Unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ
အပိုင်း ၁၂၈
သူတို့၏ သဘောတူညီချက်များထဲတွင်လည်း ပါသည်။ ယောင်္ကျားလေး အစေခံ မပါလာလျှင် သူက အားလုံး လုပ်ပေးရမည်ဖြစ်သည်။
ကျွင်းဟောင်လည်း တွေးနေသည်။ သဘောတူညီချက် စာချုပ်ထဲက အတိုင်းဆိုရင် အိမ်နဲ့ ဝေးနေတဲ့အချိန်မှာ သူက ချက်ပြုတ်တာကို တာဝန်ယူရမှာ။ သူ ပါဝင်ပစ္စည်းကိုင်တွယ်တာကို လေ့ကျင့်ထားပေမဲ့ ချက်ပြုတ်တာကိုတော့ မတတ်သေးဘူး။ သူ တစ်ခါ နှစ်ခါ စမ်းဖူးပေမဲ့ သူ ချက်တာကို ဝက်တောင် မစားဘူး
ရီဖန်က ပါဝင်ပစ္စည်းများကို ပုံထားကာ မီးများကို တောက်ပလာစေသည်။
ကျွင်းဟောင်က ချီရှောက်ရုန်၏ အနားတွင် ဝင်ထိုင်သည့်အခါ ချီရှောက်ရုန်က ပြောသည်။
“ အားဖန်က အရမ်းတော်တဲ့ စာဖိုမှူးပဲ”“ ဒါဆို ငါကရော “
“ မင်းကလား.. မင်းက…. ဓားကိုင်ပေါ့”
ကျွင်းဟောင် ;"…”
ရီဖန်က ငါးကင်ပြီးနောက် အားလုံးကို ဝေပေးသည်။ သူ ကျွင်းဟောင်ကို သဘောမကျသည့်တိုင် ကျွင်းဟောင်ကို ဝေစုခွဲပေးသေးသည်။
“ အရှင် ဒီမှာပါ”
မြေခွေးသားမွှေး၀တ်ရုံ ဝတ်ထားသည့် အမျိုးသားနှင့် ကြော့ရှင်းစွာ ဝတ်ထားသည့် အမျိုးသမီးငယ်တို့က အစောင့်အချို့ ခြံရံလျက် ရောက်လာသည်။ အမျိုးသမီးငယ်၏ အကြည့်ကာ ကျွင်းဟောင်ထံတွင်သာရှိနေကာ လေးစားအားကျစွာ စိုက်ကြည့်နေသည်။
ချီရှောက်ရုန်က သူတို့ကို ကြည့်ပြီး တွေးလိုက်သည်။
ဒါက ဘယ်က သခင်လေးနဲ့ သခင်မလေးလဲ၊ အိမ်ပြင် ထွက်လာပြီး ဆော့ကြတာလား။ သားရဲတွေ ကိုက်စားလိုက်မှာ မကြောက်ဘူးလားကျွင်းဟောင်က သူတို့ကို ကြည့်လိုက်သည်။ ချီရှောက်ရုန်က မေး၏။
“ ငါ မင်းကို လိုက်ရှာနေတာ မင်းက သူတို့နဲ့ ဆုံခဲ့တာလား”“ ငါ အမဲလိုက်နေတုန်း မျက်လုံးဖြူ ကျားနဲ့ တွေ့ခဲ့တယ်။ နောက်တော့ သူတို့ကို ကျားကြီးက တိုက်ခိုက်နေတာနဲ့ ဆုံခဲ့တယ်။ အဲဒီသားရဲက ဝတုတ်နေတော့ မင်း ကြိုက်မယ်ထင်လို့ သယ်လာခဲ့တယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...