အပိုင်း ၂၂
ကျွင်းမိသားစု ကျွင်းလင်ချီမိသားစု
"ရှောက်ဖူ မင်း ကျွင်းဟောင်နဲ့ အပြင် ထပ်ထွက်တာလား"
ချီရှောက်ခန်းက လက်ကို နောက်ပစ်လျက် အနေအထားဖြင့် မေးလာသည်။ချီရှောက်ဖူက ခေါင်းကုတ်ကာ ဖြေသည်။
"ဟုတ်ပါတယ်""ညီသုံး ကောင်းလိုက်တာနော်၊ ကျွင်းဟောင်က သူဘာလုပ်လုပ် မင်းကို ခေါ်တယ်။ ငါ့ညီအကိုတွေထက် အများကြီး သာတယ်"
ကျွင်း၊ ချီ၊ ရီ၊ ရှန်း မိသားစုလေးစုဟာ အချင်းချင်း ပြိုင်ဆိုင်နေကြသလို လက်ထပ်ပွဲနှင့် ပေါင်းစည်းထားခြင်းတွေလည်းရှိသဖြင့် အလွန်ရှုပ်ထွေးသည့် ဆက်ဆံရေးဟု ဆိုရပေမည်။
ချီရှောက်ဖူက ပြုံးလိုက်သည်။ သို့သော် ပြန်မဖြေပေ။
ထိုအချိန်တွင် ချီရှောက်ယွီက အပြင်သို့ ပြေးထွက်လာပြီး မေးသည်။
"နင် ကျွင်းဟောင်နဲ့ အပြင်သွားတာလား""ဟုတ်တယ်"
"ငါ ကြားတာတော့၊ ရီချူးရွှယ်ဆိုတဲ့ အဲဒီ အရှက်မရှိတဲ့ မိန်းကလေးက ကျွင်းဟောင်ကို လိုက်ကပ်တွယ်နေသေးတယ်ဆို အဲဒါ ဟုတ်လား"
ချီရှောက်ဖူက ခေါင်းကုတ်သည်။
"သူမ တမင် လုပ်မလုပ်တော့ ငါ မသေချာဘူး၊ ဒါပေမဲ့ ငါတို့ တွေ့ခဲ့တာတော့ အမှန်ပဲ"ချီရှောက်ယွီက နှာခေါင်းရှုံ့သည်။
"ရီချူးရွှယ် အဲဒီမိန်းမက အစ်ကိုလေးကို မောင်းထုတ်ပေးနိုင်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး မှတ်နေတာ။ ငါတို့ ချီမှာ ဘယ်သူမှ မရှိတော့လို့လား။ ကျွင်းဟောင် လက်မထပ်သေးသမျှ ငါတို့အားလုံးမှာ အခွင့်အရေး ရှိတယ်"ချီရှောက်ဖူ:"..."
ချီရှောက်ဖူက နှာခေါင်း ကုတ်နေလိုက်သည်။
နောက်ဆုံးတစ်ကြိမ် လျှိုဟွားရွှမ်မှာ တွေ့ခဲ့တုန်းက ချီရှောက်ခန်းကလည်း ဒီအကြောင်းကို ကျွင်းဟောင်ကို ပြောခဲ့သေးတာပဲ။ ဒါပေမဲ့ ကျွင်းက ဘယ်သူ့ကိုမှ စိတ်ဝင်စားပုံမရဘူး။သို့သော် သူ ဒါကို ယခုထုတ်ပြောမည် မဟုတ်၊ မဟုတ်လျှင် သူ အရိုက်ခံရပေလိမ့်မည်။ ရီချူးရွှယ်နှင့် ချီရှောက်ယွီတို့သည် ကျွင်းဟောင်ရှေ့တွင်ဆိုလျှင် ကြောင်လေးတွေနှင့် တူသော်လည်း သူ့ရှေ့တွင်မူ ကျားကြီးတွေ ဖြစ်ကြသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...