Part 33
အခန်း ၄၃
ရှယန်နဲ့ ကျန်းစုစုရဲ့ မျက်နှာထားက တစ်ခဏအတွင်း
အတူတူပြောင်းသွားတယ်။ အမျိုးသမီးတွေက တစ်ယောက်နဲ့တစ်ယောက် စပြီး စကားပြောနေကြပြီဖြစ်တယ်။
ပြောတော့ တောကြိုတောင်ကြားက ရိုင်းစိုင်းတဲ့ ကောင်မလေးဆို။ သူမရဲ့
နေပုံထိုင်ပုံက နန်းတော်က ခေါ်လာတဲ့ ကောင်မလေးကျလို့ပဲ
ဟုတ်တယ် သူမက ဒုတိယသခင်မလေးကျန်းနဲ့တောင် ယှဉ်လို့ရတယ်။ သူမက သူတို့
ပြောသလောက်လည်း မဆိုးပါဘူး
သူမက လှပြီးတော့ သူမကတောင် ဒုတိယသခင်မလေးကျန်းထက် ပိုပြီး တက်ကြွသေးတယ်
ကျန်းစုစုကို လူတွေ မကြည့်ကြတာ ဒါက ပထမဆုံး အကြိမ်ပါပဲ။ သူမရဲ့
မျက်နှာထားကို မပြောင်းလဲဘဲ ကျန်းယွမ်က ရှေ့ကို သွားဖို့ပဲ အပြည့်အဝ အာရုံစိုက်ထားတယ်။ သူမက ရှန်းအိမ်
တော်ကို ပထမဆုံးအကြိမ် ရောက်တာမဟုတ်သလို သူမရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့် ရှိနေတယ်။
မျက်နှာဝိုင်းဝိုင်းနဲ့ အမျိုးသမီးက နောက်လှည့်လာတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပါးရိုးမြင့်မြင့်တွေနဲ့ အမျိုးသမီးက
ခေါင်းညိတ်နေတုန်းပဲ။
သူတို့နဲ့ အတူလျှောက်လာတဲ့ ရှန်းမင်ကျန်းက ဒေါသထွက်ပြီးတော့
ကျန်းယွမ်ကို မျက်စောင်းထိုးလိုက်တယ်။ သူမက ကျန်းစုစုဆီကို သွားလိုက်ပြီး
သူမလက်ကို ကိုင်ပြီး ကျန်းယွမ်ကို လှည့်မကြည့်ဘဲ အမျိုးသမီးတွေ ထိုင်တဲ့နေရာကို သွားလိုက်တယ်။
ရှယန်က သူမ ဘာမှ သတိမထားမိသလို ပြုံးနေတုန်းပဲ။ ပြီးတော့ ရှန်းသခင်မနဲ့
သူတို့ဘာသာ ထိုင်ပြီးတော့ ဆက်ပြီးစကားပြောနေကြ
တယ်။ ကျန်းလီက
ပုံမှန်ဆိုရင် ရန်လိုတတ်ပေမဲ့ အခုရှိနေတဲ့ အမျိုးသမီးငယ်လေးတွေထဲမှာ သူမမှာ
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...