unicode
Part 60အခန်း - ၆၇
အပိုင်း (၂က)
ရှယန်က ကျန်းယွမ်ကို မျှော်လင့်ချက်တွေနဲ့ ကြည့်လိုက်တယ်။ ကျန်းယွမ် သူမကို တိတ်ဆိတ်စွာကြည့်နေတယ်။ သူမကို အကူအညီအတွက် တောင်းပန်နေရလောက်အောင် ရှယန်ရဲ့ ဦးနှောက်ကို တစ်ယောက်ယောက် ဖျက်ဆီးသွားတာလား။ ကံမကောင်းစွာနဲ့ သူမ ပေါ့ပါးစွာ ပြုံးလိုက်တယ်။
"အမေ ဒီစကားတွေက ဘာတွေလဲ။ တကယ်လို့ သမီးမှာ ပိုက်ဆံရှိရင် သမီးအဲ့တာတွေကို ဒုတိယအစ်ကိုကို ကယ်ဖို့ ထုတ်ခဲ့ပြီးလောက်ပြီ။ ဒါပေမဲ့ အမေသိတဲ့အတိုင်းပဲ လွန်ခဲ့တဲ့ ငါးနှစ်က သမီး ကျေးလက်က အိမ်တော်ကို သွားတုန်း မကောင်းတဲ့အစေခံတွေက သူတို့ရဲ့ သခင်ကို အနိုင်ကျင့်ကြတယ်လေ။ သမီးအမေ သမီးကို ပေးခဲ့တဲ့ အမွေက အဲ့အကျင့်မကောင်းတဲ့ အစေခံတွေ လုယူတာခံလိုက်ရတယ်။ "
သူမက သက်ပြင်းချပြီးတော့
"ယွမ်နိုင်က တကယ်ကူညီချင်ပေမဲ့ ဘာမှ မတတ်နိုင်ဘူး။ "
ရှယန်က သူမရဲ့ လက်တွေကို ဖြည်လျှော့လိုက်ပြီး သူမကို ကြောင်ကြည့်နေတယ်။ ကျန်းယွမ်ဆီမှာ ငြိမ်သက်အေးချမ်းတဲ့ အကြည့်တွေနဲ့ သူမက ရှယန်နဲ့ မျက်လုံးချင်းဆုံနေပြီးတော့ အခုအချိန်မှာ သူမအတွက် အူတွေစိမ်းသွားပြီး တော်တော်လေး နောင်တတွေရနေမှာလို့ တွေးနေတယ်။ နောက်ဆုံးမှာတော့ အဲ့နေရာကို ပို့ခဲ့တာ ရှယန်ပဲလေ။ အဲ့တော့ ဒီနေ့ သူမကိုယ်သူမ အပြစ်တင်ရုံပဲ။
အတိတ်မှာ ကျောက်မိန်က ကျန်းချွမ်ကို လက်ထပ်ဖို့ ကျောင်းမိသားစုက တစ်ခုလုံးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တာဖြစ်ပြီးတော့ အဲ့တာကြောင့် သတို့သမီးဘက်က သတို့သားဘက်ကို ပေးရတဲ့ ပစ္စည်းကလည်း နည်းတယ်။ ဒါပေမဲ့ သူမက ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာတာဖြစ်လို့ စုထားတဲ့ ပိုက်ဆံတွေရှိပြီးတော့ သူမရဲ့ လက်ဝတ်ရတနာတွေပါပေါင်းထည့်ရင် အဲ့တာက အနည်းဆုံးတော့ တစ်ထောင်နှစ်ထောင်တန်တယ်။ ရှယန်က သူမရဲ့ နူးညံ့သိမ်မွေ့ပြီး အကျင့်ကောင်းတဲ့ မျက်နှာကို ထိန်းသိမ်းဖို့အတွက် အမွေတွေကို လုယူဖို့ မတွေးခဲ့ဘူး။ တကယ်တမ်းကျတော့ ကျေးလက်မှာ အလုခံလိုက်ရတဲ့ ပစ္စည်းတွေကို အင်ပါယာအဖွဲ့ဝင်ဝမ်က သူမရဲ့ မကျေနပ်ချက်ကို ဖြေရှင်းပေးတဲ့ အချိန်ကတည်းက ပြန်ပေးခဲ့တာ ကြာပါပြီ။ အဲ့တာက ကျန်းယွမ်က လန်ချောင်ကို ငွေစာအုပ်အဖြစ် ပြောင်းခဲ့ပေးလိုက်ရုံပါပဲ။ တစ်နေ့နေ့ကျ ရှယန်က သူမရဲ့ အမွေကို လာမေးရင် သူမက မှန်မှန်ကန်ကန် ငြင်းလို့ရအောင် လုပ်ထားရုံပါ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...