Part 160

2.7K 335 2
                                    

Unicode

အပိုင်း ၁၆၀

ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောသည်။
“ရှောက်ရုန် ကျေးဇူးပြုပြီး ဘာမှမပြောပါနဲ့လား”

ချီရှောက်ရုန်က ဖုန်းဟယ်ကို တမင်ဒေါသဆွပေးနေတာ။ ဒီဖုန်းဟယ်က အဆင့်တစ်ဆယ်မဟုတ်ပေမယ့် အဆင့်ကိုးကို ရောက်တာကြာနေပြီ။ သူ ဘယ်လိုနည်းနဲ့မှ မနိုင်ဘူး။

ချီရှောက်ရုန်”...”

“မင်းတို့ ကောင်စုတ်နှစ်ကောင် ငါ့ရဲ့ဘဝကို ဖျက်ဆီးခဲ့လို့ မင်းတို့ကိုလည်း မနက်ဖြန်နေထွက်တာကို မမြင်ရအောင် သဂြိုဟ်ပေးပြမယ်”
ဖုန်းဟယ်က ပြောသည်။

ချီရှောက်ရုန် မျက်လုံးပြူးကာ ပြောသည်။
“အကြီးအကဲ စိတ်ထိန်းနော်။ ဆိုရိုးစကားတောင် ရှိနေသေးတာပဲ။ နတ်ဆိုးတွေက ဒေါသကြီးလွန်းလို့ သေသွားတတ်တယ်တဲ့။ ဒါကြောင့် စိတ်ထိန်းတာက အကောင်းဆုံးပဲ...”

“တိတ်စမ်း”
ဖုန်းဟယ်က စာလိပ်အပုံလိုက်ကို ချီရှောက်ရုန်ကို ပစ်လွှတ်လိုက်သည်။

ကျွင်းဟောင်က ချီရှောက်ရုန်ကို ခေါ်ကာပြေး၏။
ချီရှောက်ရုန် စိတ်အခြေအနေ မကောင်းတော့ပေ။ သူကပဲ တစ်ချိန်လုံး စာလိပ်တွေနဲ့ ကောက်ပေါက်နေကျလေ။ သူ့ကို အခု သူများက ကောက်ပေါက်လာတော့ ခံစားချက်က တော်တော်ဆိုးတာပဲ။

ကျွင်းဟောင်က ချီရှောက်ရုန်ကို လက်တစ်ဖက်ဖြင့် ခေါ်ထားလျက် အခြားလက်တစ်ဖက်ဖြင့် ဆက်တိုက် ရှောင်နေရသည်။ ထို့နောက် စာလိပ်အပုံလိုက်ကိုလည်း တစ်ဖက်သို့ ပစ်လွှတ်နေ၏။

“သွားစမ်း သွားစမ်း”
ဖုန်းဟယ်က လက်ကို ရမ်းလိုက်ချိန်တိုင်း စာလိပ်အပုံလိုက်က ချီရှောက်ရုန်ထံသို့ ရောက်လာသည်။ ချီရှောက်ရုန် မျက်မှောင်ကြုတ်၏။

“ဒီအဖိုးကြီးကတော့ ဖြုန်းနေတာပဲ”
ချီရှောက်ရုန်က ပြော၏။

“ဆိုတော့ ပိုက်ဆံကို ဖြုန်းတယ်ဆိုတဲ့ ခံစားချက်က ဒါပေါ့။ ဖိအားများလိုက်တာ၊ ဒီဖုန်းဟယ်က ငါ့ထက်တောင်ပိုပြီး ဆိုးနေသေးတယ်။ ဒီစာလိပ်တွေက အဆင့်မြင့် အဆင့်တွေချည်းပဲ။ ငါတို့ကိုလည်း မထိဘူး”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now