Part 1

35.7K 2.1K 41
                                    

zawgyi

အပိုင်း-၁

အဓိကလမ်းမကြီး

ရထားလုံး တစ်စီးကို အစောင့် ၁၂ယောက်က စောင့်ကြပ်ကာ ခရီးဆက်နေသည်။ ရထားလုံးကြီးထဲတွင် ငါးနှစ်ခြောက်နှစ် အရွယ် ကလေးတစ်ယောက် ထိုင်နေသည်။

"သခင်လေးက အရမ်း သနားဖို့ကောင်းတယ်။ အမတ်ကြီးက ဘာလို့များဒီလောက်အထိ ရက်စက်ရတာလဲ"

"သခင်လေးကလည်း အမတ်ကြီးရဲ့ သားပါပဲ။ ဒါကိုတောင် အမတ်ကြီးက သခင်လေးကို ဒီလို နေရာမျိုးကို ပို့ရက်တယ်"

"သခင်လေးက ခြောက်နှစ်ပဲ ရှိသေးတာ။ ဒီလို အပျက်အဆီး နယ်မြေကို ပို့ဖို့ အရမ်းကို ငယ်ရွယ်နေသေးတယ်"

"အခုမှတော့ ဘာမှ လုပ်လို့မရတော့ဘူး။ သခင်လေးက မလေ့ကျင့်နိုင်တဲ့ ဒုက္ခိတပဲ။ သခင်လေးသာ အရှုံးသမား မဟုတ်ရင် အမတ်ကြီးက အခုလို ပို့လိုက်မှာ မဟုတ်ဘူး"

"သခင်လေးက ဘယ်လိုများ ဒုက္ခိတဖြစ်ရတာလဲ။ ဘာပဲဖြစ်ဖြစ် အရှင်နဲ့ အရှင်မတို့က ပါရမီကြီးတဲ့ သူတွေလေ"

"သခင်လေးကိုက ကံဆိုးတာပါ"

"သခင်လေးက ကျွင်းမိသားစုက သခင်လေးနဲ့ လက်ထပ်ရမှာလေ။ ငါ ကြားတာတော့ ကျွင်းသခင်လေးက မှော်စွမ်းအား ခုနှစ်မျိုးတောင် နိုးထခဲ့တာတဲ့"

ချီရှောက်ရုန်က ထိုအစေခံနှစ်ယောက် ငိုပြီး ပြောနေသည့် စကားတွေကို နားထောင်ရင်း နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်သည်။ သူက ခေါင်းကို နောက်လှန်ကာ ရထားလုံးကို မှီလိုက်သည်။ သူ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။

ဒီမိန်းမနှစ်ယောက်က ဘာကိစ္စနဲ့ ငိုနေရတာလဲ။ ဘာလဲ ငါက အခုလို နယ်စွန်နယ်ဖျားကို အနှင်ထုတ်ခံလိုက်ရတော့ သူတို့ရဲ့ အနာဂတ် အကန့်အသတ် ရှိသွားလို့လား။

ချီရှောက်ရုန်လည်း လိုက်ကာကို ဆွဲချလိုက်ကာ မျက်လုံးကို မှိတ်လိုက်သည်။

ချီရှောက်ရုန်၏ ယခင်ဘဝတွင် သူက တိုင်းရင်းဆေးကို မျိုးရိုးအစဉ်အဆက် လေ့လာခဲ့သူတို့ထံတွင် မွေးဖွားခဲ့သည်။ ကံဆိုးသည်မှာ ထိုခေတ်တွင် အနောက်တိုင်း ဆေးပညာက တွင်ကျယ်လာပြီး တိုင်းရင်းဆေးပညာက ရုန်းကန်လာရသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now