part 111

5.1K 658 2
                                    

Unicode

အပိုင်း ၁၁၁

“ရွှမ်လင်း သတင်းတွေက အမှန်ပဲလား၊ ရီဖန်က တကယ်ပဲ ချန်မြန်လား”

“ဒါပေါ့ သေချာတယ်၊ အခုအချိန်အထိ ရီဖန်နဲ့ချန်မြန်က ပုံစံချင်း နီးစပ်တယ်ဆိုတာ သတိမထားမိသေးဘူးလား၊ သူတို့ကို အတူတူတွဲတွေ့ဖူးတာရှိလို့လား”

“သူတို့ကို အတူတွဲမမြင်ဖူးတာနဲ့ တစ်ယောက်တည်းလို့ ဆုံးဖြတ်ဖို့က ခက်တယ်၊ ရီဖန်က လျှိုဝှက်နယ်မြေထဲမှာ ရီပင်းကိုဒဏ်ရာရအောင် လုပ်ခဲ့တယ်၊ ဒါကြောင့်ပဲ ရီပင်းက အခုလိုဖြစ်သွားခဲ့ရတာပဲ၊ ငါ နင့်ကိုပြောမယ်၊ ချန်မြန် သူ့ရဲ့ရေနဲ့မီးစွမ်းအင်ကို ထွက်ပေါ်စေခဲ့တဲ့ နေ့တုန်းက ကျောင်းအုပ်လုမင်က ချန်မြန်ကို လာရှာခဲ့သေးတာကို မှတ်မိတယ်မဟုတ်လား၊ ဒါပေမယ့် သူ ချက်ချင်း ပြန်ထွက်သွားခဲ့တယ်လေ၊ နောက်ပြီး ကျောင်းအုပ်ရုံးခန်းထဲက ထွက်လာတော့အဲဒါက ရီဖန်ဖြစ်နေရောပဲ၊ သေချာပေါက် ဒီသတင်းက မှန်နိုင်တယ်”

အဆင့်အတန်းမြင့်မားပုံရသည့် ကျောင်းသူတစ်ယောက်က ပြောသည်။
“မဖြစ်နိုင်တာ ရွှမ်လင်း နင်ထင်တာ မှားနေပြီထင်တယ်”

“အကယ်ဒမီက မှော်စွမ်းအင်ကျောက်တုံးနဲ့ အရာအားလုံးကို မှတ်တမ်း တင်ထားပြီးသား၊ ရီပင်းရဲ့ဆရာက လုမင်ရဲ့ဆရာဆီကနေ သတင်းတွေ သိခဲ့ရတယ်လို့ ပြောတယ်”

“ပြီးတော့ ဒါက မိသားစု ပြဿနာလို့ပြောခဲ့တယ်တဲ့”

“ဒီလိုဆိုမှတော့ ချန်မြန်က တကယ်ပဲ ရီဖန်ပေါ့”

“ငါတို့ရဲ့အကယ်ဒမီမှာ ဘာလို့ ပုန်းအောင်းနေတဲ့ ကျားနဲ့နဂါးတွေ ဒီလောက်များနေတာလဲ၊ ချီရှောက်ရုန် ပြီးတော့ ရီဖန် ထွက်လာပြီ”

“ရီဖန်ကသာ ချန်မြန်ဆိုရင် သူက တကယ့်ကို စွမ်းအားကြီးတဲ့သူတစ်ယောက်ပဲ၊ ကျွင်းဟောင်ထက်တောင် သာသေးတယ်၊ ငါတော့ သူနဲ့ကျွင်းဟောင်က ဘယ်သူပိုသာမလဲဆိုတာ သိချင်နေပြီ”

“ဒါပေါ့၊ ကျွင်းဟောင်က အကောင်းဆုံးပေါ့၊ ပြောရမယ်ဆိုရင် ကျွင်းဟောင်က အဆင့်(၇)လေ”

“မူရွှယ်လန် အဲဒီမိန်းမကတော့ ဒုတိယမင်းသားရဲ့အပစ်ကို ခံခဲ့ရတယ်၊ အခု သူ ရီဖန်ကို လက်လျော့ လိုက်တဲ့အချိန်မှာ ရီဖန်က စွမ်းအားကြီးတဲ့ လူတစ်ယောက် ဖြစ်သွားပြန်ပြီ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now