ကြည့်လိုက်ပြီး သူရဲ့အေစက်တဲ့
အကြည့်တွေက အေးစက်ကြည်လင်ပြီး ထူးခြားစွာ မဖတ်နိုင်တဲ့
စိတ်ခံစားချက်ကို ပြသနေတယ်။ ပြီးတော့ သူ ရုတ်တရက်
လှည့်သွားပြီး မှောင်မိုက်တဲ့ ညထဲမှာ ပျောက်ကွယ်သွားတယ်။ ကျန်းယွမ်
သူ့ရဲ့ နောက်ကျောကို စိုက်ကြည့်နေတယ်။ သူ လမ်းလျှောက်နေတုန်း သူရဲ့
လှုပ်ရှားမှုတွေက သဘာဝကျပြီး အားစိုက်ထုတ်မှု နည်းပါးလို့
သူမက ကြော့ရှင်းတဲ့ပုံကိုပဲ သူမမြင်ရတယ်။ ဒီကြော့ရှင်းမှုက သူ့ရဲ့ အရိုးထဲထိ
စိမ့်ဝင်နေသလိုမျိုး အပေါ်ယံအားဖြင့် ဖုံးကွယ်လို့ မရဘဲ ခြေလှမ်းတိုင်းက
မသိစိတ်နဲ့ ထင်ရှားပေါ်လွင်စေတယ်။ ဒီလို ထူးချွန်ပြီး ခံ့ညားတဲ့
အသွင်အပြင်ကို သူမအရင်ဘဝတုန်းက မမြင်ဖူးခဲ့ဖူးဘူး။ သူမ
မျက်မှောင်ကြုတ်လိုက်ရင်း ကြီးမြတ်တဲ့ကျင်းမျိုးနွယ်မှာ ဒီလိုလူမျိုး
ဘယ်တုန်းက ရှိခဲ့တာလဲ ဆိုပြီး တွေးမိတယ်။ သူက ဘယ်သူလဲ။
Zawgyi
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...