အပိုင်း ၁၅
ရီဖန် မျက်မှောင်ကြုတ်ကာ ပြော၏။
"အဲ့ဒီမိန်းမက အလကားနေ ဝမ်းနည်းနေတာပဲ၊ သူ ကျွန်တော့်ကို လက်ထပ်ခဲ့ပြီးပေမယ့် ဒုတိယမင်းသားကို ဒေါသထွက်ရုံသက်သက်နဲ့ လုပ်ခဲ့တဲ့ ကိစ္စပဲ၊ ဒုတိယမင်းသားက သူမကို တားဆီးလာမယ်လို့ မျှော်လင့်နေတာ၊ နှမြောစရာကောင်းတာက ဒုတိယမင်းသားက တားမလာတဲ့အပြင် ပွဲကိုတောင်မှ ရောက်လာခဲ့သေးတယ်၊ ဒါကြောင့်ပဲ ကျွန်တော့်ကို လက်ထပ်ခဲ့တာပါ"
"ဒုတိယမင်းသားက အရမ်းကို ကြင်နာတတ်တယ်ဆို"
ချီရှောက်ရုန်က ခေါင်းခါသည်။
"ဒါပေမယ့် သူ သဘောကျတဲ့ အမျိုးသမီးနဲ့ မင်းနဲ့ လက်ထပ်သွားတာတောင် ဘာမှ သဘောမကျသလို မပြုမူဘူးလား"
"တကယ်တော့ ဒုတိယမင်းသားကိုယ်တိုင် သူမကို လက်ထပ်ဖို့ ကျွန်တော့်ကို လာပြောခဲ့တာ"
ရီဖန်က ပြောသည်။
ချီရှောက်ရုန် မျက်လုံးပြူးသွားကာ ပြော၏။
"ဒုတိယမင်းသားကိုယ်တိုင်က ဟုတ်လား"
"ဟုတ်တယ်၊ ဒုတိယမင်းသားကိုယ်တိုင်ကိုက သူမကို လက်ထပ်ဖို့ ပြောခဲ့တာ၊ ဒါပေမယ့် သူမကို မထိရဘူးတဲ့"
ရီဖန်က ဆိုသည်။
"ဒီလူက တကယ်ကို အမှိုက်ကောင်ပဲ"
ရီဖန်က ပုခုံးတွန့်ကာ ပြော၏။
"ဖြစ်နိုင်ပါတယ်၊ ကျွန်တော်လည်း ထင်ပြီးသားပါ၊ အဲ့ဒီအချိန်ကတည်းက သူမက ကျွန်တော့်ကို ထားရစ်ခဲ့သင့်တာ"
ချီရှောက်ရုန် "..."
"စကားမစပ် ကျွန်တော်ကြားတော့ ကျွင်းဟောင်နဲ့သခင်လေးတို့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီဆို၊ အဆင်ပြေရဲ့လား သခင်လေး"
ရီဖန်က မေးသည်။
"ဘာဖြစ်ရမှာလဲ၊ ငါက သူ့ကို သဘောမှ မကျတာ၊ အနည်းဆုံး စေ့စပ်ပွဲမဖျက်ခင် မျက်နှာလာပြသင့်တာကို မပြတဲ့အတွက် ဒေါသထွက်ရုံလေးပဲ"
ချီရှောက်ရုန်က စိတ်မဝင်စားသလိုပြောသည်။
ရီဖန်က ချီရှောက်ရုန်ကို ကြည့်ကာ ပြောလာ၏။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...