Part 173

2.3K 279 1
                                    

Unicode

အပိုင်း ၁၇၃

ကျွင်းဟောင်က ခေါင်းညိတ်သည်။
“ဒါပေမဲ့ ငါတို့ဘယ်မှာရှိနေသလဲဆိုတာ ပေါ်သွားပြီဆိုတော့ ဒီမှာဆက်နေတာက ပိုပြီးတော့တောင် အန္တရာယ်များမယ်လို့ ခံစားမိနေတယ်။ နောက်ပြီး ငါမကောင်းတဲ့ခံစားချက်ကို ၇နေတယ်။ ဒီမှာဆက်နေတာက မသင့်တော်ဘူး”

“ဒါပေမဲ့ အစ်ကိုကြီး အစ်ကိုကြီးရော သခင်လေးချီကရော ဘာစွမ်းအားမှ မရသေးဘူး။ ကျွန်တော် အစ်ကိုကြီးတို့နှစ်ယောက်လုံးကို ကာကွယ်ပေးနိုင်မယ် မထင်ဘူး”

“မစိုးရိမ်နဲ့ ငါကလည်း မပိုင်နိုင်ဘဲမလုပ်ပါဘူး။ ငါ့ရဲ့စွမ်းအားက ပြန်ရနေပြီ”

“နောက်ပြီး ရီဖန်က အဆိပ်မှာတော်တယ်။ သူကလည်း ဒီကိုလာနေပြီဆိုတော့ အဆင်ပြေပါတယ်”

“ဟင် တစ်လတောင် မကြာဘူးလား”

“အင်း ငါက ပိုပြီး စွမ်းအားကြီးလို့လည်း ဖြစ်နိုင်တာပဲ။ နောက်ပြီး အဲဒီစက်ကွင်းက လုံလောက်အောင် စွမ်းအားမကြီးခဲ့လို့ ဖြစ်မယ်”

ကျွင်းချန်က သက်ပြင်းရှိုက်ကာပြောသည်။
“ဒါဆိုလည်း ကောင်းတာပဲ။ ဒါဆို ကျွန်တော် သူတို့ကိုအဆင်သင့်ပြင်ဖို့ သွားပြောလိုက်မယ်”

ကျွင်းချန်နှင့်ကျွင်းဟောင်တို့က စကားပြောဆိုပြီးသည့်နောက်တွင် သူတို့ ထွက်ခွာမည်ဖြစ်ကြောင်း ကြေငြာသည်။ ယွန်ဟိုက စိတ်လှုပ်ရှားသွား၏။ မည်သို့ပင်ဆိုစေ လှည့်လည်သွားလာသည်ကို သူကလည်း နှစ်သက်သည်။

ယွန်ဟိုက ချီဟန်၏အနားတွင် ထိုင်သည်။ သူတို့နှစ်ယောက်က အရှေ့မှ မြင်းလှည်းမောင်းကြ၏။

“ငါတို့အခု ဘယ်သွားနေတာလဲ”

“လမ်းမှာ ဓားပြတွေနဲ့တွေ့မှာလား”

“အရှင်က ဘယ်လို စီးပွားရေးလုပ်တာလဲ။ ငါတို့ပိုက်ဆံ ဘယ်လောက်ရထားပြီလဲ”

“မင်း တစ်လကို ဘယ်လောက်ရလဲ။ ငါကတော့ တစ်လကို ရွှေပြားနှစ်ဆယ် ရတယ်။ ငါ လခတိုးနိုင်မယ်လို့ထင်လား”

…....

ချီဟန်က ခေါင်းလှည့်ကာ ယွန်ဟူကို ကြည့်ပြီး စိတ်မရှည်သလိုပြောသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now