Part 153

2.9K 418 17
                                    

Unicode
အပိုင်း ၁၅၃

မူရှင်းကျီက မူတင်းရွှယ်ကိုကြည့်ကာ ခန္ဓာကိုယ်က တုန်ယင်သွားသော်လည်း စကားတစ်ခွန်းမှ ထွက်မလာတော့ပေ။
“အဖေက သားအတွက် စိတ်မကောင်းပါဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”

မူရှင်းကျီတွင် ပြောစရာစကားများစွာ ရှိနေသည့်တိုင်အောင် ကြည်လင်လှသော မူတင်းရွှယ်၏ မျက်လုံးများကို ကြည့်ပြီး သူ ဘာစကားမှမပြောနိုင်တော့ပေ။

မူရှင်းကျီက မှင်သက်စွာဖြင့် ထွက်ခွာသွားသည်။ မူတင်းရွှယ် လက်သီးကို တင်းကြပ်စွာဆုပ်ထားကာ ထိုနေရာတွင်သာ အချိန်အတန်ကြာရပ်နေခဲ့၏။

ရီဖန်က အနားသို့လျှောက်သွားပြီး မူတင်းရွှယ်ကိုဖက်ကာ ပြောလိုက်သည်။
“ငိုချင်ရင် ငိုလိုက်ပါ။ မထိန်းထားနဲ့ ဒီအတိုင်း ငိုလိုက်ရုံပဲ”

မူတင်းရွှယ်က ခါးသီးစွာရယ်ပြီးပြော၏။
“ငါက ငိုတဲ့အသက်အရွယ်ကို ကျော်လွန်သွားပြီ”

ရီဖန်၏နှုတ်ခမ်းများက ကော့တက်သွားသည်။ သို့သော် သူ၏ နှလုံးသားတွင်ရှိသည့် နာကျင်မှုက မြင့်တက်လာခဲ့၏။

“အားဖန် မင်း ငါ့ကို သဘောကျတယ်မဟုတ်လား”

မူတင်းရွှယ်က ရုတ်တရက် မေးသည်။ သူက ရီဖန့်ကိုကြည့်နေ၏။

ရီဖန့်၏နှလုံးသားထဲ နာကျင်မှုကို ခံစားလိုက်ရကာ ထိတ်လန့်တကြား အခြေအနေက မြင့်တက်လာပြီးပြောသည်။

“ငါ့ရဲ့ဘာကို သေဘာက်တာလဲ”
မူတင်းရွှယ်က ပဟေဠိဖြစ်စွာမေးသည်။

ရီဖန်က ပြုံးကာပြော၏။
“ငါ မသိဘူး ငါသိတာက ငါ မင်းကို သဘောကျတယ်ဆိုတာပဲ။ အရမ်းကို သဘောကျတယ်”

"ကျေးဇူးတင်ပါတယ်"

ရီဖန်က မူတင်းရွှယ်ကို ပုခုံးဖက်ကာ နှစ်သိမ့်ပေးသည်။
“ဒီလိုကိစ္စမျိုးအတွက်တော့ ဘာတွေကိုများ ကျေးဇူးတင်နေသေးတာလဲ”

မူတင်းရွယ်က အားနည်းစွာပြုံးပြီးပြောသည်။
“ငါ ကလေးဘ၀တုန်းကဆိုရင် တစ်စုံတစ်ယောက်က ငါ့ကိုနှစ်သက်ဖို့ အမြဲလိုလားခဲ့တာ။ ဒါပေမဲ့ အားလုံးက ငါ့ကိုကပ်ဘေးတစ်ခုလိုပဲ သဘောထားခဲ့ကြတယ်။ ဒါကြောင့် ငါ ပျော်သွားတာပါ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now