Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး
Part 105
အခန်း - ၉၁ အပိုင်း(၁)
ရထားလုံးတွေက တောင်လမ်းတွေ တစ်လျှောက် ဖြတ်လာတာနဲ့ စိတ်အနှောင့်အယှက်ဖြစ်မှာ သေချာတယ်။ ကံကောင်းစွာနဲ့ ကျန်းရှင်းကျီ ရှာပေးတဲ့ ဒီမြင်းလှည်းသမားတွေက အရမ်းကျွမ်းကျင်တယ်။ သူတို့က ဒီလောက် အရမ်းရွံ့ထူတဲ့ လမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်မောင်းနိုင်ပြီးတော့ ရထားလုံးထဲမှာ ထိုင်နေတဲ့သူတွေက တစ်စက်ကလေးမှ ကိုယ်လက်မအီမသာ မဖြစ်ကြဘူး။
ရှူရီချောက်ကမ်းပါးက တစ်ဝက်ကျိုးနေတဲ့ ဓားတစ်ချောင်းနဲ့ တူပြီးတော့ မြေမျက်နှာပြင်ကြမ်းတမ်းပြီးတော့ မတ်စောက်တယ်။ လူတွေရဲ့ ရင်ထဲမှာ ကြီးမားတဲ့ ကြောက်ရွံ့မှုက ရိုက်ခတ်သွားတယ်။ တောင်တွေကို တောအုပ်ထဲမှာ ထူထပ်စွာ ဖုံးအုပ်ထားပြီးတော့ သစ်ပင်တွေပေါ်မှာ ဆောက်ထားတဲ့အသိုက်တွေထဲက ဇီးကွက်တွေက ရထားလုံးတွေဖြတ်သွားတာကို တစ်ခါတစ်လေ အလန့်တကြားနဲ့ ကြည့်နေကြတယ်။ သူတို့က လေထဲမှာ ပျံသွားကြပြီးတော့ အရိပ်တွေပဲ ချန်ထားခဲ့ကြတယ်။
ရှူရီချောက်ကမ်းပါးကို သွားတဲ့ လမ်းက မြင့်မားတဲ့ တောင်တန်းတွေနဲ့ နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ရပြီး စိမ်းလန်းစိုပြေတဲ့ သစ်ရွက်တွေနဲ့ ထူးခြားတဲ့ ပုံစံနဲ့ ကျောက်တုံးတွေကိုလည်း တွေ့ရတယ်။ အဲ့နေရာက တစ်မူထူးခြားတဲ့ အန္တရာယ်ရှိပြီးတော့ ချမ်းသာတဲ့ မိသားစုတွေက အဲ့မှာ ခဏနားပြီးတော့ ရှားပါးပြီး လှပတဲ့ မြင်ကွင်းကို ရှူစားကြတယ်။ ဒါဗပမဲ့ မြို့တော်ထဲမှာ အဆက်မပြတ် မိုးရွာကတည်းက လမ်းက ရွှံ့ထူလာတယ်။ နေရောင်က ထွက်မလာဘဲ မှောင်မှိုင်းနေတဲ့ တိမ်တွေက အဆက်မပြတ် နေရာင်ကို ကွယ်ထားတော့ အရင်က လှပတဲ့ ရှူခင်းက ချောက်ချားဖွယ်ဖြစ်နေတယ်။
ရထားလုံး ငါးစီးက တိတ်ဆိတ်စွာနဲ့ ရှေ့ကို ဆက်သွားနေတယ်။ အရှေ့ဆုံးက ရထားလုံးက ကျန်းချောင်ဖြစ်ပြီးတော့ သူက တခြား ရထားလုံးတွေနဲ့ မတူတဲ့ တစ်ခုတည်းသော ရထားလုံးဖြစ်ပြီးတော့ အရမ်း အဆင့်မမြင့်တဲ့ပုံပေါ်တယ်။ ဒါပေမဲ့ အဲဒါက ကြည့်ပျော်ရှူပျော်ရှိပါသေးတယ်။ ချက်ချင်းပဲ သူ့နောက်က ပါလာတဲ့သူတွေက ကျန်းယွမ်၊ ကျန်းစုစု၊ ကျန်းတန်၊ ကျန်းစုစုတို့ ဖြစ်ကြတယ်။ ရထားလုံးမောင်းသမားက ဘာမှမပြောသလို ရထားလုံးထဲက သူတွေကလည်း အတူတူပဲ။ သူတို့နားမှာ ကြားရတဲ့ အသံတွေက မြင်းပေါ်ကို ကြာပွတ်ကျတဲ့ အသံနဲ့ ရထားလုံးက ဘီးတွေ ရွေ့နေတဲ့ အသံပဲ။
ကျန်းယွမ်က ပျော့ပျောင်းတဲ့ ကူရှင်ပေါ်မှာ မှီနေပြီးတော့ လုကျူးက သူမအတွက် လက်ဖက်ရည်စိမ်ပေးနေတယ်။ ရှယန် ပြင်ပေးတဲ့ ရထားလုံးက တကယ်ပဲ လက်ရာမြောက်တယ်။ အဲ့ထဲမှာ စားပွဲလေးတောင် ရှိတယ်။ မနက်က အရမ်းအလုပ်ရှုပ်နေလို့ ကျန်းယွမ်က နည်းနည်းပဲ စားခဲ့ရလို့ လန်ချောင်နဲ့ ပိုင်ကျီတို့က မု့န်တချို့ဝယ်ခဲ့တယ်။ လုကျူးက လွန်ခဲ့တဲ့ နှစ်ရက်က ဇီးပွင့်လေးတွေကို ကျွမ်းကျွမ်းကျင်ကျင် ဆေးစိမ်ထားပြီးတော့ အခု ရထားလုံးထဲမှာ ကျန်းယွမ်အတွက် ဇီးပွင့် လက်ဖက်ရည် စိမ်ပေးနေတယ်။
ချိုမြိန်တဲ့ ရနံ့က သူမရဲ့ ရထားလုံးထဲကနေ လေထဲကို ပြန့်သွားပြီးတော့ အနောက်က ရထားလုံးတွေထဲက လူတွေဆီရောက်သွားတယ်။
ကျန်းလီက မထီမဲ့မြင် ငေါ့ပြီး ပြောလိုက်တယ်။
"ဒါပေါ့ သူမက သူမဘာသာ မွေ့လျော်နေမှာပေါ့။"
သူမက အနားကို ကြည့်ပြီးတော့ စိတ်တိုသွားတယ်။ သူမအနားက အစေခံတွေက ကျန်းယွမ်ရဲ့ အစေခံတွေလောက် ဉာဏ်မထက်သလို ကျန်းယွမ်ရဲ့ အစေခံတွေလို သူမနဲ့လည်း မရင်းနှီးကြဘူး။ သူတို့က မုန့်တစ်ထုတ်တောင် ပြင်မလာကြဘူး။
ဒါပေမဲ့ ကျန်းစုစုက သူမရဲ့ စိတ်ထဲမှာ တစ်ခုခု ရှိနေတယ်။ ကျန်းယွမ်က လက်ဖက်ရည်သောက်ပြီး မုန့်စားနိုင်နေတာကို သူမ မြင်တော့ မျက်နှာလွှားဇာအောက်က သူမရဲ့ မျက်နှာက တင်းမာလာပြီးတော့ သူမက တိုးတိုးလေး ပြောလိုက်တယ်။
"သွားသေလိုက်။"
ကျန်းတန်က ရထားလုံး ပြတင်းပေါက်နားမှာ မှီနေပြီးတော့ အကုန်လုံးက သူမနဲ့ မဆိုင်သလိုပဲ။
ရှူရီချောက်ကမ်းပါးကို သွားတဲ့ သူတို့ရှေ့ကလမ်းတစ်လျှောက်ကို သူတို့က ပိုင်နိုင်တယ်လို့ ပြောလို့ရတယ်။ ပြီးတော့ သူတို့က အန္တရာယ်အရှိဆုံး လမ်းကို ရောက်ပြီဖြစ်တယ်။
ဒီက လမ်းက ကျဉ်းပြီးတော့ နှစ်ဖက်လုံးမှာ ချိုင့်ဝှမ်းတွေရှိတယ်။ အလယ်မှာက ညှပ်ထားတဲ့ လမ်းကြောင်းဖြစ်တယ်။ ဘူးသီးခြောက်အဝလိုပဲ။ ဒါ့ကြောင့် ဒီလမ်းကို 'ဘူးခြောက်အဝ' လို့ နာမည်ပေးထားတာဖြစ်ပြီးတော့ တစ်ဖက်က ချိုင့်ဝှမ်းတွေနဲ့ တစ်ဖက်က ထူထပ်တဲ့ တောဖြစ်တယ်။ ထိပ်ဆုံးက ရထားလုံးက ဘူးသီးခြောက်အဝရဲ့ အစကိုရောက်တော့ ရုတ်တရက် သစ်ပင်တွေကြားထဲက ရှဲရှဲမြည်သံ ကြားလိုက်ရတယ်။
ရထားလုံးတွေက ရုတ်တရက် ရပ်သွားကြတယ်။
လန်ချောင်နဲ့ ပိုင်ကျီတို့က သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခဏရပ်လိုက်ကြပြီးတော့ စိတ်လှုပ်ရှားမှုတချို့ကို ပြသလာချိန်မှာ လုကျူးရဲ့ နဖူးက ချွေးတွေနဲ့ ပြည့်နေတယ်။ အဲ့အချိန်မှာ ကျန်းယွမ်က ဖြည်းဖြည်းချင်း လက်ဖက်ရည်သောက်နေတယ်။
သူမရဲ့ ကိုယ်နေဟန်ထားက အရမ်းကြော့ရှင်းနေတယ်။
မြင်းတွေက အန္တရာယ်ကို အာရုံခံမိတော့ ရထားလုံးမောင်းသမားတွေက ဘယ်လောက်ပဲ သူတို့ကြာပွတ်တွေနဲ့ ရိုက်ရိုက် သူတို့က တစ်ဖဝါးမှ မခွာကြဘူး။ ကျန်းအိမ်တော်က ရဲမက်တွေက သူတို့ရဲ့ ဓားတွေကို ထုတ်လိုက်ကြပေမဲ့ ကျန်းရှင်းကျီ ကျန်းယွမ်ရဲ့ ရထားလုံးနောက်ကို လိုက်ဖို့အမိန့်ပေးခဲ့တဲ့ ရဲမက်နှစ်ယောက်က ကျန်းယွမ်ရဲ့ ရထားလုံးရှေ့မှာ ရပ်နေကြပြီး တစ်ဖဝါးမှ မခွာကြဘူး။ သူတို့ မျက်နှာက သွေးဆာနေတဲ့ ပုံပေါက်နေကြတယ်။
ကျန်းလီက အရင်ဆုံး စူးရှစွာ အော်လိုက်တယ်။
"ဘာဖြစ်တာလဲ။"
သူမ အော်ပြီးတော့ လိုက်ကာကို ဖွင့်လိုက်တာနဲ့ ခပ်အုပ်အုပ် မြည်သံကြီး ပေါ်လာပြီးတော့ ငလျင်လှုပ်တယ်လို့တောင် ထင်ရတယ်။ဘူးသီးခြောက်အဝ ချိုင့်ဝှမ်းနှစ်ဖက်လုံးကနေ ဝတ်ရုံနက်နဲ့ အန္တရာယ်ပြုမယ့် ပုံပေါ်တဲ့လူတွေက ရုတ်တရက် ပေါ်လာပြီးတော့ ရထားလုံးမောင်းသမားက လန့်သွားတယ်။ ဒီရိုးရှင်းတဲ့ ချည်အင်္ကျီဝတ်ထားတဲ့ သူတွေက တောင်ကုန်းဓားပြတွေနဲ့ တူပြီးတော့ သူတို့အကုန်လုံးက ရထားလုံးတွေဆီကို ပြေးလာကြတယ်။
"ပြန်ဆုတ်ကြ။ အမြန်ပြန်ဆုတ်ကြ။"
ကျန်းအိမ်တော်က အစောင့်တွေက ရထားလုံးတွေကို ကာထားကြပြီးတော့ ရထားလုံးထဲကသူတွေကို ဘေးကင်းရာကို ရွေ့ပေးနေကြတယ်။ ဒါပေမဲ့ တောင်ကုန်းဓားပြတွေက မမျှော်လင့်စွာနဲ့ အမြန်ရွေ့လာကြပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာ ရထားလုံးတွေ အနားကို ရောက်လာကြတယ်။
ကျန်းရှင်းကျီရဲ့ ရဲမက်နှစ်ယောက်ကလွဲပြီးတော့ ကျန်းအိမ်တော်ရဲ့ ရဲမက်တွေက အယောက်နှစ်ဆယ်ရှိတယ်။ ဒီရဲမက်အယောက် နှစ်ဆယ်က တောင်ကုန်းဓားပြတွေကို မတိုက်လို့မရတော့ဘူး။ ပြီးတော့ အချိန်တစ်ခု အထိ 'ထန် ထန် ထန်' ဆိုတဲ့ ဓားချင်းတိုက်တဲ့ အသံပဲ ကြားနေရတယ်။ ဓားချင်း ယမ်းမိတဲ့ အသံက ကျောချမ်းဖွယ်ကောင်းပြီးတော့ အချိန်တိုင်း အချိန်တိုင်း သွေးတွေက လက်ရာမြောက်တဲ့ ရထားလုံးရဲ့ လိုက်ကာတွေကို သွေးတွေက လာလာစင်တယ်။
"ဘယ်လိုလုပ်ပြီးတော့ တောင်ကုန်းဓားပြတွေ ရှိနေတာလဲ။ ဘယ်လိုလုပ်ပြီးတော့ တောင်ကုန်းဓားပြတွေ ရှိနေတာလဲ။"
ကျန်းလီက အော်လိုက်တယ်။ ဒါပေမဲ့ သူမ ပြတင်းပေါက် လိုက်ကာကို ဖွင့်လိုက်တာနဲ့ အပြင်က ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်ပြီးတာနဲ့ သူမ ချက်ချင်းပဲ သတိမေ့သွားတယ်။
ကျန်းတန်က သူမကိုယ်သူမ ရထားလုံးထောင့်ထဲမှာ တင်းကျပ်စွာ တိုးဝင်နေပြီးတော့သူမရဲ့ အစေခံနှစ်ယောက်က သူမကို ကာကွယ်နေတယ်။ သူတို့သုံးယောက်က သူတို့ နှုတ်ခမ်းတွေကို ကိုက်ထားပြီးတော့ အသံ မထွက်ရဲကြဘူး။
အေးဆေးတည်ငြိမ်တဲ့ ရထားလုံးက သုံးခုပဲ ရှိတယ်။
ကျန်းချောင်ရဲ့ ရထားလုံးက အရှေ့ဆုံးမှာ ရှိပေမဲ့ လူသတ်ချင်ကြတဲ့ တောင်ကုန်းဓားပြတွေက သူ့ရဲ့ ရထားလုံးကို ရှောင်သွားကြတယ်။ တစ်ချက် ကြည့်လိုက်ရုံနဲ့ ကျန်းချောင်ရဲ့ ရထားလုံးနားက ရှင်းလင်းနေတာ အသိသာပဲ။ သူ့ကို သွားကယ်တဲ့ ကျန်းအိမ်တော်အစောင့်တွေ အတွက် ဘေးကင်းတာပေါ့။
ဒါကအရမ်းထူးဆန်းတယ်။
ကျန်းစုစုက သူမရဲ့ ရထားလုံးထဲမှာပဲ ထိုင်နေပြီးတော့ သူမရဲ့ နှုတ်ခမ်းတွေပေါ်မှာ အေးစက်တဲ့ အပြုံးလေးတစ်ခု ရှိနေတယ်။ အပြင်က အနီးကပ်တိုက်ပွဲက ပိုပြီး ပြင်းထန်လာလေလေ သူမရဲ့ အပြုံးက ပီတိအပြုံးဖြစ်လာလေလေပဲ။ သူမက ကျန်းယွမ်ရဲ့ ရထားလုံးကို သွားပြီးတော့ သူ့လိုက်ကာကို ဖြဲပြီးတော့ ကျန်းယွမ် အရမ်းကြောက်နေမှာကို မြင်ချင်တာကို မနဲထိန်းထားရတယ်။
ကျန်းယွမ်က လက်ဖက်ရည်သောက်နေတုန်းပဲ။ သူမရဲ့ ရထားလုံးအပြင်က ရဲမက်တွေက ကျန်းအိမ်တော်ရဲ့ ရဲမက် ဆယ်ယောက်ထက် ပိုပြီး အသုံးဝင်တယ်။ တကယ်ပဲ ရထားလုံးရဲ့ လိုက်ကာပေါ်ကို သွေးတစ်စက်တောင် လာစင်တာ မရှိသေးဘူး။
ကျန်းအိမ်တော်က ရဲမက်တွေထက် လူအင်အား ပိုများနေပြီးတော့ သူတို့ကို တိုက်နေတာက အနည်းဆုံး အယောက်တစ်ရာရှိတယ်။ သူတို့ အနီးကပ်တိုက်ပွဲမှာ ပိုတိုက်လေလေ သူတို့ ပိုပြီးတော့ ကြောက်လာလေလေပဲ။ တောင်ကုန်းဓားပြတွေလား။ မဟုတ်သေးဘူး။ သူတို့ အဲဒါကို ဖုံးကွယ်ထားချင်ပေမဲ့ ဒီတောင်ကုန်းဓားပြတွေက ကိုယ်ခံပညာကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ထားကြတယ်။ ဒါ့အပြင် တောင်ကုန်းဓားပြတွေက သူတို့ကို ဘာလို့ ပိုက်ဆံနဲ့ တန်ဖိုးရှိတဲ့ အရာတွေကို အရင်မမေးဘဲနဲ့ တန်းပြီး တိုက်ခိုက်ရတာလဲ။
ဒါပေမဲ့ သူတို့ဆီမှာ သူတို့ရဲ့ သံသယတွေ ရှိပေမဲ့လည်း ဒီကျန်းအိမ်တော်က ရဲမက်တွေက အခွင့်မသာကြသေးဘူး။ သူတို့ရဲ့ ရန်သူတွေက ရထားလုံးတွေထဲက စီးလာတဲ့သူတွေကိုသတ်ချင်ပုံ မရပေမဲ့ ရဲမက်တွေ အကုန်လုံးကို သတ်ဖို့ ပစ်မှတ်ထားကြတယ်။ ကျန်းအိမ်တော်ရဲ့ ရဲမက်တွေက တစ်စတစ်စ နည်းလာပြီးတော့ ကျန်းယွမ်က သူမရဲ့ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးတော့ ပြောလိုက်တယ်။
"လုကျူး"
လုကျူးက ခဏလောက်ရပ်သွားပြီးတော့ ပြတင်းပေါက် လိုက်ကာတွေကို မလိုက်ပြီးတော့ အော်လိုက်တယ်။
"ကယ်ကြပါဦး။"
ကျန်းယွမ်ရဲ့ ရထားလုံးနားမှာ စောင့်နေကြတဲ့ ကိုယ်ရံတော်နှစ်ယောက်က ဒါကိုကြားတော့ သူတို့ နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း လွှားခနဲ ပြုမူကြလိုက်တယ်။ မြန်ဆန်တဲ့ လှုပ်ရှားမှုတွေနဲ့ အနားက ဓားပြတွေ မတုံ့ပြန်နိုင်ခင်မှာပဲ သူတို့က ကျန်းယွမ်ရဲ့ ရထားလုံး ရှေ့ကို ခုန်တက်လိုက်ပြီးသား ဖြစ်နေတယ်။ သူတို့က မြင်းတွေရဲ့ ခေါင်းတွေကို လှည့်နေတဲ့ အချိန်မှာ သူတို့ရဲ့ ဓားတွေကို သုံးပြီးတော့ သူတို့က မြင်းတွေရဲ့ တင်ပါးဆုံပိုင်းတွေကို တွက်လိုက်တယ်။
ဒုတိယတစ်ချက်မှာ မြင်းတွေက ပိုပြီးနာကျင်လာပြီးတော့ အကွာအဝေးတစ်ခုအတွင်း မြှားတစ်စင်းလို့ ရှေ့ကို ပြေးသွားတော့တယ်။
ဒါ့ကြောင့် ကိုယ်ရံတော်နှစ်ယောက်က ကျန်းယွမ်ရဲ့ ရထားလုံးကို မောင်းသွားတယ်။ ရလာဒ်အနေနဲ့ ပုံစံတူ မြင်းလှည်းလေးစီးက စပြီးတော့ မတူညီတဲ့ လမ်းကြောင်းအတိုင်း ရွေ့သွားကြတယ်။
တောထဲမှာ ပုန်းနေတဲ့ တစ်ယောက်ယောက်က ချက်ချင်းပဲ ထရပ်လိုက်ပြီးတော့ သူ့ရဲ့ လေးနဲ့ မြှားကို ချိန်လိုက်ပေမဲ့ သူက နောက်တစ်ယောက်တားတာကို ခံလိုက်ရတယ်။
"နေဦး။"
မီးခိုးရောင်ဝတ်ရုံနဲ့လူရိပ်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီးတော့ သူ့ရဲ့ အကြည့်က အေးစက်မှုကြောင့် ချွန်ထက်လွန်းလို့ အရိုးကိုတောင် ဖြတ်နိုင်သလိုပဲ။
"ထွက်ပြေးချင်တာလား။ ဟန် ချောင်ပိတ်မိနေတဲ့ တိရိစ္ဆာန်တစ်ကောင် ရုန်းကန်နေတာထက် မပိုဘူး။"
ရထားလုံး လေးလုံးက ခွဲထွက်သွားကြတယ်။ ရထားလုံးမောင်းသမားတွေ အကုန်လုံးက ကန်ချခံခဲ့ရပေမဲ့ ရထားလုံးထဲက မိန်းမပျိုလေးတွေက ရှိနေတုန်းပဲ။ ကျန်းစုစုက အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိဘူး။ သူမက ရထားလုံးက ရုတ်တရက် စပြီးတော့ အမြန် ရွေ့လာတာကိုပဲ သူမသိတယ်။ သူမက ရထားလုံးထဲမှာ ဟိုဟိုဒီဒီ လိမ့်နေပြီးတော့ ကြောက်လန့်တကြား အော်နေတယ်။
"ကယ်ကြပါဦး။ တစ်ယောက်ယောက် အမြန် ကယ်ကြပါဦး။"
လေကပဲ သူမကို ပြန်ဖြေတယ်။
တူညီတဲ့ ရထားလုံး လေးလုံးက ဆန့်ကျင်ဘက် အရပ်တွေကို ခွဲထွက်သွားကြတယ်။ သူတို့နောက်က တောင်ကုန်းဓားပြတွေက ဘယ်ရထားလုံးနောက်ကို သူတို့ လိုက်ရမလဲဆိုတဲ့ မမျှော်လင့်ထားတဲ့ ခက်ခဲမှုကို ရင်ဆိုင်လိုက်ရတယ်။ သူတို့ ဘာလုပ်ရမှန်း မသိဖြစ်နေကြတော့ သူတို့ တောနက်ထဲက မီးခိုးရောင်ဝတ်ရုံနဲ့ လူကို လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ကြဘူး။
မီးခိုးရောင်ဝတ်ရုံနဲ့သူက လှမ်းကြည့်လိုက်ပြီးတော့ ရုတ်တရက် သူ့လက်တွေကို လက်ဟန်ခြေဟန် ပြလိုက်တယ်။ တောင်ကုန်းဓားပြတွေက အမိန့်ကို ရလိုက်သလိုပဲ အဖွဲ့လေးဖွဲ့ ကွဲသွားကြပြီးတော့ သူတို့ရဲ့ အမြန်နှုန်းတွေက မြန်ဆန်ပြီးတော့ တိကျတယ်။ ဘယ်သာမာန် တောင်ကုန်းဓားပြတွေမှ ဒီလို အားမာန်နဲ့ အလိုက်သင့်ပြောင်းလဲ နိုင်မှု မရှိကြဘူး။ တောင်ကုန်းဓားပြတွေနဲ့ ရင်ဆိုင်ဖို့ ကျန်းရှင်းကျီ ထည့်ပေးလိုက်တဲ့ ကိုယ်ရံတော်နှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ အံ့အားသင့်မှုတွေကို တွေ့နိုင်တယ်။ သူတို့က တပ်ထဲမှာ မွေးဖွားခဲ့တာဆိုတော့ သူတို့က ဒီလို အခြေအနေမျိုးနဲ့ ရင်းနှီးပြီးတော့ အဲဒါက စစ်တပ်ပုံစံဆိုတာ သေချာတယ်။
သူတို့က ဒါတွေက သာမာန် တောင်ကုန်းဓားပြတွေ မဟုတ်ဘူးဆိုတာ ခန့်မှန်းထားတာ ကြာပြီ ဖြစ်ပေမဲ့ သူတို့က တကယ်ပဲ စစ်တပ်က တပ်ဖြစ်မယ်လို့ ထင်မထားဘူး။ ဒါ့အပြင် သူတို့ရဲ့ စစ်တပ်စွမ်းရည်က သာမာန်မဟုတ်ဘူး။
ဒါကို သတိထားမိသွားတော့ သူတို့ ကျန်းယွမ် ရင်ဆိုင်ရမယ့် အန္တရာယ်ကို ရုတ်တရက် နားလည်သွားတယ်။ သူတို့က ကျန်းယွမ်ရဲ့ အမိန့်တွေကို နာခံကြမေဲ့ သူတို့က သူမကိုလည်း သေသေချာချာ ကာကွယ်ပေးချင်ကြတယ်။ ကျန်းယွမ်က ပုံစံတူ ရထားလုံး လေးလုံးကို ဒီလူတွေ စိတ်ရှုပ်စေဖို့ ပြင်ခဲ့ပေမဲ့ သူမက ဘူးသီးခြောက် အပေါက်ဝကို ဒီလောက် အန္တရာယ်များလိမ့်မယ်လို့ ထင်မထားဘူး။ အဆုံးမှာတော့ အဲ့မှာ လမ်းတစ်လမ်းပဲ ရှိတယ်။ ဒါ့အပြင် ဒီလို ကျွမ်းကျင်တဲ့ စစ်သားတွေက လမ်းတစ်လျှောက်လုံးမှာ ပုန်းနေကြတယ်။ ကျန်းယွမ် ဘယ်ကိုပဲ သွားသွား သူမက သူမကိုယ်သူမ လွယ်ကူတဲ့ ပစ်မှတ်အဖြစ် သတ်မှတ်သလို ဖြစ်နေမှာပဲ။
သူတို့က ကျန်းယွမ်နဲ့ အမှီလိုက်ပြီးတော့ သူမကို သူတို့ တတ်နိုင်သမျှ ကာကွယ်မှဖြစ်မယ်။
ကိုယ်ရံတော်နှစ်ယောက်က လေထဲကို အမြန် ခုန်လိုက်ပြီးတော့ ကန်လိုက်တဲ့အချိန်မှာ တောင်ကုန်းဓားပြတွေအဖြစ် ဟန်ဆောင်ထားတဲ့ စစ်သားတွေကို ဘူးသီးခြောက်အဝရဲ့ အနောက်ဘက်ကို လွင့်သွားတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့ လူက ပြုံးလိုက်တယ်။
"ဒီလိုဆိုမှတော့ ဘာလို့ တွေးနေရဦးမှာလဲ။"
ဒါကိုပြောပြီးတော့ သူ့ရဲ့ အသံက ပြောင်းသွားပြီးတော့ သူက သူ့ဘေးက လူတွေကို အေးစက်စွာ ပြောလိုက်တယ်။
"သွား အဲ့ကိုယ်ရံတော်နှစ်ယောက်ကို သွားဖမ်း။"
ကျန်းယွမ်ရဲ့ ရထားလုံးက တောထဲကို အရှိန်ပြင်းပြင်းနဲ့ ရွေ့နေတယ်။ ရထားလုံးက လမ်းတစ်လျောက်လုံး မရေမတွက်နိုင်တဲ့ သစ်ကိုင်းထူတွေနဲ့ နွယ်ထူတွေကို တိုက်ခဲ့တယ်။ လန်ချောင်က မြင်းတွေ ရုန်းတာကို ရပ်ဖို့ ဇက်ကြိုးကို ဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ဘာမှမထူးခဲ့ဘူး။ လုကျူးက ကျန်းယွမ်ရဲ့ ခေါင်းကို ထိခိုက်မှာစိုးလို့ ကာကွယ်တဲ့ အနေနဲ့ ပျော့ပျောင်းတဲ့ ကူရှင်တွေကို နောက်ကို ပို့လိုက်ပြီးတော့ ကျန်းယွမ်ရဲ့ လက်ကို တင်းကျပ်စွာ ကိုင်ထားတယ်။
ကျန်းယွမ် နှုတ်ခမ်းကို စိထားပေမဲ့ သူမရဲ့ မျက်နှာထားက ငြိမ်းချမ်းနေတယ်။ သူမရဲ့ ကြည်လင်ပြီး တောက်ပနေတဲ့ မျက်ဝန်းတွေထဲမှာ မတွေးနိုင်အောင် နက်လွန်းတဲ့ နက်ရှိုင်းမှု ရှိပြီးတော့ အေးစက်တဲ့ အရိပ်အယောင်ရှိတယ်။
တောင်ကုန်းဓားပြတွေက သူတို့နောက်ကနေ မရပ်မနားလိုက်လာတယ်။ ကျန်းယွမ်ရဲ့ မျက်နှာထားက မပြောင်းလဲဘူး။ ရုတ်တရက် လန်ချောင်က အော်လိုက်တယ်။
"မဖြစ်သေးဘူး။ အရှေ့မှာ လမ်းမရှိတော့ဘူး။"
သူတို့က ဘူးသီးခြောက် အဝရဲ့ အဆုံးကို ရောက်သွားပြီဖြစ်ပြီးတော့ သူတို့ရှေ့မှာ ရှူရီချောက်ကမ်းပါးရဲ့ မတ်စောက်တဲ့ အစွန်းရှိနေတာဖြစ်တယ်။ တကယ်လို့ မြင်းတွေက ရှေ့ကို ဆက်သွားရင် သူတို့ ဆီရောက်လာမှာက သေခြင်းတရားနဲ့ ပျက်ဆီးမှုဖြစ်တယ်။
တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကျန်းယွမ်က ဒီနေ့မနက်က ပိုင်ကျီ သူမကို ပေးခဲ့တဲ့ သူမရဲ့ အင်္ကျီလက်ထဲက ဓားမြှောင်ကို ရုတ်တရက် ထုတ်လိုက်တယ်။ ဓားမြှောင်ရဲ့ အစွန်းက နည်းနည်းတုံးနေတယ်။ လက်တစ်ဖက်တည်းနဲ့ သူမက မြင်းဇက်ကြိုးကို ဖမ်းလိုင်ပြီးတော့ ဖြတ်ချလိုက်တယ်။ 'ဘန်း' ဆိုတဲ့ အသံနဲ့ မြင်းတွေနဲ့ ရထားလုံးကို ဆက်ထားတဲ့ ကြိုးက နှစ်ပိုင်းဖြစ်သွားတယ်။ ရထားလုံးက မြင်းတွေနဲ့ ရခဲ့တဲ့ အရှိန်က မီတာအနည်းငယ် ရှေ့ဆက်ပြီးတော့ နောက်ဆုံးမှာ ရှူရီချောက်ကမ်းပါးကို ရောက်ကာနီ ပေအနည်းငယ်အလိုမှာ ရပ်သွားတယ်။
မြင်းတွေက နောက်ကို လှည့်မကြည့်ဘဲနဲ့ တိမ်တွေနဲ့ မြူတွေ ဖုံးနေတဲ့ ရှူရီချောက်ကမ်းပါးထဲကို တိုက်ရိုက် ပြေးဝင်သွားပြီးတော့ မျက်တောင်တစ်ခတ်မှာ ပျောက်ကွယ်သွားကြတယ်။
ရထားလုံးက လဲသွားပြီးတော့ ဘေးကို ကျသွားတယ်။ သူမရဲ့ ခေါင်းကို ကိုင်ထားရင်း ပိုင်ကျီက ထလိုက်ပြီးတော့ ကျန်းယွမ်ကို အမြန်ကူလိုက်တယ်။
"သခင်မလေး အဆင်ပြေရဲ့လား။"
"ကျွန်မ အဆင်ပြေပါတယ်။"
ကျန်းယွမ်က ဓားမြှောင်ကို သူမရဲ့ အင်္ကျီလက်ထဲ ပြန်ထည့်လိုက်ပြီးတော့ လုကျူးကို ကူပြီး ထူလိုက်တယ်။ သူတို့ လေးယောက်က ဖိုသီဖတ်သီနဲ့ ဖုတ်သိုက်ဖြစ်နေကြပြီးတော့ မြေပြင်ပေါ်မှာ လဲနေကြပြီးတော့ သူတို့က ချုံးချုံးကျနေပြီးတော့ မောနေပုံပေါက်တယ်။
အဲ့အချိန်မှာ ကျန်းရှင်းကျီ သူတို့နဲ့ ထည့်ပေးလိုက်တဲ့ ကိုယ်ရံတော်နှစ်ယောက်က သူတို့ ဆီကို အမြန်သွားကြတယ်။ ရထားလုံးရဲ့ ပြတ်သွားတဲ့ ကြိုးကို မြင်တော့ မိန်းမပျိုလေးတွေ ရှူရီချောက်ကမ်းပါးနဲ့ ဘယ်လောက် နီးကပ်သွားလဲဆိုတာကို သူတို့ သတိထားမိသွားကြပြီးတော့ သူတို့ နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြပြီးတော့ ကျန်းယွမ်ကို လေးစားတဲ့ အကြည့်နဲ့ ကြည့်လိုက်ကြတယ်။
ဒီလို ထိတ်လန့်စရာ အခြေအနေမျိုးမှာ သေချာတဲ့ ဆုံးဖြတ်မှုမျိုးနဲ့ သူမလို တည်ငြိမ်စွာနဲ့သူမလို လုပ်နိုင်တဲ့သူက တကယ်ရှားတယ်။ ပြီးတော့ ကြိုးကို ပြတ်ပြတ်သားသား ဖြတ်လိုက်တာကြောင့် သူမရဲ့ အသက်ကို ကယ်နိုင်ခဲ့တယ်။ ဒါ့အပြင် သူမရဲ့ အသက် လွတ်မြောက်ဖို့ ကျဉ်းမြောင်းတာတောင် ဘာမှမဖြစ်ခဲ့သလိုပဲ။ သူတို့က ဘယ်မိသားစုက မိန်းမပျိုလေးကမှ ဒီလောက် သတ္တိရှိတာ မတွေ့ဖူးဘူး။ ဒါပေမဲ့ ဒုတိယအကြိမ် ပြန်တွေးကြည့်လိုက်တော့လည်း အရမ်းအံ့ဩဖွယ်ကောင်းတဲ့ အစ်ကိုက သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ တိုက်ခဲ့တော့ ညီမလေးကလည်း အဲ့လောက် ကွာမှာ မဟုတ်လောက်ဘူး။
ခြေသံတွေ သူတို့နားနီးလာတာကို ကြားတော့ လူနှစ်ယောက်ရဲ့ မျက်နှာထားတွေက မှောင်မှိုက်သွားပြီးတော့ သူတို့က ကျန်းယွမ်ကို ကာထားလိုက်ကြတယ်။
တောင်ကုန်းဓားပြတွေအဖြစ် အယောင်ဆောင်ထားတဲ့ စစ်သားတွေက အဖွဲ့လေးဖွဲ့ ခွဲသွားကြပြီးတော့ ကျန်းယွမ်နောက်ကို လိုက်လာတာတွေက အယောက်တစ်ရာကျော်တယ်။ ဒီမကောင်းဆိုးဝါးတွေက ကျန်းယွမ်ကို ရက်စက်စွာ စိုက်ကြည့်နေကြတယ်။ သူမရှေ့မှာက ဒီဆာလောင်နေတဲ့ ဝံပုလွေတွေရှိပြီးတော့ သူမရဲ့ နောက်မှာက ရှူရီချောက်ကမ်းပါး ရှိနေတာဖြစ်တယ်။ သူတို့က သိုးလေးကို သတ်ဖို့ စောင့်နေကြပြီးတော့ ပြန်ပြီး ဆုတ်စရာ လမ်းမရှိတော့ဘူး။
ကျန်းယွမ်က အခြေအနေကို တိတ်တဆိတ် အကဲခတ်နေတယ်။ ရုတ်တရက် သူမရှေ့ကနေ 'ဖတ် ဖတ် ဖတ်' ဆိုတဲ့ တစ်ယောက်ယောက်ရဲ့ လက်ခုပ်သံကြားလိုက်ရပြီးတော့ ရင်းနှီးတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။
"အကြီးဆုံး သခင်မလေးက တကယ်ပဲ ထက်မြက်တာပဲ။ ဒီလိုအခြေအနေမှာတောင် မစိုးရိမ်ဘဲ နေနိုင်သေးတယ်နော်။"
စစ်သားတွေက မီးခိုးရောင်ဝတ်ရုံနဲ့ လူကို လမ်းဖယ်ပေးလိုက်ကြပြီး ရှေံကို လာခိုင်းလိုက်တယ်။ သူက တစ်ခုခုကို သေချာအောင် လုပ်နေသလိုပဲ ဖြည်းဖြည်းချင်းလျှောက်လာတယ်။
ကျန်းယွမ်က ပြုံးလိုက်တယ်။
"ဒုတိယ သခင်လေးလီက တကယ်ပဲ သဘောထား ကြီးစွာနဲ့ လမ်းဘေးခွေးဖြစ်လာပြီးတော့ နေ့ခင်းကြောင်တောင်ကြီးမှာ လာပြီးတော့ ရှင့်ရဲ့ တည်ရှိမှုကို ပြရဲသေးတယ်နော်။"
ဒီစကားတွေက လီအန်းကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တာဖြစ်တယ်။ သူ့ရဲ့ မျက်နှာထားက သူ ကျန်းယွမ်ကို ရက်စက်တဲ့ အကြည့်တွေနဲ့ မျက်စောင်းထိုးလိုက်တယ်။ ရုတ်တရက် သူက တစ်ခုခုကို ပြန်သတိရမိသလိုနဲ့ သူက ပြုံးပြီး ပြောလိုက်တယ်။
"တကယ်လို့ ကျွန်တော်သာ အကြီးဆုံးသခင်မလေးဆိုရင် နောက်ကျ သိပ်မနာအောင် ကျွန်တော်က အခုလိုအချိန်မှာ ပါးစပ်သရမ်းနေမှာ မဟုတ်ဘူး။"
"ဖောင်း"
ကျန်းယွမ် ဘာမှမပြောခင်မှာဘဲ လန်ချောင်က သူ့ကို ခါးထောက်လျက်နဲ့ ရိုက်ပြီးနေပြီဖြစ်တယ်။
"နေရာတိုင်းမှာ ဟိတ်ဟန်များတတ်တဲ့ ရာဇဝတ်ကောင်က ထွက်လာသေးရဲတယ်ပေါ့။ ငါ့ရဲ့ သခင်မလေးက မှန်ကန်ပြီး ဖြောင့်မတ်ပေမဲ့ နင်က တရားဉပဒေနဲ့ ကိုယ်ကျင့်တရားကို ဂရုမစိုက်ဘူး။ နင် သတိထား နင့်ရဲ့ ခေါင်းက မနက်ဖြန်ကျရင် အဖြတ်ခံရပြီးတော့ မြို့တံခါးဝမှာ အကုန်လုံး နောက်သုံးရက်အထိ ကြည့်လို့ရအောင် အချိတ်ခံထားရမှာ။"
သူမ ကျန်းယွမ်ရှေ့မှာ ရပ်လိုက်တာနဲ့ သူမနားက စစ်သားတွေက ချက်ချင်းပဲ သူမရဲ့ ရင်ဘတ်ကို ခုတ်လိုက်တယ်။ လမ်ချောင် လေထဲကို မြောက်တက်သွားပြီးတော့ မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျလာပြီးတော့ သွေးတစ်ပွက်အန်သွားတယ်။
"လန်ချောင်"
ပိုင်ကျီက ကြောက်လန့်တကြား ငိုသွားတယ်။ လုကျူးက ကျန်းယွမ်ကို ပိုပြီးတော့တောင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ ကျန်းယွမ်က သေကာနီးဖြစ်နေတဲ့ လန်ချောင်ကို ကြည့်လိုက်ပြီးတော့ သူမရဲ့ မျက်ဝန်းတွေထဲမှာ ဒေါသမီးရောင်တွေ တောက်လာတယ်။ သူမက လီအန်းကို အရမ်းရက်စက်စွာ ထပ်ကြည့်လိုက်ပြီးတော့
"ဘာမြင့်မြတ်တဲ့ ကိစ္စရှိလို့ လာတာလဲ။ ဒုတိယသခင်လေးလီ။ ဒီကို အစေခံတစ်ယောက်ကို အနိုင်ကျင့်ဖို့ပဲ လာတာတော့ မဟုတ်ဘူးမလား။"
လီအန်းက ရယ်လိုက်တယ်။
"မင်း ကြိုက်သလိုပြော။ ဒါပေမဲ့ အဆုံးမှာတော့ သူမက မင်းအစား ဒဏ်ရာရသွားတာ။ အကြီးဆုံးကျန်းသခင်မလေးက သာမာန်အစေခံမလေး တစ်ယောက်အတွက်နဲ့တောင် အရမ်းစိုးရိမ်နေပေမဲ့ ကျွန်တော်က မင်း ငါ့ရဲ့ အစ်ကိုကို ဒဏ်ရာရစေခဲ့တဲ့အတွက် ဘယ်လောက်နာကျင်ခဲ့တယ်ဆိုတာကို နားမလည်နိုင်သေးဘူး။"
ကျန်းယွမ် မထီမဲ့မြင်ပြုလိုက်တာနဲ့ လီအန်းက ဆက်ပြောတယ်။
"အရင်က ကျွန်တော်က အကြီးဆုံးကျန်းသခင်မလေးရဲ့ အကောင်းဆုံး နည်းတွေနဲ့ မယှဉ်နိုင်ခဲ့ပေမဲ့ ကျွန်တော်က အကြီးဆုံးကျန်းသခင်မလေးက ဒီလိုရက်စက်တဲ့ နည်းလမ်းတွေ သုံးပြီးတော့ ကျွန်တော့်ရဲ့ ရန်သူအနေနဲ့ လက်ရှိမှာ ရင်ဆိုင်ခိုင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး။ အကြီးဆုံး ကျန်းသခင်မလေး ကျွန်တော့်ကို အဲဒါအတွက် အပြစ်မတင်ပါနဲ့။"
သူ ဒါကို ပြောတာနဲ့ သူ့ရဲ့ အသံက ပိုပြီးတော့ ဖော်ရွေလာပေမဲ့ သူ့ရဲ့ မျက်ဝန်းတွေထဲက စိတ်ဝင်စားမှုက ပိုပြီးတော့ နက်ရှိုင်းလာတယ်။ သားကောင် တစ်ကောင်ကို စိတ်ဝင်စားနေတဲ့ တောရိုင်းတိရိစ္ဆာန် တစ်ကောင်လိုပဲ။ သူရဲ့ မျက်လုံးတွေက ထက်မြက်တဲ့ အလင်းရောင်နဲ့ တောက်ပနေတယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...