Unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ
အပိုင်း ၁၁၃ချီရှောက်ရုန်ကပြော၏။
“ဆိုရိုးစကားတောင်ရှိနေသေးတာပဲ အတွေ့အကြုံက တန်ဖိုးကြီးတယ်တဲ့၊ ငါ့ရဲ့နှစ်ရာကျော် သက်တမ်းနဲ့ ဖော်စပ်ထားတာလေ”ချီဟန်က ချီရှောက်ရုန်ကိုကြည့်သည်။
“သခင်လေး သခင်လေးက အခုမှ ၁၆နှစ်ပဲ ရှိနေသေးတာနော်၊ ဘယ်လိုဖြစ်ပြီး နှစ်ရာကျော်သက်တမ်း အတွေ့အကြုံ ရှိရမှာလဲ”“ငါ ၁၇နှစ်ပြည့်တော့မှာ”
“၁၇နှစ်ပဲလေ ငါ့ထက် ငယ်တယ်”
ကျွင်းဟောင်က ဝင်လာသည်။ ချီရှောက်ရုန်က ခေါင်းလှည့်ကာ ကြည့်ပြီး ကျွင်းဟောင်ကို မြင်သည့်အခါ မပျော်မရွှင်ဖြစ်သွား၏။“ကျွင်းဟောင် ဘယ်လိုဖြစ်ပြီး ရောက်လာပြန်ပြီလဲ”
“မင်း ဆင်ထားတဲ့ ထောင်ချောက်တွေကို ရှောင်ရှားပြီးတော့ပေါ့”
ချီရှောက်ရုန်က ပြောသည်။
“ကျွင်းဟောင် တစ်စုံတယောက်ရဲ့အိမ်ကို ခိုးဝင်တာက မကောင်းဘူးနော်”ကျွင်းဟောင်က ချီရှောက်ရုန်ကိုကြည့်သည်။
“ငါတို့ အချင်းချင်း သိနေတာပဲ ခိုးဝင်တယ်ပြောလို့ မရပါဘူး၊ ဒီတိုင်း လိုက်ကြည့်ရုံပါပဲ”“ငါတို့ဘယ်တုန်းက သိလို့လဲ”
ချီရှောက်ရုန် မကျေမနပ်ဖြစ်သွားသည်။“ဟင်းဟင်းဟင်း လျှို့ဝှက်နယ်မြေတုန်းက အခြေအနေကြောင့် ရင်းနှီးသွားတယ်လို့ ပြောလို့ရတယ်လေ၊ ဒါကို အခြားသူတွေလဲ သိထားပြီးသား မဟုတ်လား၊ မင်း ငါ့ ဘောင်းဘီကိုတောင် ချွတ်ချင်နေခဲ့တာလေ”
ကျွင်းဟောင်က ပြော၏။ချီရှောက်ရုန် “…”
“ကျွင်းဟောင် မင်း တစ်ခုခုတော့ မှားနေပြီထင်တယ်”
“တကယ်တမ်း မှားနေတာက မင်းပဲ၊ ငါကမင်းထက်တောက် အသက်ကြီးသေးတာတောင် အမြဲတမ်းကလေးလို့ သတ်မှတ်နေတာလေ”
ကျွင်းဟောင်က ရိုင်းစိုင်းစွာပြောသည်။ချီရှောက်ရုန်က ပြော၏။
“ငါက မင်းလိုမဟုတ်ဘူး”“ဘာများ ကွာလို့လဲ”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...