unicode
အပိုင်း ၁၀၄
မူရွှယ်လန်က ခေါင်းကိုလှည့်ကာ ချန်မြန်ကို ကြည့်ပြီးပြောသည်။
“ချန်မြန် နင် စီနီယာ ယန်ရှင်းကို ရန်စနေတာပဲ”
ရီဖန်က မျက်လုံးကို ဖြည်းညင်းစွာဖွင့်ကာ မူရွှယ်လန်ကို အေးစက်စွာကြည့်၏။
“အဆင်ပြေတယ်”
“မိတ်ဆွေချန်မြန်၊ နင် မသိဘူးနော်၊ လူအိုကြီး ယန်ရှင်းက နင့်ကို လိမ်နေတာ မဟုတ်ဘူး၊ အဲဒီလူက တကယ်ရွံဖို့ကောင်းတာ၊ နောက်ပြီး နင် လေလံဆွဲနေတဲ့ သူကလည်း ပုဝါအုပ်ထားခဲ့ကတည်းက ရုပ်ဆိုးနေမှာ သေချာတာပဲလေ၊ နင် မကြောက်ဘူးလား”
ရီဖန်က မျက်ခုံးကိုပင့်လိုက်ကာ အကြည့်တွေက ထက်ရှသွားပြီး မူရွှယ်လန်ကို ကြည့်သည်။
“ပါးစပ်ပိတ်စမ်း၊ မင်းက စကား အရမ်းများတာပဲ”
မူရွှယ်လန် ရှက်သွားသည်။
ရီဖန်က မူရွှယ်လန်ကို လျစ်လျှူရှုထားသော်လည်း ရီချူးရွှယ်ကမူ လှောင်တော့ပေ၏။
“ကျွတ် ကျွတ် ကျွတ် သခင်မလေးမူ သခင်မလေးမူက တကယ်ဆူညံတာပဲ”
မူရွှယ်လန် လက်သီးကို တင်းကြပ်စွာ ဆုပ်ထားသည်။
ရီချူးရွှယ်က ချန်မြန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ မသက်မသာ ခံစားရ၏။ ချန်မြန်က နာမည်မရှိသော်လည်း ယခုလောက်အထိ လုပ်နိုင်စွမ်းအားရှိနေခဲ့ကာ သူမထက်ပင် ပိုက်ဆံပိုရှိနေသေးသည်။
…
ချီမိသားစု၏ ကိုယ်ပိုင်သီးသန့်အခန်းထဲတွင်။
ချီရှောက်ဖူက ချန်မြန်ကိုကြည့်သည်။
“ချန်မြန်က ချမ်းသာတာပဲ”
“စတုတ္ထညီလေးက လောင်းကစားနိုင်တော့ (၃၀)ရာခိုင်နှုန်းကို ကျောင်းအုပ်ကို ပေးလိုက်တယ်၊ (၂၀)ရာခိုင်နှုန်းကို ချန်မြန်ကို ပေးလိုက်တာဆိုတော့ သူ ချမ်းသာတာက ပုံမှန်ပါပဲ”
ချီရှောက်ဖူက မေးစေ့ပွတ်ကာ ပြော၏။
“စတုတ္ထညီလေး သူက တကယ်သဘောကောင်းလွန်းတယ်”
ကံဆိုးစွာပင် ချီရှောက်ရုန်က ချီမိသားစုမှ မဟုတ်ခဲ့ပေ။ မဟုတ်လျှင် သူတို့အတွက် အကျိုးအမြတ် ရရှိပေလိမ့်အုံးမည်။
“ချီရှောက်ရုန်ကတော့ တကယ်ဆိုးတဲ့သူပဲ၊ သူက အပြင်လူကိုတောင် အကျိုးအမြတ်တွေ ပေးလိုက်သေးတယ်”
ချီရှောက်ယွီက မကျေမနပ်ပြောသည်။
ချီရှောက်ခန်းက ချီရှောက်ယွီကို ကြည့်၏။
“နေစမ်းပါ၊ ရှောက်ရုန်ကို အတွန့်မတတ်စမ်းပါနဲ့”
ချီရှောက်ခန်းက အောက်ဖက်ရှိလူတွေကို ကြည့်ကာ ပြောသည်။
“ဒီသစ်သားမှော်ပညာရှင်က တစ်ခုခုတော့ တစ်ခုခုပဲ၊ သူက ကြေးစားစစ်သား အဖွဲ့ကနေ အနိုင်ကျင့် ခံရပြီးတဲ့နောက်မှာ အဲဒီတစ်ဖွဲ့လုံးက သုတ်သင်ခံလိုက်ရတယ်”
ချီရှောက်ဖူက မျက်မှောင်ကြုတ်သည်။
“သုတ်သင်ခံလိုက်ရတယ် ဟုတ်လား၊ ဘာကြောင့်လဲ”
“ငါသေချာမသိဘူး၊ ဒါပေမဲ့ အဆိပ်ကြောင့်ပဲ”
ချီရှောက်ဖူ”…”
ပစ္စည်းရာကျော် လေလံဆွဲပြီးနောက်တွင် လေလံပွဲက ပြီးဆုံးသွားသည်။
ချီဟန်က နှင်းရေစက်ပန်းကို ကိုင်ဆောင်လျက် ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့အနောက်မှ လိုက်လာသည်။ ဖြတ်သွားဖြတ်လာ လူတိုင်းက ထိုပန်းကို စိတ်ဝင်စားနေကြသည်။ သို့သော် မည်သူကမျှ မနှောင့်ယှက်ရဲကြပါပေ။ ထို့ကြောင့် ဖြတ်သွားဖြတ်လာ လူတိုင်းက ချီဟန်၏လက်ကိုသာ စိုက်ကြည့်နေကြတော့ကာ ချီဟန် ကူကယ်ရာ မဲ့နေရတော့၏။
ချီရှောက်ရုန်က ချီဟန်၏အနားသို့ ကပ်သွားကာ ပြောသည်။
“ချီဟန် မင်းက ဆွဲဆောင်မှု အရမ်းရှိနေတဲ့ပုံပဲ၊ လူတိုင်းက မင်းကိုပဲ ကြည့်နေကြတာ”
“သခင်လေး မနောက်ပါနဲ့ အားလုံးက ဒီပန်းကို ကြည့်နေကြတာပါ”
ချီဟန် သက်ပြင်းချနေသည်။
ရီချူးရွှယ်က ထွက်လာသည့် အချိန်တွင် ထိုပန်းကို မြင်သွားကာ လက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ချီရှောက်ယွီကလည်း ထွက်လာသည်နှင့် ရီချူးရွှယ်ကို မြင်သွားကာ ပြောလိုက်၏။
“သခင်မလေးရီ သခင်မလေးရီက ဒါကို လေလံဆွဲတာ တွေ့လိုက်တယ်၊ မထင်ထားတာက ကျွင်းဟောင်က ဒီပန်းကို ငါ့ရဲ့စတုတ္ထသခင်လေးကို ပေးလိုက်တယ်လေ၊ နင်ကတော့ သနားစရာကောင်းနေတာပဲ”
ရီချူးရွှယ်က ချီရှောက်ယွီကို ကြည့်ကာပြောသည်။
“သခင်မလေးချီလည်း ဒီအကြောင်းကို ပြောမနေပါနဲ့၊ ဘာပဲဖြစ်ဖြစ် နင်လည်း ရတာမှ မဟုတ်တာ”
ချီရှောက်ယွီက ရီချူးရွှယ်ကို စူးရဲစွာကြည့်ကာ ပြော၏။
“ငါ မရရင်တောင်မှ ချီရှောက်ရုန်က ငါတို့မိသားစုကလူ ဖြစ်နေသေးတယ်လေ၊ နောက်ပြီး မြို့တော်မှာ ငါရွေးချယ်လို့ရတဲ့သူ အများကြီးရှိနေတယ်၊ သခင်မလေးရီကတော့ ဆိုးရွားနေပြီ၊ နင်က တစ်ချိန်လုံး ခေါင်းမော့ရင်ကော့ပြီး မောက်မာနေတာဆိုတော့ ဘယ်သူကမှ နင့်ကို မလိုချင်ကြတော့ဘူး”
ရီချူးရွှယ် အံကိုကြိတ်ထားသည်။
“နင် စိုးရိမ်စရာ မလိုပါဘူး”
“သခင်မလေးရီရဲ့ လက်ထပ်ပွဲကိစ္စကို ငါက စိုးရိမ်ပေးနေတာတော့ မဟုတ်ဘူး၊ ငါတို့ ချီမိသားစုက အိမ်တော်ထိန်းက ပြောထားတဲ့အတိုင်းဆိုရင် သူက ချွေးမတစ်ယောက်ကို ရှာနေတာတဲ့၊ သခင်မလေးရီဘယ်လိုလဲ စိတ်မဝင်စားဘူးလား၊ နင်သာ သူ့ရဲ့ချွေးမ ဖြစ်သွားမယ်ဆိုရင် စားဖို့သောက်ဖို့ကို စိတ်ပူဖို့ လိုအပ်တော့မှာ မဟုတ်ဘူးနော်”
ချီရှောက်ယွီက ပြောသည်။
ရီချူးရွှယ်၏မျက်နှာက နီရဲသွားကာ ဒေါသထွက်သွားသည်။ သူမက အလွန်ရှက်ရွံ့သွား၏။
“သခင်မလေးချီ နင့်ရဲ့အိမ်တော်ထိန်းကို အရမ်းကို လေးစားနေတဲ့ပုံပဲ၊ ဘာလို့ နင်ပဲ သူ့ကို မယူလိုက်တာလဲ”
…...
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...