part66

5.6K 831 4
                                    

unicode

အပိုင်း ၆၆

လီဟုန်က လက်သီးကို ဆုပ်ထားကာ ချီးကျူး၏။
“အခု နိုင်မနိုင် ဆုံးဖြတ်ရမယ့်အချိန်ပဲ၊ မနိုင်ရင်တောင်မှ ကျွန်တော်တို့အတွက် အဆင်ပြေတယ်”
လီဟုန်က ချီရှောက်ရုန်အတွက် အလွန်ယုံကြည်မှု ရှိနေပေသည်။
ဟူဖုန်းက ခေါင်းညိတ်၏။
“အမှန်ပဲ”
မည်သို့ပင်ဆိုစေ သူတို့ အနိုင်ရမည်သာဖြစ်သည်။
လျှို့ဝှက်နယ်မြေထဲတွင် ကျွင်းဟောင်က နဂါးကြီးကို ရင်ဆိုင်ရန်အတွက် မှော်သားရဲများစွာကို စေလွှတ်နေပေသည်။ ကျွင်းဟောင်၏သားရဲအားလုံးက သေဆုံးကုန်ကြသည်။ နဂါးကြီး၏ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရှိနေခဲ့ကာ နှစ်ဖက်လုံးက အကျိုးမသာသည့် အခြေအနေတွင် ဖြစ်နေသည်။
ကျွင်းချန်က ကျွင်းဟောင်၏ ပုံပန်းသွင်ပြင်ကို ကြည့်ကာ မသက်မသာ ဖြစ်လာသည်။
“အစ်ကိုကြီးရဲ့အခြေအနေက သိပ်မကောင်းဘူး”
“ငါရောက်လာတာ နောက်ကျသွားလား”
ကျွင်းရန်ချွမ်က ကျွင်းချန်၏အနားသို့ ချဉ်းကပ်လာသည်။
ကျွင်းချန်က ကျွင်းရန်ချွမ်ကို ကြည့်ကာ ပြော၏။
“ဦးလေး ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
“မင်းရဲ့အစ်ကိုကြီး ဒုက္ခရောက်နေတယ်ကြားလို့ ငါလာကြည့်တာလေ”
ကျွင်းချန် “…”
ကျွင်းရန်ချွမ်က လက်ပိုက်ကာ ဖန်သားပြင်ကို ကြည့်သည်။
“မင်းအစ်ကိုကြီးက တစ်ချိန်လုံး ဘဝက ချောမွေ့နေတော့ အခက်အခဲလေးတွေ ရှိမှ တိုးတက်တော့မှာပေါ့၊ ဒါမှ စိတ်ဝင်စားဖို့ကောင်းတာ”
“ဦးလေးသုံးက အစ်ကိုကြီးကို ဒုက္ခရောက်စေချင်နေတာလား”
“ဘယ်ဟုတ်ပါ့မလဲ”
ကျွင်းချန် “…”
ကျွင်းရန်ချွမ်က ချီရှောက်ရုန်၏ ပုံရိပ်ကိုကြည့်ကာ မျက်လုံးတွေ မှေးကျဉ်းသွားသည်။
“မျှမျှတတပြောရရင် ချီရှောက်ရုန်ကလည်း တော်တော်လေး ကြည့်ကောင်းတယ်၊ မင်းအစ်ကိုကြီးထက် ဘယ်နေရာမှ မနိမ့်ကျဘူး၊ နတ်ဆိုးသမားတော်က အမြင်ကောင်း ရှိလိုက်တာ”
ကျွင်းချန် “…”
ဦးလေးသုံးကတော့ တစ်ခုခုတော့ မှားနေပြီ။

“သခင်းလေးကျွင်း ဒုက္ခရောက်နေတဲ့ပုံပဲ”
ချီရှောက်ရုန်က အနားသို့ရောက်လာသည်။
ချီရှောက်ရုန် ရောက်ရှိလာခြင်းက တိုက်ပွဲကို ဟန်ချက်ပျက်သွားစေ၏။ ချီရှောက်ရုန်က သူ၏ မှော်တုတ်တံကို ရမ်းကာ အဆင့် ၈ သားရဲကြီးကို ထိန်းချုပ်ရန် ပြင်ဆင်လိုက်သည်။ သူက ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီး သားရဲကို ဖမ်းချုပ်လိုက်၏။ ထို့အပြင် အမျိုးမျိုးသော မှော်စာလိပ်တွေကို ပစ်လွှတ်လိုက်ကာ ကိုင်တွယ်လိုက်သည်။
နဂါးကြီးက ကျယ်လောင်စွာဖြင့် မီးခိုးတွေ မှုတ်လွှတ်လိုက်သော်လည်း ချီရှောက်ရုန်ကိုယ်ပေါ်တွင် သံချပ်ကာတစ်ခု ထွက်ပေါ်လာလေပြီး ထိုစွမ်းအားတွေ အားလုံးကို တားဆီးလိုက်သည်။ ထို့နောက် ဆက်တိုက်ပစ်လိုက်သည့် အဆောင်တွေကြောင့် နဂါးကြီးက ဖမ်းချုပ်ခံရပြီး အသိမေ့သွား၏။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now