unicode
Part 83အခန်း- ၇၉ အပိုင်း(၁)
မိုးရွာတဲ့ အခြေအနေက အရင်ကထက် ပိုပြီးသည်းလာတယ်။
တောင်တန်းနဲ့ နီးတဲ့ သာမာန်လူတွေအတွက်ကတော့ ရွံအိုင်ကြီးတွေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကြုံတွေ့ကြရတယ်။ ဘိုချိန် ရေလှောင်ကန်က မြို့တော်ရဲ့ အကြီးဆုံး ရေလှောင်ကန်ဖြစ်ပြီးတော့ မြို့တော်ထဲက လယ်ကွက်တွေက သူတို့ရဲ့ လယ်တွေအတွက် ဆည်မြောင်းကနေတစ်ဆင့် ရေရဖို့အတွက် ဒီဧရိယာကြီးအပေါ်မှာ မှီခိုအားထားနေရတယ်။ ဒီတော့ သူတို့ရဲ့ လယ်တွေအပေါ်ကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလှောင်ကန်ထဲက ရေမျက်နှာပြင်က မြင့်တက်လာတယ်။ ရေလှောင်ကန်က ရေတွေ ပြည့်လျှံလာလို့ ပြိူကျနိုင်တဲ့ အန္တရာယ်ရှိပုံရတယ်။ ရွှမ်းလီက သူ့ရဲ့ လက်အောက်ငယ်သားတွေကို ရေတွေကို မြင့်တက်လာတဲ့ ရေမျက်နှာပြင်ကို ထိန်းညှိဖို့အတွက် စီမံတဲ့နေရာမှာ ဦးဆောင်ခဲ့တယ်။
ထိပ်တန်းကျောင်းသားရဲ့ အိမ်တော်မှာ ကျောင်းယွမ်လူကြီးလူကောင်းလေးက ပြတင်းပေါက်နားမှာ ရပ်နေပြီးတော့ မိုးစက်တွေကျနေတာကို ကြည့်နေတယ်။
ပြီးတော့ လျိုသခင်မက အညိုရင့်ရောင် သကြားတစ်ခွက်နဲ့ ဂျင်းစွပ်ပြုတ်ကို ကိုင်ပြီး တော့ ဝင်လာပြီး စားပွဲပေါ်မှာ ချလိုက်တယ်။ လျိုမင်ကို တွေ့တော့ သူမက သက်ပြင်းချလိုက်တယ်။
“မိသားစုတွေ အများကြီးကို ဒီလိုဒုက္ခပေးရအောင်ဒါက ဘယ်လိုဘေးကပ်ဆိုးမျိုးလဲ။ ”
သူတို့က အစက သာမာန်လူတန်းစားတွေ ဖြစ်ပြီးတော့ မကြာသေးခင်ကမှ ဒီလိုအဆင့်မျိုး ရောက်လာတာဖြစ်တယ်။ ဒါ့ကြောင့် သူတို့က သာမာန်လူတန်းစားတွေ ခံစားနေရတာကို အရမ်းစာနာတယ်။ တကယ်လို့ လျိုမင်က အင်ပါယာရုံးတော်ကို ဝင်ရောက်ပြီး အစိုးရအရာရှိ မဖြစ်ခဲ့ရင် သူတို့က ဒီသာမာန်လူတန်းစားတွေလို စားစရာမဲ့ပြီးတော့ ခိုကိုးရာမဲ့ဖြစ်နေမှာဖြစ်ပြီးတော့ ဆာလောင်ပြီးတော့ အေးခဲနေမှာဖြစ်တယ်။
လျိုမင်က လျိုသခင်မရဲ့ ပုခုံးကို ပုတ်ပြီးတော့ သူမကို နှစ်သိမ့်လိုက်တယ်။
KAMU SEDANG MEMBACA
မုန်းမာန်ဖွဲ့ ရန်ငြိုး
Fiksi Sejarahဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...