Part 154

3K 393 9
                                    

Unicode

အပိုင်း ၁၅၄

သူ ချီရှောက်ရုန်နဲ့တုန်းက မျက်နှာမှာ လက်ဝါးရာထင်သွားတယ်။ ရီဖန် ဒီကောင်က ဒီအဆင့်ကို ကျော်သွားတာတောင်မှ ဘာကို ထပ်ပြီး လိုချင်နေသေးတာလဲ

ရီဖန်က ခေါင်းညိတ်သည်။
“ဒါပေါ့ ငါ အရမ်း လောဘကြီးသွားတယ်။ ဒီလိုဆိုမှတော့ ငါ တင်းရွှယ်ကို လိုက်နိုင်စွမ်းက မင်းရဲ့သခင်လေးကို လိုက်နိုင်တာထက် ပိုပြီးတော့တောင် ရှေ့ရောက်နေသေးတယ်။ သခင်လေးကျွင်းဟောင် ဘယ်လိုထင်လဲ”

ကျွင်းဟောင် “…”
ကျွင်းဟောင်စိတ်ထဲတွင် ရီဖန်ကို ကျိန်ဆဲနေသည်။

ကျွင်းဟောင်က တစ်ချက် ရီဖန်ကို ဆွေကြည့်ပြီးပြော၏။
“မင်းက ကံကောင်းသွားရုံပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး ရှေ့ဆက်တက်နိုင်မှာမဟုတ်ဘူး”

ငါကလည်း မင်းပြောတဲ့စကားကို ဂရုစိုက်မနေပါဘူး။

ရီဖန်က ကျွင်းဟောင်ကို တစ်ချက် ကြည့်ပြီးနောက် ထွက်သွားသည်။

ကျွင်းဟောင်က ရီဖန်၏ကျောပြင်ကိုကြည့်ကာ အချိန်အတန်ကြာသည်အထိ အကြည့်မလွဲခဲ့ပေ။

ရှန်းယွမ်က ကျင်းဟောင်၏အနားသို့ လျှောက်လာပြီး ပုခုံးကိုပုတ်ကာ ပြောသည်။
“ကျွင်းဟောင် ဘာလဲ ဘာတွေဖြစ်နေတာလဲ”

ကျွင်းဟောင်က ရှန်းယွမ်ကို တစ်ချက်ကြည့်ကာပြောသည်။
“ဘာမှမဖြစ်ဘူး”

ရှန်းယွမ်က ကျွင်းဟောင်ကို သံသယအပြည့်ဖြင့် ကြည့်ကာပြောသည်။
“မင်း အဆင်ပြေရဲ့လား။ ဘာလို့ ရီဖန်ကို စိုက်ကြည့်နေတာလဲ။ သူ့ကို သဘောကျနေပြီလား”

ကျွင်းဟောင်က ရှန်းယွမ်ကို တစ်ချက်ကြည့်ကာပြောသည်။
“ဘာတွေ လာပြောနေတာလဲ။ ရူးနေပြီလား။ ငါက ဖျားနေလို့ သူ့ကို ကြိုက်ရမှာလား”

ရှန်းယွမ်က ခေါင်းခါကာ ချောက်ကပ်စွာပြုံးရင်းပြောသည်။
“ငါ နောက်နေတာပါ”

“ဒီကောင် ဘယ်လောက် ကံကောင်းလိုက်လဲ။ ကြားထဲက အဆင့်တွေကို ကျော်ပြီးတောင် သူက နောက်တစ်ဆင့် ထပ်တက်သွားတယ်။ ဒီလိုကောင်မျိုးက မိုးကြိုးပစ်ခံရသင့်တာ”
ကျွင်းဟောင်က ကျိန်ဆဲနေသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now