Part 17

7.9K 1.1K 6
                                    

Unicode
အပိုင်း ၁၇

“မင်းအစ်ကိုက ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး တာဝန်ထွက်လုပ်ရတာလဲ”

ချီရှောက်ရုန်က မေးသည်။

“ဒါက ကျွန်တော့်ဝမ်းကွဲ တစ်ယောက်ကို မျက်နှာသာပေးဖို့ပေါ့”

ကျွင်းချန်က ပြောသည်။

ချီရှောက်ရုန် စပ်စုတော့လေ၏။

“ဝမ်းကွဲဟုတ်လား ဘယ်တစ်ယောက်လဲ”

“ကျွန်တော့်မှာ ဝမ်းကွဲတွေ အများကြီးရှိတယ်လေ၊ အခုပြောတဲ့တစ်ယောက်ကတော့ ကျွင်းလင်းယွမ်တဲ့။ သူက အစ်မကျွင်းလင်းက အရမ်းလှပေမယ့် ကျန်းမာရေး မကောင်းဘူး၊ သူမအသက် ၅နှစ်၆နှစ်လောက်ကတည်းက အမျိုးမျိုးသော မှော်ဆေးပင်တွေကိုလိုက်ရှာပြီး သောက်သုံးနေရတာလေ။ အစ်မကျွင်းက ဒီလိုဆေးပင်တွေကို သောက်ဖို့ရပ်လိုက်တာနဲ့ ပြဿနာအမျိုးမျိုး ဖြစ်တော့တာပဲ၊ ဒါကြောင့် အစ်မကျွင်းလင်းက တစ်ချိန်လုံးအားနည်းပြီး ပင်ပန်းနေတော့တာပေါ့”

ကျွင်းချန်က ပြောပြသည်။

ချီရှောက်ရုန်က မျက်မှောင်ကျုံ့သည်။

“သူမက ၁ဝနှစ်ကျော်လောက်ထိ ဒါတွေကို သောက်သုံးလာရတယ်ပေါ့”

ကျွင်းချန်က ခေါင်းညိတ်သည်။

“အစကတော့ သာမန်ဆေးတွေနဲ့ အဆင်ပြေတာပဲ နောက်ပိုင်း ဆေးပင်တွေကို သုံးတာများလာတော့ အဆင့်မြင့်လာမှပဲ အကျိုးသက်ရောက်မှု ရှိတော့တယ်၊ ဒီလောက်ဆေးတွေ အများကြီးသုံးနေတာတောင်မှ သူမခွန်အားက တိုးတက်လာတာမျိုးမရှိဘူးလေ”

ချီရှောက်ရုန်က မျက်မှောင်ကျုံ့ပြန်သည်။

“မင်းတို့ သမားတော်နဲ့ မပြဘူးလား”

ကျွင်းချန်က ခေါင်းညိတ်သည်။

“သမားတော်ကတော့ အစ်မလင်းအာက အားနည်းနေတယ်၊ဒါကြောင့် ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်ပြောတယ်၊ ဒါပေမယ့် ဒီလောက် နားနေခဲ့တာတောင်မှ မတိုးတက်လာဘူး”

ချီရှောက်ရုန် “…”

ကျွင်းချန်က ချီရှောက်ရုန်ကိုကြည့်ကာပြောသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now