Unicode
အပိုင်း ၁၁၈
လီဟုန်က မေးစေ့ကို ပွတ်ကာ ပြောသည်။
“ဒီချီရှောက်ရုန်က ကျွင်းဟောင်နဲ့ စေ့စပ်လိုက်ပြီဆိုတော့ ချီမိသားစုကတော့ နောင်တရနေလောက်ပြီ”“ချီမိသားစုကို ငါ တကယ်သနားတယ်၊ သူတို့က ချီရှောက်ရုန်နဲ့ကျွင်းဟောင် စေ့စပ်ထားတာကို ဖယ်လိုက်မယ်ဆိုရင်တောင်မှ ချီရှောက်ရုန်က ချင်းချန်အလှကုန်ရဲ့ပိုင်ရှင် ဖြစ်နေခဲ့ပြီ၊ ဒီတော့ သူတို့မိသားစုက ချီရှောက်ရုန်ကို မိသားစုကနေ နှင်ထုတ်ခဲ့တဲ့အတွက် အကြီးအကျယ် ဝမ်းနည်းနာကျင်ပြီး သွေးအန်နေလောက်ပြီ”
ဟူဖုန်းက ပြောသည်။
…ချီရှောက်ရုန်၏မျက်နှာက အလွန်ခက်ထန်နေသည်။ သူက ရီဖန်နှင့်အတူ အကယ်ဒမီထဲတွင် လမ်းလျှောက်နေ၏။
“အားဖန် ဘာလို့ လူတွေက ငါ့ကို စိုက်ကြည့်နေကြတာလဲ”
ချီရှောက်ရုန်က ပြောသည်။ရီဖန်က ခေါင်းလှည့်ကာ ပြုံးပြီးပြော၏။
“တစ်ခုခုတော့မှားနေပြီလေ၊ သေချာပေါက် မှားနေတာက...သခင်လေး သခင်လေးရဲ့အနာဂတ်က ဒီလောက်မြင့်တက်နေပြီး အဆင့်အတန်းက မြင့်မားနေတာ၊ လူတိုင်းက သခင်လေးကို အရမ်းကိုလေးစားပြီး လိုက်ကြည့်ကြတာက ပုံမှန်ပါပဲ”“ငါကတော့ သူတို့ ငါ့ကို လှောင်နေတယ်လို့ပဲထင်တယ်”
ရီဖန်က ရယ်သည်။
“သခင်လေး မစိုးရိမ်ပါနဲ့၊ ဘယ်သူကမှ သခင်လေးကို ဒီလိုမကြည့်ရဲပါဘူး”“ဘာလို့လဲ”
မနေ့ကအခြေအနေအရ လူတိုင်းက ကျွင်းဟောင်က သူ့ကို ဖိအားပေးခဲ့ကြောင်း သိနေကြသည်။“အဆွေတော်ချီ တွေ့ရတာ ဝမ်းသာပါတယ်”
လူတစ်ယောက်က ပြောသည်။ချီရှောက်ရုန်က သူ့ကို ကြည့်သည်။
“မင်းက ငါတို့အကယ်ဒမီရဲ့အစောင့်တွေထဲက ခေါင်းဆောင်ပဲ”“ဟုတ်တယ် ဟုတ်တယ်၊ ကျွန်တော်က ကျောင်းသားချီ ကျွန်တော့်ကိုမှတ်မိနေမယ်လို့မထင်ထားဘူး”
“အဆွေတော်ချီ နောက်တစ်ကြိမ်ကျရင် ဒီလိုတာဝန်မျိုးရှိရင်လည်း ကျွန်တော်တို့ကို နောက်တစ်ကြိမ် တွေးပေးပါဦး”
ထိုအစောင့်ခေါင်းဆောင်က ပြောသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...